ဘုရားကို အစေခံခွင့်ရတာ ကျွန်ုပ်တို့ ၏ ကြွယ်ဝမှုဖြစ်သည်
၁
ဘုရား၏အသံတော်ကို ယခု ကျွန်ုပ်တို့ ကြားရပြီ၊
သူ၏ပေါ်ထွန်းလာခြင်းနှင့်အမှုတော်ကို အခိုင်အမာသိနိုင်သည်။
လက်တွေ့ကျသောဘုရားကို မြင်တွေ့ရလို့ ကျွန်ုပ်တို့ ပျော်ရွှင်၊
သခင်၏ပြန်လာခြင်းကို ကြိုဆိုရသော ကောင်းကြီးမင်္ဂလာကို ကျွန်ုပ်တို့ ခံစားရ။
အို ကျွန်ုပ်တို့ ဘုရားသခင်နှင့် ပွဲတော် အတူရောက်၊
ကောင်းကင်နိုင်ငံတော်ထိ ကျွန်ုပ်တို့ ချီဆောင်ခြင်းခံရသည်။
ယခုမှစ ကျွန်ုပ်တို့ နှုတ်ကပတ်တော်ကို စားသုံးခြင်း၌ မွေ့လျော်မည်။
သူနှင့် အတူနေရလို့ ကျွန်ုပ်တို့ အလွန်ဝမ်းမြောက်။
၂
ကျွန်ုပ်တို့ ကောင်းကြီးခံစားလိုကာ
ဘုရား၏ နှုတ်ကပတ်တော်ဖွင့်ပြခြင်းနှင့် စစ်ကြောစီရင်ခြင်းတို့ ကြုံတွေ့။
သူ၏နှုတ်ကပတ်တော် ကျွန်ုပ်တို့ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်ပြီး
နာကျင်မှု ဝေဒနာကို ကျွန်ုပ်တို့ ခံစားရ။
ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီး၊ ဘုရား၏မျက်နှာကို မြင်တွေ့ရန် မထိုက်တန်၊
ကျွန်ုပ်တို့ သူ့ကို ယုံကြည်ခြင်းသည်
ကျွန်ုပ်တို့ကို ဘုရား ကောင်းကြီးပေးရန်နှင့်
ကောင်းကင်နိုင်ငံသို့ ဝင်ရောက်နိုင်ဖို့သာ ဖြစ်သည်။
တမ်းတရသော နှစ်များ မရှိတော့ပြီ၊
ကြေမွသောနှလုံးသားနှင့် ကျွန်ုပ်တို့ နွမ်းလျနာကျင်။
နှုတ်ကပတ်တော်သည် နှလုံးသားကို လွှမ်းမိုးသည်။
ကျွန်ုပ်တို့ မြေပေါ်လဲကျ၊ ရှက်ကြောက်ခြင်းပြည့်။
၃
နှုတ်ကပတ်တရားတော်၏ စစ်ကြောစီရင်ခြင်းဖြင့်သာ
ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးနေကြောင်း သိမြင်ရသည်။
ကောင်းကြီးခံစားလိုသောစိတ်သဘောထားများပြည့်နက်နေသောအခါ
ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်သွားခဲ့သည်မဟုတ်။
ကောင်းကင်နိုင်ငံတော်ဝင်ရောက်ရန် မထိုက်တန်ပေမယ့်
ဘုရား၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ ဘုရားအတွက်အစေခံခွင့်ရ၏။
ကျွန်ုပ်တို့ ဆန္ဒရှိ၍၊ ထိုအစေခံခွင့်သည် ကျွန်ုပ်တို့ ရရှိသော ကျေးဇူးတော်သက်သက်ဖြစ်သည်။
ဒါဟာ ဘုရား၏အကြီးမားဆုံးချစ်ခြင်းမေတ္တာနှင့်ကောင်းကြီးဖြစ်သည်။
အို ဘုရားအတွက် ကြိုးစားလုပ်ဆောင်ရန်၊
သူ၏အကြံအစည်နှင့်အစီအစဉ်များကို ကျိုးနွံနာခံရန်၊
ကျွန်ုပ်တို့ အသက်တာကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ရန်၊
သူ၏ဖြောင့်မတ်ခြင်းကို အစဉ် (ကျွန်ုပ်တို့) ချီးမွမ်းပါသည်။
မထိုက်တန်ပေမယ့်လည်း၊ ယနေ့ ကျွန်ုပ်တို့ အစေခံ၊
ကောင်းချီးမခံစားရမှာ၊ ဆုံးရှုံးမှုနှင့်လမ်းဆုံးအတွက် ပူပန်မှုမရှိ။
ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အလုံးစုံနှင့် စာတန်ကို ကျဆုံးစေ။
ဒါကြောင့် ကျွန်ုပ်တို့ ကို မှောင်မိုက်မှ ဘုရား ကယ်တင်။