၂၄၇ အို ဘုရားရှင်၊ ကျွန်ုပ်၏ နှလုံးသား ကိုယ်တော်ပိုင်ဆိုင်ပြီးဖြစ်ပေ

၁ အို ဘုရားရှင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပေ။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများက ကျွန်ုပ်ကိုယ်ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်စေသည်။ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ဖော်ပြဖူးကာ၊ ကိုယ်တော့်အတွက် ဆက်ကပ်ပြီး ကိုယ်တော့်အတွက် အမှုအရာများကို စွန့်လွှတ်ဖူးသော်လည်း၊ ယင်းမှာ ကောင်းကြီးမင်္ဂလာနှင့် သရဖူကို ရဖို့သာ ဖြစ်ပေ။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကျွန်ုပ် အလွန်နောင်တရမိပြီး ကိုယ်တော်နှင့် အပေးအယူလုပ်ဖို့မှာ အမှန်တကယ် စက်ဆုပ်ဖွယ် ဖြစ်ပေ။ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်ကို သန့်စင်ကာ ကျွန်ုပ်၏ ယုံကြည်ခြင်းမှ မစင်ကြယ်မှုများကို ဖယ်ရှားသန့်စင်ပြီးဖြစ်ပေ။ အို ဘုရားသခင်။ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော် ပိုင်ဆိုင်နှင့်ပြီးဖြစ်ပေ။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ယခု ကျွန်ုပ် သိသည်။ ကိုယ်တော်၏ ကြင်နာသော နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားတွင် ထွင်းထုထားပေ။ ကိုယ်တော့်ကို ထာဝရကာလတိုင် ကျွန်ုပ် ချစ်ချင်ပေ။

၂ အို ဘုရားသခင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပေ။ ကိုယ်တော့်နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ်ကို သန့်စင်ပြီး ကယ်တင်သည့်သူမှာ ကိုယ်တော်ဖြစ်ပေ။ ကျွန်ုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း များစွာ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း များစွာကို ကြုံတွေ့ရပေ၊ အားလုံးမှာ ကျွန်ုပ် အလွန်ခေါင်းမာပြီး ပုန်ကန်လိုသောကြောင့် ဖြစ်ပေ။ ကျွန်ုပ်၏စိတ်နှလုံးသည် အလွန်နာကျင်နေသော်လည်း၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ မည်မျှ စစ်မှန်သည်ကို ကျွန်ုပ် တွေ့ကြုံလာရပေ။ တရားစီရင်ခံရခြင်းမှတစ်ဆင့် ကျွန်ုပ် နာခံတတ်လာပြီး ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းလိုသည်။ အို ဘုရားသခင်။ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော် ပိုင်ဆိုင်နှင့်ပြီးဖြစ်ပေ။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းက အမှန်တကယ် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်ပေ။ ကိုယ်တော်၏ ကြင်နာသော နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားတွင် ထွင်းထုထားပေ။ ကိုယ်တော့်ကို ထာဝရကာလတိုင် ကျွန်ုပ် ချစ်ချင်ပေ။

၃ အို ဘုရားသခင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရား ဖြစ်ပေ။ ကိုယ်တော့်နှုတ်ကပတ်တော်တို့သည် ကျွန်ုပ် အသက်တာ၏ အခြေပြုချက် ဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုမှတစ်ဆင့်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့်အတူ အမြဲရှိ။ ဆင်းရဲဒုက္ခနှင့် နာကျင်မှု နှစ်ကာလများကို ကျွန်ုပ် ကြည်နူးစွာ အမှတ်ရမိ။ ကိုယ်တော်၏ချစ်ဖွယ်ကောင်းမှုက ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အစဉ် ဆက်လက်တည်ရှိပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ယုံကြည်ခြင်းကို စုံလင်စေပြီ။ ကျွန်ုပ် ဘယ်သောအခါမျှ တစ်ဖန် စိတ်ပျက်အားလျော့ကာ အားငယ်မည်မဟုတ်ပေ။ အို ဘုရားသခင်။ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော် ပိုင်ဆိုင်နှင့်ပြီးဖြစ်ပေ။ ကိုယ်တော်သာ အကောင်းမြတ်ဆုံး၊ အလှပဆုံးဖြစ်ပေ။ ကိုယ်တော်၏ ကြင်နာသော နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားတွင် ထွင်းထုထားပေ။ ကိုယ်တော့်ကို ထာဝရကာလတိုင် ကျွန်ုပ် ချစ်ချင်ပေ။

အရှေ့သို့- ၂၄၆ သမ္မာတရားကို လိုက်စားခြင်းကသာ အသက်ကို ဆောင်ကြဉ်းနိုင်

နောက်တစ်ခုသို့- ၂၄၈ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။