နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁) အခန်း လေး

ကြက်များ၊ ကြက်ဥများနှင့် ပတ်သက်၍ ငါ ယခုပြောခဲ့သော လူများသည် နာခံပြီး ကျိုးနွံနာခံခဲ့ကြသလော။ (မနာခံခဲ့ကြပါ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်အရာအဖြစ် သဘောထားခဲ့ကြသနည်း။ နားတစ်ဖက်မှဝင်ပြီး နားတစ်ဖက်မှပြန်ထုတ်လိုက်သကဲ့သို့ သူတို့၏ စိတ်ထဲ၌ သီးခြားအမြင်တစ်ခု ရှိခဲ့သည်၊ “သင် ပြောစရာရှိသည်ကို ပြောပါ၊ ပြီးလျှင် ငါ လုပ်စရာရှိသည်ကို ငါ လုပ်မည်။ သင်၏ တောင်းဆိုချက်များကို ငါ ဂရုမစိုက်ပါ။ သင် စားသုံးရန် ကြက်ဥများ ငါ ပံ့ပိုးပေးသည်က လုံလောက်ပြီ၊ သင် အဘယ်ကြက်ဥများကို စားသုံးသည်ကို မည်သူဂရုစိုက်မည်နည်း။ သင် ဓာတုကင်းလွတ်သော ကြက်ဥများ စားသုံးလိုသလော။ မဖြစ်နိုင်ပေ။ အိပ်မက်သာ ဆက်မက်နေလော့။ သင်က ငါ့ကို ကြက်များ မွေးမြူရန် တောင်းဆိုခဲ့ပြီး ဤသည်မှာ ငါ ကြက်များ မွေးမြူသည့်ပုံစံ ဖြစ်သည်၊ သို့သော် သင်က ထိုအပေါ်၌ သင်၏ ကိုယ်ပိုင်တောင်းဆိုချက်များကို ထပ်ထည့်နေသည်၊ သင်သည် ဤအရာနှင့်ပတ်သက်၍ ပြောဆိုပိုင်ခွင့် ရှိသလော” ဟူ၍ ဖြစ်သည်။ ဤလူတို့သည် နာခံပြီး ကျိုးနွံနာခံသောလူများ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) သူတို့ အဘယ်အရာ လုပ်ဆောင်ရန် ကြိုးစားနေကြသနည်း။ သူတို့သည် ပုန်ကန်ရန် ကြိုးစားနေကြသည်။ ဘုရားအိမ်တော်သည် ဘုရားသခင် စကားပြောပြီး အမှုပြုသည့်နေရာဖြစ်ပြီး သမ္မာတရား စိုးစံသည့်နေရာ ဖြစ်သည်၊ အကယ်၍ ဘုရားသခင်က တစ်စုံတစ်ခုကို သူတို့အား တဲ့တိုးပြောသည့်အခါ ဤလူတို့ မနာခံခဲ့ပါက၊ ကျိုးနွံနာခံခြင်း မရှိခဲ့ပါက သူတို့သည် ဘုရားသခင်၏ နောက်ကွယ်၌ ဘုရား နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ သာ၍ပင် ဖြစ်နိုင်ဖွယ် မရှိချေ။ မဖြစ်နိုင်ဖွယ်မှ သာ၍ပင် ဖြစ်နိုင်ဖွယ်နည်းပါးခြင်းသို့ ရောက်ရှိခြင်း ဖြစ်သည်။ ဤအမှုအရာနှစ်ခုကို ရှုမြင်ပါက ဘုရားသခင်သည် သူတို့၏ ဘုရားသခင် ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူတို့၏ ဘုရားသခင်မှာ မည်သူနည်း။ (သူတို့ကိုယ်တိုင် ဖြစ်ပါသည်။) မှန်ပါသည်၊ သူတို့သည် မိမိတို့ကိုယ်ကို ဘုရားတစ်ဆူအဖြစ် သဘောထားကြသည်၊ သူတို့သည် မိမိတို့ကိုယ်ကို ယုံကြည်ကြသည်။ ထိုသို့ဖြစ်ပါက သူတို့သည် အဘယ်ကြောင့်များ ဤနေရာ၌ နေနေကြသေးသနည်း။ သူတို့၏ ဘုရားသည် သူတို့ကိုယ်တိုင်သာ ဖြစ်နေသည့်အတွက် ဘုရားသခင်၌ ယုံကြည်ခြင်းဟူသော အလံကို အဘယ်ကြောင့် လွှင့်ထူနေကြသနည်း။ ဤသည်မှာ အခြားလူတို့ကို လှည့်ဖြားနေခြင်း မဟုတ်လော။ သူတို့သည် မိမိတို့ကိုယ်ကို လှည့်ဖြားနေကြသည် မဟုတ်လော။ အကယ်၍ ဤသည်မှာ ထိုသို့သောလူများက ဘုရားသခင်အပေါ် ထားရှိသော သဘောထား ဖြစ်ပါက သူတို့ နာခံနိုင်စွမ်း ရှိကြသလော။ (လုံးဝ မရှိနိုင်ပါ။) ထိုမျှ အသေးစား ကိစ္စတစ်ခုနှင့်ပင် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနာခံနိုင် သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့အပေါ် အကျိုးသက်ရောက်မှု မရှိသည့်အပြင် သူတို့သည် ယင်းတို့ကို လက်မခံကြဘဲ ယင်းတို့အပေါ် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထိုသို့သောလူများ ကယ်တင်ခြင်း ခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် သူတို့သည် ကယ်တင်ခြင်းမှ အဘယ်မျှ ဝေးကွာနေကြသနည်း။ အလွန် ဝေးကွာလှသည်၊ အနီးအနားသို့ပင် မကပ်နိုင်ပေ။ အတွင်းသဘောအရ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နားမထောင်သော၊ သူ့ကို ဆန့်ကျင်သော သူများကို ကယ်တင်လိုစိတ် ရှိသလော။ လုံးဝ မရှိပေ။ လူတို့ပင်လျှင် ဤသည်ကို မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အကဲဖြတ်လျှင် ဤအရာကို ပြုလုပ်လိုကြမည် မဟုတ်ပေ။ အကယ်၍ ဤကဲ့သို့သော နတ်ဆိုးများနှင့် စာတန်များသည် သင့်ကို ဆန့်ကျင်ရပ်တည်ခဲ့ပါက၊ သင့်ကို အဘက်ဘက်မှ ဖက်ပြိုင်အံတုပါက သင် သူတို့ကို ကယ်တင်မည်လော။ မဖြစ်နိုင်ပေ။ မည်သူမျှ ထိုသို့သောလူများကို ကယ်တင်လိုခြင်း မရှိပေ။ မည်သူမျှ ထိုသို့သောလူများကို မိတ်ဆွေဖွဲ့လိုခြင်း မရှိပေ။ ကြက်များမွေးမြူခြင်း ကိစ္စကဲ့သို့ အလွန်ပင်အသေးစားဖြစ်သော ကိစ္စတစ်ခု၌ လူတို့၏ သဘာဝသည် ဖော်ထုတ်ခြင်း ခံခဲ့ရသည်၊ အလွန်ပင် အသေးစားဖြစ်သော ကိစ္စတစ်ခု၌ လူတို့သည် ငါ ပြောခဲ့သည့်အရာကို နာခံနိုင်စွမ်း မရှိခဲ့ကြပေ။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။

နောက်တစ်ခုတွင် သိုးများနှင့် ပတ်သက်သော ကိစ္စရပ်တစ်ခုကို ပြောကြပါစို့။ ယင်းမှာ လူတို့နှင့် ဆက်စပ်နေဆဲ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ နွေဦးရာသီ ရောက်လာခဲ့သည်။ ရာသီဥတု နွေးထွေးပြီး ပန်းများ ပွင့်လန်းနေခဲ့သည်။ စိမ်းလန်းစိုပြေနေခဲ့ပြီး မြက်ပင်များ စိမ်းလန်းနေခဲ့သည်။ အရာရာတိုင်းက စတင်၍ ရှင်သန်တောက်ပနေခဲ့သည်။ သိုးများသည် ဆောင်းရာသီ တစ်လျှောက်လုံး မြက်ခြောက်များ စားသုံးခဲ့ရပြီး ယင်းကို ဆက်လက်၍ မစားသုံးချင်တော့ပေ၊ သို့ဖြစ်၍ မြက်ပင်များ စိမ်းလန်းလာပြီး