လှိုက်လှဲသောနောင်တတစ်ခု
၁
အိပ်မရသော ညတစ်ညတွင် အမှတ်တရများစွာ စိတ်ထဲရောက်လာသည်။
သခင့်ကို ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတွင် လောကရေစီးကြောင်းနောက် ကျွန်ုပ် လိုက်လျှောက်နေခဲ့ဆဲပင်။
ကျွန်ုပ်၏အပြစ်များ ခွင့်လွှတ်ခံရသော်လည်း ဇာတိပကတိ၏ အလိုဆန္ဒများကို ကျွန်ုပ် ဇက်ပုံပေးနေခဲ့ဆဲပင်။
အလုပ်ကြိုးစားလုပ်လျှင် သခင်၏ ငြင်းပယ်ခြင်း ခံရမည်မဟုတ်ဟု ကျွန်ုပ်ထင်ခဲ့သည်။
ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားကာ သခင် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်ကို သတိပြုမိခဲ့သည်။
ထို့ကြောင့် ဘုရားသခင်၏ရှေ့မှောက် ကျွန်ုပ်ချီပင့်ခံရကာ ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်၏နေရာ ရှိမည်ဟု ထင်ခဲ့သည်။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဗျာဒိတ်တော်ကို ကျွန်ုပ် ဘယ်သောအခါမျှ လက်မခံခဲ့သလို မိမိကိုယ်ကို မသုံးသပ်မဆင်ခြင်ခဲ့။
ကျွန်ုပ်၏ စိတ်ဆန္ဒများနောက်လိုက်ကာ စိတ်လိုလက်ရပြုမူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပမာမထားခြင်းနှင့် ဆက်ဆံခဲ့သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုရင်း အယူဝါဒကိုသာ ကျွန်ုပ်ပြောဆိုခဲ့ကာ ကျွန်ုပ် ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟု တွေးထင်မိခဲ့သည်။
ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရချိန် ကျွန်ုပ် အာခံကာ ဆင်ခြေများ ပေးခဲ့သည်။
စမ်းသပ်မှုများ ပတ်လည်ဝိုင်းချိန် ကျွန်ုပ် အမြဲထွက်ပြေးချင်ခဲ့။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်မသိခဲ့။
သမ္မာတရားကို ကျွန်ုပ် လုံးဝမလိုက်စားခဲ့ကြောင်း ယခု ကျွန်ုပ် တွေ့ရပေ။
ဘုရားနှုတ်ကပတ်တော်များမှ ကျွန်ုပ်သွေဖည်လေပြီ၊ အကန့်အသတ်မဲ့ အမှောင်ထဲသို့ ကျွန်ုပ်ကျရောက်လေပြီ။
ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားနိုင်၊ ကျွန်ုပ်စိတ်နှလုံးတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရှိပေ။
ကြောက်ရွံ့တုန်လှုပ်လျက် ဘုရားသခင်ရှေ့ ကျွန်ုပ်ပျပ်ဝပ်ကာ ကိုယ်တော်အား ဆုံးရှုံးရမည်ကို စိုးရွံ့မိ။
ကိုယ့်တော့်စိတ်နှလုံး အပြောင်းအလဲကို မျှော်လင့်ရင်း ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုကာ ဘုရားသခင်ထံ ဆုတောင်းမိ။
၂
အို ဘုရားသခင်။ ကျွန်ုပ်၏စိတ်နှလုံး နောင်တဖြင့် အော်ဟစ်သည်ကို ကိုယ်တော်ကြားနိုင်ပါသလား။
ကိုယ်တော်၏ မျက်မှောက်တော်ကို ဆုံးရှုံးရခြင်းက အဘယ်မျှ မှောင်မိုက်ကာ နာကျင်စရာ ဖြစ်လိုက်ပါဘိ။
ကျွန်ုပ်စိတ်နှလုံးတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များ မရှိဘဲ အလင်းမရှိပေ။
ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း ကျွန်ုပ် နေထိုင်ကာ စာတန် ကျွန်ုပ်ကို ကစားသည်။
အို ဘုရားသခင်။ ကျွန်ုပ် နောင်တရဖို့၊ အသစ်စတင်ဖို့ ဆန္ဒရှိပါသည်။
ကိုယ်တော် ကျွန်ုပ်ကို ပိုမို၍ တရားစီရင်ကာ ပြစ်တင်ဆုံးမစေချင်မိ။
ပိုမိုကြမ်းတမ်းသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ လာလျှင်ပင်၊
ကိုယ်တော့်ရှေ့မှောက်တွင် ကျွန်ုပ် အသက်ရှင်နိုင်သရွေ့ မည်သည့်အရာကိုမဆို ကျွန်ုပ် ခံစားနိုင်သည်။
ကျွန်ုပ် အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်၊ ကိုယ်တော်၏ တရားစီရင်ခြင်းမရှိဘဲ ကျွန်ုပ် မသန့်စင်နိုင်ပါပေ။
တရားစီရင်ခြင်းကသာ ကျွန်ုပ်ကို စာတန်မှ ကယ်တင်နိုင်သည်။
အို ဘုရားသခင်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကျွန်ုပ်မြည်းစမ်းရပြီ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ပင်ဖြစ်သည်။
ကိုယ်တော်၏ ခြေလှမ်းများနောက် အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပါမည်။
ရှေ့ကလမ်းမ မည်မျှ ကြမ်းတမ်းပါစေ၊
ကျွန်ုပ်တစ်သက်တာလုံး ကိုယ်တော့်နောက် မသွေဖယ်တမ်းလိုက်ကာ အစေခံဖို့ ကျွန်ုပ်ဆုံးဖြတ်ပေ။