၁၄၀ အို ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် အောက်မေ့သတိရ
၁ တိတ်တဆိတ်၊ စကားများမပြောဘဲ၊ ကိုယ်တော်ကို ကျွန်ုပ် တောင့်တမိ၊ ကျွန်ုပ် စိတ်နှလုံးထဲက နောင်တဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်ဖတ်ရှုသည်။ ကိုယ်တော်နှင့် မကြာခင် အတူရှိဖို့ မျှော်လင့်ရင်း ကျွန်ုပ်၏ မျက်လုံးများ မျက်ရည်များဖြင့် ပြည့်လျှံပေ။ အတိတ်တွင် ကျွန်ုပ်သည် ပုန်ကန်တတ်ခဲ့ပြီး၊ ကိုယ်တော်ကို နာကျင်စေမိပြီ။ ကျွန်ုပ်၏၊ အမှားများစွာကို အမှန်ဖြစ်စေ၍ မရနိုင်။ ကိုယ်တော်၏ မျက်နှာတော်ကို ကျွန်ုပ် မမြင်နိုင်သည့်အခါ ကျွန်ုပ်၏ နှလုံးသား ဆို့နင့်ပေ။ ကိုယ်တော့်ကို နွေဦး၊ နွေ၊ ဆောင်ဦးနှင့် ဆောင်းရာသီတို့တွင် ကျွန်ုပ် စောင့်ဆိုင်းပေ။ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း အပြည့်ဖြင့် နေ့နေ့ညည ကုန်ဆုံး။ အပြစ်ရှိခြင်း မျက်ရည်များ ကျွန်ုပ်၏ မျက်နှာမှ စီးဆင်းပေ၊ ကျွန်ုပ် နောင်တအပြည့်ဖြစ်ပေ။ အတိတ်က အမှားများကို မလုပ်ဆောင်ဖို့ ကျွန်ုပ် အလွန်တောင့်တမိ၊ ကိုယ်တော်ထံ ကျွန်ုပ်၏ စိတ်နှလုံး သွန်းလောင်းဖို့ ကျွန်ုပ် တမ်းတ။
၃ ထိုပျော်ရွင်ရသည့် နေ့ရက်များကို ကျွန်ုပ် တမ်းတလွမ်းဆွတ်မှုဖြင့် အမှတ်ရမိ။ ကိုယ်တော်၏ အသံတော်နှင့် အပြုံးတို့ကို ကျွန်ုပ် မကြာခဏ တွေးတောမိ။ ကိုယ်တော် လေးနက်စွာ သွန်သင်ခဲ့သည့် သင်ခန်းစာများက ကျွန်ုပ်နားထဲ မြည်သည်၊ ကျွန်ုပ် အသက်ရှင်သရွေ့၊ ထိုအရာတို့ကို ကျွန်ုပ် ဘယ်သောအခါမျှ မေ့မည်မဟုတ်ပေ။ ဤရှည်ကြာသောနှစ်များက ဆင်းရဲဒုက္ခကို ကျွန်ုပ်ထံ ယူဆောင်ပြီ၊ ကျွန်ုပ်၏ အထီးကျန်မှုနှင့် ယိမ်းယိုင်မှုတို့က မခံမရပ်နိုင်စရာ ဖြစ်ပေ။ အချိန်ကို နောက်ပြန်ဆုတ်ဖို့ ကျွန်ုပ် အိပ်မက်မက်မိ၊ ကိုယ်တော်နှင့်အတူရှိဖို့ ကျွန်ုပ် အမှန် တောင့်တမိပေ။ ကျွန်ုပ် ချစ်ရသူ၊ ကိုယ်တော် အဘယ်မှာရှိသနည်း။ ကိုယ်တော်၏ မျက်နှာတော်ကို မြင်ရဖို့နှင့် ကိုယ်တော်၏ ပွေ့ဖက်မှုထဲ ဝင်ရောက်ဖို့ ကျွန်ုပ်၏ စိတ်နှလုံးက ဆန္ဒဖြင့် တောက်လောင်နေ။ လှပသည့် ချစ်ခြင်းမေတ္တာသီချင်းကို ဖန်တီးရင်း ကျွန်ုပ်၏ စိတ်နှလုံး ကိုယ်တော်၏ စိတ်နှလုံးနှင့် အမြဲ သဟဇာတဖြစ်လိမ့်မည်။