သမ္မာတရားကို လက်ခံခြင်းမှာ ပညာသတိရှိသော သတို့သမီးများဖြစ်ခြင်းပင်
၁
ဤနှစ်ပေါင်းများစွာ ယုံကြည်လျက် ချီဆောင်ခြင်းကို မျှော်လင့်ကာ သခင့်နာမကို ကျွန်ုပ်ဖက်တွယ်ခဲ့သည်။
သခင့်ကို ယုံကြည်ကာ ကျွန်ုပ်၏အပြစ်များ ခွင့်လွှတ်ခံရလျှင် ဆုလာဘ်ချီးမြင့်ခံရမည်ဟု ကျွန်ုပ်တွေးထင်ခဲ့သည်။
ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့ ကျွန်ုပ်တက်ပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်မည်ဟု ဆန္ဒပြုလျက်၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းအကြောင်း ကျွန်ုပ် စိတ်ကူးယဉ်ခဲ့သည်။
သခင်ယေရှု၏ ပရောက်ဖက်ပြုချက်များနှင့်ဆိုင်သော စစ်မှန်သည့် အဓိပ္ပါယ်ကို မည်သူမျှ အမှန်တကယ် နားမလည်ကြပေ။
ပေါလု၏ စကားများကို အခြေခံကာ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အိပ်မက်များကို တည်ဆောက်ကြသည်။
သခင်က မိုးတိမ်စီးလျက် ရုတ်တရက် ရောက်ရှိမည်ဟု သူတို့ အချည်းနှီး မျှော်လင့်ကြသည်။
၎င်းတို့၏ မျက်လုံးများက ကြီးမားသော ကပ်ဘေးကို မြင်သော်လည်း သခင်၏ ပေါ်ထွန်းခြင်းကို သူတို့ မရှုမြင်ကြသေး။
သခင်ယေရှု၏ စကားများက အချိန်အကြာကြီးကတည်းက ပြည့်စုံခဲ့သည်ကို သူတို့မသိကြ။
မိုက်မဲသော သတို့သမီးတို့သည် မိမိတို့၏ အယူအဆများကို ခေါင်းမာမာ ဖက်တွယ်ကြသည်၊ ဘုရားသခင်၏ အသံတော်ကို နားမထောင်ကြ။
ထို့ကြောင့် ချီဆောင်ခြင်းအခွင့်အရေးနှင့် လွဲချော်ရပြီး အဆုံးစွန် ဝမ်းနည်းမှုကို သူတို့ ခံစားရမည်ပင်။
၂
လူကို တရားစီရင်ကာ သန့်စင်စေဖို့ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြသည်။
ပညာသတိရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကာ သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုကြသည်။
ဘုရားနှုတ်ကပတ်တော်များကို သူတို့ စားသောက်ကြပြီး သိုးသငယ်၏ မင်္ဂလာဆောင်စားပွဲသို့ တက်ရောက်ကြသည်။
တရားစီရင်ခြင်းကို တွေ့ကြုံပြီးသည့်နောက် ဘုရားသခင်၏ စိတ်သဘောထား သန့်ရှင်းဖြောင့်မတ်သည်ကို သူတို့ရှုမြင်ရသည်။
လူတို့သည် အကြီးအကျယ်မှပင် ဖောက်ပြန်ပျက်စီးခဲ့ကြသည်၊ အာခံမှုဖြင့် ပြည့်ကာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြပေ။
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီးနောက်မှသာ ၎င်းတို့ သန့်စင်ခံရနိုင်သည်။
ဖာရိရှဲတို့သည် ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်မှုကြောင့် သခင်၏ ကျိန်ဆဲခြင်းကို ခံရသည်။
ရိုးသားကာ သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတို့သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ချီးမွမ်းခြင်းတို့ကို ရရှိလိမ့်မည်။
ခရစ်တော်နောက်လိုက်ကာ မိမိတို့၏ တာဝန်များကို ဆောင်ရွက်သူတို့သာ ဘုရားသခင်ကို နာခံသည့်လူများ ဖြစ်ကြသည်။
ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ သက်သေခံကြသူတို့သာ စုံလင်အောင်ပြုခြင်း ခံရနိုင်ပေသည်။