ထာဝရခရီးပန်းတိုင်သို့ လူသားမျိုးနွယ်ဝင်ရောက်သည့်အခါကျူး
၁ ထာဝရခရီးပန်းတိုင်သို့ ဝင်ရောက်သည့်အခါ၊ လူသားသည် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်မည် ဖြစ်လျက်၊ လူသားသည် ကယ်တင်ခြင်းရပြီးကာ ထာဝရကာလသို့ ဝင်ရောက်ပြီးဖြစ်သဖြင့် လူသားသည် မည်သည့်ရည်မှန်းချက်များကိုမျှ ဆောင်ရွက်လိမ့်မည် မဟုတ်သည့်အပြင် သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုမည်မဟုတ်ပေ။ ယခုအချိန်တွင် လူသားသည် သူ၏နေရာကိုသိမည်ဖြစ်၍ သူ၏တာဝန်ကို ထမ်းဆောင်ကာ၊ လူပုဂ္ဂိုလ်တစ်ဦးစီသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းခံရမှုမရှိသော်မှ တစ်ဦးစီသည် ၎င်း၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။ ထိုအချိန်တွင် လူသားသည် ၎င်း၏ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် အနေအထားတို့ နှစ်ခုစလုံးတွင် သက်ရှိသတ္တဝါတစ်ဦးဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူတစ်ဦးစီသည် ကွဲပြားသည့် လုပ်ဆောင်ချက်တစ်ရပ်ကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသားသည် လူသားမျိုးနွယ်၏ စနစ်ကျ၍ သင့်တော်သော ခရီးပန်းတိုင်တွင် နေဦးမည်ဖြစ်၍၊ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လူသားသည် သူ၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်၏။ ဤသို့သော လူသားမျိုးနွယ်တစ်ရပ်သည် ထာဝရကာလ၏လူသားမျိုးနွယ်ဖြစ်လိမ့်မည်။
၂ ၎င်းအချိန်တွင် လူသားသည် ဘုရားသခင်က အလင်းပေးသည့် ဘဝ၊ ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက် ရှိသည့်ဘဝနှင့် ဘုရားသခင်နှင့် အတူရှိသည့်ဘဝတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ကာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မှန်ကန်သော လမ်းကြောင်းအတွင်း ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေခဲ့ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှု နောက်ပိုင်း လူသား၏နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ အမှုပြီးဆုံးသည့်အခါမှသာ လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေကြီးပေါ်တွင် တရားဝင်စတင်မည်ဖြစ်၍ ထိုအချိန်ကျမှသာလျှင် လူသားသည် အံ့သြဖွယ်ကောင်းသည့် ဘဝကိုရရှိမည်ဖြစ်ကာ ဘုရားသခင်သည် အစအဦး၌ လူသားကို ဖန်ဆင်းရခြင်းရည်ရွယ်ချက်နှင့် လူသား၏ နဂိုမူလအသွင်တို့ကို ပြန်လည်ရရှိမည်စ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။