၈၃၄ သူ့ကို အမှန်တကယ် ချစ်သောသူတို့ကို ဘုရားသခင် စုံလင်စေသည်
၁ ယခု ဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းသူ၊ သူ၏အလုပ်ကို နာခံနိုင်သူ၊ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို အမှန် ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ဆောင်နိုင်သော လူတစ်စုကို ရယူလိုသည်၊ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်စေခြင်းခံရနိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သည် ပြည့်ဝ စုံလင်ခြင်း လမ်းကြောင်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်သည်။ စုံလင်စေခြင်း မခံရနိုင်သူများမှာ ဘုရားသခင်၏ အလုပ်ကို ရှင်းလင်းစွာ နားမလည်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်သောသူများ၊ သူ၏ နှုတ်ကပတ်တော်များကို အလေးမထားသူနှင့် သူတို့၏ စိတ်တွင် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ လုံးဝ မရှိသူများ ဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်ကို သံသယရှိသူများ၊ အမြဲပင် သူ့အကြောင်းကို ရေရေရာရာ မသိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို လုံးဝ အလေးအနက်မထားသည့်အပြင် သူ့ကို အမြဲ လှည့်ဖြားနေသောသူများမှာ ဘုရားသခင်ကို ခုခံပြီး စာတန်ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်၊ ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။
၂ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေ၍ တန်ဖိုးထားသူများတွင် အလုပ်လုပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလေလေ၊ သူ၏ဝိညာဉ်တော်က သင်၌ လုပ်ဆောင်လေလေ ဖြစ်မည်။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် အခွင့်များလေလေ ဖြစ်သည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူများကို စုံလင်စေပြီး၊ သူ၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းသော နှလုံးသားရှိသူများကို သူစုံလင်စေသည်။ ဘုရားသခင်၏ အလုပ်အားလုံးကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ တည်ရှိနေမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် စစ်မှန်မှုနှင့် သင့်အသက်အတွက် ထောက်ပံ့ပေးခြင်း ဖြစ်လာပုံကို တန်ဖိုးထားခြင်း- ၎င်းတို့အားလုံးသည် ဘုရားသခင်၏ စိတ်တော်နှင့် အတွေ့ဆုံး ဖြစ်သည်။ ယုံကြည်သူများအဖို့ ဘုရားသခင်၏အလုပ်ကို လက်ခံရရှိရန်၊ စုံလင်ခြင်းကို ရရှိရန်နှင့် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သူ တစ်ဦးဖြစ်ရန်ထက် ပို၍အရေးကြီးသည့်အရာမရှိပေ။ ထိုအရာသည် သင်လိုက်လျှောက်သင့်သည့် ပန်းတိုင်ပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်