၁၁၄ ဘုရားလူတို့၏ ဆုတောင်းချက်

ဘုရား၏လူတို့ ပလ္လင်တော်ရှေ့ ပြန်လာ။ ဘုရားထံ ကျွန်ုပ်တို့ ဆုတောင်း


သူ့‌ပေါ်ထွန်းခြင်းတောင့်တသူကို ဘုရား ကောင်းချီးပေးပါစေ။

ထိုသူအားလုံး ဘုရား အသံတော်ကို ကြားပါစေ။

ဘုရားသခင်ရွေးချယ်ထားသောသူအားလုံးသည်

သိုးသငယ်၏ခြေရာအတိုင်းလိုက်ကြစေ။

ရှာဖွေနေသူတို့ကို ဘုရားအသိဉာဏ်ပွင်းလင်းစေ။

စောင့်ကြည့်နေသူတို့ကို ဘုရားအသိဉာဏ် ပွင့်လင်းစေ။

ရွေးနှုတ်သူကို ထိုသူအားလုံး မြင်ကြစေ၊

သူ ပြန်ကြွလာခြင်း၊ သူ ယူဆောင်သော သမ္မာတရားကို မြင်ကြစေ။

ဘုရား၏လူတို့ ပလ္လင်တော်ရှေ့ ပြန်လာ။ ဘုရားထံ ကျွန်ုပ်တို့ ဆုတောင်း။


ကိုယ်ပိုင်အယူအဆများ၏ ချုပ်နှောင်မှုကို လူတို့ ကျော်လွှားကြစေ။

မှန်သောလမ်းကို လူသားတို့ ရှာဖွေသိရှိကြစေ။

သူတို့ဝိညာဉ်များ ဆာလောင်မှု မရှိတော့ဘဲ

နှုတ်ကပတ်တော်၏ ထောက်မခြင်းကို လူတို့ ရစေ။

စာတန်၏ အပြင်းထန်ဆုံး မုသားဖြင့် လှည့်စားမခံတော့ဘဲ

လူတို့ ပိုင်းခြားသိမြင်မှု ရကြစေ။

သတင်းကောင်း ဟောပြော၊ ကိုယ်တော်ကို သက်သေခံရန်နှင့်

သူ့အချစ်၌သူ့လူတို့ အမြဲရှိဖို့ ကျွန်ုပ်တို့ကို ဘုရား လမ်းပြပါစေ။

ဘုရား၏လူတို့ ပလ္လင်တော်ရှေ့ ပြန်လာ။ ဘုရားထံ ကျွန်ုပ်တို့ ဆုတောင်း။


ကျွန်ုပ်တို့ သိနားလည်ရန်၊

နှုတ်ကပတ်တော်၊ အလိုတော်ကို

နားလည်ရန် ကျွန်ုပ်တို့ကို ကိုယ်တော် အသိဉာဏ်ပွင့်လင်းစေ။

လူအပေါင်းတို့ နှုတ်ကပတ်တော်ကို တန်ဖိုးထားလိုက်နာကြစေ။

တာဝန်ကျေပွန်ရန် ကျွန်ုပ်တို့ကို ဘုရား စီရင်ဆုံးမပါစေ။

ကျွန်ုပ်တို့စိတ်သဘောထား ပြောင်းလဲရန် စုံစမ်းခြင်းများ

ဘုရား တိုးမြှင့်ပါစေ။

လူတို့ အဆိုးနှင့်အကောင်း ကွဲပြားပါစေ။

သမ္မာတရားကို လူတိုင်း လက်တွေ့ကျင့်သုံး၍

ဘုရားပညတ်တော်အားလုံး နာခံစေ။


အသင်းတော်အသက်တာကို မနှောင့်ယှက်ဖို့

ဒုစရိုက်ပြုသူအားလုံးကို ဘုရား ဆုံးမပါစေ။

သူနှင့် တစ်လုံးတစ်ဝတည်းဖြစ်ရန်

လူသားတို့ကို တိုး၍ ဘုရား စုံလင်စေပါစေ။

ချစ်ဖွယ်ဖြစ်သော ဘုရားကို လူတို့ အချစ်စစ် ပေးအပ်ကြပါစေ။

သူ့ထံ ပြန်လာသူများ ဘုရား ကောင်းချီးပေးပါစေ။

တို့အားလုံး အလင်း၌ အသက်ရှင်ကြစေ။

ဘုရား၏လူတို့ ပလ္လင်တော်ရှေ့ ပြန်လာ။

ဘုရားထံ ကျွန်ုပ်တို့ ဆုတောင်း။ ဘုရားထံ ကျွန်ုပ်တို့ ဆုတောင်း။

အရှေ့သို့- ၁၁၃ ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားပါ၏

နောက်တစ်ခုသို့- ၁၁၅ စစ်မှန်သော ဘုရားရှင်၏နှုတ်ကပတ်တော်သည် လွန်စွာတန်ဖိုးရှိလှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။