ဤလူစုကို စုံလင်စေရန် ဘုရားသခင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်
၁
ဘုရားသခင်၏အပူတပြင်းဖြစ်သော စိတ်နှလုံးကို နားလည်နိုင်သော
လူသားတစ်ဦးမှာ ရှားလွန်းသည်မျှပင်မရှိ၊
လူသား၏ အရည်အသွေး အလွန်နိမ့်ကျခြင်း၊
သူ၏ဝိညာဉ်ရေးရာအမြင်မှာ ကြည်လင်ခြင်းမရှိ၊
ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေကြောင်းကို လူသားသည် မည်သည့်အခါမျှ အရေးမစိုက်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့်ပတ်သက်၍ ဆက်၍စိုးရိမ်နေဆဲဖြစ်၏။
လူသား၏ သားရဲဆန်သော သဘာဝသည် ရုတ်တရက် ပေါ်ပေါက်နိုင်ပြီး
အချိန်မရွေး ပြနိုင်ပေသည်။
ဤအကြောင်းကြောင့် ဘုရားသခင်၏ကမ္ဘာမြေကြီးပေါ် ဆင်းကြွလာခြင်း သည်
လူသားအပေါင်းထံမှ ကြီးစွာသောစုံစမ်းနှောင့်ယှက်ခြင်းများကို ရင်ဆိုင်ရခြင်း ဖြစ်၏။
သို့သော်လည်း လူစုတစ်စုကို စုံလင်စေလိုခြင်းကြောင့်
ဘုရားသခင်သည် သူ၏အလိုတော်ကို လူသားကို ဖော်ထုတ်ပြပြီးဖြစ်၏။
ဘုရားသခင်သည် သာမန်ဖြစ်သော ဤလူစုကို စုံလင်စေရန် ဆုံးဖြတ်ခဲ့၏။
ဤအကြောင်းကြောင့် ခက်ခဲမှု သို့မဟုတ် စုံစမ်းနှောင့်ယှက်မှု ရောက်လာသောအခါ၊
သူသည် အဝေးသို့ ကြည့်ပြီး အားလုံးကို လျစ်လျူရှုလေ၏။
၂
ဘုရားသခင်ကို စုံစမ်းနှောင့်ယှက်သော၊
နားလည်မှုလွဲပြီး အပြစ်တင်သောလူများ ရှိကောင်းရှိနိုင်၏၊
သို့သော်လည်း ကိုယ်တော်သည် ထိုအရာများကို စိတ်တော်ထဲ၌ မထားပေ။
ဘုရားသခင်သည် ဘုန်းတော့်အတွင်း ဆင်းသက်သောအခါ၊
ကိုယ်တော် ပြုသမျှမှာ လူသား၏ ကောင်းကျိုးအတွက်ဖြစ်ကြောင်း
လူသား မြင်ရလိမ့်မည်။
ဘုရားသခင်သည် သူ၏အလိုတော်ကို လူသားကို ဖော်ထုတ်ပြပြီးဖြစ်၏။
ဘုရားသခင်သည် သာမန်ုဖြစ်သော ဤလူစုကို စုံလင်စေရန် ဆုံးဖြတ်ခဲ့၏။
ဤအကြောင်းကြောင့် ခက်ခဲမှု သို့မဟုတ် စုံစမ်းနှောင့်ယှက်မှု ရောက်လာသောအခါ၊
သူသည် အဝေးသို့ ကြည့်ပြီး အားလုံးကို လျစ်လျူရှုလေ၏။
ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ပြီး
သူ၏ဘုန်းတော်၌ လူသားသည် သူ့ကို သိလိမ့်မည်ဟု ယုံကြည်၏၊
ဘုရားသခင်၏ စုံလင်စေခြင်းကို ခံပြီးသောအခါ လူသားသည် သူ၏စိတ်နှလုံးကို နားလည်လာလိမ့်မည်ဟု ယုံကြည်၏။
၃
ဤနေရာ၌ သူ၏ဘုန်းတော်အလုံးစုံဖြင့် ပေါ်ထွန်းကာ၊
ဘုရားသခင်သည် ဤလူများမမြင်စေရန် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။
ဤနေရာ၌ သူ၏ဘုန်းတော်အလုံးစုံဖြင့် ပေါ်ထွန်းကာ၊
ဘုရားသခင်သည် ဤလူများမမြင်စေရန် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။
ဤနေရာ၌ သူ၏ဘုန်းတော်အလုံးစုံဖြင့် ပေါ်ထွန်းကာ၊
ဘုရားသခင်သည် ဤလူများမမြင်စေရန် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။
ဘုရားသခင်သည် သာမန်ုဖြစ်သော ဤလူစုကို စုံလင်စေရန် ဆုံးဖြတ်ခဲ့၏။
ဤအကြောင်းကြောင့် ခက်ခဲမှု သို့မဟုတ် စုံစမ်းနှောင့်ယှက်မှု ရောက်လာသောအခါ၊
သူသည် အဝေးသို့ ကြည့်ပြီး အားလုံးကို သူ လျစ်လျူရှုလေ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။