၆၄၃ မောဘအမျိုးအနွယ်များအပေါ် ဘုရားသခင်၏အလုပ်၏ အဓိပ္ပာယ်

၁ မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့အားလုံးသည် အစကတည်းက မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိခဲ့ကြသည့် လူများဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းအသရေကိုရရန် လိုလားလျက်ရှိသည်။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိသောသူတို့ကို သူ့အား နာခံစေပြီး ချစ်စေခြင်းသည်သာ စစ်မှန်သော သိမ်းပိုက်ခြင်း ဖြစ်ကာ၊ ထိုသို့သော အမှု၏အသီးအပွင့်သည် တန်ဖိုးအရှိဆုံးနှင့် ယုံကြည်လက်ခံနိုင်ဖွယ် အဖြစ်ဆုံး ဖြစ်သည်။ ဤအရာသည်သာ ဘုန်းအသရေ ရရှိခြင်းဖြစ်သည်- ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် ရရှိလိုသည့် ဘုန်းအသရေ ဖြစ်သည်။

၂ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း၊ ၎င်းတို့ ယခုအခါ ထိုသို့ ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်မှာ အမှန်တကယ် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအမှုသည် အလွန် အဓိပ္ပာယ်ရှိပြီး ဤလူတို့ကို သူ ရယူခြင်းမှာ တရားစီရင်ခြင်း မှတစ်ဆင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဤလူတို့ကို အပြစ်ပေးဖို့မဟုတ်ဘဲ၊ ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလ အတွင်းတွင် သူသည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါက၊ ယင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ယင်းက အကျိုးအမြတ် ဖြစ်ထွန်းခဲ့လျှင်ပင်၊ ယင်းသည် တန်ဖိုး သို့မဟုတ် ကြီးမားသော အရေးပါမှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုန်းအသရေအားလုံးကို သူရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အမှောက်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သူများ၊ နောက်ကျကျန်ရစ်ဆုံးသောသူများ ဖြစ်သည့် သင်တို့အပေါ် အမှုပြုနေသည်။

၃ ဤလူတို့သည် ဘုရားသခင်တစ်ဆူ ရှိသည်ကို အသိအမှတ်ပြုခြင်း မရှိသကဲ့သို့၊ ဘုရားသခင် တစ်ဆူရှိသည်ကို မည်သည့်အခါမျှ မသိခဲ့ကြပေ။ ဤဖန်ဆင်းခံ သတ္တဝါများသည် ဘုရားသခင်ကို မေ့လျာ့ကြပြီးဖြစ်သည်အထိ စာတန်၏အလွန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် စာတန်၏ မျက်စိကန်းစေခြင်းကို ခံရပြီးဖြစ်ကာ၊ ကောင်းကင်ဘုံ၌ ဘုရားသခင်တစ်ဆူရှိသည်ကို လုံးဝမသိကြပေ။ သင်တို့၏ စိတ်နှလုံးများထဲတွင်၊ သင်တို့အားလုံးသည် ရုပ်တုဆင်းတုများကို ကိုးကွယ်ကြပြီး၊ စာတန်ကို ကိုးကွယ်ကြသည်- သင်တို့သည် အနိမ့်ကျဆုံး၊ ခေတ်နောက်ကျ အကျန်ရစ်ဆုံးသောလူများ မဟုတ်သလော။ သင်တို့သည် မည်သည့်ကိုယ်ပိုင်လွတ်လပ်မှုမျှ မရှိဘဲ၊ ဇာတိပကတိထဲတွင် အနိမ့်ကျဆုံးဖြစ်ပြီး၊ အခက်အခဲများကိုလည်း သင်တို့ ခံစားကြရ၏။ သင်တို့သည် လွတ်လပ်စွာ ယုံကြည်ခွင့်ပင် မရှိဘဲ၊ ဤလူ့အဖွဲ့အစည်းထဲက အနိမ့်ကျဆုံးအဆင့်၌ ရှိကြသည့် လူများလည်း ဖြစ်ကြသည်။ ဤတွင် သင်တို့အပေါ် အမှုပြုခြင်း၏ ရည်ရွယ်ချက် တည်ရှိ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၄၂ မောဘအမျိုးအနွယ်များ၌ ရှိသင့်သော ဆုံးဖြတ်ချက်

နောက်တစ်ခုသို့- ၆၄၄ အဖြည့်ခံအဖြစ် အစေခံခြင်းသည် ရာသက်ပန်ကောင်းချီးတည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။