၈၅၁ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုပေါ်လာခြင်း၏ အဓိပ္ပာယ်ကျူး
၁ ဘုရားသခင်သည် သူ့အတွက် လူသားတို့ရှိသော ဤခံစားချက်မျိုးကို မြင်ရရန် သူမလိုလားပေ။ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်းမျိုး သို့မဟုတ် သူတို့ကိုယ်သူတို့ သူ့ဆီမှ ဆုတ်ခွာနေခြင်းမျိုးကို သူမမြင်လိုပေ။ သူသည် လူတို့အား သူ့ကိုနားလည်ရန်၊ သူ့အနားကိုလာရန်၊ သူ့မိသားစုဖြစ်ရန်သာ အလိုရှိပါသည်။ထို့ကြောင့် သူရှင်ပြန်ထမြောက်အပြီးမှာ သခင်ယေရှုသည် သူ၏ အသွေးအသားပုံသဏ္ဌာန်နှင့် လူတို့ရှေ့ဝယ် ပေါ်လာဆဲဖြစ်ပြီး သူတို့နှင့်အတူ စားသောက်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအနေနှင့် ရှုမြင်ပြီး လူသားမျိုးနွယ်ကိုလည်း သူ့ကို ဤကဲ့သို့သောပုံစံရှုမြင်ရန် သူအလိုရှိပါသည်။ ဤနည်းနှင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ်ရရှိနိုင်မှာဖြစ်ပြီး လူတို့က ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကိုးကွယ်နိုင်မှာ ဖြစ်ပါသည်။
သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာ သူပြောခဲ့၊ လုပ်ခဲ့သောအရာတို့က ဂရုတစိုက်ထည့်သွင်းစဉ်းစားခြင်းရှိပြီး ကြင်နာတတ်သော ရည်ရွယ်ချက်နှင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဤအရာတို့သည် လူသားအပေါ် ဘုရားသခင်ထားခဲ့သော ကြင်နာခြင်းနှင့် ချစ်ခင်ခြင်းတို့နှင့် ပြည့်နေပြီး သူ၏လူ့ဇာတိခံယူချိန်မှာ လူသားမျိုးနွယ်နှင့် သူတည်ဆောက်ခဲ့သည့် ရင်းနှီးသော ဆက်ဆံရေးအတွက် သူထားရှိခဲ့သော အသိအမှတ်ပြုတန်ဖိုးထားခြင်းနှင့် တိကျစေ့စပ်မှုတို့နှင့် ပြည့်နေပါသည်။ ထို့အပြင်သူ၏ လူ့ဇာတိခံယူချိန်မှာ သူ့နောက်လိုက်တို့နှင့် စားသောက်ခဲ့သော အသက်တာအတွက် သူထားရှိခဲ့သော မျှော်လင့်ချက်တို့နှင့် အတိတ်ကို လွမ်းဆွတ်တမ်းတမှုတို့နှင့် ပြည့်နေပါသည်။
၂ ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့ခံစားရရန် အလိုမရှိသကဲ့သို့ လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန် အလိုမရှိပေ။ ထို့အပြင်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင်မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားသောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားသောကြောင့် လူသားမျိုးနွယ်နှင့် အတူမရှိတော့ဟုဆိုခြင်းမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေလိုပေ။ သူနှင့် လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတို့ရှိသည်ဟု လူတို့ကို မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း သူနှင့် ခပ်ခွာခွာနေသော လူတို့ကို ဘုရားသခင် မြင်သောအခါမှာ သူတို့၏နှလုံးသားသည် သူနှင့် အလွန်ဝေးကွာနေသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့်၊ သူတို့၏နှလုံးသားကို ရရှိရန် သူ့အတွက် အလွန်ခက်ခဲသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့် သူ့နှလုံးသားသည် နာကျင်ရပါသည်။
၃ သခင်ယေရှုလုပ်ခဲ့သော ဤအရာအားလုံးသည် သခင်သည် ပြောင်းလဲမသွားကြောင်း၊သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်ကို ထားမသွားပေ။ သူသည် လူသားတို့ကြားထဲသို့ ပြန်လာပြီး သူ၏ အရာရာတိုင်းသည် ပြောင်းလဲမသွားပေ။ ဤပုံစံနှင့်လူသားသည် ဤရင်းနှီးမှုကို လူတို့အား ခံစားရစေသည်။ စိတ်သက်သာရာရစေသည်။ ပျောက်ဆုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိသော ဝမ်းမြောက်မှုကို ခံစားရစေသည်။ သူတို့သည်လည်း လူသားမျိုးနွယ်၏အပြစ်တို့ကို ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနှင့် အမှီပြု အားထားရန် လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရပါသည်။ သူတို့သည်လည်း နှောင့်နှေးမနေဘဲ သခင်ယေရှု၏ အမည်နာမ၌ကို ဆုတောင်းရန်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးကို လက်ခံရရှိစေရန်၊ သူ့ဆီမှ ငြိမ်ချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို လက်ခံရရှိရန်အတွက် ဆုတောင်းရန်၊ သူ့ဆီမှ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို ရရှိရန်အတွက် ဆုတောင်းရန် စတင်ပြုလုပ်လာကြပြီး သခင်ယေရှု၏နာမတော်ဖြင့် ဆေးကုသခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။