လတ်ဆတ်သောမြက်များကို စားသုံးနိုင်မည့်အချိန်ကို ယင်းတို့ မျှော်လင့်နေခဲ့ကြသည်။ ဖြစ်ချင်တော့ ဤသည်မှာ သိုးမများက သိုးငယ်များကို မွေးဖွားသည့်အချိန်လည်း ဖြစ်ခဲ့ရာ ယင်းတို့အတွက် စိမ်းလန်းသောမြက်များ စားသုံးရန် သာ၍ပင် လိုအပ်လာသည်ဟု ဆိုလိုသည်။ မြက်၏ အရည်အသွေး ပို၍မြင့်မားလေ၊ မြက်က ပို၍များပြားလေ၊ ယင်းတို့ ထုတ်လုပ်မည့်နို့ ပို၍များပြားလေဖြစ်ပြီး သိုးငယ်များ ပို၍ လျင်မြန်စွာ ကြီးထွားလာကြလေလေ ဖြစ်လိမ့်မည်။ လူတို့သည်လည်း ဤသည်ကို မြင်တွေ့ရ၍ ပျော်ရွှင်ကြလိမ့်မည်ဖြစ်ကာ ဆောင်းဦးရာသီ ရောက်ရှိချိန်၌ စားသုံးရန် ကောင်းမွန်ပြီး ဆူဖြိုးသော သိုးငယ်တစ်ကောင်သည် မျှော်လင့်စောင့်စားစရာ အရာတစ်ခု ဖြစ်လေသည်။ ပြီးလျှင် လူတို့၌ မျှော်လင့်စောင့်စားစရာ အရာတစ်ခု ရှိနေသည်ကို ထောက်သော် သိုးငယ်များကို စားသုံးဖို့ ပိုမို ကောင်းမွန်သောမြက်များ ကျွေးရန်၊ ယင်းတို့ သန်မာပြီး ဆူဖြိုးလာစေဖို့ ယင်းတို့ကို ကျွေးမွေးရန် နည်းလမ်းများကို သူတို့ ဖော်ထုတ်ခဲ့သင့်သလော။ သူတို့အနေဖြင့် “စားကျက်ကွင်းထဲရှိ မြက်သည် ယခုအချိန်အခိုက်အတန့်၌ မကောင်းမွန်ပေ။ အကယ်၍ သိုးငယ်များက ယင်းကို စားသုံးပါက ကြီးထွားမှု နှေးကွေးသွားလိမ့်မည်။ ကောင်းမွန်သောမြက်များ အဘယ်မှာ ရှိသနည်း” ဟု ဆင်ခြင်သုံးသပ်ခဲ့သင့်သည် မဟုတ်လော။ သူတို့သည် ဤအရာ၌ အနည်းငယ် ကြိုးစားအားထုတ်ခဲ့သင့်သည် မဟုတ်လော။ သို့သော် သိုးများကို ကြည့်ရှုစောင့်ရှောက်သောသူက မည်သို့တွေးထင်နေခဲ့သည်ကို မည်သူ သိရှိမည်နည်း။ တစ်နေ့တွင် ငါ သိုးများကို သွားရောက်ကြည့်ရှုခဲ့သည်။ သိုးငယ်များ ကောင်းမွန်စွာ ရှိနေကြသည်ကို ငါ မြင်တွေ့ခဲ့ရပြီး ယင်းတို့သည် လူများကို မြင်သည်နှင့် ခုန်ပေါက်လာကြကာ အပေါ်သို့ လှမ်းတက်ရန် ယင်းတို့၏ ရှေ့ခြေထောက်များကို လူတို့၏ ခြေသလုံးများပေါ်၌ တင်၍ လူတို့နှင့် စကားပြောလိုကြသည်။ သိုးငယ်အချို့၌ ဦးချိုများ ပေါက်နေပြီဖြစ်၍ ယင်းတို့၏ ဦးချိုငယ်များကို ငါ ကိုင်ပြီး ယင်းတို့နှင့်အတူ ဆော့ကစားခဲ့သည်။ ထိုသိုးငယ်များသည် အခြေအနေ ကောင်းမွန်ကြသော်လည်း အလွန် ပိန်လှီပြီး ခြောက်ကပ်နေခဲ့ကြသည်။ သိုးငယ်များသည် နူးညံ့ပြီး ယင်းတို့၏ သိုးမွေးသည် မထူထဲသော်လည်း ယင်းတို့ နွေးထွေးနေဆဲ ဖြစ်သည်ဟု ငါ တွေးထင်မိသည့်အပြင် အကယ်၍ ယင်းတို့ကို အနည်းငယ် ဆူဖြိုးအောင် ကျွေးမွေးပါက သာ၍ ကောင်းမွန်မည်ဖြစ်သည်ဟု ငါ တွေးထင်မိခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ကိုယ့်ဘာသာကိုယ် တွေးလျက် သိုးများ မွေးမြူသောသူအား “ဤမြက်သည် အရည်အသွေး ညံ့ဖျင်းသလော။ စားကျက်ကွင်းထဲတွင် သိုးများအတွက် စားစရာ မလုံလောက်သလော။ ၎င်းတို့၌ စားစရာ အလုံအလောက်ရှိရန်အတွက် မြေကြီးကို ထွန်ယက်ပြီး အသစ်သော မြက်အနည်းငယ်ကို စိုက်ပျိုးသင့်သလော”ဟု မေးလိုက်သည်။ သူက “စားစရာ စိမ်းလန်းသောမြက်များကို အလုံအလောက် မရှိချေ။ လောလောဆယ်တွင် သိုးများက မြက်ခြောက်များကို စားနေကြဆဲ ဖြစ်သည်”ဟု ပြောလေသည်။ ဤသည်ကို ငါကြားသည့်အခါ “မည်သည့်ရာသီဖြစ်သည်ကို သင် မသိသလော။ သင်သည် ယင်းတို့အား အဘယ်ကြောင့် မြက်ခြောက်များကို စားခိုင်းနေသေးသနည်း။ သိုးမများက သိုးလေးများကို မွေးကြပြီ၊ ယင်းတို့က ကောင်းမွန်သည့် စိမ်းလန်းသော မြက်များကို စားနေသင့်သည်။ ယင်းတို့ကို အဘယ်ကြောင့် မြက်ခြောက်များ စားခိုင်းနေသေးသနည်း။ ဤအတွက် ဖြေရှင်းချက်ကို သင်တို့ စဉ်းစားဖူးသလော”ဟု ပြောခဲ့သည်။ သူက ဆင်ခြေဆင်လက်များ တစ်ပုံကြီးပြောလာတော့သည်။ ငါသည် သူ့အား စားကျက်ကွင်းကို ထွန်ယက်ရန် ပြောသည့်အခါ သူက မလုပ်နိုင်ဟု ပြောခဲ့၏။ အကယ်၍ သူက ထွန်ယက်လျှင် ယခုတွင် သိုးများ၌ စားစရာ ဘာမျှရှိမည် မဟုတ်တော့ချေ။ ဤအရာအားလုံးကို ကြားရပြီးနောက် သင်တို့သည် မည်သို့ထင်သနည်း။ သင်တို့သည် ဝန်တာထားစိတ် တစ်ခုခုကို ခံစားရသလော။ (ကျွန်ုပ်သည် မြက်ခင်းပြင်ကောင်းကောင်း တွေ့ရှိရန် နည်းလမ်းများကို စဉ်းစားခဲ့ပြီး သို့မဟုတ် အခြားတစ်နေရာရာတွင် မြက်အချို့ကို ရိတ်ခဲ့ပြီးဖြစ်မည်။) ယင်းက ထိုအရာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုပင်ဖြစ်၏။ သင်သည် ဖြေရှင်းချက်တစ်ခုကို စဉ်းစားရမည်။ သင်၏ဝမ်းဗိုက်ကိုသာ ဖြည့်ပြီး အခြားအရာရာကို မမေ့လိုက်နှင့်။ သိုးများသည်လည်း ယင်းတို့ဗိုက်ပြည့်သည်အထိ စားရန် လိုအပ်သည်။ ထို့နောက်တွင် ငါသည် အခြားလူအချို့ကို “ဤစားကျက်ကွင်းကို ထွန်ယက်၍ရသလော။ သင်သည် ဆောင်းဦးတွင် စိုက်ပျိုးလျှင်ပင် သိုးများသည် နောက်တစ်နှစ်၌ စိမ်းလန်းသော မြက်များကို စားနိုင်ကြမည်ဖြစ်သည်။ ထိုမျှမက အခြားနေရာများတွင် စားကျက်ကွင်း နှစ်ကွင်းရှိသည်၊ ထိုနေရာတွင် သိုးများကို လတ်ဆတ်သော မြက်များကိုစားရရန် နေ့တိုင်း ကျောင်း၍ရသလော။ အကယ်၍ စားကျက်ကွင်းနှစ်ခုကို တစ်လှည့်စီပြောင်းလျှင် သိုးများက လတ်ဆတ်သောမြက်များကို စားရနိုင်မည်မဟုတ်လော”ဟု ပြောခဲ့သည်။ ငါပြောခဲ့သောအရာကို ပြုလုပ်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) လူတချို့က “အလုပ်ထက် အပြောက