၇၉၆ ဘုရား၏စိတ်သဘောထားကို နားလည်ခြင်း၏အကျိုးရလဒ်ကျူး

၁ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာခြင်းအရာသည် မပြောပလောက်သော ကိစ္စရပ် မဟုတ်ပေ။ သင့်အနေဖြင့် သူ၏စိတ်နေသဘောထားကို နားလည်ရပေမည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်း အမှုမဲ့အမှတ်မဲ့နှင့် ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာလိမ့်မည်။ ဤအသိတရားကို သင်ရရှိပြီးသည့်အခါ ပို၍ မြင့်မားပြီး ပို၍လှပသော အခြေအနေထဲသို့ သင်ဝင်ရောက်နေသည်ကို တွေ့ရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏အကျည်းတန်သော စိတ်ကို ရှက်လာမည်ဖြစ်သည့်အပြင် သင်၏အရှက်ရခြင်းမှ ပုန်းကွယ်ရန်နေရာ မရှိဟု ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏အပြုအမူ၌ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသောအရာ ပို၍ပို၍ နည်းလာမည်ဖြစ်ပြီး သင်၏နှလုံးသားသည် ဘုရားသခင်၏ နှလုံးသားနှင့် တိုး၍တိုး၍ နီးကပ်လာမည်ဖြစ်ကာ သူ့ကိုချစ်ခြင်းသည် သင်၏နှလုံးသား ထဲတွင် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လှပသော အခြေအနေထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း၏ သင်္ကေတဖြစ်သည်။

၂ သို့သော်လည်း ယခုတိုင် သင်တို့သည် ဤအရာကို မရရှိကြသေးပေ။ သင်တို့အားလုံးသည် သင်တို့၏ကံကြမ္မာအတွက် ပြေးလွှားလုပ်ကိုင် ကြသည့်အားလျော်စွာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းရန်အတွက် ကြိုးစားခြင်းအရာ၌ စိတ်ဝင်စားသောသူ မည်သူရှိသနည်း။ ဤသို့ဆက်ဖြစ် နေပါလျှင် သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှုမဲ့အမှတ်မဲ့ ချိုးဖောက်မိကြလိမ့်မည်၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မဖြစ်စလောက်မျှသာ နားလည်ကြ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခုပြုကြသည့်အရာမှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းများ၏ အခြေခံအုတ်မြစ်ကို ချနေကြခြင်းပင် မဟုတ်လော။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် သင်တို့ကို ငါတောင်းဆိုခြင်းသည် ငါ၏အမှုနှင့် ဆန့်ကျင်ကွဲလွဲခြင်း မရှိပေ။ အကြောင်းမှာ သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မကြာမကြာ ချိုးဖောက်နေပါက သင်တို့အထဲမှ မည်သူက အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်လိမ့်မည်နည်း။ ထိုသို့ဆိုပါက ငါ၏အမှုသည် အချည်းနှီးသက်သက် ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။

၃ ထို့ကြောင့် သင်တို့၏ ကိုယ်ပိုင်အပြုအမူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြရန်အပြင် သင်တို့လှမ်းသော ခြေလှမ်းများကိုပါ သတိထားကြရန် ယခုတိုင် ငါတောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အပေါ် ငါပြုသည့် ပို၍မြင့်မားသော တောင်းဆိုချက်ဖြစ်ပြီး သင်တို့အားလုံးသည် ထိုအရာကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြကာ အလွန်ထက်သန်သော အလေးထားမှု ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့၏လုပ်ရပ်များသည် ငါ့ကို ရှူးရှူးရှားရှား ဒေါသဖြစ်စေသည်အထိ စိတ်လာဆွသည့်နေ့ ရောက်လာပါက အကျိုးဆက်များမှာ သင်တို့ အတွက်သာလျှင် သုံးသပ်ဆင်ခြင်စရာ ဖြစ်လိမ့်မည်၊ ထို့အပြင် သင်တို့ကိုယ်စား အပြစ်ဒဏ်ပေးခြင်းကို ခံပေးမည့် အခြားမည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၉၅ ဘုရား၏ကြီးစိုးမှုကို သိခြင်းအားဖြင့် လွတ်မြောက်ခြင်းကို ရရှိ၏ကျူး

နောက်တစ်ခုသို့- ၇၉၇ ဘုရား၏အမှုသည် နားလည်ရန် ခက်ခဲလှ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။