၁၀၂၇ အနားယူခြင်းထဲသို့ လူသားမျိုးနွယ် ဝင်ရောက်သောအခါကျူး

၁ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ မကောင်းမှုပြုသူတို့သည် ဖျက်ဆီးခံရကြလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိကြလိမ့်မည် ဖြစ်သည်။ လူအမျိုးအစားအားလုံးသည် ၎င်းတို့ဆောင်ရွက်သင့်သော လုပ်ငန်းတာဝန်များနှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ဤအရာသည်သာလျှင် လူသားမျိုးနွယ်၏ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် နေ့ရက် ဖြစ်လိမ့်မည်၊ ယင်းသည် လူသားမျိုးနွယ်၏ ဖြစ်ပေါ်တိုးတက်မှုအတွက် မလွှဲမရှောင်သာသော ဦးတည်ရာ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော စွမ်းဆောင်အောင်မြင်မှုသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလိမ့်မည်။ ဤသည်မှာ သူ၏အမှု၏ နောက်ဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဤအမှုသည် လူသားမျိုးနွယ် အားလုံး၏ ဇာတိပကတိနှင့်ဆိုင်သည့် ယိုယွင်းပျက်စီးသော် ဘဝအပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝကိုပါ အဆုံးသတ် ပေးလိမ့်မည် ဖြစ်သည်။ ထိုနေရာမှစ၍ လူသားများသည် နယ်ပယ်သစ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်။

၂ လူသားအားလုံးသည် ဇာတိပကတိ၌ အသက်ရှင်ကြသော်လည်း၊ အသက်၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်တာအကြားတွင် သိသာထင်ရှားသော ခြားနားချက်များ ရှိသည်။ တည်ရှိမှု၏ အရေးပါမှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တည်ရှိမှုသည်လည်း ခြားနားကြသည်။ ဤသည်မှာ လူအမျိုးအစားသစ်၏ အသက်တာ ဖြစ်လိမ့်မည် မဟုတ်သော်လည်း၊ ကယ်တင်ခြင်း ရရှိပြီးသော လူသားမျိုးနွယ်၏ အသက်တာအပြင်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပြန်လည်ရရှိပြီးဖြစ်သည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤသည်တို့မှာ တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့သည့်၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးနောက် သူ၏ကယ်တင်ခြင်းကို ခံခဲ့ရသည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို ဂုဏ်သရေ ညှိုးစေခဲ့ကြပြီးနောက် သူ့ကို သက်သေခံခဲ့သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြုံကာ ရှင်သန်ပြီးသည့်နောက်တွင်၊ ၎င်းတို့၏တည်ရှိခြင်းသည် အဓိပ္ပာယ် အရှိဆုံးသော တည်ရှိမှုဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်ကို သက်သေခံသူများ ဖြစ်ကြပြီး၊ အသက်ရှင်ရန် သင့်တော်သည့် လူသားများ ဖြစ်သည်။

၃ လုံးဝ ကျဆုံးလျက်၊ စာတန်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ တစ်ဖန် နှောင့်ယှက်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားများသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ရှိတော့မည် မဟုတ်ပေ။ နာခံခြင်း မရှိသော ထိုလူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျိုးနွံနာခံသော လူများသည်သာ ကျန်ရှိလိမ့်မည်။ ထိုသို့ဖြင့် အလွန်နည်းပါးသော မိသားစုများသည် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် အဘယ်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း။ လူသားမျိုးနွယ်၏ ယခင် ဇာတိပကတိ အသက်တာသည် လုံးဝ တားမြစ်ခံရလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများ မရှိဘဲ၊ လူသား အသက်တာသည် အတိတ်၏ အသက်တာဟောင်း ဖြစ်တော့မည် မဟုတ်ဘဲ၊ ယင်းထက် အသစ်သော အသက်တာတစ်ခု ဖြစ်လိမ့်မည်။ လတ်တလောတွင် လူများကြား၌ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ တည်ရှိသော်လည်း၊ အယောက်တိုင်း ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ်မျိုးသည်သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပိုင်ဆိုင်လိမ့်မည်။ ဤလူသားမျိုးနွယ်မျိုးသည်သာ ဘုရားသခင်ကို ကိုးကွယ်နိုင်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၂၆ လူတစ်မျိုးစီတိုင်းအတွက် သင့်တော်သော စီမံပေးမှုများကို ဘုရားပြုလုပ်၏ကျူး

နောက်တစ်ခုသို့- ၁၀၂၈ အနားယူနေသည့်အသက်တာကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။