၂၁၁ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ
၁
ဘုရားရဲ့လူ့ဇာတိခံယူခြင်းဟာ
ဘုရားရဲ့သဘောသဘာဝနဲ့ဖွင့်ပြချက်ကို ကိုယ်စားပြုဖော်ပြ
သူ လူ့အဖြစ်ခံယူချိန် သူ မည်သူဆိုတာ ဖွင့်ပြရန်၊
လူဆီသို့ သမ္မာတရားဆောင်ယူရန်၊ အသက်ပေး၍လမ်းပြရန်
သူ့ကို ပေးအပ်သော အမှုတော်ကို ဆောင်ရွက်
ဘုရားရဲ့သဘောသဘာဝ မပါသော လူမှန်သမျှ
လူ့ဇာတိခံဘုရား ဧကန်မဟုတ်
၂
လူ့ဇာတိခံဘုရားဖြစ်ကြောင်းနှင့်စစ်မှန်သည့်လမ်းဖြစ်ကြောင်းကို
သူ့စိတ်သဘောထား၊ သူ့စကားများ၊ အမှုတော်များနှင့် ဆန်းစစ်
သူ့ရုပ်သွင်ထက် သူ့သဘောသဘာဝပေါ်ကို အာရုံစိုက်ရန်
ဘုရားရဲ့အပြင်ရုပ်သွင်ပေါ် အာရုံစိုက်တာ ပညာမဲ့တယ်၊ နုံအတယ်
အတွင်းစိတ်ကို အပြင်ပန်းသဏ္ဌာန်က မဆုံးဖြတ်
ဘုရားအမှုတော်ဟာလူသားတို့စိတ်ကူးအကြံအစည်နှင့် မကိုက်ညီ
၃
ယေရှုအသွင်သဏ္ဌာန် လူတို့မျှော်လင့်ထားတာနှင့်
ကွဲပြားတယ် မဟုတ်လား
ရုပ်အသွင်နဲ့ဝတ်စားပုံသည် ဘုရားပင်ကိုလက္ခဏာကို
ဖုံးကွယ်ထားတယ်မလား
ဤအကြောင်းကြောင့် ဖာရိရှဲများ သူ့ကို ဆန့်ကျင်ခဲ့တယ် မဟုတ်လား
အပြင်ပန်းကို အာရုံစိုက်ပြီး မိန့်ဆိုသောအရာကို ဂရုမပြုမိခဲ့ကြ
၎
သူ့ပုံသဏ္ဌာန်တော်ကိုရှာသော ညီအစ်ကို မောင်နှမများ
သမိုင်း တစ်ကျော့ ပြန်မလှည်ဖို့ ဘုရား မျှော်လင့်
ဖာရိရှဲတို့နောက် မလိုက်၊
နောက်တစ်ကြိမ် ဘုရားကို ကားတိုင်မတင်ပါနဲ့
ခရစ်တော်ရဲ့ပြန်လာခြင်းကို မည်သို့ ကြိုဆို မည်ကို သေချာစဉ်းစား
သမ္မာတရားကို ဘယ်လိုလက်ခံရမည်ကို ရှင်းလင်းစွာသိပါ
ဒါဟာ ခရစ်တော်ရဲ့ပြန်လာခြင်းကို စောင့်မျှော်နေသူတိုင်းရဲ့တာဝန်ပါ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်