၈၆၄ ဘုရားခံစားခဲ့သည့် ကြီးသောဝေဒနာမှာ အဘယ်နည်းကျူး

၁ သမ္မာကျမ်းစာထဲ၌ “မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ။” ဟု ပြောထားသော ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်၏ အတိဒုက္ခနှင့်ပတ်သက်၍ မကြာခဏ စာနာသနားကြသော လူအချို့ရှိကြသည်။ လူတို့က ဤအရာကို ကြားသောအခါ၊ လေးလေးနက်နက်ခံယူပြီး ဤသည်မှာ ဘုရားသခင် သည်းခံရသည့် အကြီးမားဆုံး ဆင်းရဲဒုက္ခဖြစ်ပြီး ခရစ်တော်ခံရသည့် အကြီးမားဆုံး ဆင်းရဲဒုက္ခ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယခု ယင်းကို အမှန်တရားများ၏ ရှုထောင့်မှ ကြည့်ရာတွင်၊ ဘုရားသခင်က ဤအခက်အခဲများကို ဆင်းရဲဒုက္ခအဖြစ် မယုံကြည်ပေ။ သူသည် သူ၏လူ့ဇာတိနှင့်ဆိုင်သော အခက်အခဲများကြောင့်၊ မတရားမှုကို ဘယ်သောအခါမျှ ဆန့်ကျင်အော်ဟစ်ခြင်း မရှိဖူးသကဲ့သို့၊ သူသည် လူသားတို့အား သူ့ကို ပြန်ပေးဆပ်ရန် သို့မဟုတ် တစ်ခုခုဖြင့် သူ့ကို ဆုချရန် မည်သည့်အခါမျှ မပြုဖူးချေ။ သို့သော် သူသည် လူသားမျိုးနွယ်၏ အရာရာတိုင်း၊ ဖောက်ပြန်ပျက်စီးသော ဘဝများနှင့် ဖောက်ပြန်ပျက်စီးသော လူသားများ၏ ဆိုးယုတ်မှုတို့ကို မျက်မြင်တွေ့ကြုံရချိန်တွင်၊ လူသားမျိုးနွယ်သည် စာတန်၏ လက်ထဲ၌ရှိပြီး စာတန်၏ အကျဉ်းချခြင်းကို ခံထားရကာ မလွတ်မြောက်နိုင်သည်ကို သူ မျက်မြင်ကြုံတွေ့ရသောအခါ၊ အပြစ်ထဲ၌ အသက်ရှင်သော လူတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်မှန်း မသိကြသည်ကို သူ မျက်မြင်ကြုံတွေ့ရသောအခါတွင်၊ ဤအပြစ်အားလုံးကို သူ သည်းညည်းမခံနိုင်ပေ။ လူသားတို့အပေါ် သူ၏ စက်ဆုပ်ရွံရှာခြင်းသည် တစ်နေ့တခြား တိုးပွားနေသည်၊ သို့သော် ဤအရာအားလုံးကို သူ ကြံ့ကြံ့ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ဆင်းရဲဒုက္ခ ဖြစ်သည်။

၂ ဘုရားသခင်သည် သူ၏နောက်လိုက်များ အလယ်တွင် သူ၏ နှလုံးသား၊ သို့မဟုတ် သူ၏ခံစားချက်များ၏ သဘောထားကိုပင် အပြည့်အဝ မဖော်ပြနိုင်သကဲ့သို့၊ သူ၏ နောက်လိုက်များထဲတွင် မည်သူမျှက သူ၏ ဆင်းရဲဒုက္ခကို အမှန်တကယ် နားမလည်နိုင်ကြပေ။ ဤဆင်းရဲဒုက္ခကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ကြိမ်ပြီးတစ်ကြိမ် ခံစားရသည့်၊ သူ၏ နှလုံးသားကို နားလည်ရန် သို့မဟုတ် နှစ်သိမ့်မှုပေးရန်ပင် မည်သူမျှ မကြိုးစားကြပေ။ ဤအရာ အားလုံးထဲတွင် မည်သည့်အရာကို သင်တို့ မြင်ကြသနည်း။ ဘုရားသခင်သည် သူပေးပြီးသောအရာအတွက် လူသားများထံမှ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မလိုအပ်သော်လည်း၊ ဘုရားသခင်၏ အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်၏ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်ကို လုံးဝ သည်းမခံနိုင်သကဲ့သို့၊ ယင်းအစား အဆုံးစွန် စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို ခံစားရပြီး ယင်းက ဘုရားသခင်၏ နှလုံးသားနှင့် သူ၏ခန္ဓာကို အဆုံးမရှိသော ဆင်းရဲဒုက္ခ ခံရခြင်းသို့ ဆိုက်ရောက် စေလေသည်။ ဤအရာကို သင်မြင်ပြီလော။ များသောအားဖြင့်၊ သင်တို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်ကြသောကြောင့်၊ သင်တို့ထဲက မည်သူကမျှ ဤအရာကို မြင်နိုင်မည်မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၆၃ လူ့ဇာတိခံဘုရားသည် လူတို့အကြား ကြာမြင့်စွာ နေထိုင်ခဲ့၏ကျူး

နောက်တစ်ခုသို့- ၈၆၅ လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်မှုကြောင့် ဘုရားဝမ်းနည်းကြေကွဲ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။