နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃) အခန်း သုံး

(ဆ) ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း

ဆက်လက်၍ ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဟူသော ဝေါဟာရများအကြောင်းကို ငါတို့ မိတ်သဟာယပြုကြစို့။ ဘုရားသခင်အပေါ် သံသယများနှင့် ပြည့်နေသောကြောင့် အန္တိခရစ်တို့သည် ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမျှ စိတ်မဝင်စားကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် ပြည့်နေကြပြီး၊ ကျိုးနွံနာခံမှုတစ်ခုတလေကို ပြသရန် မဆိုထားနှင့်၊ ခရစ်တော်သည် သမ္မာတရားဖြစ်ကြောင်းကိုပင် ၎င်းတို့ မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အမျိုးမျိုးသော စိတ်ကူးများကို မကြာခဏဆိုသလို ဖြစ်ပေါ်လျက် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မကြာခဏ သံသယရှိပြီး သင်္ကာမကင်းဖြစ်ကြသောကြောင့်၊ “ဘုရားသည် အမှန်တကယ် တည်ရှိပါသလော။ သူပြောသည့်အရာအားဖြင့် သူသည် မည်သည့်အရာကို ဆိုလိုသနည်း။ အသိပညာနှင့် အယူဝါဒတို့၏ ရှုထောင့်များမှ အကဲဖြတ်မည်ဆိုလျှင် ဤနှုတ်ကပတ်တော်များကို မည်သို့ နားလည်သင့်သနည်း။ ဘုရားက ဤအရာများကို ပြောဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ သူက ဤဝေါဟာရကို အသုံးပြုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် မည်သူ့ကို ရည်ညွှန်းနေသနည်း” ဟု တွေးတောလျက် အကဲဖြတ်မှုများကို စဉ်ဆက်မပြတ်၊ အလိုအလျောက် ပြုလုပ်မိကြသည်။ ၎င်းတို့သည် သုတေသနလုပ်ပြီးရင်း လုပ်ကြကာ၊ ထိုသို့သော စုံစမ်းစစ်ဆေးမှုကို နှစ်ချီလုပ်ဆောင်ပြီးနောက် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သူပြုသည့် အမှုထဲတွင်၊ ဘုရားသခင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်ဟူသည့် အရေးအကြီးဆုံးသော သမ္မာတရားကို မမြင်နိုင်ကြသေးပေ။ ၎င်းတို့သည် ဤအရာကို နားမလည်နိုင်၊ မမြင်နိုင်ကြသေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်ဟု လူတို့ ပြောသောအခါ၊ အန္တိခရစ်တို့က စဉ်းစားပြီး “သူ့နှုတ်ကပတ်တော်အားလုံးက သမ္မာတရား ဟုတ်သလော။ ယင်းတို့သည် သာမန်စကားလုံးအချို့သာဖြစ်သည် မဟုတ်လော။ သမားရိုးကျ ဖော်ပြချက်အချို့သာဖြစ်သည် မဟုတ်လော။ ယင်းတို့နှင့်ပတ်သက်၍ နက်နဲသည့်အရာ တစ်ခုမျှ မရှိပါ” ဟု တွေးထင်ကြသည်။ ဘုရားသခင်၏ အမှုကို ကြည့်လျက် ၎င်းတို့က “အသင်းတော်၌ဖြစ်စေ၊ သူရွေးချယ်ထားသောသူတို့တွင်ဖြစ်စေ သူပြုသောအမှုမှ ဘုရားသခင်၏အရှိန်အဝါကို ငါ မမြင်ရပါ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟု သူတို့ပြောကြသော်လည်း ငါ မမြင်ရပါ။ မှန်ဘီလူးဖြင့် ကြည့်သည်ဖြစ်စေ၊ နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် ကြည့်သည်ဖြစ်စေ၊ ဘုရား၏ ပုံသဏ္ဌာန်ကို ငါမမြင်ရပါ။ ပြီးလျှင် မည်သို့ပင် ငါ ကြည့်သည်ဖြစ်စေ၊ သူ၏ လုပ်ဆောင်ချက်များကို ငါ ရှာမတွေ့နိုင်ပါ။ ထို့ကြောင့် လက်ရှိတွင် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိဟူသည်ကို ငါ ၁၀၀% အတည်မပြုနိုင်သေးပါ။ သို့သော် ဘုရား မရှိဟု ငါပြောလျှင်လည်း၊ လောကကြီးတွင် ထူးဆန်းပြီး သိပ္ပံနည်းဖြင့် အဖြေမထုတ်နိုင်သောအရာအချို့ တည်ရှိနေသည်ဟု ငါ ကြားရလေပြီ။ ထိုသို့ဆိုလျှင် ဘုရား တည်ရှိသင့်ပေသည်။ သို့သော် ဘုရားသည် အမှန်တွင် မည်သည့်အရာနှင့်တူသနည်း။ ဘုရားသည် မည်သို့ ပြုမူဆောင်ရွက်သနည်း။ ငါ မသိပါ။ အရိုးရှင်းဆုံးသော နည်းလမ်းမှာမူ သူ၏နောက်သို့လိုက်သောသူတို့၌ ဘုရားက မည်သည့်အရာများကို လုပ်ဆောင်ပြီး မည်သည့်အရာများ ပြောသည်ကို ကြည့်ရှုရန်သာ ဖြစ်သည်” ဟု စဉ်းစားကြသည်။ စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့်၊ ဘုရားအိမ်တော်က လူတို့ကို မကြာခဏ ပြုပြင်ကြောင်း၊ လူတို့ကို မကြာခဏ ရာထူးတိုးပေးပြီး ဖြုတ်ချကြောင်းနှင့် အမျိုးမျိုးသော တာဝန်များ၊ အမျိုးမျိုးသော အလုပ်အကိုင်များနှင့်ဆက်စပ်သည့် အလုပ်များနှင့်ပတ်သက်၍ လူတို့နှင့် မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းနှင့် နောက်ထပ်အမှုအရာများကို လုပ်ဆောင်ကြောင်း ၎င်းတို့ မြင်တွေ့ကြသည်။ ၎င်းတို့က “ဤအရာများအားလုံးသည် လူတို့လုပ်ဆောင်သော အမှုအရာများ မဟုတ်ပါလော။ ယင်းတို့တစ်ခုမျှ သဘာဝလွန်သောအရာမရှိပါ။ အားလုံးသည် အလွန်ပင် သာမန်ဖြစ်ပြီး၊ ဘုရား၏ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်နေသည်ကို ငါ မမြင်ရ၊ မခံစားရပါ။ ငါ မခံစားရလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မတည်ရှိဟု ပြော၍မရနိုင်သလော။ ထိုအရာသည် လူတို့၏ အသိစိတ်ထဲ၌လည်းကောင်း၊ ၎င်းတို့၏စိတ်ထဲ၌လည်းကောင်း စိတ်ကူးထားသောအရာချည်းသာ မဟုတ်ပါလော။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်က မတည်ရှိလျှင်၊ ဘုရား၏ဝိညာဉ်တော်သည် အမှန်တကယ် တည်ရှိပါသလော။ ယင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်ပုံရသည်။ ဘုရား၏ဝိညာဉ်တော်သည် မတည်ရှိလျှင်၊ ဘုရားသည် အမှန်တကယ် တည်ရှိပါသလော။ ပြောရခက်ပေသည်”ဟု စဉ်းစားကြသည်။ အတွေ့အကြုံ ငါးနှစ်ရှိပြီးနောက်တွင်၊ ၎င်းတို့သည် အတည်ပြုချက်တစ်ခုကို မရနိုင်ဘဲ၊ အတွေ့အကြုံ ဆယ်နှစ် သို့မဟုတ် ဆယ့်ငါးနှစ်ကြာပြီးသည့်နောက်တွင်ပင် ၎င်းတို့ မရနိုင်သေးပေ။ ဤသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့ ပေါ်လွင်သွားပြီဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြပေသည်။ ဤမယုံကြည်သူတို့သည် ဘုရားအိမ်တော်၌ အလိုက်သင့်သာလုပ်နေရင်း၊ ဤသို့ပင် လတ်လျားလတ်လျားနေကြသည်။ အခြားသူများက ဧဝံဂေလိတရားကို ဟောပြောနေလျှင် ၎င်းတို့လည်း ဟောပြောကြသည်။ အခြားသူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေလျှင် ၎င်းတို့လည်း ထမ်းဆောင်ကြသည်။ ရာထူးတိုးရန် အခွင့်အရေးတစ်ခု ကြုံလာလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၌ “ရာထူး”ကို ကိုင်စွဲနိုင်သည်ဟု တွေးထင်ကြပြီး အဆင့်အတန်းအတွက် အားထုတ်မှုအချို့ကို ပြုလုပ်နိုင်စွမ်း ရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလျက်၊ မကောင်းမှုများကိုလည်း မဆင်မခြင် ကျူးလွန်နိုင်ကြသည်။ ၎င်းတို့သည် မည်သည့်အဆင့်အတန်းမျှမရှိသော သာမန်အသင်းသားများဖြစ်ပါက ပြစားဖို့အတွက် အလုပ်တစ်ခုခုကို လုပ်ဆောင်ရင်း ဖြတ်လမ်းလိုက်ဖို့ နည်းလမ်းများကို ရှာနိုင်ကြလေသည်။ ဤသည်မှာ လတ်လျားလတ်လျားနေခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အဘယ်ကြောင့် ငါက “လတ်လျားလတ်လျားနေသည်”ဟု ဆိုရသနည်း။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ တည်ရှိခြင်းနှင့် အနှစ်သာရကို ငြင်းဆိုသော သဘောထားအား ထိန်းသိမ်းလျက် ဘုရားသခင်အပေါ် သံသယများနှင့် ငြင်းဆိုခြင်းကို ထားရှိကြလေသည်။ ယင်းက ၎င်းတို့ကို ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို အင်တင်တင်ဖြင့် ထမ်းဆောင်စေသည်။ ၎င်းတို့သည် သဘောမပေါက်ကြသည့်အပြင်၊ “ငါ၏တာဝန်ကို ဤသို့ထမ်းဆောင်ပြီး ဘုရားသခင်၏နောက်သို့ လိုက်နေခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ငါသည် အလုပ်လုပ်ပြီး ငွေရှာနေခြင်းလည်း မဟုတ်၊ ပုံမှန်ဘဝတစ်ခုကို နေထိုင်နေခြင်းလည်း မဟုတ်ပါ။ အချို့သောလူငယ်များသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏တစ်ဘဝလုံးကိုပင် ဆက်ကပ်ကြသော်လည်း အဘယ်အရာ သူတို့ ရရှိလိမ့်မည်နည်း။ ထို့ကြောင့် ငါသည် ဦးစွာ စောင့်ကြည့်လေ့လာမည်။ ငါသည် အဖြစ်မှန်ကို အမှန်တကယ် သိနိုင်ပြီး ကောင်းချီးမင်္ဂလာများရရှိမည့် မျှော်လင့်ချက်ကို မြင်နိုင်လျှင်၊ အားထုတ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းက အချည်းနှီးဖြစ်မည်မဟုတ်ပါ။ ငါသည် ဘုရားသခင်၏ တိကျသော နှုတ်ကပတ်တော်များကို မရနိုင်လျှင်၊ သို့မဟုတ် အကြောင်းရင်းမှန်ကို မသိနိုင်လျှင် လတ်လျားလတ်လျားနေခြင်းသည် အရှုံးမဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ၊ ငါသည် ပင်ပန်းနွမ်းနယ်မည်မဟုတ်သည့်အပြင်၊ အလွန်အကျွံ ပေးဆပ်ထားခြင်းလည်း ရှိမည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လတ်လျားလတ်လျားနေခြင်းသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ ရိုးသားစစ်မှန်မှုမရှိကြပေ။ မည်သည့်အရာကိုမျှ ခံနိုင်စွမ်းမရှိ၊ မထူးချွန်နိုင်ကြသည့်အပြင်၊ အဖိုးအခကို စစ်မှန်စွာ မပေးဆပ်နိုင်ကြပေ။ ဤသည်မှာ လတ်လျားလတ်လျားနေခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် လတ်လျားလတ်လျားနေကြသော်လည်း ၎င်းတို့၏ အတွေးများသည် တန့်နေခြင်းမရှိ၊ အလွန်ပင် အလုပ်များနေကြသည်။ ၎င်းတို့သည် ဘုရားသခင်ပြုသည့် အမှုအရာများစွာနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေကြပြီး၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အမှုအရာများစွာအတွက်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အသိပညာ၊ ဥပဒေသများ၊ လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားများ၊ ရိုးရာယဉ်ကျေးမှု၊ အစရှိသည်တို့ကို အသုံးပြု၍ အကဲဖြတ်ကြသည်။ ၎င်းတို့၏ အကဲဖြတ်မှုအားလုံးရှိလင့်ကစား၊ ၎င်းတို့သည် အကဲဖြတ်ခြင်းမှတစ်ဆင့် သမ္မာတရားကို ရိပ်စားမိနိုင်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများအား ရှာတွေ့နိုင်ခြင်းမရှိသည်သာမက၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် အမျိုးမျိုးသော ပြစ်တင်ရှုတ်ချခြင်းများ၊ ဝေဖန်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းများကိုပင် ဖြစ်ပေါ်လာကြရသည်။ အန္တိခရစ်တို့သည် ပထမဆုံးအနေဖြင့် မည်သည့်အရာကို ဝေဖန်ကြသနည်း။ ၎င်းတို့က၊ “ဘုရားအိမ်တော်၏အလုပ်သည် လူတို့က ဆုံးဖြတ်သည်ချည်းသာဖြစ်သည်။ အားလုံးကို လူသားများက လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်ခြင်းနှင့် လမ်းပြခြင်းတို့ကို ကျွန်ုပ် လုံးဝမမြင်ရပါ”ဟု ဆိုကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ ပြောဆိုချက် မဟုတ်လော။ အရာရာတိုင်းကို လူတို့က လုပ်ဆောင်သည်ဟု အခိုင်အမာဆိုခြင်းသည် ပြဿနာများစွာကို ဖော်ပြသည်။ ဥပမာအားဖြင့်၊ ဘုရားအိမ်တော်သည် ၎င်းတို့၏ အကြိုက်မဟုတ်သောသူတစ်ဦးကို ရွေးကောက်ပြီး ပျိုးထောင်ပေးလျှင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် လက်မခံဖြစ်လာကြသည်။ အန္တိခရစ်တို့သည် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (မနာခံနိုင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့သည် ထိုအရာကို ရန်မူဖို့ကြိုးစားကြလိမ့်မည်။ ရန်မူခြင်းက မအောင်မြင်လျှင်၊ ညီအစ်ကိုမောင်နှမများထဲမှ မည်သူမျှ ၎င်းတို့ကို နားမထောင်လျှင် သို့မဟုတ် မထောက်ခံလျှင်၊ ၎င်းတို့က “ဘုရားအိမ်တော်သည် မမျှတသည့်အပြင်၊ လူတို့ကို ဆက်ဆံပုံတွင်စည်းမျဉ်းများ ကင်းမဲ့သည်။ လောက၌ အရည်အချင်းရှိသောသူများစွာ ရှိသော်လည်း၊ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သူ တစ်ဦးမျှ မရှိပါ”ဟု ဆိုလျက် ပြစ်တင်ရှုတ်ချခြင်းကို စတင်ကြလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် အရည်အချင်းရှိသော သူများဖြစ်သော်လည်း၊ ကံအကြောင်းမလှစွာ ဘုရားအိမ်တော်၌ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သောသူ မရှိခြင်းကို ဆိုလိုသည်။ ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ဘုရားအိမ်တော်မှ လုပ်ဆောင်သော ဤကိစ္စကို ပြစ်တင်ရှုတ်ချပြီးနောက်၊ ၎င်းတို့သည် အခြေအမြစ်မရှိသော ကောလာဟလများ၊ အယူအဆများနှင့် အပျက်သဘောဆောင်ခြင်းတို့ကဲ့သို့သော အရာများကို စတင်ဖြန့်ဝေကြလိမ့်မည်။ ၎င်းတို့၏ စကားလုံးအားလုံးသည် ကြမ်းတမ်းလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ အချို့က၊ “ဤလူတို့သည် ပညာတတ်ကြသည်၊ ရုပ်ရည်ကြည့်ကောင်းကြသည်၊ စမတ်ကျစွာ ဝတ်စားဆင်ယင်ကြပြီး၊ မြို့ပေါ်ကလူများ ဖြစ်ကြသည်။ ငါတို့သည် ကျေးလက်မှ လူများဖြစ်ကြသည်။ ငါတို့၌ ပါရမီအချို့ရှိသော်လည်း မိမိတို့ကိုယ်ကို မဖော်ပြနိုင်ကြပါ။ သို့မဟုတ် အထက်နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိပါ။ ငါတို့အတွက် ရာထူးတိုးရန် မလွယ်ကူပါ။ ဘုရားအိမ်တော်၌ ရာထူးတိုးခံရသော သူတို့အားလုံးသည် စကားပြောကောင်းကြသည်၊ မြှောက်ပင့်ရာတွင် တော်ကြပြီး နည်းဗျူဟာများရှိကြသည်။ အခြားတစ်ဖက်တွင်၊ ငါမူကား၊ ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်းမရှိ၊ အပြောမကောင်းသည့်အပြင် အတွင်းပိုင်း အရည်အချင်းများရှိရုံမျှက အသုံးမဝင်ပါ။ သို့ဖြစ်၍ ဘုရားအိမ်တော်၌ ‘လောက၌ အရည်အချင်းရှိသောသူများစွာ ရှိသော်လည်း၊ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သူ နည်းပါးလှသည်’ ဟူသောစကားသည် လောက၌ကဲ့သို့ပင် အတူတူ အကျုံးဝင်သည်” ဟုပင် ဆိုကောင်းဆိုပေမည်။ ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဝေဖန်ခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို ဝေဖန်ပြီး၊ ၎င်းတို့၏ ဝေဖန်ချက်များကို နောက်ကွယ်၌ ဖြန့်ဝေကြသည်။ ဘုရားသခင်၊ သူ၏ အမှုတော်၊ သူ၏ဖော်ပြချက်များ၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်သဘောထားနှင့် သူ၏အမျိုးမျိုးသော အမှုပြုသည့် နည်းလမ်းများအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံတွင်၊ အန္တိခရစ်တို့သည် ယင်းတို့ကို အကဲဖြတ်ရန်၊ သုတေသနလုပ်ရန်နှင့် ကျိုးကြောင်းဆင်ခြင်ရန် အသိပညာနှင့် အတွေးအခေါ်ကို အသုံးပြုကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မှားယွင်းသော ကောက်ချက်တစ်ခုကို ချမိကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ပြောဆိုသော မည်သည့်နှုတ်ကပတ်တော်ကိုမျှ အလေးအနက် လက်ခံခြင်း၊ သဘောပေါက်ခြင်း သို့မဟုတ် တွေးဆခြင်း လုံးဝ မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောတရားတစ်မျိုး သို့မဟုတ် ကြားကောင်းသည့် စကားတစ်မျိုးအဖြစ်သာ သဘောထားကြသည်။ ကိစ္စရပ်များ ပေါ်ပေါက်လာသောအခါ၊ ၎င်းတို့သည် ကိစ္စရပ်တစ်ခုစီကို ရှုမြင်ရန်၊ သတ်မှတ်ရန်နှင့် တိုင်းတာရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်နှင့် စည်းမျဉ်းအဖြစ် သဘောမထားကြပေ။ ထိုအစား၊ ၎င်းတို့သည် ဤကိစ္စရပ်များကို ဝေဖန်သုံးသပ်ရန် လူ့အမြင်များ၊ စာတန်၏ အတွေးအခေါ်နှင့် သဘောတရားများကို အသုံးပြုကြသည်။ ၎င်းတို့ ရရှိသော ကောက်ချက်များမှာ မည်သည့်အရာမျှ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီပါဟူ၍လည်းကောင်း၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် လုပ်ဆောင်ချက်တိုင်းသည် ၎င်းတို့၏ နှစ်သက်မှုနှင့် မကိုက်ညီပါဟူ၍လည်းကောင်း ဖြစ်သည်။ အဆုံးတွင်၊ အန္တိခရစ်တို့၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဘုရားသခင်ပြုသည့် အရာအားလုံးက ပြစ်တင်ရှုတ်ချခြင်းခံရလေသည်။

အချို့သော အန္တိခရစ်တို့သည် ဘုရားအိမ်တော်၌ အာဏာကိုင်စွဲရန် အမြဲဆန္ဒရှိကြသော်လည်း၊ ၎င်းတို့တွင် အစွမ်းအစနှင့် အထူးကျွမ်းကျင်မှုများ ကင်းမဲ့သောကြောင့်၊ ဘုရားအိမ်တော်၌ သန့်ရှင်းရေးလုပ်ခြင်း၊ ပစ္စည်းများဖြန့်ဝေခြင်းနှင့် အခြား ရိုးရှင်းသည့်၊ သာမန်အလုပ်များကဲ့သို့သော အရေးမပါသည့်အလုပ်အချို့ကို မလွှဲမရှောင်သာ လုပ်ဆောင်ရလေသည်။ တိုတိုပြောရလျှင်၊ ဤသို့သော လူစားမျိုးများသည် အသင်းတော်ခေါင်းဆောင်များ၊ တရားဟောသူများ သို့မဟုတ် ထိုကဲ့သို့သောသူများ လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း၊ ၎င်းတို့သည် ရည်မှန်းချက်ဖြင့် ပြည့်နေသောကြောင့်၊ သာမန်နောက်လိုက်များဖြစ်ခြင်း သို့မဟုတ် ၎င်းတို့က သာမညောင်ညဟု ယူဆသောအလုပ်ကို လုပ်ဆောင်ခြင်းဖြင့် မရောင့်ရဲကြပေ။ ရည်မှန်းချက်ဖြင့် ပြည့်နေခြင်းသည် မည်သို့ထင်ရှားသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်ထဲက ကိစ္စ ကြီး၊ ငယ်တိုင်းတွင် စုံစမ်းရန်၊ မေးမြန်းရန်၊ သိရှိရန်နှင့် အထူးသဖြင့် ဝင်ရောက်စွက်ဖက်ရန် လိုလားကြသည်။ ၎င်းတို့ အားစိုက်ထုတ်ရမည့်အလုပ်အချို့ ရှိပါက၊ ၎င်းတို့က “ကျွန်ုပ်တို့၏ ဘုရားအိမ်တော်အတွက် စာအုပ်များပုံနှိပ်ခြင်းသည် မည်သို့ရှိသနည်း။ ကျွန်ုပ်တို့အသင်းတော်၏ ရုပ်ရှင်ဒါရိုက်တာ ရွေးချယ်မှုမှာ မည်သို့ရှိသနည်း။ လက်ရှိဒါရိုက်တာသည် မည်သူနည်း။ ဇာတ်ညွှန်းများကို မည်သူရေးနေသနည်း။ ဤနေရာတွင် အသိုင်းအဝိုင်းခေါင်းဆောင်က မည်သူနည်း၊ သူတို့သည် မည်သည့်အရာကဲ့သို့ ဖြစ်သနည်း” ဟု အမြဲ စုံစမ်းမေးမြန်းနေကြသည်။ ဤအရာများကို မေးမြန်းခြင်းအားဖြင့် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကိစ္စရပ်များတွင် ၎င်းတို့ စုံစမ်းမေးမြန်းသင့်သလော သို့မဟုတ် ပါဝင်ပတ်သက်သင့်သလော။ (မပါဝင်သင့်ပါ။) ဤအရာများအားလုံးသည် သမ္မာတရားနှင့်မသက်ဆိုင်သော အထွေထွေကိစ္စရပ်များသာ ဖြစ်သည်။ ဤ“စေတနာကောင်းသူများ”သည် အဘယ်ကြောင့် အမြဲတမ်း မေးမြန်းနေကြသနည်း။ စစ်မှန်သော စိုးရိမ်မှုဖြင့်လော၊ သို့မဟုတ် ၎င်းတို့၌ လုပ်စရာပိုကောင်းသည့်အရာ မရှိသောကြောင့်လော။ နှစ်ခုလုံးမဟုတ်ပေ။ ၎င်းတို့တွင် ရည်မှန်းချက်များရှိပြီး ရာထူးတိုးပြီး အာဏာရယူချင်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အာဏာရယူမည့် ရည်မှန်းချက်နှင့် ဆန္ဒဖြစ်သည်ကို ၎င်းတို့ သဘောပေါက်နိုင်ကြသလော။ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့တွင် ထိုဆင်ခြင်တုံတရား ကင်းမဲ့သည်။ ၎င်းတို့၏ စက်ဆုပ်ဖွယ်ကောင်းသော လူ့သဘာဝနှင့် ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင် သို့မဟုတ် အရှင်းဆုံးသော တာဝန်ကိုပင် ကောင်းစွာမထမ်းဆောင်နိုင်ပေ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တစ်လျှောက်လုံးတွင်၊ ၎င်းတို့သည် အမြဲတစေ ဆိုးရွားစွာပြုမူကြသည်။ ပျင်းရိကြသည်။ နားနားနေနေနေတတ်ကြပြီး၊ အမျိုးမျိုးသောကိစ္စရပ်များကိုပင် မေးမြန်းကြသည်။ အဆုံးတွင်၊ ဤသရုပ်သကန်များကြောင့် ၎င်းတို့ ရှင်းလင်းပစ်ခြင်းခံရသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းသည် မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် အလွန်အမင်း စိုးရိမ်ပူပန်ပြီး စပ်စုသောကြောင့် ရှင်းလင်းပစ်ခြင်းခံရခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သင့်တင့်လျောက်ပတ်သော ကိစ္စရပ်များကို အာရုံမစိုက်သည့်အပြင် ဘုရားအိမ်တော်၌ အဆက်မပြတ် ကပ်ရပ်နေလိုသောကြောင့် ၎င်းတို့ကို နှင်ထုတ်ပြီး လတ်လျားလတ်လျားလုပ်ခွင့် မပြုတော့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့ကို ဆက်လက်ထားရှိခြင်းသည် အကျိုးမရှိပေ။ ၎င်းတို့သည် မယုံကြည်သူများ မဟုတ်လော။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်း မပြုသင့်သလော။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည့်အချိန် ရောက်သောအခါ၊ ၎င်းတို့သည် စိုးရိမ်သောကဖြစ်လာကြပြီး ထိုအခါမှသာ ၎င်းတို့က၊ “ဘုရားအိမ်တော်သည် လူတွေကို ဖယ်ရှားရှင်းလင်းပြီး နှင်ထုတ်ဖို့အတွက် စည်းမျဉ်းများက အမှန်တကယ် မည်သည့်အရာများဖြစ်သည်ကို ကျွန်ုပ် ရှာဖွေရမည်။ ကျွန်ုပ်ကို ဘယ်အခြေခံအကြောင်းရင်းဖြင့် ဖယ်ရှားရှင်းလင်းသနည်း”ဟု မေးလျက် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေကြလေသည်။ သင်က၊ “သင်တို့ကဲ့သို့ အနေအစားချောင်ခြင်းကို နှစ်သက်ပြီး အလုပ်ကို မုန်းသည့်၊ မိမိတို့လုပ်ဆောင်သမျှအရာရာ၌ အဖျက်အမှောင့်များနှင့် ပျက်စီးခြင်းများကို ဖြစ်စေသည့်သူတစ်ဦးသည် ရှင်းလင်းပစ်ခြင်းအတွက် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်”ဟု ၎င်းတို့ကို တုံ့ပြန်သင့်သည်။ မိမိတို့က မည်သည့်လူစားမျိုးဖြစ်သည်ကို နားမလည်ဘဲ မကောင်းမှုများစွာကို လုပ်ဆောင်ပြီးနောက်တွင် လူများကို ဖယ်ရှားရှင်းလင်းခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများအား ရှာဖွေခြင်းသည် အတော်ပင် ရယ်ဖွယ်ကောင်းပုံရသည် မဟုတ်လော။ (ရယ်ဖွယ်ကောင်းပါသည်။) ဤကဲ့သို့သော လူအချို့သည် ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရစဉ်တွင် အချို့မှာမူ သာမန်အသင်းတော်များသို့ ပို့ခြင်းခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်များထမ်းဆောင်ရန် မသင့်တော်သည့်အပြင်၊ မိမိတို့တာဝန်များကို ထမ်းဆောင်ရန်အတွက် သတ်မှတ်ချက်များ ကင်းမဲ့ကြသည်။ ဤ လူစားမျိုးများသည် ဘုရားသခင်ပြုခဲ့သောအရာက သမ္မာတရားနှင့်ကိုက်ညီကြောင်း သိရှိနိုင်သလော။ အန္တိခရစ်တို့သည် မည်သည့်အခါမျှ သဘောပေါက်လိမ့်မည်မဟုတ်ဟု ငါပြောဝံ့သည်။ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြပြီး၊ သမ္မာတရားနှင့်ကိုက်ညီသော မည်သည့် အပြုသဘောဆောင်သည့်အရာကိုမဆို ၎င်းတို့က ပြစ်တင်ရှုတ်ချပြီး ဝေဖန်သုံးသပ်ကြသောကြောင့် ဖြစ်သည်။ အမြဲ စပ်စုရန် စိတ်အားထက်သန်ပြီး၊ ရည်မှန်းချက်အပြည့်ရှိကာ အမြဲ အထက်သို့တက်ရန် ကြိုးစားနေစဉ်၊ မိမိ၏ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ရိုးသားမှုနှင့် သစ္စာစောင့်သိမှုမျှ မရှိသော အန္တိခရစ်သည်၊ နှင်ထုတ်ခံရသောအခါ မြေပေါ်တွင်ထိုင်ကာ အကျယ်လောင်ဆုံး ငိုကြွေးမြည်တမ်းသည်။ ၎င်းတို့က၊ “ကျွန်ုပ်၏ စေတနာကောင်းရှိသော စိတ်နှလုံး၊ ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုနှင့် သစ္စာစောင့်သိမှုတို့ကို မည်သူမျှ နားမလည်ကြပါ။ အဘယ်ကြောင့် ကျွန်ုပ် နှင်ထုတ်ခံရသနည်း။ ကျွန်ုပ် မတရားခံရခြင်းဖြစ်သဖြင့် မလိုလားပါ။ မည်သူမျှ ဘုရားအတွက် ဤသို့စိုးရိမ်ခြင်းမရှိသည့်အပြင် မည်သူမျှ ဘုရားအိမ်တော်၌ ဤသို့သစ္စာရှိခြင်းမရှိပါ။ ကျွန်ုပ်၏ ကြီးမားသော စိတ်အားထက်သန်မှုနှင့် ကြီးမားသော ကြင်နာမှုတို့ကို မကောင်းသောရည်ရွယ်ချက်အဖြစ် သဘောထားခံရသည်။ ဘုရားသည် အလွန်မမျှတပါ”ဟု ဆိုကြလေသည်။ ဤသည်မှာ အပြစ်ကင်းစင်ကြောင်း အသနားခံခြင်းမဟုတ်လော။ ၎င်းတို့၏ စကားများထဲမှ တစ်ခုတလေသည် လူတို့ပြောသင့်သည့်အရာ ဖြစ်သလော။ တစ်ခုတလေသည် အမှန်တရားများနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ယင်းတို့အားလုံးသည် ကျိုးကြောင်းမဆီလျော်သော၊ အဓိပ္ပာယ်မဲ့သော၊ မယုံကြည်သူတို့၏ စကားများဖြစ်ပြီး၊ မကျေနပ်မှုများ၊ နာကြည်းချက်များနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ဖြင့် ပြည့်နေသည်။ ဤသည်မှာ ၎င်းတို့ ဖော်ထုတ်ခြင်းခံရခြင်း ဖြစ်သည်။ ၎င်းတို့ကို မနှင်ထုတ်ခဲ့လျှင်၊ ၎င်းတို့သည် ဆက်လက် ဟန်ဆောင်ပြီး ဘုရားအိမ်တော်၏ သခင်ဖြစ်ရန် ဆန္ဒပြင်းပြနေကြဦးမည်ဖြစ်သည်။ သခင်တစ်ဦးသည် ဤသို့ပြုမူမည်လော။ သခင်တစ်ဦးသည် မြေမှာလူးလှိမ့်ကာ ဒေါသတကြီး အော်ဟစ်မည်လော။ သခင်တစ်ဦးသည် ဘုရားအိမ်တော်ကို ဤသို့ စီမံခန့်ခွဲမည်လော။ ၎င်းတို့ကို သန့်ရှင်းရေးလုပ်ခိုင်းသော်လည်း၊ ၎င်းတို့သည် နေရာအနှံ့ လျှောက်သွားပြီး မည်သည့်အလုပ်မျှ မလုပ်ခဲ့ကြပေ။ ၎င်းတို့ကို အစားအစာများ ချက်ပြုတ်ခိုင်းသော်လည်း၊ လူနှစ်ယောက်အတွက်ပင် အစားအစာများ ချက်ပြုတ်ရန် မလိုလားခဲ့ကြပေ။ ၎င်းတို့သည် ပင်ပန်းမည်ကိုကြောက်ပြီး၊ ယင်းကို အဆင့်အတန်းနိမ့်သည်ဟု ထင်ခဲ့ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အခြားမည်သည့်အရာကို လုပ်နိုင်သေးသနည်း။ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ခြင်းနှင့် အမိန့်များထုတ်ပြန်ခြင်းမှလွဲ၍ အခြားအရာတစ်ခုတလေကို လုပ်နိုင်စွမ်းရှိသလော။ ဘုရားအိမ်တော်က ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းသည် ကျိုးကြောင်းဆီလျော်သည် မဟုတ်လော။ (ကျိုးကြောင်းဆီလျော်ပါသည်။) လုံးဝ ကျိုးကြောင်းဆီလျော်သည်။ သို့သော် ၎င်းတို့သည် မြေမှာလူးလှိမ့်ကာ ဒေါသတကြီး အော်ဟစ်လျက်၊ အရှက်မရှိသော မိန်းမများကဲ့သို့ ပြုမူလျက်၊ နောက်ကွယ်၌ ဆက်လက်ကျိန်ဆဲကြလေသည်။ ဤသူတို့သည် အန္တိခရစ်များ မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန် ဖြစ်သည်။ မိမိတို့၏ အကျိုးစီးပွား သို့မဟုတ် နှစ်သက်မှုများနှင့် မကိုက်ညီသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသောအခါ၊ မိမိတို့၏ တောင့်တမှုများ သို့မဟုတ် လိုအင်ဆန္ဒများကို မဖြည့်ဆည်းပေးသည့်အရာများနှင့် ရင်ဆိုင်ရသောအခါ၊ အနည်းငယ်မျှပင် ၎င်းတို့ ကျိုးနွံနာခံကြသလော။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ စိတ်ငြိမ်အောင်ထားနိုင်သလော၊ မိမိတို့၏အပြစ်များကို ဝန်ချပြီး၊ နောင်တရနိုင်သလော။ မရနိုင်ပေ။ ၎င်းတို့၏ ချက်ချင်းတုံ့ပြန်မှုမှာ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ကျိန်ဆဲခြင်းစကားများဖြင့် ပြည့်လျက် ထကြွပြီး ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ပြောဆိုရန် ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားအိမ်တော်က ငါ့ကိုမလိုချင်လျှင်၊ ကိစ္စမရှိပါ။ သင်တို့က သနားညှာတာမှုမပြပါ။ ထို့ကြောင့် ငါ့ကို အကြင်နာတရားမရှိဟု အပြစ်မတင်နှင့်။ မညှာမတာပွဲကြမ်းပြီး မည်သူက ပိုရက်စက်သည်ကို ကြည့်ကြစို့” ဟု စဉ်းစားကြသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းနှင့်ဆိုင်သည့် သရုပ်သကန်ဖြစ်သလော။ ဤသည်မှာ ပုံမှန်ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် သရုပ်သကန်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး နောက်သို့လိုက်သောသူတို့သည် သူ့ကို မည်သို့ သဘောထားသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်၊ အကြွင်းမဲ့ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဘုရားသခင်၏ ရန်သူများဖြစ်သော စာတန်နှင့် နတ်ဆိုးများသာလျှင် ဘုရားသခင်ကို ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ပြုလုပ်ပြီး၊ သူ့ကို ကန့်ကွက်ပြောဆိုကာဆန့်ကျင်သည်အထိ လုပ်ဆောင်ကြပေမည်။ သင်သည် ဤအမှန်တရား ယခု လက်မခံနိုင်ဘဲ ဘုရားအိမ်တော်က သင့်ကို မမျှမတ ဆက်ဆံခဲ့သည်ဟု အခိုင်အမာဆိုရန် အကြောင်းပြချက် ရာချီကို စိတ်ကူးမိနိုင်လျှင်ပင်၊ သင်၌ ဆင်ခြင်တုံတရား၊ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အနည်းငယ်မျှရှိပါက၊ သင်သည် ဘုရားသခင်ကို ဤသို့ဆက်ဆံနိုင်သလော။ လုံးဝ မဆက်ဆံနိုင်ပေ။ တစ်စုံတစ်ဦးက ထိုသို့ပြုလုပ်နိုင်လျှင်၊ ၎င်းတို့၌ အသိစိတ်တစ်စက်မျှပင် ရှိသလော။ ၎င်းတို့သည် လူ့သဘာဝတစ်ခုတလေကို ပိုင်ဆိုင်သလော။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ဘုရားသခင်၏ သိုးများထဲမှတစ်ကောင် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ သခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ။ ဘုရားသခင်ကို မိမိတို့၏ ဘုရားအဖြစ် မည်သည့်အခါမျှ မမှတ်ယူခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌၊ ဘုရားသခင်သည် ၎င်းတို့၏ ဘုရားမဟုတ်ဘဲ၊ ၎င်းတို့၏ ရန်သူဖြစ်သည်။ ဘုရားသခင်၏ ရန်သူများသည် အန္တိခရစ်များနှင့် စာတန်ဖြစ်သည်။ ပြောင်းပြန်အားဖြင့်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် စာတန်များနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်ပြုသည့် မည်သည့်အရာကိုမျှ လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်ပြောဆိုသော မည်သည့်နှုတ်ကပတ်တော်ကိုမျှ အာမင်ဟု လုံးဝ ဆိုလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏အနှစ်သာရဖြစ်ပြီး၊ ဤသည်မှာ အန္တိခရစ်တို့၏ ပင်ကိုအနှစ်သာရ ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုကြပြီး၊ အကြောင်းပြချက်မရှိဘဲ၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချနိုင်စွမ်းရှိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ လုံးလုံးလျားလျား ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။

အန္တိခရစ်၏ ဤစိတ်သဘောထားများသည် လူတိုင်း၌ အတိုင်းအတာအမျိုးမျိုးဖြင့် ရှိနေသော်လည်း ဤစိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းနှင့် လူတို့ ယုံကြည်သည့်အခါ ရွေးချယ်သော လမ်းခရီးတို့မှတစ်ဆင့် မည်သူက အန္တိခရစ်ဖြစ်ကြောင်း၊ မည်သူက အစေခံသူဖြစ်ကြောင်းနှင့် မည်သူက ကယ်တင်ခြင်းခံရနိုင်သည့် ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးဖြစ်ကြောင်းကို သင်တို့ အကဲဖြတ်နိုင်သလော။ (သူတို့အားလုံးက အန္တိခရစ်၏ စိတ်သဘောထားကို ထုတ်ဖော်ကြသော်လည်း အချို့သောလူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြီးနောက်တွင် အသိစိတ်ခံစားချက်တစ်ခု ရှိကြသည်။ ၎င်းတို့သည် အပြစ်ရှိသလို ခံစားရသည်၊ နောင်တရနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤသူတို့သည် ကယ်တင်ခြင်းခံရနိုင်သောသူများ ဖြစ်ကြသည်။ သို့သော်လည်း အသိစိတ် ခံစားချက်မရှိသူများ၊ အမှားများလုပ်ပြီးသည့်နောက်တွင်ပင် မိမိတို့ကိုယ်ကို မှန်သည်ဟု ထင်သူများ၊ ခေါင်းမာစွာဖြင့် နောင်တရရန် ငြင်းပယ်သူများနှင့် သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်သူများမှာမူ အန္တိခရစ်များဖြစ်ကြပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေး မရှိပါ။) ဤပြောဆိုချက်နှစ်ခုသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ယခုလေးတင် ပြောခဲ့သည့်အရာသည် အခြေခံအားဖြင့် မှန်သော်လည်း လုံလောက်အောင် တိကျခြင်း မရှိသေးပေ။ အချို့သောလူတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်ကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကြသည်၊ ဇာတိပကတိကို ဆန့်ကျင်ပုန်ကန်နိုင်စွမ်းရှိကြသည်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုပြီးနောက် နောင်တရနိုင်စွမ်းရှိသည်၊ အကြွေးတင်သည့်စိတ် ခံစားနိုင်စွမ်းရှိသည်၊ ပြန်လှည့်နိုင်စွမ်းရှိသည်၊ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်စွမ်းရှိသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်နိုင်စွမ်းရှိပြီး နောက်ဆုံးတွင် ဘုရားသခင်ကို ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိလျက် သမ္မာတရားကို နားလည်သဘောပေါက်မှုကို ရရှိကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စွမ်းရှိကြလေသည်။ ထိုသို့သောလူများသည် ကယ်တင်ခြင်းခံရနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ မိမိတို့၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိကြောင်း သိကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို မဆန်းစစ်ကြသည့် အခြားလူစားတစ်မျိုးလည်း ရှိသည်။ ၎င်းတို့က အမှားတစ်ခုခု လုပ်မိခဲ့ကြောင်း တွေ့ရှိသည့်အခါတွင်၊ ၎င်းတို့၌ စစ်မှန်သော သိနားလည်မှု တစ်ခုတလေမျှ မရှိ။ မိမိတို့အတွင်း၌ ပြင်းထန်သော ဘုရားသခင်ကို အကြွေးတင်စိတ်တစ်ခု မဖြစ်ပေါ်စေနိုင်ကြပေ။ မည်သည့်နောင်တမျှ ရနိုင်စွမ်းမရှိ သို့မဟုတ် ပြန်လှည့်နိုင်စွမ်းမရှိသည့်အပြင် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့နှင့်ပတ်သက်၍ ရောထွေးနေကြသည်။ ဘုရားအိမ်တော်၌ ၎င်းတို့သည် အလုပ်လုပ်ပေးရန် အသင့်ရှိပြီး လိုလားနေကြသည်။ ၎င်းတို့ကို ခိုင်းသမျှ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသော်လည်း ယင်းကို အလေးအနက်မထားကြပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေနိုင်သော်လည်း ဆိုးယုတ်သောလူများ မဟုတ်ကြချေ။ ပြုပြင်ခြင်းကို ၎င်းတို့ လက်ခံနိုင်သော်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို ဘယ်သောအခါမျှ တက်ကြွစွာ မရှာဖွေကြ၊ သို့မဟုတ် ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ သမ္မာတရား၏ စည်းမျဉ်းများကို မလိုက်နာကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားတို့၌ စိတ်ဝင်စားမှု မပြကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် အတန်အသင့်အားထုတ်နိုင်သော်လည်း သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်လာသည့်အခါ စိတ်အားထက်သန်မှု ကင်းမဲ့ကြပြီး ဤအရာကို လုပ်ဆောင်ရန် စိတ်ဝင်စားမှု မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်သစ္စာစောင့်သိမှုကိုမျှ မပြကြပေ။ နှိုင်းယှဉ်ကြည့်လျှင် အသင့်အတင့် လိုလားမှုနှင့် ရိုးသားမှုကို ပြကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိနိုင်ကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ဆင်ခြင်သုံးသပ်ခြင်းမရှိသည့်အပြင်၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော သူတစ်ဦးဖြစ်လာရန် မလိုက်စားကြပေ။ ဤသူတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးအစားတွင် အန္တိခရစ်များ ပါဝင်သည်။ ၎င်းတို့သည် ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများ၏ ရန်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့အပြင် တရားမျှတမှု၊ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားတို့ကို