ဘုရားသခင်၏အလိုတော်ကို လူတိုင်းအတွက် ဖွင့်ဟထားကျူး
လူသားကို ဖန်ဆင်းသည့်အချိန်မှစ၍ယနေ့ထိ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် အရာအားလုံး၊ သူ၏အလိုတော်တို့ကို လူအယောက်တိုင်းထံ အစဉ်ဖွင့်ပြထား၏။ ဘုရားသခင်သည် သူ၏ အနှစ်သာရ၊ သူ၏စိတ်သဘောထားနှင့် သူ၏အလိုတော်တို့ကို မည်သည့်အခါမျှ တမင်တကာ ဖုံးကွယ်မထားဖူးပေ။ လူသားများကသာ ဘုရားသခင်လုပ်ဆောင်နေသည့်အရာနှင့် ဘုရားသခင်၏အလိုတော်ကို အလေးမထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ လူသား၏နားလည်ခြင်းသည် အလွန်သိမ်ဖျင်းလှခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားစဉ် သူ၏အလိုတော်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများကို ထင်ရှားစွာဖော်ပြလျက် သူသည် အချိန်တိုင်း၌ လူသားတို့၏ အနားမှာ ရပ်လျက်နေတော်မူ၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဇာတိအဖြစ်တော်ကို လူတို့ထံဖွင့်ပြသော်လည်း လူသားတို့၏မျက်ကန်းမှုနှင့် မနာခံမှုတို့ကြောင့် သူတို့သည် ဘုရားသခင်၏ပုံပန်းသဏ္ဌာန်ကို အစဉ်အမြဲ မမြင်တွေ့နိုင်ကြပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။