အရာအားလုံးအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့် ဘုရားကို သိကျွမ်းလော့ကျူး
၁ လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။ သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို သိခြင်းအဆင့်က မည်မျှကြီးသည်ဆိုခြင်းက သူတို့နှလုံးသားထဲတွင် ဘုရားသခင်က မည်မျှကြီးမြတ်သည် ဆိုခြင်းပင်ဖြစ်သည်။ သင်သိသည့် ဘုရားက အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေလျှင် သင်ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေမည်ဖြစ်သည်။ သင်သိသည့် ဘုရားသည် သင်၏ ကိုယ်ပိုင်နယ်ပယ်မှာသာ ကန့်သတ်ခြင်းခံထားရသည်ဆိုလျှင် သူက အလွန်သေးငယ်သည့် ဘုရားဖြစ်ပြီး စစ်မှန်သည့် ဘုရားသခင်နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အတိုင်းအဆမဲ့တန်ခိုးကြီးမားမှုကို သိခြင်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာအမှန်ကို သိခြင်း၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ အရာအားလုံးကြားတွင် သူထုတ်ဖော်ပြသခဲ့သည့်အရာကို သိခြင်း၊ ဤအရာများသည် ဘုရားသခင်သည် သိမြင်ရန် ကြိုးစားသည့်သူ တစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။ ဤအရာများသည် လူများ သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မှု ရှိမရှိအပေါ်တွင် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည်။
၂ သင်က ဘုရားသခင်အပေါ် သင်၏နားလည်မှုကို စကားလုံးများသက်သက်အဖြစ်သာ ကန့်သတ်ထားလျှင်၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအပေါ်တွင်၊ သင်ရေတွက်သည့် ဘုရားသခင်၏ကျေးဇူးတော် သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ နည်းပါးသော သက်သေခံခြင်းအပေါ်တွင်သာ ကန့်သတ်ထားလျှင် သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင် လုံးဝမဟုတ်ဟု ငါပြောမည်။ သူကိုယ်တော်တိုင်နှင့် သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုလျှင် စစ်မှန်သည့်ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသည့်၊ အရာအားလုံးကြားတွင် လျှောက်သွားသည့်၊ အရာအားလုံးကို စီမံသည့်သူဖြစ်သည်။ သူသည် လူသားအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ အရာအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူများ၏ သေးငယ်သည့်အပိုင်းမှာသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ လက်ရှိအချိန်၌ သူ့နောက်ကိုလိုက်နေသည့်လူများထံ၌သာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာအားလုံးအထဲတွင်၊ အရာအားလုံး၏ ရှင်သန်ရပ်တည်မှုတွင်၊ အရာအားလုံး၏ ပြောင်းလဲခြင်းနိယာမများထဲတွင် ထုတ်ဖော်ပြသခြင်းခံရသည်။ သင်သည် အရာအားလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်မှန်သမျှကို မမြင်နိုင်လျှင် သို့မဟုတ် မသိမြင်နိုင်လျှင် သူ၏ မည်သည့်လုပ်ဆောင်ချက်ကိုမျှ သင်သက်သေခံနိုင်မည်မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။