နောင်တမရှိသည့် ရွေးချယ်မှုတစ်ခု
၁
ခရစ်ယာန်များအပေါ် စီစီပီ ဖမ်းဆီးမှုများနှင့် နှိပ်စက်ညှင်းပန်းမှုများက တိုး၍ ရက်စက်လာသည့်အချိန်တွင်၊
မြို့ကြီးသည် မှောင်မိုက်သည့် ကြောက်ရွံ့ထိတ်လန့်မှုနှင့် ပြည့်ပြီး၊ ပြေးနိုင်သမျှ ဘယ်နေရာမဆို ကျွန်ုပ် ထွက်ပြေးရချိန်၊
လွတ်လပ်မှုက စိတ်ပျက်စရာ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းချခံရချိန်၊
ကျွန်ုပ်၏ တစ်ခုတည်းသော အဖော်က နာကျင်ရှည်လျားသည့် ညတစ်ည ဖြစ်သည့်အချိန်၊
ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်ခြင်း ယိမ်းယိုင်မည်မဟုတ်ပါ၊
ကျွန်ုပ်၏ ဘုရားသခင်၊ ကျွန်ုပ်၏ သခင်ကို ဘယ်သောအခါမျှ ကျွန်ုပ် သစ္စာဖောက်မည်မဟုတ်ပါ။
အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်နှင့် သက်ဆိုင်ပါ၏။
အကျဉ်းချခြင်းက ကျွန်ုပ် ခန္ဓာကိုသာ ထိန်းချုပ်နိုင်။
ထိုအရာက ကိုယ်တော့်နောက်လိုက်ရာတွင် ကျွန်ုပ်၏ ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။
နာကျင်သော ဆင်းရဲဒုက္ခ၊ လမ်းကြမ်းတစ်ခု
ကိုယ်တော့် နှုတ်ကပတ်တော်များ၏ လမ်းပြမှုဖြင့်၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ကြောက်ရွံ့မှုမရှိပေ၊
ကိုယ်တော့် ချစ်ခြင်းမေတ္တာ၏ အဖော်ပြုခြင်းဖြင့်၊ ကျွန်ုပ်၏ စိတ်နှလုံး ဆန္ဒပြည့်သည်။
၂
စီစီပီ နတ်ဆိုးများ၏ ဖျက်ဆီးတတ်သော ညှင်းဆဲမှုက ယခင်ထက် ပိုမိုပြင်းထန်လာသည့်အချိန်၊
ပူလောင်သော နာကျင်မှုကို ကျွန်ုပ်ကို အဖန်ဖန် ထိုးနှက်သည့်အချိန်၊
ခန္ဓာ၏ အားနည်းချက်နှင့် မချိမဆံ့ဝေဒနာက အထွတ်အထိပ်သို့ ရောက်ရှိချိန်၊
နောက်ဆုံး အခိုက်အတန့်တွင်၊ ကျွန်ုပ်၏ အသက် ယူဆောင်သွားခံရနီးချိန်၊
အဆင်းနီသော နဂါးကြီးကို ကျွန်ုပ် ဘယ်သောအခါမျှ အလျော့ပေးမည်မဟုတ်၊
ကျွန်ုပ် ယုဒတစ်ဦး၊ ဘုရားသခင်အပေါ် အရှက်ရစေသည့် အမည်းစက်တစ်ခု ဘယ်သောအခါမျှ ဖြစ်လိမ်မ့ည်မဟုတ်ပေ။
အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ ကိုယ်တော့်ကို သေသည်အထိ ကျွန်ုပ် သစ္စာရှိပါမည်။
နတ်ဆိုးများသည် ကျွန်ုပ်၏ ခန္ဓာကိုသာ ညှင်းပန်းပြီး ဖိစီးနှိပ်စက်နိုင်သည်။
အသက်နှင့် သေခြင်းတရားသည် ထာဝရ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် ရှိပေမည်။
ကိုယ်တော့်ကို သက်သေခံဖို့ အရာရာကို ကျွန်ုပ် စွန့်လွှတ်မည်။
ယင်းက စာတန်ကို အရှက်ရစေပါက၊ ညည်းညူခြင်းမရှိဘဲ ကျွန်ုပ် သေသွားမည်။
ကိုယ်တော့်ကို သက်သေခံခြင်းတွင် အသက်ရှင်ဖို့ ကျွန်ုပ် ဂုဏ်ယူသည်။
သံပြိုင်အပိုဒ်
ဤဘဝတွင် ခရစ်တော်နောက်လိုက်ပြီး၊ ဘုရားသခင်ကို ချစ်ရန် အားထုတ်ရသည်မှာ မွန်မြတ်လှပေ။
စိတ်နှလုံးနှင့် ဝိညာဉ်ဖြင့်၊ ကိုယ်တော့်ကို ကျွန်ုပ် ပြန်ပေးဆပ်သင့်သည်။ ဘုရားသခင်အကြောင်း သက်သေခံခြင်းအတွက် အရာအားလုံးကို စွန့်လွှတ်ရန် ကျွန်ုပ် လိုလားလျက်ရှိသည်။
အသက်ရှင်သရွေ့ ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံး ဘုရားသခင်ကို ပေးခြင်းသည် ကျွန်ုပ် မည်သည့်အခါမျှ နောင်တမရမည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။