ဘုရား၏လုပ်ဆောင်ချက်အတွက် သဘောတရားများသည် မပြောင်းလဲပေကျူး
ဘုရားသခင်သည် သူဖန်ဆင်းသည့်အရာ အားလုံးအကြား အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ရာတွင်နှင့် အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိ၏။ ထို့အပြင် သူသည် ၎င်းအရာ၌ မည်သည့်အခါကမျှ ပေါ့လျော့ခဲ့ခြင်း မရှိပေ။
၁ ကောင်းသောသူများအပေါ် သူသည် သနားခြင်းကရုဏာတော်ရှိ၍ ကြင်နာ၏။ ဆိုးယုတ်သောသူများအပေါ် သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေ၏။ ထို့အပြင် သက်ရှိသတ္တဝါအမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူသားမျိုးနွယ်၏လောက၏ ကွဲပြားသောသတ်မှတ်ချက်များနှင့်အညီ အချိန်မီ၊ ပုံမှန်နည်းဖြင့် သင့်တော်သော စီမံမှုများကိုပြုလုပ်ရာ ဤသက်ရှိသတ္တဝါအမျိုးမျိုးသည် စနစ်ကျသောနည်းဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများနှင့်အညီ ပြန်ဝင်စားကြကာ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉ်လောကအကြား စနစ်ကျသောနည်းဖြင့် ရွေ့လျားသွားလာကြ၏။ထို့ကြောင့် ဝိညာဉ်လောကတွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ၊ ဘုရားသခင်ပြုမူဆောင်ရွက်သည့် အခြေခံသဘောတရားများသည် မပြောင်းလဲပေ။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို မြင်နိုင်သည်ဖြစ်စေ၊ မြင်နိုင်ခြင်း မရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏အခြေခံသဘောတရားများမှာ ပြောင်းလဲခြင်းမရှိပေ။ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် သူ၏ချဉ်းကပ်မှုနှင့် အရာခပ်သိမ်းကို သူ၏ကိုင်တွယ်မှုတွင် တူညီသော အခြေခံသဘောတရားများ ရှိသည်။ ဤသည်မှာ ပြောင်းလဲ၍မရပေ။
၂ ဘုရားသခင်သည် မယုံကြည်သူများအကြား၌ သင့်တော်စွာနေသောသူများအပေါ် ကြင်နာ၍ ဘာသာတစ်ရပ်စီတိုင်းရှိ လိမ္မာ၍ မကောင်းမှုမပြုသူများအတွက် အခွင့်အရေးများ ချန်ထားပေးကာ ဘုရားသခင်မှ စီမံခန့်ခွဲသည့် အရာခပ်သိမ်းရှိ ၎င်းတို့၏အခန်းကဏ္ဍတွင် ပါဝင်ခွင့်ပေး၍ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ခွင့်ပြုသည်။ အလားတူစွာပင် ဘုရားသခင်နောက်လိုက်သူများအကြား၊ သူရွေးချယ်ထားသောလူတို့အကြား၊ ဘုရားသခင်သည် သူ၏အခြေခံသဘောတရားများနှင့်အညီ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူသည် စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းအပေါ် ကြင်နာ၍ စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းကို ချစ်၏။ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူများစသည်ဖြင့် ထိုသူအမျိုးမျိုးတို့အတွက်သာ ဘုရားသခင်ချပေးသည့်အရာ ကွဲပြား၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။