အသက်စမ်းရေမြစ်တစ်စင်း
၁
အသက်စမ်းရေမြစ်တစ်စင်း၊ကျောက်တလင်းကဲ့သို့ကြည်လင်
ဘုရားသခင်နှင့်သိုးသငယ်၏ပလ္လင်တော်မှစီးဆင်းသည်
မြစ် ရဲ့ နံဘေးတစ်ဖက်စီ၌အသက်ပင်ရှိ လေ သည်။
ထိုအပင်သည်အသီးဆယ့်နှစ်မျိုးသီးကာ လတိုင်း မိမိအသီးထွက်ရှိသည်
အရွက်သည်လူမျိုးများ၏အနာရောဂါငြိမ်းစရာ
နောက်တစ် ဖန်ကျိန်ခြင်းမရှိ။
ထိုမြို့ထဲ၌ဘုရားနှင့်သိုးသူငယ်၏ပလ္လင်တော်ရှိ၏
ဘုရား၏အစေခံအပေါင်းသည် သူ့ အားဝတ်ပြု၊ မျက်နှာတော်ကိုမြင်ရလိမ့်မည်
သူတို့နှဖူးတွင်ဘုရား ၏ နာမတော်ရှိ လေ မည်။
ထိုနေရာ၌ ည ဆိုတာ မရှိ၊ ဆီမီး ဆိုတာလည်း မလိုအပ်တော့ပါ။
ဆီမီးမလို ဘူး နေအလင်းရောင်မလို ပါ၊ အရှင်ဘုရားသခင်သည် သူတို့အား ရောင်ခြည်အလင်းကိုပေးမည်။
ထာဝရ သူတို့ စိုးစံမည်
၂
သန့်ရှင်းသောမြို့၊ ယေရုဆလင်မြို့သစ်
ဘုရားအထံတော်ကောင်းကင်ဘုံမှဆင်းသက်
ကြည့်ရူလော့ဘုရား၏ ကျိန်းဝပ်ရာသည် လူတို့တွင်ရှိ၊
သူတို့နှင့်အတူကျိန်းဝပ်၊
ဘုရား၏ လူဖြစ်ကြလိမ့်မည်။
ဘုရားကိုယ်တိုင် သူတို့နှင့်အတူရှိ၍
သူတို့၏ဘုရားဖြစ် ပြီး
သူတို့မျက်စိမှ မျက်ရည် ရှိသမျှ ကိုသုတ်တော်မူမည်။
နောက်တစ်ဖန်သေခြင်း၊ ညည်းတွား ငိုကြွေးခြင်း၊ နာကျင်ခြင်းမရှိ။
ပြီးခဲ့သော (အတိတ်က)အရာများ မရှိတော့ပြီ
ကြည့်ရူလော့၊ဘုရားသခင်သည်အရာခပ် သိမ်းကိုအသစ်ဖြစ်စေပြီ။
သူသည်အာလဖနှင့်သြမေဃ၊
အစနှင့်အဆုံးဖြစ်သည်။
သူသည်ရေငတ်သောသူများအား အသက်စမ်းရေကိုအဖိုးအခမယူပဲပေးမည်။
အောင်နိုင်သူတို့သည် အရာအားလုံးကို အမွေခံရမည်။
ဘုရားသခင်သည် သူ၏ဘုရားဖြစ်၍
သူသည် ဘုရား၏သားဖြစ်လိမ့်မည်။
၃
အရှေ့ပိုင်းမှအလင်းပေါ်ထွန်း၍အနောက်ဘက်သို့တောက်ပသည်။
နောက်ဆုံးသောနေ့ရက်ခရစ်တော်၊
အနန္တတန်ခိုးရှင်ဘုရားသခင်
လူကြားထဲရောက်လာပြီ
သူသည် သမ္မာတရား ကိုဖော်ပြ နှုတ်ကပတ်တော်သည်လူ့ဇာတိ၌ပေါ်လာ
ဘုရား၏ယဇ်ပလ္လင်ရှေ့မှောက်၊ လူသားအားလုံး..
နိုင်ငံတော်၏အလေ့အကျင့် နှင့် စုံလင်ခြင်းကိုလက်ခံရရှိ။
နောက်ဆုံးသောကာလ၏ခရစ်တော်သည်ထာဝရအသက်လမ်းစဥ်ကိုယူဆောင်ခဲ့ပြီ။
ဘုရား၏လူများသည်ဘုရားနှင့်အတူနေ့တိုင်း တွေ့ဆုံ
အနှိုင်းဆမဲ့ချိုမြိန်သော ဘုရား၏နှုတ်ကပတ်တော်၌ပျော်မွှေ့
နှုတ်ကပတ်တော် အသွားနှစ်ဖက်ချွန်ဓားသည်, ဖြူစင်သန့်ရှင်း ရန် စစ်ကြောြီး လူသားများအား ကယ်တင်သည်။
ဘုရား၏အိမ်တော် နှင့် အတူတရားစီရင်ခြင်းစတင်ခဲ့သည်။
နောက်ဆုံးသောကာလ၏တရားစီရင်သောနေ့တွင် ကန့်လန့်ကာ သည် ကာပွင့်သွားပြီ
ဘုရား၏လူအားလုံးသည်အနန္တတန်ခိုးရှင်ဘုရား၏နာမတော်ကို ချီးမြောက်
သူ၏ နိုင်ငံတော်သို့
အနန္တတန်ခိုးရှင် ဘုရားသခင်သည်ရောက် လာပြီ။
ဘုရား၏အမှုတော်သည်ပြီးမြောက်ခဲ့ပြီ။
ဘုရား၏လူအားလုံးသည်အနန္တတန်ခိုးရှင်ဘုရား၏နာမတော်ကို ချီးမြောက်
သူ၏ နိုင်ငံတော်သို့
အနန္တတန်ခိုးရှင် ဘုရားသခင်သည်ရောက် လာပြီ။
ဘုရား၏အမှုတော်သည်ပြီးမြောက်ခဲ့ပြီ။
သူသည်ဘုန်းတော်အလုံးစုံကို ရရှိပြီ။
သူသည်ဘုန်းတော်အလုံးစုံကို ရရှိပြီ။
သူသည်ဘုန်းတော်အလုံးစုံကို ရရှိပြီ။
သူသည်ဘုန်းတော်အလုံးစုံကို ရရှိပြီ။