၂၆၆ အသင်းတော် ဓမ္မတေးသီချင်း
ဘုရားအပေါ် ပေတရု၏ချစ်ခြင်း
၁
အို ဘုရား၊
အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါ
ဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏
သို့သော် ကျွန်ုပ်ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါး၊
ကျွန်ုပ်ချည့်နဲ့ပြီး အချစ်သည် အကန့်အသတ်ရှိ
ကိုယ်တော့်အပေါ် ကျွန်ုပ်စစ်မှန်မှုနည်းလွန်းလှ
ကိုယ်တော့်မေတ္တာနဲ့ နှိုင်းယှဉ်လျှင် ကျွန်ုပ် အသက်မရှင်သင့်
ကျွန်ုပ်ဘဝ တန်ဖိုးရှိနေရန်
ကိုယ်တော့်၏ မေတ္တာကို ပြန်ဆပ်နိုင်ရုံမဟုတ်
ရှိသမျှ ကိုယ်တော်ကို ပုံအပ်နိုင်ရန် မျှော်လင့်
ကိုယ်တော်ကို စိတ်ကျေနပ်စေနိုင်လျှင် ဖန်ဆင်းခံတစ်ဦးအနေဖြင့်
နောက်ထပ်မတောင်းဆိုဘဲ ငြိမ်းချမ်းခြင်းရှိလိမ့်မည်
ယခု ကျွန်ုပ်ချည့်နဲ့ပြီးအားအင်တို့ မရှိလည်း
ကိုယ်တော်၏ မေတ္တာ၊ အကြံပြုချက်ကို မေ့ပျောက်မည် မဟုတ်
၂
အို ဘုရား၊
ကျွန်ုပ်ဝိညာဉ်ရင့်ကျက်မှုနှင့်
ကျွန်ုပ်ချစ်ခြင်းနည်းလွန်းလှသည်ကို ကိုယ်တော်သိ
ဤအခြေအနေ၌ ကျွန်ုပ် ဘယ်လိုအကောင်းဆုံးလုပ်နိုင်မှာလဲ
ကျွန်ုပ်ကို ခွန်အားနှင့် ယုံကြည်ခြင်းပေးပါ
ဖြူစင်မေတ္တာ ပိုင်ဆိုင်ကာ ကျွန်ုပ်၌ ရှိသမျှကို ဆက်ကပ်နိုင်ရန်
ကိုယ်တော်၏ မေတ္တာကို ပြန်ဆပ်နိုင်ရုံမက
ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊
စမ်းသပ်ခြင်း၊ တရားစီရင်ခြင်းအားလုံးနှင့်
ပြင်းထန်သော ကျိန်ဆိုခြင်းတို့ကို ပို၍တွေ့ကြုံနိုင်မည်
ကိုယ်တော့်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်
မေတ္တာအားဖြင့် ကိုယ်တော်ကို ကျွန်ုပ်သိပေမဲ့
ကိုယ်တော် ကြီးမြတ်လွန်းသဖြင့် ကိုယ်တော်၏
မေတ္တာကို ဖြည့်စွမ်းနိုင်ခြင်းမရှိဟု ကျွန်ုပ်ခံစားရ
ကျွန်ုပ်၌ ရှိသမျှကို ဖန်ဆင်းရှင်ထံ ဘယ်လိုပေးအပ်နိုင်မလဲ
၃
အို ဘုရား၊
လူဟာ ဝိညာဉ်ရင့်ကျက်မှုမရှိ၊ အသိစိတ်ချည့်နဲ့ပြီး
ကျွန်ုပ်စွမ်းဆောင်နိုင်တာ ဘုရား၏ မေတ္တာကို ပြန်ဆပ်ဖို့
ကိုယ်တော်၏ အလိုဆန္ဒများ ဘယ်လို ဖြည့်ဆည်းပေးရမည် မသိပါ
တတ်နိုင်သမျှ ကြိုးစားပြီး ရှိသမျှကို ပေးအပ်လိုက်သည်
ကိုယ်တော်၏ တရားစီရင်ခြင်း၊
ပြစ်တင်ဆုံးမခြင်းတို့ကို ပဓာနမထား
ကိုယ်တော် ကျွန်ုပ်ပေါ် ဘာကိုပဲ ပေးပါစေ
ကိုယ်တော် ဘာကို ယူဆောင်သွားပါစေ
ကိုယ်တော့်အပေါ် အနည်းငယ်မျှစောဒကတက်ခြင်းမှ
ကျွန်ုပ်ကို ကင်းလွတ်စေပါ
ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမ၊
တရားစီရင်သည့်အခါ ကျွန်ုပ်မကြာခဏ ငြီးတွားတတ်
ကျွန်ုပ် ကိုယ်တော်၏ အလိုဆန္ဒများ မဖြည့်ဆည်းနိုင်၊
စင်ကြယ်မှုမရနိုင်
ကိုယ်တော်၏ မေတ္တာပြန်ဆပ်ခြင်းသည်
မလုပ်မနေလုပ်ရခြင်းမှ ပေါက်ဖွားပြီး
ဤအချိန် ငါ့ကိုယ်ငါ ပိုမုန်းမိသည်
၎
မိမိအသိစိတ်ဖြင့် ကိုယ်တော်၏ မေတ္တာကို ပြန်ဆပ်ရင်း
ကျွန်ုပ် ကျေနပ်မနေသင့်
ကျွန်ုပ်၏အတွေးများ ပျက်စီးလွန်းနေပြီး
ကိုယ်တော်ကို ဖန်ဆင်းရှင်အဖြစ် မမြင်နိုင်လို့
ကိုယ်တော်အား ချစ်ရန် မထိုက်တန်သေးလို့
ကျွန်ုပ်၌ရှိသမျှ ကိုယ်တော်ကို ပေးအပ်နိုင်ရန်
စွမ်းရည်ကို ကျွန်ုပ် မွေးရမည်
ကျွန်ုပ် လိုလိုလားလား လုပ်ရမည့်အရာ
ကိုယ်တော်လုပ်ခဲ့သမျှ ကျွန်ုပ်သိရမည်၊ ရွေးချယ်ခွင့်မရှိဘူး
မိမိအားဖြင့် ကိုယ်တော်သည်
ကြီးမြတ်သော ဘုန်းအသရေကို ရရှိနိုင်ရန်
ကျွန်ုပ် ကိုယ်တော့် မေတ္တာကို မြင်ရမည် ချီးမွမ်းနိုင်ရမည်
ကိုယ်တော့် သန့်ရှင်းသော နာမကို ချီးမြှောက်ရမည်
ဤသက်သေခံချက်ဖြင့် ကိုယ်တော်အတွက်
ကျွန်ုပ် ခိုင်မာစွာရပ်တည်လို