၈၃ ဘုရားရဲ့အချစ်
၁
ဒီလူပင်လယ်ကြီးထဲ နောက်ဆုံးသောကာလတွင်
ဘုရားလူ့ဇာတိခံယူခဲ့တာ ဘယ်သူသိလဲ
အသင်းတော်ထဲ ဝင်ရောက် ဟောပြော အမှုတော်ထမ်းဆောင်ကာ
သမ္မာတရားကို သိုသိပ်စွာ ဖွင့်ပြ
သူဟာ နှိမ့်ချ သိုဝှက် သူသည် ကြီးစွာ အရှက်ခွဲခြင်း ခံရသည်
အို ဘုရားသခင်၊ ကိုယ်တော် လူ့အဖြစ်ကိုယူ
အခက်အခဲပေါင်းများစွာ ခံစား၊ ထိုအရာအားလုံး
လူသားရဲ့ကယ်တင်ခြင်းအတွက်
လူသားများ ဘာကြောင့် ကိုယ်တော်ကို ငြင်းပယ်ကြလဲ
အို ဘုရားသခင်၊ ကိုယ်တော်ရဲ့သမ္မာတရားက
ထာဝရအသက် ဝင်ရောက်ရာလမ်း
နှုတ်ကပတ်တော်သည် သမ္မာတရား လမ်းခရီးနှင့် အသက်ဖြစ်၏
ထိုအရာတို့သည် ချစ်ခြင်းမေတ္တာနှင့် လူသားအတွက်
ကောင်းကြီးမင်္ဂလာများပင်
၂
ဒီလူပင်လယ်ကြီးထဲ ကျွန်ုပ်တို့မှာ ဂရုစိုက်မည့်သူ မရှိသော
သဲတစ်ပွင့်လိုပင်
အပြစ်ဒုစရိုက်ထဲ ကျင်လည်၍ နာကျင်စွာ ရုန်းကန်ခဲ့ကြ
မှောင်မိုက်ထဲတွင် ဦးတည်ရာမဲ့ စမ်းတဝါးဝါး
ကျွန်ုပ်တို့ကို နားညောင်းတာ ကိုယ်တော်ရှင်ပါ
ကျွန်ုပ်တို့ကို ချီးမြှောက်တာလည်း ကိုယ်တော်ရှင်ပဲ
ငါတို့ကို အတွင်းထိအောင် စာတန်မာနရ် ဖျက်ဆီးသွားခဲ့
အညစ်အကြေး အမှိုက်ကဲ့သို့ ညစ်ညမ်းခဲ့ပြီ
ဘုရားသခင် ကျွန်ုပ်တို့ကို မပစ်ပယ်ဘဲ
အပြစ်စီရင် ဆုံးမသွန်သင် သန့်ရှင်းစေကာ
ခံစားချက်မဲ့ ကျွန်ုပ်တို့နှလုံးသားကို ကိုယ်တော်ရဲ့ကြင်နာမှု
ခံစားတတ်အောင် လှုပ်နိုးခဲ့သည်
၃
နှုတ်ကပတ်တရားတော်၏စီရင်ခြင်း၌
လူသား၏အကျင့်ပျက်ဖောက်ပြန်မှုကို မြင်တွေ့ရသည်
စစ်မှန်သောဘုရားသခင် ကြွလာခြင်းကို ထိုသူအားလုံး ငြင်းပယ်ကြသည်
ဘုရားရှင်ကို ဆန့်ကျင်၍ သမ္မာတရားကို ရွံမုန်းကြသည်
ဘုရားရဲ့နှုတ်ကပတ်တော်သည် အမှောင်လောကကို အလင်းပေးသော
စစ်မှန်သည့်အလင်းရှင်ပါ
လူ့ဘဝအလင်းရောင်နှင့် ကယ်တင်ခြင်းမျှော်လင့်ချက်ကို တွေ့မြင်ခဲ့ကြ
အပြစ်စီရင်ခြင်းနှင့်ဆုံးမသွန်သင်ခြင်းခံရပြီးနောက်
ကျွန်ုပ်တို့ သန့်ရှင်း၍ လူသားစစ်စစ်အဖြစ် အသက်ရှင်
ဘုရား၏စီရင်ခြင်းမှာ ကယ်တင်ခြင်းဖြစ်၍
သူ၏ကောင်းကြီးမင်္ဂလာဖြစ်သည်
ဘုရားရှင်သည် လူသား၏အချစ်နှင့်အစဉ်ချီးမွမ်းခြင်း ခံထိုက်ပေသည်