၂၁၀ ဘုရားသခင်၏ ခြေရာတော်များအား ရှာနည်း
၁
ဘုရားခြေလှမ်းများ ရှာဖွေရင်း
“သူသည် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်၏”ဟု ဆိုသည့်
နှုတ်ကပတ်တော်ကို သင်တို့ လျစ်လျူရှုခဲ့။
လူများစွာသည် သမ္မာတရား ရရှိလည်း
ဘုရားခြေလှမ်းများ တွေ့ပြီဟု မယုံကြ၊
သူ၏ ပေါ်ထွန်းခြင်းကို မဝန်ခံကြ။
ကြီးလေးသော အမှားတစ်ခု သူတို့ပြုမိ။
ဘုရား၏ ပေါ်ထွန်းခြင်းကို
လူ့အယူအဆများ၊ စိတ်ဆန္ဒများနဲ့ လက်ခံ၍မရ။
ဘုရား အမှုပြုသည့်အခါ ရွေးချယ်မှုများ၊
ရည်မှန်းချက်များနှင့် အစီအစဉ်များ ရှိ။
ကျွန်ုပ်တို့ ဘုရားခြေလှမ်းများကို ရှာသောကြောင့်
သူ့ အလိုတော်နှင့် နှုတ်ကပတ်တော်ကို ရှာဖွေရမည်။
ဘုရား၏ မိန့်မြွက်ချက်အသစ် ရှိသည့်နေရာမှာ ဘုရားအသံရှိ၊
သူ့ ခြေလှမ်းများ ရှိသည့်နေရာမှာ သူ့လုပ်ဆောင်မှုများရှိ။
ဘုရားဖွင့်ပြချက်ရှိသည့်နေရာမှာ သူ၏ ပေါ်ထွန်းခြင်းရှိလိမ့်မည်။
သူ ပေါ်ထွန်းသည့်နေရာတိုင်းမှာ သမ္မာတရား၊
လမ်းခရီးနှင့် အသက်ရှိသည်။
၂
ဘုရားသည် လူကို မိမိ၏အမှုတော်အကြောင်း အသိပေး၊
ဆွေးနွေးတိုင်ပင်ရန် မလိုပါ။
ဒါဟာ ယခု အားလုံး အသိအမှတ်ပြုရမည့်
ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပေ။
သူ၏ ခြေလှမ်းများနောက်လိုက်ဖို့နှင့် ပေါ်ထွန်းခြင်းကို မြင်တွေ့ဖို့
ရှေးဦးစွာ ကိုယ့်ကိုယ်ပိုင် အယူအဆများ ကိုထားခဲ့ပါ။
ဘုရား ဘာလုပ်သင့်လဲ မတောင်းဆိုရ၊
သင့်အယူအဆများနှင့် ဘုရားကို မကန့်သတ်ရ။
သင်တို့ သူ့ခြေလှမ်းများ တွေ့နိုင်သည့်နည်းလမ်းကို ရှာဖွေ၊
သူ၏ ပေါ်ထွန်းခြင်းကို လက်ခံ၊ သူ၏ အမှုသစ်ကို နာခံသင့်သည်။
လူသည် သမ္မာတရား မဟုတ်သောကြောင့်လေ
ရှာဖွေ၊ လက်ခံ၍ လိုက်နာသင့်။
ကျွန်ုပ်တို့ ဘုရားခြေလှမ်းများကို ရှာသောကြောင့်
သူ့ အလိုတော်နှင့် နှုတ်ကပတ်တော်ကို ရှာဖွေရမည်။
ဘုရား၏ မိန့်မြွက်ချက်အသစ် ရှိသည့်နေရာမှာ ဘုရားအသံရှိ၊
သူ့ ခြေလှမ်းများ ရှိသည့်နေရာမှာ သူ့လုပ်ဆောင်မှုများရှိ။
ဘုရားဖွင့်ပြချက်ရှိသည့်နေရာမှာ သူ၏ ပေါ်ထွန်းခြင်းရှိလိမ့်မည်။
သူ ပေါ်ထွန်းသည့်နေရာတိုင်းမှာ သမ္မာတရား၊
လမ်းခရီးနှင့် အသက်ရှိသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်