၁၀၂၆ လူတစ်မျိုးစီတိုင်းအတွက် သင့်တော်သော စီမံပေးမှုများကို ဘုရားပြုလုပ်၏ကျူး

၁ လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်နေဆဲဖြစ်သည်။ လူများသည် မည်သည့်လူမျိုးနွယ်စုနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့ အားလုံးသည် သူ၏ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ လူတို့သည် မည်သို့သော ဖြစ်တည်မှု အမျိုးအစားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့်အတွက်၊ ၎င်းတို့၏ ခရီးပန်းတိုင်သည် လူသားမျိုးနွယ် ရှိသင့်သည့် ခရီးပန်းတိုင်ဖြစ်ပြီး၊ ၎င်းတို့ကို လူသားများအား စီစဉ်ထားသည့် စည်းမျဉ်းများနှင့်အညီ ခွဲခြားထားပေသည်။ မကောင်းမှုကို ကျူးလွန်သည့် ဖန်ဆင်းခံသတ္တဝါများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်သည့် ဖန်ဆင်းခံသတ္တဝါများသည် ရှင်သန်ကြလိမ့်မည်။ ဤသည်မှာ ထိုဖန်ဆင်းခံ သတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။

၂ ဘုရားသခင်၏အမှု အဆုံးသတ်ပြီးနောက်၊ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးအလယ်တွင်၊ ဖျက်ဆီးခံရမည့်သူများ ရှိလိမ့်မည် ဖြစ်သကဲ့သို့၊ ရှင်သန်မည့် သူများ ရှိလိမ့်မည်။ ဤကား သူ၏ စီမံခန့်ခွဲခြင်း အမှု၏ မလွဲမသွေဖြစ်သည့် ဦးတည်ရာတစ်ခု ဖြစ်သည်။ မည်သူမျှ ယင်းကို မငြင်းနိုင်ပေ။ မကောင်းမှု ပြုသူများသည် ရှင်သန်ခွင့်ရကြလိမ့်မည် မဟုတ်ချေ။ ဘုရားသခင်ကို အဆုံးထိ ကျိုးနွံနာခံပြီး နောက်လိုက်သောသူတို့သည် ရှင်သန်ဖို့ သေချာသည်။ ဤအမှုသည် လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည်နှင့်အမျှ၊ ကျန်ရှိမည့် သူများနှင့် ပယ်ရှားခြင်းခံရမည့်သူများ ရှိလိမ့်မည်။ ဤသည်တို့မှာ မတူညီသော လူအမျိုးအစားတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်သည်။

၃ လူသားများသည် နောက်ဆုံးတွင်တော့ ဘိုးဘေးတစ်ခုတည်းမှ ဆင်းသက်ခဲ့ကြပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်း ဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အဆုံးစွန် အစီအစဉ်မှာ လူမျိုးများကို ဖျက်ဆီးပစ်ရင်းနှင့် မိသားစုများ သို့မဟုတ် တိုင်းနိုင်ငံနယ်နိမိတ်များမရှိဘဲ၊ အစီအစဉ်တစ်ခုဖြင့် နိုင်ငံနယ်နိမိတ်များကို အစိတ်အစိတ်အမြွှာမြွှာကွဲစေရင်း မိသားစုများကို ကွဲစေခြင်းဖြင့် ၎င်းတို့ကို ခွဲခြားရန် ဖြစ်သည်။ အတိုချုပ်ပြောရလျှင်၊ မကောင်းမှုပြုသည့် ဖန်ဆင်းခံသတ္တဝါများအားလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို နာခံသည့် ဖန်ဆင်းခံသတ္တဝါများသည် အသက်ရှင်လိမ့်မည်။ ဤနည်းဖြင့်၊ ရောက်လာမည့် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလတွင် မိသားစုများ ရှိလိမ့်မည်မဟုတ်၊ နိုင်ငံများ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် လူမျိုးများ ရှိလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ် အမျိုးအစားသည် အသန့်ရှင်းဆုံးသော လူသားမျိုးနွယ် အမျိုးအစား ဖြစ်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၂၅ နောက်ဆုံးသောကာလရှိ လူတို့အပေါ် ဘုရား၏ကတိတော်

နောက်တစ်ခုသို့- ၁၀၂၇ အနားယူခြင်းထဲသို့ လူသားမျိုးနွယ် ဝင်ရောက်သောအခါကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။