ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို အရည်ပျော်စေပြီ
၁
အို ဘုရားရှင်။ ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ်ကြားကာ ကိုယ်တော်၏ ရှေ့မှောက်သို့ ပြန်လာပြီ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ထုတ်ဖော်ပြကာ တရားစီရင်ပြီး ကျွန်ုပ် မည်မျှ နက်နဲစွာ ဖောက်ပြန်ပျက်စီးသည်ကို ကျွန်ုပ် မြင်ပြီ။
ဆုချီးမြှင့်ခံရဖို့မျှသာ သခင့်ကို ကျွန်ုပ်တို့ ယုံကြည်ခဲ့၊ အပြန်အလှန် အနေဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများအတွက် ကျွန်ုပ် ဆင်းရဲဒုက္ခခံခဲ့။
ကြိမ်ဖန်များစွာ ကိုယ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ် ငြင်းပယ်ခဲ့။ ကိုယ်တော်အကြောင်း ဝေဖန်မှုပင်ပြုကာ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်ခဲ့။
ကိုယ်တော် ကျွန်ုပ်ကို ခွင့်လွတ်ခဲ့သော်လည်း ကိုယ်တော့်ထံ နာကျင်မှုများစွာ ကျွန်ုပ် ယူဆောင်ခဲ့။
ကျွန်ုပ်၏ စိတ်နှလုံး မည်မျှ မာကျောသည်ဆိုသည် နှင့် လူ့သဘာဝ ကျွန်ပ် မည်မျှ ကင်းမဲ့သည်ကို ကျွန်ုပ် စက်ဆုပ်မိခဲ့။
၂
အို ဘုရားရှင်။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက ကျွန်ုပ်၏ နှလုံးသားကို နိုးထစေပြီ။
ကြိမ်ဖန်များစွာ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ရင်ဆိုင်ရလျက်၊ နာကျင်မှုနှင့် ဝမ်းနည်းမှုများဖြင့် ကျွန်ုပ် ပြည့်လေပြီ။
ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းအတွင်၊ ကိုယ်တော် ကျွန်ုပ် နံဘေးတွင် ရှိသည်။ ကျွန်ုပ်၏ စစ်ဆေးခြင်းအတွင်း၊ ကိုယ်တော်၏ နှလုံးသားက ကျွန်ုပ်အတွက် ဆို့နင့်သည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် ချို့တဲ့သည့်အရာကို ထောက်ပံ့ပေ။ ကျွန်ုပ် ဝမ်းနည်းသည့်အခါ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှစ်သိမ့်ပေ။
ကျွန်ုပ် အလွန်ညစ်ညူးကာ ဖောက်ပြန်ပျက်စီးပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်ုပ် မသင့်တော်သည်ကို နက်နက်ရှိုင်းရှိုင်း ကျွန်ုပ် သတိမူမိပေ။
အလွန် မနာခံကာ ပုန်ကန်လျက်ဖြင့်၊ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ပေးခြင်းတို့ကို ကျွန်ုပ် သာ၍ပင် လက်ခံသင့်ပေ။
၃
အို ဘုရားရှင်။ ကိုယ်တော်၏ လူ့ဇာတိခံခြင်းက ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပေ။
လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဧရာမ အရှက်ရခြင်းကို ကိုယ်တော် သည်းခံပေ။
လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်း နာကျင်မှုကို ကိုယ်တော် ခံစားရသော်လည်း လောက၏ ပျက်စီးယိုယွင်းမှုအကြောင်း ကိုယ်တော် ဘယ်သောအခါမျှ မညည်းညူပေ။
ကိုယ်တော်၏ ဦးခေါင်း ချစရာနေရာမရှိဘဲ နှိပ်စက်ညှင်းပန်းမှု မျိုးစုံကို သည်းခံရင်း ကိုယ်တော် စကားပြောကာ အမှုပြုခဲ့ပေ။
မိသားစု ပျော်ရွှင်မှုကို ကိုယ်တော် ဘယ်သောအခါမျှ နှစ်သက်မခံစားခဲ့ရ။ ကိုယ်တော့်ကို မည်သူမျှ နွေးထွေးမှု အနည်းငယ် မပေး။
နှိမ့်ချကာ ကွယ်ဝှက်လျက်၊ လူတို့ကို သန့်စင်ကာ ရယူဖို့ သမ္မာတရားကို ကိုယ်တော် ဖော်ပြပေ။
၄
အို ဘုရားရှင်။ လူ၏ နောင်တကို ကိုယ်တော် စိတ်ရှည်စွာ စောင့်ဆိုင်းပေ - ကျွန်ုပ် အဘယ်သို့ နောက်ထပ် နှောင့်နှေးနိုင်မည်နည်း။
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ယခု ကျွန်ုပ် ခံစားရပြီး ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် အရေးထားသင့်ပေ။
စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို သည်းခံဖို့နှင့် ကိုယ်တော်ကို စိတ်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် ကျွန်ုပ် လိုလားပေ။
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ် စိတ်နှလုံးကို အရည်ပျော်စေပြီ၊ ကိုယ်တော်ကို ကျွန်ုပ် အမှန်တကယ် ချစ်ကာ ကိုယ်တော်အတွက် ကျွန်ုပ် အသက်ရှင်မည်။
သမ္မာတရားကို လိုက်စားဖို့နှင့် ကိုယ်တော့် နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ဖို့ ကျွန်ုပ် စိတ်ဆုံးဖြတ်ပြီ။
ကိုယ်တော်ကို ကျွန်ုပ် ချစ်ကာ၊ ကိုယ်တော့်အတွက် ထာဝရ သက်သေခံမည်။