၆၈၂ ဘုရားသည် လူကို နည်းမျိုးစုံဖြင့် စုံလင်စေ၏ကျူး

၁ လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။

၂ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။

၃ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၈၁ ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ပြုတော်မူ၏

နောက်တစ်ခုသို့- ၆၈၃ ဘုရား၏ကျေးဇူးတော်ကို မွေ့လျော်ခြင်းအားဖြင့်သာ သူ့ကို သိမလာနိုင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။