၇၉၇ ဘုရား၏အမှုသည် နားလည်ရန် ခက်ခဲလှ၏ကျူး

၁ ဘုရားသခင်၏အမှုကို လူတို့ကြုံတွေ့ ရချိန်တွင်၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ပထမဦးဆုံးသော အသိမှာ ဘုရားသခင်သည် နားလည်သဘောပေါက်၍မရနိုင်သောသူ၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ကောင်းသူဟူ၍ ဖြစ်ပြီး၊ ၎င်းတို့သည် မသိလိုက်ဘဲ သူ့ကို ကြည်ညိုကာ လူသားတို့စိတ်က ဉာဏ်မမီနိုင်သည့်အရာ ဖြစ်သည့် သူပြုသောအမှု၏ နက်နဲမှုကို ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ သူ၏ စိတ်ဆန္ဒများကို ကျေနပ်စေရန်သာ အလိုရှိကြသည်။ ဘုရားသခင် ပြုသည့် အမှုသည် လူ၏ အတွေးနှင့် စိတ်ကူးများကို ကျော်လွန်ပြီး သူ့ကိုယ်စား လူက မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်လိုသော ဆန္ဒမရှိပေ။ လူကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ၊ သို့ရာတွင် ဘုရားသခင်သည် လမ်းကြောင်းသစ်တစ်ခုကို ရှေ့ဆက်ပြီး လူကို သာ၍သစ်လွင်ကာ သာ၍လှပသော ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ထိုသို့လျှင် လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုပြီးဖြစ်ကာ အသစ်သော စတင်မှု ရှိခဲ့ကြပြီးဖြစ်သည်။

၂ ဘုရားသခင်အတွက် လူတို့ ခံစားရသည့်အရာမှာ လေးစားမှုမဟုတ်ပေ၊ သို့မဟုတ် ယင်းထက် လေးစားမှုတစ်ခုတည်း မဟုတ်ပေ။ ၎င်းတို့၏အနက်ရှိုင်းဆုံး အတွေ့အကြုံသည် ရိုသေခန့်ညားခြင်းနှင့် ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဟူ၏။ သူသည် လူ မလုပ်ဆောင်နိုင်သောအမှုကို လုပ်ဆောင်ပြီး၊ လူ မပြောနိုင်သောအရာကို ပြောလေသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးသောလူတို့သည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိကြသည်။ အတော်နက်ရှိုင်းသော အတွေ့အကြုံရှိသည့် လူတို့သည် ဘုရားသခင်ကို ချစ်ခြင်းအား နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ခံစားနိုင်ကြသည်၊ ဘုရားသခင်၏ အမှုသည် အလွန် အမြော်အမြင်ရှိသည်၊ အလွန် အံ့ဖွယ်ဖြစ်သည်ဟု ခံစားရပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကြားတွင် အဆုံးမရှိသော တန်ခိုး ဖြစ်ပေါ်စေလေသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းနှင့် လေးစားမှု မဟုတ်ဘဲ လူ့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကို သည်းခံခြင်းနှင့်သက်ဆိုင်သည့် နက်ရှိုင်းသော အသိစိတ်တစ်ခု ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသောသူများသည် သူ၏ ဘုန်းအာနုဘော်နှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သူ သည်းမခံသည်ကို အာရုံခံစားရကြသည်။ ဘုရားသခင်၏အမှုများစွာကို ကြုံတွေ့ပြီးသော လူများပင်လျှင် သူ့ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ သူ့ကို အမှန်တကယ် ကြည်ညိုသောသူ အားလုံးက ဘုရားသခင်၏အလုပ်သည် လူတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ၊ ၎င်းတို့၏အယူအဆများနှင့် အမြဲဆန့်ကျင်သည်ကို သိကြသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၉၆ ဘုရား၏စိတ်သဘောထားကို နားလည်ခြင်း၏အကျိုးရလဒ်ကျူး

နောက်တစ်ခုသို့- ၇၉၈ စစ်မှန်သော ယုံကြည်ခြင်း ဘုရားကို သိကျွမ်းခြင်းမှသာ လာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။