၁၆၆ ဘုရားချစ်ဖွယ်ကောင်းတာကို ကျွန်ုပ်တို့ သိပါစေ

၁ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ငါတို့အားလုံး သိရှိနိုင်ပြီး ငါတို့၏ ဘုရားသခင်ကို ငါတို့စိတ်နှလုံး၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းထဲတွင် ချစ်မြတ်နိုးနိုင်ကာ ငါတို့၏ ခြားနားသော အနေအထားများတွင် ဘုရားသခင် အတွက် ငါတို့အားလုံး၌ရှိသော ချစ်ခြင်းမေတ္တာကို ဖေါ်ပြနိုင်ရန်အတွက် ကိုယ်တော် ငါတို့ကို အသိဉာဏ်ဖွင့်ပေးပါစေ။ ကိုယ်တော်အတွက် အရိုးခံချစ်ခြင်း၏ မသွေဖည်သော စိတ်နှလုံးများကို ဘုရားသခင် ငါတို့အပေါ် နှင်းအပ်ပါစေ- ဤသည်မှာ ငါမျှော်လင့်သောအရာ ဖြစ်သည်။ ဤညစ်ညမ်းသောမြေတွင် မွေးဖွားခဲ့ကြသော ငါ၏ ညီအစ်ကိုမောင်နှမများအတွက် ငါ အနည်းငယ် ကရုဏာသက်မိပြီး၊ သို့ဖြစ်၍ အဆင်းနီသောနဂါးကြီးကို မုန်းတီးခြင်းသည် ငါ့အတွင်း၌ ကြီးထွားလာခဲ့သည်။ ယင်းသည် ဘုရားသခင်အား ငါတို့၏ချစ်ခြင်းကို ဟန့်တားပြီး ငါတို့၏ အနာဂတ်အလားအလာများအတွက် လောဘကြီးရန် သွေးဆောင်ဖြားယောင်းသည်။ ယင်းက ငါတို့ကို အပျက်သဘောဆောင်စေရန်၊ ဘုရားသခင်ကို ခုခံရန် သွေးဆောင်လေသည်။ ဘုရားသခင်၏ ချစ်ခြင်းကို ငါတို့၏ စိတ်နှလုံးဖြင့် ကျေးဇူးမဆပ်နိုင်သည်အထိပင် ယခုတိုင်အောင် ငါတို့ကို လိမ်လည်လှည့်ဖြားသူ၊ ငါတို့ကို ဖောက်ပြန်ပျက်စီးစေသူ၊ ငါတို့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသူမှာ အဆင်းနီသော နဂါးကြီးဖြစ်ပေသည်။ ငါတို့သည် စိတ်နှလုံးထဲတွင် လှုံ့ဆော်မှုတွန်းအား ရှိကြသော်လည်း၊ ကိုယ်တိုင်မရည်ရွယ်ဘဲနှင့် ငါတို့သည် အစွမ်းမဲ့ကြ၏။

၂ ငါတို့အားလုံးမှာ ယင်း၏သားကောင်များ ဖြစ်ကြသည်။ ဤအကြောင်းကြောင့် ငါသည် ယင်းကို အလွန်တရာ မုန်းတီးပြီး ယင်းကို ဖျက်ဆီးပစ်ရန် လွန်စွာစိတ်ထက်သန်နေသည်။ သို့သော် ငါပြန်စဉ်းစားသည့်အခါ၊ ယင်းသည် မည်သည့်အကျိုးကျေးဇူးမှ မရှိနိုင်ဘဲ ဘုရားသခင်ကိုသာ အနှောင့်အယှက်ပေးလိမ့်မည်။ ထို့ကြောင့် ငါသည် ဤနှုတ်ကပတ်တော်များထံ ပြန်လာသည်- ဘုရားသခင်ကို ချစ်မြတ်နိုးခြင်းဟူသော ကိုယ်တော်၏အလိုတော် အတိုင်း လုပ်ဆောင်ခြင်းအပေါ်တွင် ငါ၏စိတ်နှလုံးကို တည်ထားလျက်ရှိသည်။ ဤသည်မှာ ငါလျှောက်လှမ်းနေသော လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှာ ကိုယ်တော်၏ ဖန်ဆင်းခံများအနက် တစ်ခုဖြစ်သော ငါ့အနေဖြင့် လျှောက်သင့်သည့်လမ်း ဖြစ်သည်။ ယင်းမှာ ငါ၏အသက်တာကို အသုံးခံသင့်ပုံ ဖြစ်သည်။ ဤအရာတို့မှာ ငါ၏ စိတ်နှလုံးထဲမှ နှုတ်ကပတ်တော်များ ဖြစ်ပြီး၊ ငါ၏စိတ်နှလုံး ငြိမ်းချမ်းမှု တစ်စုံတစ်ရာ ရရှိနိုင်ရန်အတွက် ငါ၏ ညီအစ်ကိုမောင်နှမများအနေဖြင့် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် အားတက်မှုတစ်စုံတစ်ရာ ရရှိနိုင်ကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ထွန်းလင်းတောက်ပခံ့ညားသော အဓိပ္ပာယ်ရှိသည့်ဘဝကို အသက်ရှင် နေထိုင်ရန် ဖြစ်သည်။ ဤအရာတွင် ငါသည် အားရကျေနပ်ခြင်းနှင့် နှစ်သိမ့်ခြင်း အပြည့်ရှိနေသော စိတ်နှလုံးဖြင့် ဝမ်းနည်းခြင်းကင်းစွာ သေဆုံးနိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ငါတို့အားလုံး သိရှိနိုင်ပြီး ငါတို့၏ ဘုရားသခင်ကို ငါတို့စိတ်နှလုံး၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းထဲတွင် ချစ်မြတ်နိုးနိုင်ကာ ငါတို့၏ ခြားနားသော အနေအထားများတွင် ဘုရားသခင် အတွက် ငါတို့အားလုံး၌ရှိသော ချစ်ခြင်းမေတ္တာကို ဖေါ်ပြနိုင်ရန်အတွက် ကိုယ်တော် ငါတို့ကို အသိဉာဏ်ဖွင့်ပေးပါစေ။ ကိုယ်တော်အတွက် အရိုးခံချစ်ခြင်း၏ မသွေဖည်သော စိတ်နှလုံးများကို ဘုရားသခင် ငါတို့အပေါ် နှင်းအပ်ပါစေ- ဤသည်မှာ ငါမျှော်လင့်သောအရာ ဖြစ်သည်။

အရှေ့သို့- ၁၆၅ ထာဝရ အမှတ်အသား

နောက်တစ်ခုသို့- ၁၆၇ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့်၊ ကျွန်ုပ် ကြောက်ရွံ့မည်မဟုတ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။