၉၇ နောက်ဆုံးသောကာလတွင် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ဘုရားအသုံးပြု၏ကျူး
၁
စကြဝဠာကို သိမ်းပိုက်ရန်
နှုတ်ကပတ်တော်ကို ဘုရား အသုံးပြုလိမ့်မည်
ဤအရာကို သူ၏ လူ့ဇာတိခံ ခန္ဓာအားဖြင့် မဟုတ်ဘဲ၊
ဘုရား၏နှုတ်ထွက်စကားများ အသုံးပြုခြင်းအားဖြင့်
စကြဝဠာတစ်ခုလုံးရှိ လူအားလုံးကို
သိမ်းယူရန် သူ လူ့ဇာတိခံယူလာ၊
ဤသည်သာ နှုတ်ကပတ်တော် လူ့ဇာတိခံခြင်း၊
ဤသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော်
ပေါ်ထွန်းခြင်း ဖြစ်သည်
လူသားများဖို့ အမှုများစွာ ဘုရားမလုပ်ဆောင်သေး
သည့်အလား ထင်ရသော်လည်း—
သူ့နှုတ်ကပတ်တော်များကို ဘုရား မိန့်မြွက်ရမည်ဖြစ်ပြီး
လူတို့ကို လုံးဝလက်ခံကာ အံ့ဩကြလိမ့်မည်
အမှန်တရားမရှိဘဲ လူတို့ ဟစ်အော်ကြသည်
နှုတ်ကပတ်တော်ရှိရင် နှုတ်ဆိတ်ကြသည်
ဤအချက်ကို ဘုရား မုချပြီးမြောက်စေမည်
ဤသည်မှာ ဘုရား၏ ရေရှည်စီမံထားသော အစီအစဉ်
မြေကြီးပေါ် နှုတ်ကပတ်တော် ရောက်လာခြင်းအကြောင်း
ပြည့်စုံစေခြင်း ဖြစ်လို့ပဲ
၂
မြေကြီးပေါ် အနှစ်တစ်ထောင် နိုင်ငံတော် ပေါ်ပေါက်ခြင်းမှာ
မြေကြီးပေါ် ဘုရားနှုတ်ကပတ်တော် ရောက်လာခြင်းပဲ
ကောင်းကင်မှ ယေရုစလင်သစ် ဆင်းသက်ခြင်းမှာ
လူတို့အလယ် အသက်ရှင်ရန်၊
လူ၏ လုပ်ရပ်တိုင်းနှင့် သူ၏ အတွင်းကျကျ အတွေးများအားလုံးကို
အဖော်ပြုရန် ဘုရား၏ နှုတ်ကပတ်တော် ရောက်လာခြင်းပဲ
ဤသည်မှာ ဘုရား ပြီးမြောက်စေမည့် အမှန်တရားတစ်ခု
ဤသည်မှာ အနှစ်တစ်ထောင် နိုင်ငံတော်၏ အလှတရား
ဤသည်မှာ ဘုရား ချမှတ်ထားသော စီစဉ်၊
နှုတ်ကပတ်တော် ကမ္ဘာပေါ် နှစ်တစ်ထောင် ပေါ်ထွန်းမည်
သူ၏လုပ်ဆောင်ချက်များအားလုံး ထင်ရှားစေပြီး၊
မြေကြီးပေါ် သူ၏အမှုအားလုံး ပြည့်စုံစေမည်
ထို့နောက် လူသားမျိုးနွယ်၏ ဤအဆင့်
အဆုံးသတ်သို့ ရောက်လိမ့်မည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်