စုံလင်စေခြင်းကို ခံရရန် ပြည့်မီရမည့် သတ်မှတ်ချက်များကျူး
၁ သင်သည် ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံဖို့ အမှန်တကယ် လိုလိုလားလား ရှိပါသလား။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကိုခံဖို့ သင် အမှန်တကယ် လိုလိုလားလားရှိလျှင် သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်၊ မလှုပ်မယှက် ဖြစ်နေမည် မဟုတ်၊ အားနည်းနေမည် မဟုတ်။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်၊ လူရှေ့ သူရှေ့၌သော် လည်းကောင်း၊ သင်တစ်ဦးတည်းရှိသည့် အချိန်၌သော်လည်းကောင်း၊ သင်ပြုသော အပြုအမူများ အားလုံးသည်လည်း ဘုရားသခင် နှစ်သက်ဖွယ် ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး၊ အရာရာ၌ သမ္မာတရားကို ကျင့်ကြံလျှင် ပြီးပြည့်စုံအောင် ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူများနောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သော လိမ်လည် လှည့်ဖြား သူများသည် ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို မခံလိုသောသူများ ဖြစ်သည်။ သူတို့သည် ထာဝရ ပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏ သားများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် ဆိုင်သောသူများ မဟုတ်၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင် ရွေးချယ်သည့် လူမျိုးမဟုတ်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သင်လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲဖို့ အလွန်အရေးကြီးသည်ဟု သတ်မှတ်မှသာ သင်သည် ပြီးပြည့်စုံစေခြင်း ခံရမည့်လမ်းပေါ်၌ ရှိနေနိုင်မည် ဖြစ်သည်။
၂ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကိုခံဖို့၊ ဘုရားသခင်၏ အလိုအတိုင်း ဆောင်ရွက်ဖို့ သင်အမှန်တကယ် လိုလိုလားလားရှိလျှင် ငြီးတွားသည့်စကား တစ်ခွန်းမျှ မဟဘဲ၊ ဘုရားသခင် လုပ်သည့် အလုပ်ကို သုံးသပ်ရလောက်အောင် သို့မဟုတ် အကဲဖြတ်ရလောက်အောင် မရဲတင်းဘဲ၊ ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးကို သင်နာခံသင့်သည်။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံဖို့အတွက် အနည်းဆုံး ထိုအချက်များကို လုပ်ဆောင်ဖို့လိုပါသည်။ ဘုရားသခင်မှ ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူတို့ လုပ်ဖို့လိုသော လိုအပ်ချက်တစ်ခု ရှိသည်။ ထိုလိုအပ်ချက်မှာ “ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ” ဟူသည့် အချက် ဖြစ်သည်။ ထိုစကား၏ ဆိုလိုရင်းမှာ 'သင်၏ အပြုအမူများနှင့် အမူအကျင့်များ အားလုံးသည် ဘုရားသခင်၏ ရှေ့၌ တင်ပြနိုင်သော အရာများ ဖြစ်သည်' ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များသည် ဖြောင့်မှန်လျှင် သင်၏ အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်၏ အပြုအမူများကို ဘုရားသခင်၏ ရှေ့၌ (သို့မဟုတ်) သင်၏ ညီအစ်ကို မောင်နှမများရှေ့၌ ဖော်ပြဖို့ မကြောက်ရွံ့၊ သင်သည် ဘုရားသခင်၏ ရှေ့၌ သစ္စာဆိုရဲသည်။ သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်း၊ အယူအဆ အခုစီတိုင်းသည် ဘုရားသခင်၏ ရှေ့၌ စစ်ဆေးဖို့ လျော်ကန်သော အရာများ ဖြစ်လျှင်၊ သင်သည် ထိုသို့ လက်တွေ့ လုပ်ဆောင်ပြီး ထိုလမ်းကြောင်း ပေါ်၌ နေနိုင်လျှင် သင်၏ အသက်တာ တိုးတက်မှုသည် မြန်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။