၈၂ ဘုရားသခင်ကို ချစ်ရန် ကြိုးစားဖို့ ကျွန်ုပ် ဆန္ဒရှိ
၁
ဖော်ပြသော သမ္မာတရားအားလုံးမှ
ဘုရားဟာ အချစ် ဖြစ်ကြောင်း ကျွန်ုပ်မြင်
ကိုယ်တော်ဟာ အမြဲ ကျွန်ုပ် မြတ်နိုးရာ
ကိုယ်တော်နှင့် အလွန်နေချင်သည်၊
အလိုတော်ကို အမြဲအရေးစိုက်ကာ
ကိုယ်တော်နှင့်အတူယုံကြည်စိတ်ချဖြစ်ချင်တယ်။
ဘယ်အခါမှကျွန်ုပ်တို့ကြား မကွာဝေး စေချင်၊
ထိုအပြင်ကိုယ်တော့် အနား မှီခိုချင်တာ။
ပထမဆုံးအသံတော် ကြားကတည်းက
အသက်တာမှာ ကိုယ်တော့်အား မမေ့နိုင်ပါ၊
ကိုယ်တော့်အသံတော် အလွန်သာယာလှ၊
ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်များ ဘုန်းတန်ခိုးနှင့်ပြည့်စုံကာ
ပြောတဲ့ နှုတ်ကပတ်တော်တိုင်း သမ္မာတရားနှင့်
ဘ၀ရဲ့ လိုအပ်သောအရာ
ကိုယ်တော့်နှုတ်ကပတ်တော်များ ကျွန်ုပ်ရဲ့ နှလုံးသားကို ဆွဲဆောင်၊
ကိုယ်တော့်အနောက် လိုက်ဖို့ အရာအားလုံး ကို ကျွန်ုပ်စွန့်လွှတ်။
ကိုယ်တော် ပြောသမျှ လုပ်သမျှ ချစ်ခြင်းပါ၊
အားလုံး ကျွန်ုပ်အား သန့်စင် ကယ်တင်ဖို့
ကျွန်ုပ်ရဲ့တာ၀န် ထမ်းဆောင် ကိုယ်တော့်အချစ်၌ မွေ့လျော်
ဘယ်အခါမှ တွန့်ဆုတ်ခြင်းမရှိ ကိုယ်တော့်အား ချစ်ရန်သာ ဖွေရှာ၊
လူရဲ့အချစ်နှင့် ထိုက်တန်လွန်းသူ
ကိုယ်တော်ရဲ့ ချစ်ခြင်း လူနားလည်ရန် အလွန်နက်ရှိုင်း၊
ကိုယ်တော့်နောက် နီးကပ်စွာ အမြဲလိုက်တာ
ကိုယ်တော်ရဲ့ ချစ်ခြင်း သက်သေခံဖို့သာ၊ သက်သေခံဖို့ပါ။
၂
နှုတ်ကပတ်တော် သမ္မာတရားဖြစ်ကြောင်း နားလည်၊
ကိုယ်တော့် စိတ်သဘောထား အလွန်ဂုဏ်သိက္ခာရှိတာ မြင်သည်၊
ကိုယ်တော့်သန့်ရှင်းသော အချစ် လေးစားမှုဖြစ်ပေါ်စေ၊
ဖြောင့်မတ်မှုအတွက် ကျွန်ုပ်တို့ချီးမွမ်း၊
ဖောက်ပြန်မှုနှင့်ပြည့်သော ကျွန်ုပ် ကိုယ်တော့်အားချစ်ချင်
သို့သော် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်။
တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် ကြုံ တွေ့ခြင်းဖြင့်သာ
ကိုယ်တော့် နှစ်သက်ဖွယ်ရည်ရွယ်ချက်များ နားလည်ပြီ။
ကိုယ်တော် ပြောသမျှ လုပ်သမျှ ချစ်ခြင်းပါ၊
အားလုံး ကျွန်ုပ်အား သန့်စင် ကယ်တင်ဖို့
ကျွန်ုပ်ရဲ့တာ၀န် ထမ်းဆောင် ကိုယ်တော့်အချစ်၌ မွေ့လျော်
ဘယ်အခါမှ တွန့်ဆုတ်ခြင်းမရှိ ကိုယ်တော့်အား ချစ်ရန်သာ ဖွေရှာ၊
လူရဲ့အချစ်နှင့် ထိုက်တန်လွန်းသူ
ကိုယ်တော်ရဲ့ ချစ်ခြင်း လူ နားလည်ရန် အလွန်နက်ရှိုင်း၊
ကိုယ်တော့်နောက် နီးကပ်စွာ အမြဲလိုက်တာ
ကိုယ်တော်ရဲ့ ချစ်ခြင်း သက်သေခံဖို့သာ၊ သက်သေခံဖို့သာ
၃
ကျွန်ုပ်ခံစားရချိန် ကိုယ်တော့်စကားများ နှစ်သိမ့်ပေး
ကျွန်ုပ် ကျဆုံးချိန်နှင့် ကျွန်ုပ် ခလုတ်တိုက်မိချိန်၊
ကိုယ်တော် ကျွန်ုပ်အား မစပေးတာ
ကိုယ်တော် ကျွန်ုပ်အား ဘယ်တော့မှ မစွန့်ပစ်ခဲ့၊
ကျွန်ုပ်ကို အမြဲစောင့်ရှောက်ပြီး ကွယ်ကာပေးခဲ့
ကိုယ်တော် ကျွန်ုပ်အား ကူညီမစ ကူညီမစ
ကိုယ်တော် ပြောသမျှ လုပ်သမျှ ချစ်ခြင်းပါ၊
အားလုံး ကျွန်ုပ်အား သန့်စင် ကယ်တင်ဖို့
ကျွန်ုပ်ရဲ့တာ၀န် ထမ်းဆောင် ကိုယ်တော့်အချစ်၌ မွေ့လျော်
ဘယ်အခါမှ တွန့်ဆုတ်ခြင်းမရှိ ကိုယ်တော့်အား ချစ်ရန်သာ ဖွေရှာ၊
လူရဲ့အချစ်နှင့် ထိုက်တန်လွန်းသူ
ကိုယ်တော်ရဲ့ ချစ်ခြင်း လူ နားလည်ရန် အလွန်နက်ရှိုင်း၊
ကိုယ်တော့်နောက် နီးကပ်စွာ အမြဲလိုက်တာ
ကိုယ်တော်ရဲ့ ချစ်ခြင်း သက်သေခံဖို့သာ၊ သက်သေခံဖို့သာ။