၉၇ နောက်ဆုံးသောကာလတွင် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ဘုရားအသုံးပြု၏ကျူး
၁ ဘုရားသခင်သည် စကြဝဠာကို သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သူသည် ဤအရာများကို သူ၏ လူ့ဇာတိခံ ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို သိမ်းပိုက်ရန် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည်သာ နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်ခြင်း ဖြစ်သည်။ လူသားများအဖို့ ဘုရားသခင်သည် အမှုများစွာ မလုပ်ဆောင်သေးသည့်အလား ထင်ရသော်လည်း- ဘုရားသခင်၏ သူ၏နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံကြလိမ့်မည် ဖြစ်ကာ အံ့ဩကြလိမ့်မည်ဖြစ်သည်။ အမှန်တရားများ မရှိဘဲနှင့်၊ လူများသည် အော်ဟစ်ကာ ပွတ်လောရိုက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ ၎င်းတို့ ဆိတ်ငြိမ်ကျသွားကြသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်သို့ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်း အမှန်တရားကို ပြီးမြောက်စေခြင်း ဖြစ်သည့် ဘုရားသခင်၏ ကြာရှည်တည်ဆောက်ထားသည့် အစီအစဉ်ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ဤအမှန်တရားကို ဧကန်မုချ ပြီးမြောက်စေလိမ့်မည်။
၂ ကမ္ဘာမြေပေါ်သို့ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်သော ယေရုရှလင်မြို့သစ် ဆိုသည်မှာ လူသားအလယ် အသက်ရှင်ဖို့၊ လူ၏ လုပ်ရပ်တိုင်းနှင့် သူ၏ အတွင်းကျကျ အတွေးများအားလုံးကို အဖော်ပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ပြီးမြောက်စေမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အနှစ်တစ်ထောင် နိုင်ငံတော်၏အလှတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချမှတ်ထားသော အစီအစဉ် ဖြစ်သည်- သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်ကြာ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထင်ရှားစေမည်ဖြစ်ကာ သူ၏ အမှုအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်၊ ထို့နောက်တွင် လူသားမျိုးနွယ်၏ ဤအဆင့်သည် အဆုံးသတ်ဖို့ ရောက်လာလိမ့်မည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်