အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် မစွန့်ပစ်နိုင်
၁
ဘုရားသခင်၏ နှုတ်ကပတ်တော် ကျွန်ုပ်ကို လမ်းပြခြင်းမရှိဘဲ၊ မျောပါနေသည့် ဗေဒါပင်တစ်ပင်လို ကျွန်ုပ်သည် ကျောက်ဆူးမရှိပေ။
ဘုရားသခင် ကျွန်ုပ်နှင့် အတူ မရှိဘဲ၊ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို ကျွန်ုပ် ခံစားရ။
မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ရင်း၊ ဘုရားသခင်အတွက် ကျွန်ုပ် နှလုံးသားတွင် နေရာမရှိသည်ကို ကျွန်ုပ် နားလည်ပြီး၊
ကျွန်ုပ်၏ ဆုတောင်းချက်တွင် ကိုယ်တော်ကို ကျွန်ုပ် လိမ်မိသည်။
သမ္မာတရားကို လက်လျော့ရင်း၊ ကျော်ကြားမှုနှင့် ဥစ္စာပစ္စည်းကို တပ်မက်ရင်း၊ ဘုရားသခင်အားဖြင့် ကျွန်ုပ် စက်ဆုပ်ကာ မုန်းတီးခံရ။
အမှောင်ထဲသို့ ကျဆင်းရင်း၊ ကြီးမားစွာ နာကျင် ပြီး၊ ကျွန်ုပ်၏ နှလုံးသားက နောင်တနှင့် အပြည့်လေ။
တောင်းပန်တိုးလျှိုးသည့် စကားများက ဘုရားသခင်ကို ကျွန်ုပ်ထံ ပြန်မခေါ်နိုင်။
ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိဘဲ၊ ဘုရားသခင်ရှေ့တွင် အသက်ရှင်ဖို့ ကျွန်ုပ် ထိုက်တန်ခြင်းမရှိပေ။
ဘုရားသခင်၏ ကြင်နာမှုကို ကျွန်ုပ် အားကိုးကာ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ဘုရားသခင်ကို အလွန်ကြွေးတင်သည်ဟု ခံစားရပေ။
၂
တရားစီရင်ခြင်းမှတဆင့်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းလင်းစွာ မြင်ရပေ။
မာနထောင်လွှားသူ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသူ၊ ကောက်ကျစ်ကာ လှည့်ဖြားတတ်သူ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့်အတူ အပေးအယူတစ်ခုကိုပင် လုပ်ဆောင်ခဲ့ပေ။
ကျွန်ုပ်၏ တာဝန်တွင် ပေါ့ဆခဲ့ကာ၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် အရေးစိုက်မှု မပြခဲ့။
ကျွန်ုပ်၏ အယူအဆများကို ဖက်တွယ်ရင်းဖြင့်၊ အဖြစ်ဆိုးက ပေါက်ဖွားလာခဲ့ပေ။
များစွာသော စစ်ဆေးမှုကို ကြုံရပြီးသည့်နောက်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ပြစ်မှားမှု ခွင့်မပြုသည်ကို ကျွန်ုပ် နားလည်ခဲ့။
ကိုယ်တော့်ကို ကျွန်ုပ် စိတ်နှလုံးက ချစ်ကြောက်ရိုသေပေ၊ကျွန်ုပ် မိမိကိုယ်ကိုယ် စက်ဆုပ်မိကာ အမှန်တရာ နောင်တရ။
ဘုရားသခင်၏ တရားစီရင်ခြင်းက ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းသက်သက် ဖြစ်သည်ကို ကျွန်ုပ် မြင်ရသည်။
သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သူ့ကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ရန် ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို ချမိသည်။
ဘုရားသခင်ကို ကျွန်ုပ် ရိုးသားစွာ ချစ်မည်၊ ထိုသို့ဖြင့် သူ၏ ကရုဏာကို ကျွန်ုပ် ပြန်ရနိုင်ပြီး သူ့ကို ကျွန်ုပ်ထံ ပြန်ခေါ်နိုင်သည်။