၈၆၅ လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်မှုကြောင့် ဘုရားဝမ်းနည်းကြေကွဲ၏ကျူး

၁ ဘုရားသခင်သည် သာမန်၊ ပုံမှန်လူတစ်ဦးအဖြစ်သို့ ပြောင်းရင်း၊ လူသားမျိုးနွယ်အလယ် လူတို့နှင့်အတူ ဘေးချင်းယှဉ် အသက်ရှင်ရင်း၊ လူ့ဇာတိခံယူချိန်တွင်၊ အသက်ရှင်ခြင်းအတွက် လူတို့၏ နည်းလမ်းများ၊ ဥပဒေများနှင့် အတွေးအခေါ်များကို သူ မြင်ရသကဲ့သို့ ခံစားရသည်။ အသက်ရှင်ခြင်းအတွက် လူသားမျိုးနွယ်၏ နည်းလမ်းများ၊ ဥပဒေများစသဖြင့်- ဤအရာအားလုံးသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အသိပညာနှင့် အတွေးအခေါ်တို့အရ ဖန်တီးထားပေသည်။ ဤဥပဒေ အမျိုးအစားများ အောက်တွင် အသက်ရှင်နေထိုင်သော လူသားတို့သည် လူ့သဘာဝမရှိ၊ သမ္မာတရားမရှိကြပေ- ၎င်းတို့အားလုံးသည် သမ္မာတရားကို ဖီဆန်ကြပြီး ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အနှစ်သာရသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အသိပညာ၊ အတွေးအခေါ်တို့နှင့် အတိအကျ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ သူ၏အနှစ်သာရသည် ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းခြင်းနှင့် အပြုသဘောဆောင်သော အရာအားလုံး၏ အခြားသော စစ်မှန်မှုတို့ဖြင့် ပြည့်နေသည်။ ဤအနှစ်သာရကို ပိုင်ဆိုင်ပြီး ထိုသို့သော လူသားမျိုးနွယ် အလယ် အသက်ရှင်သည့် ဘုရားသခင်သည် မည်သည့်အရာ ခံစားရပါသနည်း။ သူ၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို သူ ခံစားရသနည်း။ ယင်းသည် နာကျင်မှုနှင့် ပြည့်သလော။ သူ၏ စိတ်နှလုံးသည် မည်သည့်လူကမျှ နားမလည်နိုင်သည့် သို့မဟုတ် မတွေ့ကြုံနိုင်သည့် နာကျင်မှုကို ခံစားရသည်။

၂ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရသော အရာတိုင်း၊ ကြုံရသော အရာတိုင်း၊ ကြားရ၊ မြင်ရသောအရာရာတိုင်းနှင့် တွေ့ကြုံရသော အရာတိုင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်းနှင့် သမ္မာတရားကို ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ခုခံခြင်းတို့ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားများထံမှ လာသောအရာအားလုံးသည် သူ၏ ဆင်းရဲဒုက္ခခံစားရခြင်း အရင်းအမြစ် ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် မတူညီသောကြောင့်၊ လူသားများ၏ ဖောက်ပြန်ပျက်စီးခြင်းသည် သူ၏ အကြီးမားဆုံးသော ဆင်းရဲဒုက္ခခံစားရခြင်း၏ အရင်းအမြစ်ဖြစ် လာသည်ဟု ဆိုရပေမည်။ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ လူသားမျိုးနွယ် အလယ်တွင် ဘုရားသခင်နှင့်ဆက်သွယ်ပြောဆိုနိုင်သူ သို့မဟုတ် ဘုရားသခင်နှင့် ဤအပြန်အလှန်ပြောဆိုမှု ရှိနိုင်သောသူ တစ်ဦးမျှ မတွေ့နိုင်ပေ။ လူတို့ ဆွေးနွေးသော အကြောင်းအရာများ၊ ချစ်သောအရာများ၊ ၎င်းတို့ လိုက်စားသော အရာများနှင့် တောင့်တသောအရာများအားလုံးသည် အပြစ်နှင့် မကောင်းမှုဘက်ကို ယိမ်းယိုင်မှုများနှင့် ပတ်သက်လေသည်။ ဤအရာအားလုံးကို ဘုရားသခင် ရင်ဆိုင်ချိန်တွင်၊ ယင်းမှာ သူ့နှလုံးသားကို ဓါးတစ်ချောင်း ထိုးထားသကဲ့သို့ ဖြစ်သည် မဟုတ်လော။ ဤအရာများကို ရင်ဆိုင်ရလျက်၊ သူ၏ နှလုံးသားတွင် ဝမ်းမြောက်ခြင်း ရှိနိုင်မည်လော။ ဖြေသိမ့်စရာကို သူရှာတွေ့နိုင်မည်လော။ သူနှင့်အတူ အသက်ရှင်နေကြသော သူတို့သည် ပုန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်သည့် လူသားများ ဖြစ်ကြသည်- သူ၏နှလုံးသားသည် အဘယ်သို့ ဆင်းရဲဒုက္ခမခံစားရဘဲ နေနိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၆၄ ဘုရားခံစားခဲ့သည့် ကြီးသောဝေဒနာမှာ အဘယ်နည်းကျူး

နောက်တစ်ခုသို့- ၈၆၆ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုပေါ်လာခြင်း၏ အဓိပ္ပာယ်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။