ဘုရား၏စိတ်သဘောထားကို နှောင့်ယှက်ခြင်း၏ အကျိုးဆက်များကျူး
၁ သူ့ကို ထိပါးစော်ကားသောသူ သို့မဟုတ် ဆန့်ကျင်သောသူ၊ သို့မဟုတ် သူ့ကိုမကောင်းပြောသောသူ၊ သူ့ကို တမင်သက်သက် တိုက်ခိုက်၊ မကောင်းပြော၊ ကျိန်ဆဲသောသူအပေါ် ဘုရားသခင်၏ ဆက်ဆံပုံက၊ သူသည် မမြင်ချင်ယောင်၊ မသိချင်ယောင်မဆောင်ပေ။ သူတို့အပေါ်မှာ ရှင်းလင်းသောသဘောထားတစ်ခု သူ့မှာရှိသည်။ ဤလူတို့ကို သူ စက်ဆုပ်ရွံရှာသည်။ သူ့နှလုံးသားမှာ သူတို့ကို ရှုတ်ချသည်။ သူ့ကို ထိခိုက်စော်ကားသောသူတို့အပေါ်မှာ ရှင်းလင်းပြတ်သားသော သဘောထားရှိသည်ဆိုသည်ကို လူတို့သိရန်၊ သူတို့၏ရလဒ်တို့ကို သူမည်ကဲ့သို့သတ်မှတ်မည်ဆိုသည်ကို သူတို့သိရန်အတွက် သူတို့အတွက် ရလဒ်ကိုပင်လျှင် ပွင့်ပွင့်လင်းလင်းကြေညာသည်။
၂ တစ်ချို့လူတို့၏ ဆိုးယုတ်သော အပြုအမူကို ကိုင်တွယ်ရန် အမှန်တရား၏ ထွန်းကားလာမှုကို ဘုရားသခင် အသုံးပြုပါသည်။ ဤအမှန်တရားတို့ ဖြစ်ပျက်သောအခါမှာ အပြစ်ဒဏ်ကို ခံစားရခြင်းက လူတို့၏ ဇာတိဖြစ်သည်။ လူ့မျက်စိနှင့် မြင်နိုင်သော အရာတို့ပင်ဖြစ်ပါသည်။ တစ်ချို့လူတို့၏ ဆိုးယုတ်သော အပြုအမူတို့ကို ကိုင်တွယ်သောအခါမှာ ဘုရားသခင်က သူတို့ကို စကားလုံးတို့နှင့် ကျိန်ဆဲပါသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အမျက်ဒေါသက သူတို့အပေါ်ကို ကျရောက်လာပြီး သူတို့ရရှိသောအပြစ်ဒဏ်က လူတို့မမြင်နိုင်သော အရာဖြစ်နိုင်သည်။ သို့သော်လည်း ဤကဲ့သို့ရလဒ်မျိုးက လူတို့မြင်နိုင်သော အပြစ်ဒဏ်ခတ်ခြင်း သို့မဟုတ် အဆုံးစီရင်ခံရခြင်း ရလဒ်ထက် ပို၍ပင် ပြင်းထန်နိုင်ပါသည်။
၃ ထို့ကြောင့် လူတို့က ဘုရားသခင်ကို ဆန့်ကျင်သောအခါ၊ မကောင်းပြောသောအခါ၊ သူ့ကို ထိပါးစော်ကားသောအခါမှာ၊ သူ၏ စိတ်သဘောထားကို နှောင့်ယှက်လျှင် သို့မဟုတ် ဘုရားသခင်၏ နောက်ဆုံးသည်းခံနိုင်စွမ်းအထိရောက်သွားလျှင်၊ အကျိုးဆက်က မတွေးဝံ့စရာဖြစ်သည်။ အပြင်းထန်ဆုံး အကျိုးဆက်က ဘုရားသခင်သည် သူတို့၏ဘဝနှင့် သူတို့၏ အရာရာတိုင်းကို စာတန်ဆီသို့ ထာဝရ လွှဲပြောင်းပေးလိုက်ခြင်းပင်ဖြစ်သည်။ သူတို့ကို ထာဝရ ခွင့်လွှတ်တော့မှာ မဟုတ်တော့ပေ။ ၎င်းက ဤလူသည် စာတန်၏ ပါးစပ်က အစာ၊ သူ့လက်ထဲမှာ ရှိသော ကစားစရာအရုပ် ဖြစ်သွားသည်ဟု ဆိုလိုပြီး ထိုအချိန်မှစပြီး ဘုရားသခင်က သူတို့နှင့် ဘာမျှ မသက်ဆိုင်တော့ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။