လူ့အတွက် ဘုရား၏ချစ်မေတ္တာကျူး
၁ အမှုပြုရန်အတွက် ညစ်ညူးသောတိုင်းပြည်သို့ ဘုရားသခင်ကြွလာခြင်းမှာ သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ရန် ဖြစ်သည်၊ သူသည် ဤအရာကို သူ၏အမှုအတွက် ပြုခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အတွက် သူသည် ဤနည်းဖြင့် အမှုပြုရန် ကြီးစွာသော မျက်နှာပျက်ရခြင်းကို သည်းခံတော်မူသည်။ ဤသည်မှာ သက်သေခံများအတွက် ဖြစ်ပြီး လူသားအားလုံးအတွက်လည်း ဖြစ်သည်။ ဤကဲ့သို့ အမှုမျိုးသည် လူတို့ကို မြင်စေသောအရာမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ထူးမြတ်ခြင်းကို ပို၍ပြသနိုင်သည်။ မည်သူမျှ အလွန် ထည့်စဉ်းစားခြင်း မရှိသည့် အရေးမပါသော လူတစ်စုကို ကယ်တင်ခြင်းအားဖြင့် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းကို ပြခြင်းဖြစ်သည်။
၂ ညစ်ညူးသောတိုင်းပြည်တစ်ခုတွင် မွေးဖွားခဲ့ခြင်းမှာ ဘုရားသခင်သည် အရေးမပါကြောင်း သက်သေပြခြင်း လုံးဝ မဟုတ်ပါ၊ ၎င်းမှာ သူ၏ ကြီးမြတ်ခြင်းနှင့် လူသားများအတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းခံအားလုံး မြင်တွေ့စေရန်သာ ဖြစ်သည်။ ဤနည်းဖြင့် သူအမှုပြုလေ လူသားများအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ချို့ယွင်းချက်မရှိသော ချစ်ခြင်းမေတ္တာကို ပို၍ ထုတ်ဖော်လေဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်သည်။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး ညစ်ညူးမှုနှင့် ပြည့်နှက်နေသော သူတို့နှင့်အတူ နေသော်လည်း ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အပြစ်သားများနှင့်အတူ နေခဲ့သည့်နည်းတူ သူ၏အမှုအားလုံးမှာ လူသားမျိုးနွယ်အားလုံး ဆက်လက်ရှင်သန်နိုင်ရေးအတွက်ပင်ဖြစ်သည် မဟုတ်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။