၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်
၁
နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊
ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။
နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊
တပါးအမျိုးသားတို့တွင် ဆောင်ရွက်
ဤအမှုအရာသည် ဘုရား ပလ္လင် တော်ရှေ့တွင်
လူမျိုးအပေါင်းတို့ အုပ်စိုးခြင်းဖြစ်သည်
ဘုရားရဲ့ဘုန်းတော်သည် စကြာဝဠာတစ်ခုလုံးကို ပြည့်လျှံလိမ့်မည်
ထိုဘုန်းတော်ကို လူမျိုးတကာတို့ထံ
ခေတ်အဆက်ဆက် ကြေညာဟောပြောလိမ့်မည်
ဘုရားသခင် မြေကြီးပေါ်မှာ ရရှိထားသော ဘုန်းအသရေကို
သက်ရှိအပေါင်းတို့သည် မြင်ရလိမ့်မည်
၂
နောက်ဆုံးသောကာလသည် အုပ်စိုးခြင်းကာလဖြစ်သည်၊
လူ့ဘဝကို လမ်းပြတဲ့ ကာလမဟုတ်ပေ
လူတို့ရဲ့ မဆုံးနိုင် မသေနိုင်သော ဒုက္ခဝေဒနာ အဆုံးသတ်ဖြစ်သည်
နောက်ဆုံးသောကာလ၊ ခေတ်တစ်ခုအဆုံးသတ်ခြင်း၊
ဘုရားရဲ့နှစ် ၆,၀၀၀ စီမံကိန်း ပြီးဆုံးခြင်း
နောက်ဆုံးသောကာလ၊ လူသားရဲ့ဘဝခရီးအဆုံးသတ်၊
လူသားရဲ့ဝေဒနာခရီးအဆုံး
ခေတ်သစ်ထဲသို့ လူသားတိုင်း မဝင်ရောက်နိုင်ပါ၊
လူ့ဘဝက ဒီအတိုင်းမဟုတ်တော့ပါ
ယင်းတို့သည် ဘုရားရဲ့ကြီးမြတ်သော အစီအစဉ်အတွက် အရေးမပါ
၃
နောက်ဆုံးသောကာလ ရောက်ဖို့ အချိန်တန်ပြီ၊ စာတန်ရဲ့ကျ ရှုံး ခြင်း
ဘုရား သူ့ရဲ့ဘုန်းတော်အားလုံး ပြန်ယူလိမ့်မည်၊
ဘုရားရဲ့အမှုတော် အဓွန့်ရှည်မည်၊ နှစ်ခြောက်ထောင်တိုင်
လူသားတစ်ရပ်လုံးအပေါ် စာတန်ရဲ့အုပ်စိုးမှု
ဆက်လက်တည်ရှိလိမ့်မည် နှစ်ခြောက်ထောင်ထက် ပို၍ မကြာတော့
ဘုရားပိုင်သော ဝိညာဉ်အားလုံး ဒုက္ခပင်လယ်နဲ့ ကင်းဝေးလိမ့်မည်
မြေကြီးပေါ် ဘုရားဆောင်ရွက်သောအမှုအားလုံး အဆုံးသတ်လိမ့်မည်
ဘုရားသခင်သည်နောက်ထပ် ဘယ်တော့မှ
လောကသို့ လူ့အဖြစ် မခံယူတော့ပါ
ဝိညာဉ်တော်သည် နောက်ထပ် ဘယ်တော့မှ လောကတွင် အမှုမပြုတော့ပါ
သူသည် လူသားတို့ကို သန့်ရှင်းသောလူသားများဖြစ်စေ၍
မြေကြီးပေါ်တွင် သူ၏သစ္စာရှိသောမြို့ ပြန်ဖြစ်စေမည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်