ဘယ်အရာမှ ဘုရားသခင်၏နှုတ်ကပတ်တော်မှ မကွဲကွာနိုင်
လူသားများကိုသိမ်းယူကာ စကြဝဠာတစ်ခုလုံးကိုအုပ်စိုးဖို့
သူ၏နည်းလမ်းဖြစ်သော နှုတ်ကပတ်တော်အားလုံးကို အသုံးပြုမည်
၁
သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ခံစားချက်ပေး၏
လူတိူ့သည် ဘုရားပေးသော နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်
သူတို့နှလုံးသားတည်ကြည်ကာ ငြိမ်သက်ခြင်း ရှိလည်း
နှုတ်ကပတ်တော် နားမလည်သူများသည် ဘဝ၌ ခြောက်သွေ့သည်။
၎င်းသည် နှုတ်ကပတ်တော်၏တန်ခိုးဖြစ်ကာ လူတို့ဖတ်ရှ ရမည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ဖတ်ရှုခြင်းသည် လူတို့ကို ခွန်အားဖြစ်စေသည်။
မဖတ်ပဲနေလျင် အားအင်လျော့သလို ဖတ်ခြင်းသည် ကျန်းမာစေသည်
ဒါဟာ ကမ္ဘာကိုအုပ်စိုးသော ဘုရားနှင့်သူ၏ နှုတ်ကပတ်တော်
ထိုကြောင့် အနာဂတ်ဦးတည်ချက်သည် ဤသို့ဖြစ်လိမ့်မည်။
နှုတ်ကပတ်တော် ရရှိသောသူတို့သည် မြေကြီးပေါ်တွင် လမ်းရှိလိမ့်မည်။
မရရှိသူများသည် ဘာအတတ်ပညာဖြင့် အလုပ်လုပ် ကြပါစေ
ရှေ့ခရီးဆက်ရန် ခက်ခဲနေပေလိမ့်မည်
စစ်မှန်သော လမ်းခရီးကို အတင်းရှာရလိမ့်မည်။
ဆိုလိုသည်မှာ ပြောခဲ့ပြီးသည့်အတိုင်း
သမ္မာတရားနှင့်ဆိုလျင် တစ်လောကလုံး တွင် သင်လျှောက်နိုင်မည်ဖြစ်ပြီး
သမ္မာတရားမပါလျင် မည်သည့်နေရာမှ သင် ရောက်မည်မဟုတ်။
၂
တချို့သည် ဘုရားအမှုတော်ကို စွန့်ပစ်လိုကြသည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည်နှုတ်ကပတ်တော်နှင့် မကင်းကွာနိုင်
သူတို့သည်အားနည်းလည်း အသက်ရှင်ဖို့ နှုတ်ကပတ်တော်ကို မှီခိုရမည်။
ပုန်ကန်လိုစိတ်ရှိလည်း နှုတ်ကပတ်တော်ကို မစွန့်ခွာရဲကြ
နှုတ်ကပတ်တော်သည် တန်ခိုးပြသောအခါ ဘုရားသည်
သူ၏တန်ခိုးစွမ်းအားကို ကိုင်ဆောင်၍ အုပ်စိုးသည်။
နှုတ်ကပတ်တော်သည် လူအပေါင်းသိစေရန် များစွာသော အိမ်များသို့ ရောက်ရှိလိမ့်မည်
သို့မှသာလျှင် ကမ္ဘာအနှံ့ ဘုရားအမှုတော်ပျံ့နှံ့မည်။
ထိုကြောင့် အနာဂတ်ဦးတည်ချက်သည် ဤသို့ဖြစ်လိမ့်မည်။
နှုတ်ကပတ်တော် ရရှိသောသူတို့သည် မြေကြီးပေါ်တွင် လမ်းရှိလိမ့်မည်။
မရရှိသူများသည် ဘာအတတ်ပညာဖြင့် အလုပ်လုပ် ကြပါစေ
ရှေ့ခရီးဆက်ရန် ခက်ခဲနေပေလိမ့်မည်
စစ်မှန်သော လမ်းခရီးကို အတင်းရှာရလိမ့်မည်။
ဆိုလိုသည်မှာ ပြောခဲ့ပြီးသည့်အတိုင်း
သမ္မာတရားနှင့်ဆိုလျင် တစ်လောကလုံး တွင် သင်လျှောက်နိုင်မည်ဖြစ်ပြီး
သမ္မာတရားမပါလျင် မည်သည့်နေရာမှ သင် ရောက်မည်မဟုတ်။
၃
အို ဘုရားဘုန်းထင်ရှားရာနေ့၊ နှုတ်ကပတ်တော်တန်ခိုးအာဏာပြသည်။
သူ့နှုတ်ကပတ်တော်သည် အစမှ ယခုတိုင်အောင် စစ်မှန်၊ ပြည့်စုံလိမ့်မည်။
ဤသို့ဖြင့် ကမ္ဘာမြေပေါ်တွင် ဘုရားဘုန်းတော်ထင်ရှားမည်။
နှုတ်ကပတ်တော်သည် ကမ္ဘာပေါ်တွင် အုပ်စိုးမည်ဟု ဆိုလိုသည်။
ထိုကြောင့် အနာဂတ်ဦးတည်ချက်သည် ဤသို့ဖြစ်လိမ့်မည်။
နှုတ်ကပတ်တော် ရရှိသောသူတို့သည် မြေကြီးပေါ်တွင် လမ်းရှိလိမ့်မည်။
မရရှိသူများသည် ဘာအတတ်ပညာဖြင့် အလုပ်လုပ် ကြပါစေ
ရှေ့ခရီးဆက်ရန် ခက်ခဲနေပေလိမ့်မည်
စစ်မှန်သော လမ်းခရီးကို အတင်းရှာရလိမ့်မည်။
ဆိုလိုသည်မှာ ပြောခဲ့ပြီးသည့်အတိုင်း
သမ္မာတရားနှင့်ဆိုလျင် တစ်လောကလုံး တွင် သင်လျှောက်နိုင်မည်ဖြစ်ပြီး
သမ္မာတရားမပါလျင် မည်သည့်နေရာမှ သင် ရောက်မည်မဟုတ်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။