041 သင့်သာသနာလုပ်ငန်းကို သင်သတိပြုမိလား
နှုတ်ကပတ်တော် ဓမ္မသီချင်း
သင့်သာသနာလုပ်ငန်းကို သင်သတိပြုမိလား
I
သင့်ပခုံးပေါ်က ဝန်ထုပ်၊ တာဝန်နဲ့ စေခိုင်းချက်တွေကို အို… သတိပြုမိရဲ့လား ဘယ်မှာလဲ သမိုင်းတွင်မယ့် ခံယူချက်တွေနဲ့ သာသနာတော်စေခိုင်းမှုတွေပေါ့ နောင်ကာလ မှာကောင်းသောသခင်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ အကြီးအကဲ ကောင်းတွင်ရှိသော စိတ်ဓာတ်မျိုး သင် ၌ ရှိ ရဲ့လား ခပ်သိမ်းတို့ ၏ အရှင်ဖြစ်သည်ကို သင်သည်ဘယ်လိုရှင်းပြမယ် ခပ်သိမ်းသောသက်ရှိများ ရုပ်ဝတ္ထုလောကတစ်ခုလုံးရဲ့ အစစ်အမှန် ကယ်တင်ရှင်လား အိုး… အမှုတော် နောက်တစ်ဆင့်အတွက် သင့်အစီအမံတွေဘာဖြစ်မလဲ လူဘယ်လောက်များ သင့်ကို ဦးဆောင်လမ်းပြပေးဖို့ရန် စောင့်နေမလဲ သင့်ရဲ့တာဝန်သည် အလွန်ပင် ကြီးလေးသောတာဝန် မဟုတ် ပေ လော
II
ထိုဝိညာဉ်များ သနားဖွယ်ရာ၊ ကန်း၍နေကာ ၊ အို… လမ်းပျောက်လို့နေကြ မှောင်မိုက်ထဲ ငိုကြွေး၊ လွတ်မြောက်ရာလမ်း မျှော်နေ နှစ်တွေ ကြာ နှိပ်စက်ခဲ့တဲ့ အမှောင်ထုကို ဖြိုခွင်းဖို့လာမယ့် ကြယ်တံခွန်လို အလင်းတန်းကြီး တမ်းတလို့မျှော်နေ နေ့ညမပြတ် သူတို့တမ်းတခြင်းကို ဘယ်သူသိသလဲ အလင်းတစ်ပြက်လင်းခိုက် ထိုစက်ဆုပ်ဖွယ် ရာ ဒုက္ခရောက်သူများသည် မှောင်မိုက်ထဲ၌ အကျဉ်းကျ၊ လွတ်မြောက်ရန်အတွက် မျှော်လင့်ချက်တွေမဲ့ ထိုသူတွေ ငိုကြွေးသံ ဘယ်ချိန် မှာ အဆုံးသတ်မလဲ ထိုချည့်နဲ့နေသောဝိညာဉ်များစွာ ကံဆိုးခြင်းမိုးမှောင်ကျ အကြင်နာမဲ့နှောင်ကြိုးတွေ၊ အေးစက်သောအတိတ်သမိုင်းတစ်လျှောက် အချိန်တွေ ကြာမြင့်စွာ လှောင်ပိတ်ထားခဲ့ပြီ သူတို့ရဲ့ငိုကြွေးသံ ဘယ်သူ တွေ ကြားလဲ၊ သူတို့ရဲ့ဒုက္ခကို ဘယ်သူတွေ မြင်သလဲ
III
ဘုရားရဲ့အကြောင်းတွေကို သင်သည်တွေးတောမိရဲ့လား သူဘယ်လောက်များ စိုးရိမ်သောက ရှိနေမလဲ လက်တော်နဲ့ ဖန်ဆင်းခံသော လူသားများဒုက္ခခံတာ ကိုယ်တော်ဘုရား ဘယ်လိုကြည့်ဝံ့မှာလဲ လူသည် အဆိပ်သင့်နေသော ကံဆိုးသောသူများသာ ယနေ့တိုင် အသက်ရှင်နေလည်း အတန်ကြာ နတ်ဆိုးရဲ့အဆိပ်သင့်နေခဲ့တယ် သင့်ကိုယ်သင် သားကောင်ဖြစ်မှန်း မသိအောင် မေ့ပျောက်လို့သွားပြီလား မေ့ပျောက်လို့သွားပြီလား ဘုရားရဲ့ချစ်မေတ္တာကြောင့် ကျန်ရစ်သူတို့ကို ကယ်တင်လိုသလား အစွမ်းရှိသမျှနဲ့ ဘုရားကို ကျေးဇူးဆပ်ရန်အတွက် လူသားတို့ကို သူ့အသွေးသားနည်းတူ ချစ်သောသူ ထူးခြားသောအသက်တာ ရှင်သန်ဖို့ကို ဘုရားရဲ့အသုံးပြုခံရခြင်းအား သင်မည်သို့နားလည်သလဲ အဓိပ္ပာယ်ရှိသော၊ စင်ကြယ်သော အသက်တာ၌ ရှင်သန်ဖို့၊ ဘုရားကို အစေခံဖို့အသက်ရှင်ရန် သင့် ၌ စစ်မှန်သော စိတ်ဆန္ဒနှင့်ယုံကြည်မှု ရှိပြီလား။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