ဘုရားသခင်ကို ကျွန်ုပ် တွယ်တာ
အပိုဒ် ၁
ဘုရားသခင် ကျွန်ုပ်ထံမှ ခွဲခွာချိန်တွင်၊
မျက်ရည်များက ကျွန်ုပ်၏ မျက်လုံးများထဲ ပြည့်လာကာ၊
ကျွန်ုပ် ကို ဘုရားသခင် ပြုံးပြကာ လက်ဝှေ့ယမ်းပြပေ။
ကိုယ်တော်ကို ကျွန်ုပ် ပြောချင်သည့်အရာများစွာ ရှိသော်လည်း၊
ဤအခိုက်အတန့်တွင်၊ စကားလုံးများ ကျွန်ုပ် ပျောက်ဆုံးရပေ။
ဘုရားသခင်နှင့်ကျွန်ုပ် အတူရှိသည့် အချိန်များ စိတ်ထဲ ပေါ်လာ၊
ပျော်ရွှင်ခြင်းနှင့် ရယ်မောခြင်း မြင်ကွင်းများဖြစ်ပေ။
ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ဘုရားသခင် အဘယ်မျှ ပေးခဲ့သည်ကို ကျွန်ုပ်တို့ မမေ့နိုင်ပေ။
သူ၏ စစ်မှန်သော သွန်သင်မှုများအားလုံးက မျှော်လင့်ချက်များ သယ်ဆောင်ပေ။
ကျွန်ုပ် စိတ်နှလုံးထဲ စွဲထင်လျက်၊ ၎င်းတို့က ကျွန်ုပ်ကို ရှေ့ဆက်ဦးဆောင်ပေ။
ပြန်ဆိုအပိုဒ်
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် စဉ်းစားသည့်အခါ၊
ကျွန်ုပ်စိတ်နှလုံးထဲ အင်မတန် ချိုမြိန်မှု ကျွန်ုပ် ခံစားရ။
ပြီးလျှင် ကျွန်ုပ် တောင့်တလိုက်ပါဘိ၊
အို ကျွန်ုပ် တောင့်တလိုက်ပါဘိ၊
ကိုယ်တော်ကို တစ်ဖန် တွေ့ဆုံဖို့ ကျွန်ုပ် တောင့်တလိုက်ပါဘိ။
အပိုဒ် ၂
ကျွန်ုပ် ထံမှ ဘုရားသခင် ခွဲခွာစဉ်၊
သူ့ကို ကျွန်ုပ် ထွက်မသွားစေချင်။
သူ နောက်ပြန်လှည့်ကာ ကျွန်ုပ်ကို လက်ဝှေ့ယမ်းပြပေ။
ကျွန်ုပ်နှင့်အတူ နေဖို့ သူ့ကိုကျွန်ုပ် တောင်းဆိုချင်သော်လည်း၊
ကျွန်ုပ် မတောင်းဆိုနိုင်သလို၊ ကျွန်ုပ်၏ နှလုံးသားထဲ အင်မတန် နာကျင်မှုတစ်ခုကို ကျွန်ုပ် ခံစားရပေ။
တစ်နေ့ပြီးတစ်နေ့ ကိုယ်တော်၏ သွန်သင်မှုတို့က
ကျွန်ုပ်ကို ရှေ့ဆက် မောင်းနှင်နေ။
ကျွန်ုပ် စိတ်နှလုံးထဲ ခိုင်မာလျက်၊ ကိုယ်တော့်နောက်လိုက်ဖို့ ၎င်းတို့က ကျွန်ုပ်ကို ဦးဆောင်။
နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် တွေ့ကြုံကာ၊
ကျွန်ုပ်အတွက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်မည်။
သံပြိုင်အပိုဒ်
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် စဉ်းစားသည့်အခါ၊
ကျွန်ုပ် စိတ်နှလုံးထဲ အင်မတန် ချိုမြိန်မှု ကျွန်ုပ် ခံစားရ။
ပြီးလျှင် ကျွန်ုပ် တောင့်တလိုက်ပါဘိ၊
အို ကျွန်ုပ် တောင့်တလိုက်ပါဘိ၊
ကိုယ်တော်ကို တစ်ဖန် တွေ့ဆုံဖို့ ကျွန်ုပ် တောင့်တလိုက်ပါဘိ။