၁၈၀ ဘုရားနောက် သစ္စာရှိစွာ လိုက်ရန် ကတိပြုပါသည်

၁ ကျွန်ုပ်သည် ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့ကြောင့်၊

တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိစ္ဆာတွေရဲ့သားရဲတွင်းမှာ ထောင်ချောက်မိကာ၊

အေးစက်သော ကြမ်းပြင်ပေါ်တွင် လဲ လှောင်းခဲ့ရသည်။ သူတို့ဟာ ကျွန်ုပ်ရဲ့အားနည်းတဲ့ ခန္ဓာကို နှိပ်စက်ဖို့ နည်းမျိုးစုံ သုံးခဲ့သည်။ မိစ္ဆာတွေရဲ့ အရှက်ခွဲ ခံရခြင်းကြောင့် သေခြင်းကို ရှင်ခြင်းထက် ပိုနှစ်သက်မိပါသည်။ ကျွန်ုပ်ဟာ အကြိမ်များစွာ အားနည်းကာ နာကျင်စွာ ရှိုက်ငိုမိသည်။ အကြိမ်များစွာ ညှဉ်းပန်းခဲ့ရသည်၊ နာကျင်စွာ ရှိုက်ငိုသည်။ ကျွန်ုပ်နားတွင် အကြောက်တရား၊ စိတ်ပျက်ခြင်းဝန်းရံနေသည်၊ ကျွန်ုပ်နှလုံးသားမှာ ငိုကြွေးနေသည်။ ဒီညှဉ်းပန်းမှု၊ နှိပ်စက်မှု ဘယ်တော့ ပြီးဆုံးမည်ကို ကျွန်ုပ် မပြောနိုင်ပါ။ ညမှောင်မိုက်ချိန်မှာ ဘုရားသခင်အား အကြိမ်များစွာ ဆုတောင်းမိသည်။ (ဘုရား)နှုတ်ကပတ်တော်က ကျွန်ုပ် ယုံကြည်ခြင်း၌ မြဲမြံစွာ ရပ်တည်စေသည်။

၂ ဘုရားနှင့်အတူတကွ အချိန်ကုန်ခဲ့သည်ကို တွေးတောမိသည်။ ထိုပျော်စရာအချိန်က ကျွန်ုပ်စိတ်တွင် နိုးထလာသည်။ စာတန်ကို အရှက်ရစေရန်အတွက် အောင်မြင်သော။ သက်သေခံအဖြစ်ရပ်တည်ဖို့ ထိုအချိန်က ကျွန်ုပ်ပြုခဲ့သည့် ကတိသစ္စာကို ဘယ်လို မေ့နိုင်မှာလဲ။ အကယ်၍ ဒီနာကျင်မှုက ကျွန်ုပ်ဆီက မပျောက်ကွယ်သွားပဲ ဆက်ရှိနေရင်တောင်။ စာတန်က ကျွန်ုပ်ကို ချော့ချည်တစ်ခါ ရိုက်ချည်တစ်လှည့် လုပ်ဖို့ ကြိုးစားလျှင်ပင်၊ နောက်ထပ်အခိုက်အတန့်၌ ကျွန်ုပ် မာတုရ ဖြစ်မည်ဆိုလျှင်ပင်၊ ကျွန်ုပ်ရဲ့သေရေး ရှင်ရေးဟာ ဘုရားရဲ့လက်ထဲမှာဆိုသည်ကို ခိုင်မာစွာ ယုံကြည်ပါသည်။ စာတန်ဘယ်လောက်ပင် နှိပ်စက်ပါစေ ကျွန်ုပ် ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပါ။ ဘုရား၏ ဘုန်းတော်ထင်ရှားဖို့် ပြတ်သားစွာသက်သေခံရန် ကတိပြုပါသည်။

၃ စုံစမ်းမှုများနှင့် အတိဒုက္ခရောက်ခြင်းများကနေ ကျွန်ုပ် နောက်ဆုံး နိုးထလာပါသည်။ စာတန်သည် ဆိုးယုတ်၊ ရက်စက်ကာ၊ ကောက်ကျစ်သည်ကို မြင်ပါသည်။ ကျွန်ုပ်နှလုံးသားထဲမှာ ဒေါသမီးလျှံများ ဖြစ်ပေါ်နေပါသည်။ အဆင်းနီသော နဂါးကြီးအားပစ်ပယ်ကာ ဘုရားအတွက်သက်သေခံရန် ကျွန်ုပ်ဘဝအား ပုံအပ်ပါသည်။ နောက်ဆုံးသောကာလရဲ့ ခရစ်တော်နောက်

လိုက်နိုင်စွမ်းရှိခြင်းက ကျွန်ုပ်အတွက် ဂုဏ်ယူစရာတစ်ခုပါ။ ဘုရားရဲ့စစ်ကြော(စီရင်)ခံရခြင်းနှင့် သမ္မာတရားအား ရရှိခြင်းက အကြီးမြတ်ဆုံးသော ကောင်းကြီးပါ။ ဘုရားရဲ့နှုတ်ကပတ်တော် ကျွန်ုပ်အနားရှိသောအခါ အထီးကျန်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ မခံစားရတော့ပါ။ ဒုက္ခဆင်းရဲခြင်းများအားဖြင့် ဘုရားသခင်

လမ်းပြခြင်းကြောင့် ကျွန်ုပ် တည်ငြိမ်စွာ လျှောက်လှမ်းနိုင်သည်။ စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြုံတွေ့ပြီးသည့်နောက်၊ ကျွန်ုပ်သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်လာပါသည်။ နောက်ဆုံးအချိန်အထိ ခရစ်တော်နောက်လိုက်ရန်ကျွန်ုပ်အသက်နှင့် ကတိပြုပါသည်။

အရှေ့သို့- ၁၇၉ မှောင်မိုက်နှင့်ဖိနှိပ်မှုကြားထဲ၌ ရုန်းထခြင်း

နောက်တစ်ခုသို့- ၁၈၁ ကိုယ်တော့်နောက် သစ္စာရှိစွာလိုက်ရန်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။