ဆန့်ကျင်၍ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာကိုလည်းကောင်း မယုံကြည်ကြသည့်အပြင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်ကို အချုပ်အခြာအာဏာရှိခွင့်ပေးရန် သာ၍ပင် မလိုလားကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ နားမလည်ကြသည့်အပြင်၊ မည်မျှများသော အမှားများ သို့မဟုတ် ပြစ်မှားခြင်းများကို ကျူးလွန်သည်ဖြစ်စေ ယင်းတို့ကို ဘယ်သောအခါမျှ ဝန်ခံခြင်းမရှိ၊ နောင်တရခြင်းမရှိ၊ သို့မဟုတ် ပြန်လှည့်ခြင်း မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နောင်တရခြင်း တစ်ခုတလေ ကင်းမဲ့ကြပြီး သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်ကြသည်။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံသော သဘောထားရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းသည် ၎င်းတို့က မည်သည့်လူအမျိုးအစားဖြစ်သည်ဟူသည်ကို ဆုံးဖြတ်ရာတွင် ယေဘုယျအားဖြင့် တိကျမှန်ကန်သည်။ သင်တို့သည် မည်သည့်အမျိုးအစားတွင် ပါဝင်သနည်း။ သင်တို့သည် ကယ်တင်ခြင်းခံရနိုင်သည့် ဘုရားသခင် ရွေးချယ်ထားသော လူများထဲတွင် ပါဝင်သလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦးလော၊ သို့မဟုတ် အလုပ်လုပ်ပေးသူတစ်ဦးလော။ သင်တို့သည် ပထမအမျိုးအစားဘက်သို့ ကူးပြောင်းနေသလော၊ သို့မဟုတ် ဤအမျိုးအစားများထဲမှ တစ်ခုတွင်မျှ မပါဝင်ကြသလော။ ဤအမျိုးအစားများထဲမှ တစ်ခုတွင်မျှ မပါဝင်သူ တစ်ဦးမျှမရှိပေ။ လူတိုင်းက ဤသုံးမျိုးထဲမှ တစ်မျိုးတွင် ပါဝင်သည်။ လူ့သဘာဝကင်းမဲ့သော ဆိုးယုတ်သည့်လူများသည် အန္တိခရစ်တို့၏ အနှစ်သာရရှိသူများ ဖြစ်ကြသည်။ လူ့သဘာဝအချို့ရှိသူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအပြင် အတန်အသင့် ကောင်းမွန်သော ကိုယ်ကျင့်စရိုက်ရှိသူများ၊ သမ္မာတရားကို လိုက်စားနိုင်သူများ၊ အပြုသဘောဆောင်သော အရာများကို ချစ်ပြီး သမ္မာတရားကို ချစ်မြတ်နိုးသူများ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူ့ကို ကျိုးနွံနာခံနိုင်သူများသည် ကယ်တင်ခြင်းခံရနိုင်၏။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ အထူးတလည် မကောင်းသည့်အပြင်၊ အထူးတလည် ဆိုးခြင်းလည်းမရှိသည့် သာမန်မျှသာဖြစ်သော စရိုက်တစ်ခုရှိသူများ၊ သမ္မာတရားကို စိတ်ဝင်စားမှု တစ်ခုတလေ ကင်းမဲ့ပြီး ယင်းကို လိုက်စားရန် လုံးဝမလိုလားသော်လည်း မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်မှုတစ်ခုခုဖြင့် ထမ်းဆောင်သူများသည် အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤသည်မှာ အကဲဖြတ်ခြင်းအတွက် စံနှုန်းဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် အစေခံသူတစ်ဦး ဖြစ်လာနိုင်သလော။ (မဖြစ်နိုင်ပါ။) သို့ဆိုလျှင် အလုပ်လုပ်ပေးသူများထဲတွင် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်လာနိုင်သည့် လူအမျိုးအစားတစ်မျိုး ရှိသလော။ (ရှိပါသည်။) ဤနေရာတွင် ပြောင်းလဲခြင်းအတွက် အခွင့်အလမ်းကား အဘယ်နည်း။ (၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် လိုအပ်ပါသည်။) ဖြစ်နိုင်သည်မှာ၊ ယုံကြည်သည့် နှစ်ကာလပိုများလာခြင်းဖြင့်၊ အတွေ့အကြုံများနှင့် ကြုံတွေ့မှုများ ပိုများလာခြင်းနှင့် ပိုများသည့် သမ္မာတရားများကို သိနားလည်လာခြင်းတို့ဖြင့်၊ ၎င်းတို့သည် အလုပ်လုပ်ပေးသူအဆင့်မှ ဘုရားသခင် ရွေးချယ်ထားသော လူများဖြစ်သည့်အဆင့်သို့ တဖြည်းဖြည်း ရွေ့ပြောင်းသွားကြသည်။ အကြောင်းမှာ ယခုအချိန်တွင် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် နည်းပါးပြီး ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းက အလွန်သေးငယ်သောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၌ စိတ်ဝင်စားမှု နည်းပါးကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပြီး ဇာတိပကတိ၏ အခြားအမျိုးမျိုးသော လိုအပ်ချက်များထဲမှ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို မစွန့်လွှတ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ယခုလောလောဆယ်တွင် အစေခံသူအဆင့်၌သာ နေနိုင်ကြသည်။ သို့သော်လည်း နှိုင်းယှဉ်ပြောရလျှင် ဤလူတို့သည် အသိစိတ်ရှိပြီး အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာသည်နှင့်အမျှ၊ ၎င်းတို့၏ ပတ်ဝန်းကျင် ပြောင်းလဲလာသည်။ ၎င်းတို့သည် ဘုရားသခင်ကို အချိန်ပိုကြာကြာ ယုံကြည်လာသည်၊ ပိုမိုနက်ရှိုင်းသော အတွေ့အကြုံများ ရှိလာသည်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကိုလည်း တဖြည်းဖြည်း ပို၍ ရှင်းလင်းစွာ မြင်လာကြသည်။ ၎င်းတို့ လိုက်စားသင့်သော လမ်းကြောင်းက ပို၍ ရှင်းလင်းလာသည်၊ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားမှု ဖြစ်ပေါ်လာပြီး သမ္မာတရားကို ပို၍ပို၍ ချစ်မြတ်နိုးလာကြသည်။ ထိုသို့သောလူများသည် ကယ်တင်ခြင်း၏ လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း စတင်လျှောက်လှမ်းနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်လာနိုင်သည်။ ၎င်းတို့တွင် တိုးတက်ခြင်းနှင့် ပြောင်းလဲခြင်းအတွက် အခွင့်အလမ်း ရှိသည်။ တစ်ဖက်တွင်မူ အန္တိခရစ်တို့၏ အနှစ်သာရရှိသူများသည် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်လာနိုင်ပြီး ကယ်တင်ခြင်းခံရနိုင်သည်ဟု ဆိုခြင်းမှာ မခိုင်လုံပေ။ အကြောင်းမှာ အန္တိခရစ်တို့၏ အနှစ်သာရသည် နတ်ဆိုးနှင့် ဘုရားသခင်၏ ရန်သူများနှင့်ဆိုင်သည့် အနှစ်သာရဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်တို့သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။

