ဘုရားသခင်နောက်အစဉ်လိုက်လျှောက်
ခြေဆင်း
ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားကာ၊
သူ့ထံသို့ ပြန်သွားသည်။
သူ့နှုတ်ကပတ်တော်၏ ရေလောင်းပေးခြင်းကို ကျွန်ုပ်လက်ခံသည်။
တရားစီရင်မှုနှင့် စမ်းသပ်မှုများကို ကျွန်ုပ်တွေ့ကြုံသည်၊
ကြီးစွာသောနာကျင်မှုကို ကျွန်ုပ်ခံစားကာ ကျွန်ုပ်သန့်စင်ပြီ။
အပိုဒ် ၁
အတားအဆီးများနှင့် ကျရှုံးမှုများမှ၊
ဆင်းရဲဒုက္ခနှင့် ဝေဒနာမှ၊
ကြိမ်ဖန်များစွာ မီးဆေးခံရလျက်ပင်၊
ဘုရားအတွက် ကျွန်ုပ်၏ ချစ်ခြင်း၌ အင်အားကို ရရှိသည်။
ဘုရားသခင် အလွန်ဖြောင့်မတ်ကာ၊
သူ၏ စိတ်နှလုံးတွင် ကောင်းကျိုးရှိလေ။
သူ့အား ကျွန်ုပ်၏ စိတ်အတွင်း၌ကြောက်ရွံ့လျက်
ဝေးကွာခြင်းကို မခံနိုင်ပေ။
ပြန်ဆိုအပိုဒ် ၁
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့လိုက်သည်၊
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့ အစဉ်လိုက်မည်။
တရားစီရင်မှုကို ကျွန်ုပ်တို့လက်ခံပြီး၊
ရှေ့ဆက်ကြိုးပမ်းကာ ပြောင်းလဲဖို့ ကြိုးစားရှာဖွေသည်၊
ဖောက်ပြန်ပျက်စီးမှုကို ကျွန်ုပ်တို့ စွန့်ပစ်လျက်၊
ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲပြီ၊
လူသားပုံသဏ္ဌာန်အတိုင်း ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သည်။
ဘုရားသခင်၏ တရားစီရင်ခြင်းမှာချစ်ခြင်းမေတ္တာပင်၊
ယင်းမှာ သူ၏ကြီးမြတ်သော ကယ်တင်ခြင်းဖြစ်သည်။
သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။
အပိုဒ် ၂
လူသည် ဖုန်မှုန့်၊ သေးငယ်ကာ နှိမ့်ချသည့်တိုင်
ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည်။
လူသားဂုဏ်သိက္ခာအတိုင်း ကျွန်ုပ်တို့ အသက်ရှင်လျက်၊
ကျွန်ုပ်တို့ စိတ်သဘောထား ပြောင်းလဲပြီ။
တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းအားဖြင့်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ကျွန်ုပ်တို့နှင့်အတူရှိသည်။
ကျွန်ုပ်တို့အား စုံလင်စေပြီး ပြောင်းလဲစေရန်
ဘုရားသခင် ကိုယ်တော်တိုင် အမှုပြုသည်။
ပြန်ဆိုအပိုဒ် ၂
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့လိုက်သည်၊
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့ အစဉ်လိုက်မည်။
အပေးအယူလုပ်ရန်မရှိ၊
အထိန်းအကွပ်မဲ့သော မစင်ကြယ်မှုများလည်းမရှိ။
ကျွန်ုပ်တို့တာဝန်များကို ထမ်းဆောင်သောကြောင့်
ကျွန်ုပ်တို့ တာဝန်များ ပြီးဆုံးသည်။
ထို့ကြောင့် ဘုရား၏ စိတ်နှလုံး ကျေနပ်အားရသည်။
ဘုရားသခင် ကျေနပ်နှစ်သိမ့်ကာ
ထိုအခါ ကျွန်ုပ်တို့၏ ဝိညာဉ်များ
ပျော်မွေ့မှုကို ကြုံတွေ့ရနိုင်သည်။
အပိုဒ် ၃
ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းသက်သက်တွင်
အသက်တာမရှိပေ။
သမ္မာတရားကို မရရှိနိုင်လျှင်
အဆုံးတွင် ခပ်သိမ်းသည် အဓိပ္ပာယ်မရှိပေ။
လူ့အသက်တာ အလွန်တိုတောင်းလှကာ၊
ဘုရားကိုချစ်ခြင်းသည် အမြင့်ဆုံးဖြစ်ပေ။
ဘုရားသခင်ကို ကောင်းမွန်သော သက်သေခံလော့၊
အသက်တာတွင် ကျွန်ုပ်တို့ နောင်တ ရရှိမည်မဟုတ်ပေ။
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့လိုက်သည်၊
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့ အစဉ်လိုက်မည်။
နိုင်ငံတော်ခရီးလမ်း
မည်မျှကြမ်းတမ်းပါစေ၊
ဖိနှိပ်မှုနှင့် အခက်အခဲရှိသော်ငြား
ကျွန်ုပ်နောက်ပြန်လှည့်မည်မဟုတ်။
ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်ကို ဦးဆောင်ကာ ယုံကြည်ခြင်းပေးသည်။
ဘုရားသခင်၏ ခြေလှမ်းများနောက် ကျွန်ုပ်တို့လိုက်ကာ
ရှေ့သို့ချီတက်ရန် ကြိုးစားလုပ်ဆောင်သည်။
ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်၍ နောက်ပြန်မလှည့်ပေ။
အဆုံးသတ်
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့လိုက်သည်၊
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့ အစဉ်လိုက်မည်။
လူသားမျိုးနွယ်ကို ကယ်တင်ရာ၌
သူ၏ အလုံးစုံကို နှစ်မြုပ်ပေးအပ်သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဖမ်းဆုပ်ထား၍၊
ကျွန်ုပ်တို့ ဘယ်တော့မှ နောက်ပြန်လှည့်မည်မဟုတ်။
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့ အစဉ်လိုက်မည်။