၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ
၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။
၂ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။
၃ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်