ငါတို့သည် ဘုရားသခင်နှင့် သူ၏အမှုအပေါ် ၎င်းတို့ သဘောထားပုံ၌ ထုတ်ဖော်သည့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရမှလာသည့် ငြင်းပယ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့အကြောင်းကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ တစ်စုံတစ်ခုက ၎င်းတို့၏ အယူအဆများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့်အခါတိုင်း သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါတိုင်း၊ အန္တိခရစ်တို့၏ ချက်ခြင်းတုံ့ပြန်မှုမှာ၊ ထ၍ အတိုက်အခံလုပ်ရန်နှင့် “ဤသည်မှာ မှားသည်၊ ဤသည်မှာ လူတို့က လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းကို ကျွန်ုပ် အလျှော့ပေးမည်မဟုတ်။ ကျွန်ုပ် တိုင်ကြားချက်တစ်ခု တင်ပြီး ဤကိစ္စကို ရှင်းလင်းရန် သက်သေအထောက်အထား ရှာမည်။ ကျွန်ုပ်၏ ရပ်တည်ချက်ကို ကြေညာမည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် ကာကွယ်မည်၊ ဤကိစ္စ၏ အကြောင်းစုံကို ဖော်ထုတ်ပြီး မည်သူက ကြားထဲမှ ပြဿနာရှာသူဖြစ်သည်၊ ကျွန်ုပ်၏ ကောင်းမွန်သော ဂုဏ်သတင်းနှင့် ကျွန်ုပ်၏ အဆင်ပြေနေသော အခြေအနေများအား ဖျက်ဆီးသူဖြစ်သည်ကို ကြည့်မည်”ဟု ဆိုလျက် ပြစ်တင်ရှုတ်ချရန် ဖြစ်သည်။ “အမှုအရာအားလုံး၌ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ရှိသည်” ဟူသော စကားစုသည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ ပြုမူလုပ်ဆောင်ပုံ၊ နည်းစနစ်များနှင့် စည်းမျဉ်းများကို လမ်းညွှန်နိုင်ခြင်း သို့မဟုတ် ပြောင်းလဲနိုင်ခြင်းမရှိသည့် အနှစ်မဲ့သော ပြောဆိုချက်တစ်ခု ဖြစ်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မည်သည့်အခြေအနေကိုမဆို ကြုံတွေ့ရသည့်အခါ နည်းလမ်းတိုင်းကို စဉ်းစားပြီး ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ စွမ်းရည်များနှင့် နည်းဗျူဟာများအားလုံးကို အသုံးပြုလျက် မိမိတို့အတွက် ဗီဇအရဖြစ်သည့်အရာအပေါ် မှီခိုကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လူတို့၏ အတွေးများသည် ပြောစရာ သမ္မာတရား တစ်ခုတလေမျှမရှိဘဲ စာတန်၏ တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်များဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ထိုသို့သော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ သရုပ်သကန်များသည် စာတန်၏ သရုပ်သကန်များကို ထင်ဟပ်စေသည်။ စာတန်သည် ဘုရားသခင်ကို မည်သို့ သဘောထားသည်ဖြစ်စေ၊ အန္တိခရစ်တို့သည် သူ့ကို ထိုနည်းအတိုင်း သဘောထားကြပြီး စာတန်က ဘုရားသခင်အပေါ် မည်သည့်နည်းလမ်း သို့မဟုတ် စကားလုံးများကို အသုံးပြုသည်ဖြစ်စေ၊ အန္တိခရစ်တို့က အလားတူ အသုံးပြုကြသည်။ ဤနည်းအားဖြင့် အန္တိခရစ်တို့က ဘုရားသခင်၏ ရန်သူများဖြစ်ခြင်းတည်းဟူသော ကောက်ကျစ်ဆိုးယုတ်သည့် အနှစ်သာရက ပြောစရာမလိုပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို တစ်ရက် သို့မဟုတ် နှစ်ရက်သာ ယုံကြည်ခဲ့ပြီးသူဖြစ်လျှင်ပင် ၎င်းတို့သည် မိမိတို့၏ ပုံမှန် လူသား တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားဖြင့် လူနှင့် ဘုရားသခင်ကြား ခြားနားချက်ကို နားလည်ကြသလော။ (နားလည်ပါသည်။) ပုံမှန်လူ့သဘာဝရှိသော အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် ဘုရားသခင်အား မည်သို့ သဘောထားရမည်ကို မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ သိကြသလော။ (သိပါသည်။) လူတစ်ဦး၏ ဆင်ခြင်တုံတရား၌ ကိုးကွယ်ခြင်းခံရသောသူတစ်ဦးကို သဘောထားရန် အသင့်တော်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းအတွက် စံတစ်ခု ရှိသလော။ (ရှိပါသည်။) လူတို့သည် ခါးကိုင်း ဦးညွှတ်ခြင်း၊ နားဝင်ချိုအောင် ပြောဆိုခြင်းနှင့် မျက်နှာချိုသွေးခြင်းတို့ကို လုပ်လေ့ရှိကြသည်။ ထိုသူက ၎င်းတို့ကို ရိုက်နှက်လျှင်ပင် သို့မဟုတ် ကျိန်ဆဲလျှင်ပင် ၎င်းတို့သည် အနွံတာခံပြီး နာခံတတ်ရန် နည်းလမ်းတစ်ခုကို ရှာကြသည်။ သို့ဆိုလျှင် မိမိတို့၏ မိဘများနှင့်ပတ်သက်လာလျှင် လူတို့သည် လေးစားမှုနှင့် ချစ်ခြင်းမေတ္တာကို မည်သို့ပြရမည်ကိုလည်းကောင်း၊ မည်သည့်အပြုအမူသည် ထိခိုက်နစ်နာစေခြင်းနှင့် မုန်းတီးခြင်းဖြစ်သည်ကိုလည်းကောင်း သိကြသလော။ ဤအရာကို အကဲဖြတ်ခြင်းအတွက် စံတစ်ခု ရှိသလော။ (ရှိပါသည်။) ဤအရာက လူ့အရေခွံခြုံထားသော သက်ရှိသတ္တဝါများဖြစ်သည့် လူသားများအနေဖြင့် တိရစ္ဆာန်များနှင့် ကွဲပြားပြီး ၎င်းတို့ထက် မြင့်မားကြောင်း သက်သေပြသည်။ သင်သည် သင်၏မိဘများကို မည်သို့ လေးစားပြီး ချစ်ရမည်ကို သိသည်၊ သို့ဖြစ်လျှင် သင်သည် ဘုရားသခင်ကို မေတ္တာနှင့် လေးစားမှုဖြင့် မည်သို့ ဆက်ဆံရမည်ကို အဘယ်ကြောင့် မသိရသနည်း။ သင်သည် ဘုရားသခင်ကို အဘယ်သို့ဖြစ်ပြီး ဤသို့ ဆက်ဆံနိုင်ရသနည်း။ သာမန်ကာလျှံကာ ပြစ်တင်ရှုတ်ချပြီး ဝေဖန်ခြင်း၊ သာမန်ကာလျှံကာ ပြစ်မှားစော်ကားပြီး ကျိန်ဆဲဝံ့ခြင်း၊ ဤသည်မှာ ပုံမှန်လူများ လုပ်ဆောင်သည့်အရာလော။ (မဟုတ်ပါ။) တိရစ္ဆာန်များပင်လျှင် ဤနည်းအတိုင်း မပြုမူကြပေ။ လူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကိုပင် မွေးမြူပြီး ယင်းနှင့် အချိန်အနည်းငယ်ကုန်ဆုံးလျှင်၊ ထိုတိရစ္ဆာန်က သူ၏ပိုင်ရှင် မည်သူဖြစ်သည်ကို အသိအမှတ်ပြုနေသရွေ့၊ သူသည် ထိုပိုင်ရှင်ကို ဆွေမျိုးတစ်ဦးအဖြစ်၊ မိသားစုဝင်အဖြစ် သဘောထားလျက်၊ အမြဲတစေ ရိုသေလေးစားမည်ဖြစ်ပြီး အခြားတိရစ္ဆာန်များ သို့မဟုတ် လူများကို သဘောထားပုံနှင့် ကွဲပြားစွာ သဘောထားမည်ဖြစ်သည်။ သင်သည် ထိုတိရစ္ဆာန်၏ပိုင်ရှင် ဖြစ်ဖူးသည် ဆိုပါစို့။ အခြားအိမ်ထောင်စု နှစ်စု သို့မဟုတ် သုံးစုကို ဖြတ်သန်းပြီးနောက်၊ သင်သည် ထိုတိရစ္ဆာန်နှင့် ပြန်တွေ့သည့်အခါ၊ သူသည် သင်၏ရနံ့ကို အနံ့ခံလိုက်ရုံမျှဖြင့် သင့်ကို ချက်ချင်းပင် ချစ်ခင်တွယ်တာလာလိမ့်မည်။ သူသည် ကြမ်းတမ်းသော တိရစ္ဆာန်တစ်ကောင်ဖြစ်လျှင်ပင် သင့်ကို စားမည်မဟုတ်ပေ။ သူ၏ ကြမ်းတမ်းမှုသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ကြိုတင်သတ်မှတ်ခြင်းတို့မှ အရင်းခံသည့် မွေးရာပါဖြစ်သည်။ ထိုအရာသည် ဘုရားသခင်က သူ့ကို ပေးထားသော ရှင်သန်မှုဆိုင်ရာ ဗီဇတစ်ခုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားမဟုတ်ပေ။ ယင်းသည် အန္တိခရစ်တို့၏ ဆိုးယုတ်မှုနှင့် ကွဲပြားသည်။ လူနှစ်ဦးသည် ခြင်္သေ့ငယ်လေးတစ်ကောင်ကို မွေးစားခဲ့သည်။ ခြင်္သေ့ကြီးပြင်းလာသည်နှင့်အမျှ ယင်း၏ အသားအခြေပြု အစာကို ကျွေးမွေးရန် ခက်ခဲလာသောကြောင့် တစ်နှစ်သားအရွယ်တွင် ၎င်းတို့က ယင်းကို ၎င်း၏ သဘာဝပတ်ဝန်းကျင်သို့ ပြန်လွှတ်ပေးခဲ့ကြသည်။ သုံးနှစ်ကြာပြီးနောက် ၎င်းတို့သည် ထိုခြင်္သေ့နှင့် ပြန်လည်ကြုံတွေ့ခဲ့သည်။ ခြင်္သေ့သည် ၎င်းတို့ကို အဝေးမှ မြင်ပြီး စိတ်အားထက်သန်စွာ ပြေးလာခဲ့သည်။ ၎င်းတို့သည် အစပိုင်းတွင် “သူ ငါတို့ကို စားတော့မည်လော။ ခြင်္သေ့တစ်ကောင်ပင်ဖြစ်သည်”ဟု တွေးလျက် စိုးရိမ်ခဲ့ကြသည်။ အဖြစ်မှန်မှာမူ ခြင်္သေ့သည် ချဉ်းကပ်လာပြီး ၎င်းတို့ကို သူငယ်ချင်းများကဲ့သို့ ပွေ့ဖက်ကာ ၎င်းတို့ကလည်း ခြင်္သေ့ကို ပြန်လည်ပွေ့ဖက်ပြီး အသာအယာ ပွတ်သပ်ပေးခဲ့ကြသည်။ ထို့နောက် ခြင်္သေ့သည် သူ၏ မိသားစုဝင်များကို ၎င်းတို့နှင့် မိတ်ဆက်ပေးခဲ့ပြီး ၎င်းတို့ ထွက်ခွာရမည့်အခါတွင် လမ်းခွဲရန် ဝန်လေးနေခဲ့သည်။ တောရိုင်းတိရစ္ဆာန်များထဲတွင် အကြမ်းတမ်းဆုံးဖြစ်သော ဤတိရစ္ဆာန်၊ အသားစားသတ္တဝါတစ်ကောင်သည် လူသားများနှင့် အပြန်အလှန်ဆက်ဆံသည့်အခါ ဤမြင်ကွင်းမျိုးကို သင်တို့ တွေ့မြင်နိုင်သည်။ ယင်းမှာ အတော်ပင် စိတ်တို့ထိစရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြမ်းတမ်းသော တိရစ္ဆာန်များ၌ပင် လူတို့သည် ၎င်းတို့၏ ဖော်ရွေသောဘက်ခြမ်းကို မြင်နိုင်သော်လည်း ဤအရာသည် အန္တိခရစ်များ၌ မရှိပေ။ အကြောင်းမှာ အန္တိခရစ်တို့သည် စာတန်၏ စိတ်သဘောထားကို ပိုင်ဆိုင်ပြီး စာတန်ဆန်သော စိတ်သဘောထား အနှစ်သာရရှိသော လူများဖြစ်သောကြောင့် အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ဝေဖန်နိုင်သည်၊ ပြစ်တင်ရှုတ်ချနိုင်သည်၊ ပြစ်မှားစော်ကားနိုင်သည်။ ထိုသို့သော သဘောထားများသည် လိုက်လျော်ညီထွေဖြစ်သော သရုပ်သကန်များနှင့် အထူးသဖြင့် လုပ်နည်းကိုင်နည်းများကို ဖြစ်ပေါ်စေသည်။ အန္တိခရစ်တို့သည် တိရစ္ဆာန်များထက် ပိုဆိုးကြသည် မဟုတ်လော။ လူတို့သည် မိမိတို့ ကိုးကွယ်သောသူများကိုလည်းကောင်း၊ မိမိတို့၏ အရင်းနှီးဆုံးသော ဆွေမျိုးများနှင့် မိဘများကိုလည်းကောင်း မည်သို့ လေးစားပြီး ချစ်ခင်စောင့်ရှောက်ရမည်ကို သိကြပြီး မိမိတို့၏ မည်သည့်လုပ်ရပ်များက ၎င်းတို့အား နာကျင်စေပြီး ထိခိုက်နစ်နာစေနိုင်သည်ကို သိကြသည်။ ၎င်းတို့သည် ဤအရာများကို အကဲဖြတ်နိုင်သည်။ သို့သော်လည်း အန္တိခရစ်တို့သည် ဘုရားသခင်အပေါ် ထိုသို့သော အပြုအမူများကို ပြသနိုင်စွမ်းမရှိကြပေ။ ယင်းမှာ အမှန်ပင် ဒေါသထွက်စရာကောင်းပေသည်။ ယင်းက ထိုသို့သော ပုဂ္ဂိုလ်များ၏ ပင်ကိုသဘာဝသည် အန္တိခရစ်တို့၏ အနှစ်သာရဖြစ်ကြောင်း ညွှန်ပြနေသည်။ တိတိကျကျဆိုရလျှင် ဤလူပုဂ္ဂိုလ်များသည် စာတန်၏ ပြယုဂ်များဖြစ်ကြသည်။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များဖြစ်ကြသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်၊ ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ ဘုရားသခင်၏ သိုးများသည် သူ့ကို ကျိန်ဆဲမည်လော။ ဘုရားသခင်၏ သိုးများသည် သူ့ကို ပြစ်တင်ရှုတ်ချမည်လော။ (ရှုတ်ချမည်မဟုတ်ပါ။) အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏စကားကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံကြသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် နားထောင်ပြီး ကျိုးနွံနာခံကြသည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်၌ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် ယုံကြည်လျှင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သို့ လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက ထိခိုက်နစ်နာစေလျှင်ပင်၊ သင်သည် သူ့ကို ပြစ်တင်ရှုတ်ချမည်မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သောသူများ၊ သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသောသူများသာလျှင် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦး၏ အနေအထားတွင် ထားရှိပြီး ဘုရားသခင်ကို ဘုရားအဖြစ် အမြဲတစေ သဘောထားကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။

အန္တိခရစ်တို့က ဘုရားသခင်ကို ကျိန်ဆဲခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းတို့အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့နှင့်ပြီးသား ဖြစ်သည်။ အချို့သည် သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည်၊ အုပ်စုများ တည်ထောင်သည်၊ မဟာမိတ်များ ဖွဲ့ပြီး သီးခြားနယ်ပယ်များ ဖန်တီးကြသည်။ အခြားသူများမှာမူ လူမသိအောင် သူ့ကို တိတ်တဆိတ် ကျိန်ဆဲသည်၊ အချို့မှာမူ မိမိတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ကျိန်ဆဲပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ဆန့်ကျင်ကာ ပွက်ပွက်ညံအောင် ကန့်ကွက်ကြသည်။ ၎င်းတို့သည် သူ့ကို ပွင့်ပွင့်လင်းလင်း ကျိန်ဆဲသည်ဖြစ်စေ၊ တိတ်တဆိတ် ကျိန်ဆဲသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ စာတန်၏ အမျိုးအစားဖြစ်ကြပြီး ပုံမှန်လူများ သို့မဟုတ် စံနှုန်းပြည့် ဖန်ဆင်းခံများ မဟုတ်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လူအများစုသည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့သည် စိတ်မချမ်းမသာ ဖြစ်ရုံမျှဖြစ်ကြသည်၊ စိတ်ရှုပ်ထွေးပြီး ယင်းကို လက်မခံနိုင်ကြပေ။ ၎င်းတို့သည် မကျေနပ်ချက်များကို ဖော်ပြကြသည်၊ သို့မဟုတ် စိတ်နှလုံးမာကျောခြင်းကို ပြသကြသည်။ ၎င်းတို့အနေဖြင့် အပျက်သဘောပင်ဆောင်လာနိုင်သည် သို့မဟုတ် ခိုကပ်လာနိုင်သည်။ သို့သော် ဆန့်ကျင်ခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းအဆင့်သို့ မြင့်တက်မသွားပေ။ အချိန်ကြာလာသည်နှင့်အမျှ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ညီအစ်ကိုမောင်နှမများ၏ အကူအညီနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း၊ လမ်းညွှန်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်း ပြောင်းလဲလာနိုင်ကြသည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများအပေါ် အမှုအရာများ ကျရောက်သည့်အခါ ၎င်းတို့၏ သရုပ်သကန်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့သည် ဤအပြုသဘောဆောင်သော သရုပ်သကန်များ ကင်းမဲ့ကြပြီး ၎င်းတို့သည် မိမိတို့၏ လမ်းကြောင်းကို ပြောင်းလဲမည်မဟုတ်ပေ။ အခြေအနေတစ်ခုသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီလျှင် ၎င်းတို့က ကျိန်ဆဲကြသည်။ နောက်ထပ်အခြေအနေတစ်ခုက ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီသေးလျှင်လည်း ၎င်းတို့က ကျိန်ဆဲကြပြန်သည်။ ကျိန်ဆဲခြင်းသည် ဆန့်ကျင်ခြင်း၊ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းတို့နှင့် ဒွန်တွဲနေသည်။ အချို့သော အန္တိခရစ်တို့က “ကျွန်ုပ်ကဲ့သို့သော လူများက ကယ်တင်ခြင်းမခံရနိုင်လျှင် မည်သူက ကယ်တင်ခြင်းခံရနိုင်မည်နည်း”ဟုပင် ဆိုကြသည်။ ဤသည်မှာ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း မဟုတ်လော။ ဤသည်မှာ ဆန့်ကျင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့တွင် ကျိုးနွံနာခံခြင်း အရိပ်အယောင်တစ်ခုမျှမရှိသည့်အပြင်၊ ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ဝံ့ပြီး ဆန့်ကျင်ဝံ့ကြသည်။ ဤသူတို့သည် စာတန်များ ဖြစ်ကြသည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်း ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။