ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလင်းဖြစ်ပေ
၁
အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ကျွန်ုပ်ကို အိပ်စက်ရာမှ နိုးစေခဲ့ပြီး
ကျွန်ုပ် ဇဝေဇဝါဖြစ်ခြင်းကြားမှ လူဇာတိ၌ ဘုရားနှုတ်ကပတ်တော် ပေါ်ထွန်းသည်ကို မြင်ခဲ့ရ။
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များက ကျွန်ုပ်ကို သိမ်းပိုက်ကာ ကယ်တင်ခဲ့။
အတားအဆီးများ၊ ကျရှုံးမှုများ၊ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများက ကျွန်ုပ်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့။
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခံရပြီး မာနထောင်လွှားသော ကျွန်ုပ်၏ဦးခေါင်းကို အောက်စိုက်ခဲ့ရ။
ကျွန်ုပ်၏ အလွန်အမင်းညစ်ညူးမှုကို မြင်ခြင်းအားဖြင့် ကျွန်ုပ်၏ မထိုက်တန်ခြင်းကိုသာ ကျွန်ုပ်သိခဲ့။
ကျွန်ုပ်၏ အဆင့်အတန်းနှင့် အတိတ်အကြွေးများကို တွေးတောရင်း၊
ခက်ထန်၊ ယုတ်ညံ့ပြီး ဖောက်ပြန်ပျက်စီးသော လူတစ်ဦးဖြစ်သူ ကျွန်ုပ် ဘုရားသခင်ကို အစေခံခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်နည်း။
အတားအဆီးများစွာနှင့် ကျရှုံးခြင်းများစွာက ဘုရားသခင်ကို မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းပေါ် ကျွန်ုပ်ကို တည်ပေးသည်။
ရိုက်နှက်ချက်များ၊ စစ်ဆေးမှုနှင့် ဒုက္ခပြဿနာများ၏ ကွင်းဆက်များက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်
ကျွန်ုပ်၏တစ်ခုလုံးကို နီးကပ်စွာ ချည်နှောင်ကာ ရွေးနုတ်ခြင်း အနှောင်အဖွဲ့ ဖြစ်လာပေ။
ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရှိခြင်းက ကြီးမြတ်လှသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ။
၂
လူ့ဇာတိထဲရှိ ဘုရားသခင်သည် ပြန်ကြွလာသည့် ကယ်တင်ရှင်ဖြစ်သည်။
တရားစီရင်ခြင်း၊ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများအားဖြင့် ကျွန်ုပ် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်လာရပြီ။
ကယ်တင်ခြင်းကို ကျွန်ုပ်မြည်းစမ်းပြီး လက်တွေ့ကျသော ဘုရားသခင်ကို ကျွန်ုပ်သိရပြီ။
တည်ရှိနေသော အမှောင်ငရဲက မုန်းရမည်အရာနှင့် ချစ်ရမည့်အရာကို ကျွန်ုပ်အား သာ၍ပင် နားလည်ခွင့်ပေးပြီ။
ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခံခြင်းကို ခံရကာ ဘဝ၏ နက်နဲရာများကို ကျွန်ုပ်နားလည်။
လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော ဇာတိခန္ဓာမှာ လူဇာတိခံ စာတန်ပင်။
ဘုရားသခင်ကို ကျွန်ုပ်ချစ်ကာ သက်သေခံနိုင်သည်မှာ ကိုယ်တော်၏ ထူးခြားသော ချီးမြှောက်ခြင်းပင်။
ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းက ကျွန်ုပ်စိတ်နှလုံး၏ တစ်ခုတည်းသော ဆန္ဒပင်။
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှာ အလွန်အဓိပ္ပါယ်ရှိကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ၎င်းတို့ ထုတ်ဖော်သည်။
ကြည်ညိုသော စိတ်နှလုံးဖြင့် ဘုရားသခင်ကို နာခံကာ ချစ်ဖို့မှာ ကျွန်ုပ်၏ တာဝန်ပေ။
ကျွန်ုပ် အလေးအနက်ထားအပ်သော တာဝန်မှာ ဘုရားသခင်ကို သက်သေခံကာ သစ္စာရှိရန်ပေ။
ကိုယ်တော်၏ ဘုန်းတော်အတွက် ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ဖို့ ကျွန်ုပ် မိမိ၏အလုံးစုံကို ဆက်ကပ်မည်။
သံပြိုင်အပိုဒ်
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်အား စစ်မှန်သော အသက်တာကို အသက်ရှင်ခွင့်ပေးလျက် ကျွန်ုပ်ကို သန့်စင်ကာ ကယ်တင်ပေသည်။
ကိုယ်တော်၏ သက်သေခံဖြစ်လာကာ ဘုရားသခင်ကို ကျွန်ုပ် သိရှိပြီ။ ဘုရားသခင်ကို ကျွန်ုပ် ထာဝရချစ်ကာ အစေခံပါမည်။