၆၄၄ အဖြည့်ခံအဖြစ် အစေခံခြင်းသည် ရာသက်ပန်ကောင်းချီးတည်းကျူး

၁ သင်တို့သည် ဘုရားသခင်ကဲ့သို့ တူညီသော လောကတစ်ခုတည်း၊ ညစ်ပတ်ပေရေသော မြေတစ်ခုတည်းတွင် အသက်ရှင်ကြ သောကြောင့်၊ သင်တို့သည် အဖြည့်ခံဖြစ်ပြီး အကြီးမားဆုံးသော ကယ်တင်ခြင်း ရရှိပေသည်။ ဘုရားသခင်သည် လူ့ဇာတိခံမလာခဲ့ပါက၊ သင်တို့အပေါ် အဘယ်သူသည် သနားကရုဏာရှိလိမ့်မည်နည်း၊ ပြီးလျှင် အဘယ်သူသည် အရေးမပါသည့် လူများဖြစ်သော သင်တို့ကို ကြည့်ရှုစောင့်ရှောက် ခဲ့လိမ့်မည်နည်း။ အဘယ်သူသည် သင်တို့ကို ဂရုစိုက် ခဲ့လိမ့်မည်နည်း။ ဘုရားသခင်သည် သင်တို့အလယ် အမှုပြုဖို့ လူ့ဇာတိမခံခဲ့ပါက၊ သင်တို့ ယခင်ကလူတို့ လုံးဝမရဖူးသည့် ဤကယ်တင်ခြင်းကို မည်သည့်အချိန်တွင် သင်တို့ ရရှိ ခဲ့လိမ့်မည်နည်း။ သင်တို့ကို ဂရုစိုက်ဖို့ရန်၊ သင်တို့၏ အပြစ်များကို တရားစီရင်ဖို့ရန်၊ ငါသည် လူ့ဇာတိမခံလာခဲ့ပါက၊ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက မရဏာနိုင်ငံထဲသို့ ကျဆင်းပြီး ဖြစ်လိမ့်မည် မဟုတ်လော။

၂ ငါသည် လူ့ဇာတိခံပြီး သင်တို့အလယ် မိမိကိုယ်ကိုယ် မနှိမ့်ချခဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအဖို့ အဖြည့်ခံဖြစ်ဖို့ရန် အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းကို သင်တို့အား ရရှိစေနိုင်ဖို့ရန် ငါသည် လူသားသဏ္ဌာန် အသွင်ဆောင်ခဲ့ပြီး သင်တို့အလယ် လာခဲ့သောကြောင့်၊ သင်တို့သည် အဖြည့်ခံ ဖြစ်ကြသည် မဟုတ်လော။ ငါသည် လူ့ဇာတိခံခဲ့သောကြောင့် ဤကယ်တင်ခြင်းကို သင်တို့ ရရှိသည် မဟုတ်လော။ ဘုရားသခင်သည် သင်တို့နှင့်အတူ အသက်ရှင်ဖို့ လူ့ဇာတိမခံခဲ့ပါက၊ ခွေးများနှင့် ဝက်များထက် ပိုမိုနိမ့်ကျသော ဘဝတစ်ခုကို လူ့ငရဲတစ်ခုတွင် သင်တို့ အသက်ရှင်နေကြသည်ကို သင်တို့ တွေ့ရှိကြလိမ့်ဦးမည်လော။ သင်တို့သည် ငါ၏ လူ့ဇာတိထဲက အမှုအဖို့ အဖြည့်ခံ ဖြစ်ကြသောကြောင့်၊ သင်တို့သည် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံခဲ့ကြရသည် မဟုတ်လော။

၃ သင်တို့အတွက် အဖြည့်ခံ၏ အလုပ်ထက် သာ၍ သင့်တော်သောအလုပ် အလုပ်မရှိ၊ အဘယ့်ကြောင့်ဆိုသော် တရားစီရင်ခြင်းအလယ်၌ သင်တို့ ကယ်တင်ခံရသည်မှာ သင်တို့သည် အဖြည်ခံများ ဖြစ်သောကြောင့် ဖြစ်ပေသည်။ အဖြည့်ခံတစ်ဦးအဖြစ် ပြုမူဖို့ရန် အရည်အချင်းပြည့်မီခြင်းသည် သင်တို့ အသက်တာ၏ အကြီးမားဆုံးသော ကောင်းချီး မင်္ဂလာဖြစ်သည်ဟု သင်တို့ ခံစားကြရသည် မဟုတ်လော။ သင်တို့သည် အဖြည်ခံ၏ အလုပ်ကို လုပ်ရုံမျှလုပ်ကြသော်လည်း သင်တို့ ယခင်က လုံးဝ မရှိခဲ့ဖူး၊ မစိတ်ကူးခဲ့ဖူးသည့် ထိုသို့သော ကယ်တင်ခြင်းကို ရရှိကြပေသည်။ ယနေ့တွင်၊ သင်တို့၏ တာဝန်သည် အဖြည့်ခံဖြစ်ဖို့ ဖြစ်ပြီး၊ သင်တို့၏ ထိုက်သင့်သော ဆုလာဘ်မှာ အနာဂတ်တွင် ထာဝရ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ဖြစ်သည်။ သင်တို့ရရှိသည့် ကယ်တင်ခြင်းသည် ပေါ်ပင် ထိုးထွင်းသိမြင်မှု သို့မဟုတ် မျက်မှောက်ခေတ်အတွက် တစ်ဒင်္ဂမျှ ဖြစ်သော အသိပညာအပိုင်းအစတစ်ခု မဟုတ်ဘဲ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု၊ အသက်၏ ထာဝရ ဆက်လက်ဖြစ်တည်ခြင်း ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၄၃ မောဘအမျိုးအနွယ်များအပေါ် ဘုရားသခင်၏အလုပ်၏ အဓိပ္ပာယ်

နောက်တစ်ခုသို့- ၆၄၅ ကျရှုံးမှုနှင့် ဆုတ်ဆိုင်းမှုကို တွေ့ကြုံခံစားရခြင်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။