ပို၍လွယ်ကူသည်။ ကိုယ်တော်သည် အမှုအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်ဟု အမြဲတမ်း ပြောနေသည်။ ယင်းက မည်ကဲ့သို့ လွယ်ကူသနည်း။ သိုးများစွာရှိနေပြီး ယင်းတို့က ပြေးလွှားနေကြသောအခါ ယင်းတို့ကို ထိန်းကျောင်းရန် လုံးဝ မလွယ်ကူ”ဟု ပြောကြသည်။ သိုးများကို ထိန်းကျောင်းရုံ ထိန်းကျောင်းခြင်းက ထိုသူတို့အတွက် လွန်စွာခက်ခဲသည်။ ၎င်းတို့တွင် ဆင်ခြေများ၊ အခက်အခဲများ များစွာရှိသော်လည်း အဆုံးတွင် ၎င်းတို့ သဘောတူခဲ့ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် ငါသွားကြည့်ခဲ့ပြန်၏။ မြက်များက လွန်စွာမှပင် ကြီးထွားလာခဲ့သဖြင့် ခါးအထိနီးနီးပင် မြင့်သွားပြီဖြစ်သည်။ သိုးများက ယင်းကို စားနေခဲ့ကြသည့် အချိန်အတောအတွင်း အဘယ်သို့ ထိုမျှ မြင့်မားသွားခဲ့နိုင်သည်ကို ငါအံ့အားသင့်မိသည်။ မေးခွန်းတချို့မေးပြီးနောက် ငါ သိလိုက်ရသည်မှာ သိုးများကို ဤနေရာ၌ စားကျက်လွှတ်ရန် လုံးဝ မခေါ်ထုတ်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုလူတို့၌လည်း ဆင်ခြေတစ်ခု ရှိပြန်၏။ “ထိုစားကျက်ကွင်းထဲတွင် သိုးတဲမရှိ၊ သိုးများမှာ အလွန်ပူအိုက်လာကြသည်” ဟူ၍ ဖြစ်သည်။ ငါက “သို့ဆိုလျှင် ယင်းတို့အတွက် အဘယ်ကြောင့် တဲတစ်လုံး မဆောက်ပေးသနည်း။ သိုးအနည်းငယ်သာရှိသည်။ သင်တို့သည် ဤနေရာ၌ မည်သည့်အရာကို ပြုလုပ်ရန် ရည်ရွယ်ကြသနည်း။ သင်တို့သည် ဤရိုးရှင်းသော အမှုကိစ္စများကို ကိုင်တွယ်သင့်သည် မဟုတ်လော”ဟု ပြောလိုက်သည်။ သူတို့က “ကျွန်ုပ်တို့သည် ယင်းကိုဆောက်ဖို့ မည်သူ့ကိုမျှ ရှာမရ”ဟု ပြန်ဖြေခဲ့ကြသည်။ ငါက “အခြားအရာများကိုလုပ်ဖို့ လူများရှိသည်၊ ဤအရာကိုလုပ်ရန် အဘယ်ကြောင့် မည်သူမျှမရှိရသနည်း။ သင်သည် တစ်ယောက်ယောက်ကို ရှာဖွေပြီးပြီလော။ သင်အရေးစိုက်သမျှမှာ သိုးများကို စားရရန်ဖြစ်ပြီး ယင်းတို့ကိုမွေးရန် မဟုတ်ပေ။ သင်သည် အဘယ်သို့များ လွန်စွာ တစ်ကိုယ်ကောင်းဆန်ရက်နိုင်သနည်း။ သင်သည် သိုးသားစားချင်သော်လည်း ယင်းတို့ကို မည်သည့်မြက်စိမ်းကိုမျှ စားခွင့်မပြု။ သင်သည် အလွန်ပင် ကျင့်ဝတ်မဲ့နိုင်လှပါတကား။” ထိုသူတို့ကို အတင်းအကျပ် စေခိုင်းခဲ့သောအခါ တဲကို ဆောက်ခဲ့ကြပြီး သိုးများက စိမ်းလန်းသောမြက်ကို စားရတော့သည်။ ယင်းတို့အနေဖြင့် လတ်ဆတ်သော မြက်အနည်းငယ်ကို စားရရန် လွယ်ကူခဲ့သလော။ လွန်စွာရိုးရှင်းသော အရာတစ်ခုက ဤလူတို့အတွက် လုပ်ဆောင်ရန် လွန်စွာ ခဲယဉ်းခဲ့ပေသည်။ အခြေအနေတိုင်းတွင် သူတို့သည် ဆင်ခြေဆင်လက်များ ပြောထွက်ခဲ့ကြသည်။ သူတို့၌ ဆင်ခြေတစ်ခု ရှိသောအခါ၊ အခက်အခဲတစ်စုံတစ်ရာ ပါဝင်သောအခါ ထိုသူတို့သည် အလျှော့ပေးပြီး ယင်းကို ငါလာ၍ ဖြေရှင်းဖို့ စောင့်ခဲ့ကြသည်။ ငါသည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အမြဲတမ်း လိုက်လံကြည့်ရှုကာ စောင့်ကြည့်ကြီးကြပ်နေခဲ့ရသည်၊ ငါသည် သူတို့အပေါ် အမြဲတမ်း ဖိအားပေးနေခဲ့ရသည်။ ငါသည် ထိုသူတို့အပေါ် ဖိအားမပေး၍ မရခဲ့ပေ။ ငါသည် သိုးစာကျွေးခြင်းကဲ့သို့သော အသေးအဖွဲအရာတစ်ခုအတွက် အဘယ်ကြောင့် စိုးရိမ်နေရသနည်း။ ငါသည် သင်တို့အတွက် အရာရာကို ပြင်ဆင်ပေးသည်၊ သို့ဖြစ်၍ ငါ၏ စကားအနည်းငယ်ကို သင်တို့ နာခံအောင်လုပ်ရန် အဘယ်ကြောင့် အားထုတ်ကြိုးပမ်းမှုများစွာ လိုအပ်ရသနည်း။ ငါသည် သင့်ကို ဓားတောင်ပေါ်တက်ရန် သို့မဟုတ် မီးပင်လယ်ထဲကူးရန် တောင်းဆိုနေသလော။ သို့မဟုတ် အကောင်အထည်ဖော်ရန် လွန်စွာ ခက်ခဲသလော။ ဤသည်မှာ သင်၏တာဝန်ဝတ္တရားပင် မဟုတ်သလော။ ဤအရာအားလုံးကို ရရှိရန်မှာ သင်၏ စွမ်းပကားဖြင့် စွမ်းဆောင်နိုင်သည့်အရာများ ဖြစ်သည်။ ယင်းက သင့်အစွမ်းအစများ၏ အတိုင်းအတာထဲ၌ ရှိသည်။ ယင်းကို တောင်းဆိုဖို့ မလွန်လွန်းချေ။ ဤအရာကို ဖြစ်မြောက်အောင် သင်မလုပ်နိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ မည်သည့်နေရာတွင် ပြဿနာရှိနေသနည်း။ ငါသည် သင့်ကို သင်္ဘောတစ်စင်း ဆောက်ခိုင်းခဲ့သလော။ (မဆောက်ခိုင်းခဲ့ပါ။) သို့ဖြစ်လျှင် သင့်ကို လုပ်ခိုင်းခဲ့သည့်အရာနှင့် သင်္ဘောတစ်စင်း ဆောက်လုပ်ခြင်းကြားထဲက ကွာခြားချက်မှာ အဘယ်မျှလောက် ကြီးမားသနည်း။ ယင်းက အလွန်ကြီးမားသည်။ သင့်ကို လုပ်ဆောင်ရန် ခိုင်းစေသော အလုပ်မှာ တစ်ရက်နှစ်ရက်မျှသာ ကြာမည်ဖြစ်သည်။ ယင်းက အလွန်ရိုးရှင်းပြီး စကားတစ်ခွန်းပြောရုံမျှဖြင့် ပြီးမြောက်နိုင်သည်၊ ယင်းမှာ စွမ်းဆောင်နိုင်သည့်အရာဖြစ်၏။ သင်္ဘောဆောက်လုပ်ခြင်းက ကြီးမားလေးလံသော လုပ်ငန်းတာဝန်တစ်ခု၊ နှစ်ပေါင်း ၁၀၀ ကြာမည့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ အကယ်၍ သင်တို့သည် နောဧနှင့် တစ်ခေတ်တည်း၌ မွေးဖွားလာခဲ့ကြပါက သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှသည် ဘုရားသခင်၏စကားများကို နာခံနိုင်စွမ်း ရှိခဲ့မည်မဟုတ်သည်ကို ငါပြောဝံ့သည်။ နောဧက ဘုရားသခင်၏ စကားများကို နာခံခဲ့သောအခါ၊ သူက သင်္ဘောကို ဘုရားသခင် တောင်းဆိုခဲ့သည့်အတိုင်း တဖြည်းဖြည်းချင်း ဆောက်လုပ်ခဲ့သောအခါ သင်တို့သည် နောဧကို တားမြစ်ခြင်း၊ သူ့ကို လှောင်ပြောင်ခြင်း၊ သူ့ကို သရော်ခြင်း၊ သူ့ကို ရယ်သွမ်းသွေးခြင်းတို့ ပြုလျက် အခြားတစ်ဖက်၌ ရပ်တည်သောလူများ ဖြစ်ကြမည်ဖြစ်သည်။ သင်တို့သည် အသေအချာပင် ထိုလူစားမျိုး ဖြစ်ကြသည်။ သင်တို့၌ နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းသဘောထား လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ပြောင်းပြန်အားဖြင့် ဘုရားသခင်က သင့်ကို အထူးကျေးဇူးတော်ပြသရန်၊ အထူး ကောင်းချီးပေးပြီး အသိဉာဏ်ပွင့်လင်းစေရန် သင်တို့ တောင်းဆိုကြသည်။ သင်တို့သည် အဘယ်သို့ လွန်စွာ အရှက်ကင်းမဲ့နိုင်ရသနည်း။ ငါခုလေးတင်ပြောပြခဲ့သည့် အရာများထဲမှ မည်သည့်အရာသည် ငါ၏တာဝန်ဖြစ်သည်ဟု သင်တို့ ထင်သနည်း။ မည်သည့်အရာကို ငါလုပ်စရာလိုသနည်း။ (တစ်ခုမျှ လုပ်စရာမလိုပါ။) ဤအရာများအားလုံးမှာ လူ့အရေးကိစ္စများဖြစ်သည်။ ယင်းတို့မှာ ငါနှင့်မသက်ဆိုင်ပေ။ သင်တို့ကို လွှတ်ထားရန် ငါ ရွေးချယ်ခွင့် ရှိသည်။ သို့ဖြစ်လျှင် ငါသည် အဘယ်ကြောင့် ပါဝင်ပတ်သက်နေရသနည်း။ ယင်းသည် ငါ၏ ဝတ္တရားဖြစ်သောကြောင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ သင်တို့ကောင်းဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်တို့ မည်သူကမျှ ဤအရာကို မပူပန်ကြ၊ မည်သူကမျှ ဤတာဝန်ကို လက်ခံဆောင်ရွက်ခြင်း မရှိခဲ့ကြ၊ မည်သူကမျှ ဤကောင်းမွန်သော ရည်ရွယ်ချက်များ မရှိကြ။ သို့ဖြစ်၍ ဤအရာနှင့်ပတ်သက်၍ ငါသည် စိတ်ဆင်းရဲမှုများကို ပို၍ ယူရသည်။ သင်တို့အနေဖြင့် နာခံဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုအပ်သည်၊ ယင်းက အလွန်ရိုးစင်း၏။ သို့သော် သင်တို့သည် ထိုအရာကိုပင် မလုပ်ဆောင်နိုင်ကြချေ။ သင်တို့သည် လူပင် ဟုတ်သလော။

နောက်ထပ် ပို၍ ဆိုးရွားသော ဖြစ်ရပ်တစ်ခုလည်းရှိသည်။ အဆောက်အအုံတစ်ခုကို တည်ဆောက်နေသည့် နေရာတစ်နေရာ ရှိခဲ့သည်။ အဆောက်အအုံက အတော်မြင့်မားပြီး အတော်အတန် ကြီးမားသော ဧရိယာတစ်ခုကို လွှမ်းခြုံထားလေသည်။ အတော်အတန် များပြားသော ပရိဘောဂများကို အတွင်းထဲ၌ နေရာချထားသည်၊ ပြီးလျှင် ယင်းတို့ကို ရွှေ့ရာတွင် အဆင်ပြေစေရန် အနည်းဆုံး နှစ်ရွက်ဖွင့်တံခါးတစ်စုံ လိုအပ်မည်ဖြစ်ပြီး ယင်းတို့က အနည်းဆုံး ရှစ်ပေမြင့်ဖို့ လိုအပ်သည်။ သာမန်လူတို့က ဤအရာအားလုံးကို စဉ်းစားထားကြမည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်သည် ခြောက်ပေရှိသော တစ်ရွက်ဖွင့် တံခါးတစ်ချပ်ကို တပ်ဆင်ရန် မရမကပြောခဲ့သည်။ သူက အခြားလူအားလုံး၏ အကြံဉာဏ်များကို မည်သူ့ထံမှ လာသည်ဖြစ်စေ မသိကျိုးကျွန်ပြုခဲ့သည်။ ဤလူသည် နားဝေတိမ်တောင်ဖြစ်သလော။ သူသည် အဘက်ဘက်၌ လူလိမ်လူညစ်တစ်ဦးဖြစ်သည်။ ထို့နောက် ဤအကြောင်းကို တစ်စုံတစ်ဦးက ငါ့အား ပြောပြခဲ့သောအခါ ငါသည် ထိုသူကို “သင်သည် နှစ်ရွက်ဖွင့်တံခါး တပ်ဆင်ဖို့လိုပြီး ယင်းက ပိုမြင့်ဖို့လိုသည်”ဟု ပြောလိုက်သည်။ သူက အင်တင်တင်ဖြင့် သဘောတူခဲ့သည်။ သို့ဖြစ်ရာ အပြင်ပန်းအားဖြင့် သူက သဘောတူခဲ့သော်လည်း သူက မိမိတစ်ကိုယ်တည်း မည်သည့်အရာကို ပြောခဲ့သနည်း။ “ယင်းကို လွန်စွာမြင့်အောင်လုပ်ရာတွင် မည်သည့်အကျိုးရှိသနည်း။ နိမ့်နေရခြင်းက မည်သည့်အရာမှားမည်နည်း” ဟူ၍ ဖြစ်သည်။ ယင်းနောက်တွင် ငါ ထပ်သွားကြည့်ခဲ့သည်။ တံခါးအပိုတစ်ပေါက်သာ ထပ်ဖောက်ထားခဲ့ကြသည်၊ သို့သော် အမြင့်က အတူတူပင်ဖြစ်သည်။ ပြီးလျှင် အမြင့်က အဘယ်ကြောင့် အတူတူဖြစ်ရသနည်း။ ပိုမိုမြင့်သောတံခါးကို တည်ဆောက်ရန် မဖြစ်နိုင်ခဲ့သလော။ သို့မဟုတ် တံခါးက မျက်နှာကြက်ကို မီတော့မည်လော။ ပြဿနာက မည်သည့်အရာဖြစ်ခဲ့သနည်း။ ပြဿနာမှာ သူ မနာခံလိုခြင်း ဖြစ်သည်။ သူအမှန်တကယ် စဉ်းစားနေခဲ့သည်က “ယင်းသည် သင့်အပေါ် မူတည်သလော။ ငါသည် ဤတစ်ခွင်၌ အကြီးအကဲဖြစ်သည်၊ ငါထိန်းချုပ်သည်။ အခြားလူတို့က ငါပြောသည့်အတိုင်း လုပ်ကြရ၏၊ ငါက အခြားလူတို့ ပြောသည့်အတိုင်း မလုပ်ရပေ။ သင်က မည်သည့်အရာကို သိနားလည်သနည်း။ သင်က ဆောက်လုပ်ရေးအကြောင်းကို နားလည်သလော”ဟူ၍ ဖြစ်သည်။ ဆောက်လုပ်ရေးအကြောင်း နားမလည်ခြင်းဟူသည်မှာ ငါသည် အတိုင်းအဆက မည်သို့ရှိသည်ကို မကြည့်တတ်ဟု ဆိုလိုခြင်း ဟုတ်သလော။ ထိုမျှမြင့်မားသော အဆောက်အအုံထဲ၌ ထိုမျှနိမ့်သော တံခါးတစ်ပေါက်နှင့်ဆိုပါက အရပ်ခြောက်ပေနှစ်လက်မကျော်ရှည်သော လူတစ်ဦးဦး ယင်းမှ ဖြတ်လျှောက်သောအခါ သူတို့သည် ကိုယ်ကိုမကိုင်းပါက ကျည်းပေါင်၌ ခေါင်းတိုက်မိမည် ဖြစ်သည်။ ဤသည်မှာ မည်သို့သော တံခါးမျိုးဖြစ်သနည်း။ ငါက ဆောက်လုပ်ရေးအကြောင်း နားလည်ရန် မလိုပေ။ ငါ၏အကြံဉာဏ်က ကျိုးကြောင်းဆီလျော်မှု ရှိသလော၊ ငါ့ကိုပြောလော့။ ယင်းက လက်တွေ့ကျသလော။ သို့သော် ထိုလက်တွေ့ကျမှုမျိုးသည် ထိုလူအတွက် သဘောပေါက်နားလည်နိုင်စရာ မဟုတ်ပေ။ သူသိခဲ့သမျှမှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းသာ ဖြစ်ပြီး “ငါလာခဲ့သည့်နေရာက တံခါးများအားလုံးမှာ ဤအတိုင်းပင်ဖြစ်သည်။ ငါသည် ယင်းကို သင်ပြောခဲ့သည့် အမြင့်အတိုင်း အဘယ်ကြောင့် လုပ်ထားရမည်နည်း။ သင်က ငါ့အား ယင်းကို လုပ်ခိုင်းခဲ့ပြီး ဤသည်မှာ ငါလုပ်ထားသည့်ပုံစံ ဖြစ်သည်။ အကယ်၍ ငါသည် သင့်အတွက် အသုံးမတည့်ပါက ထားလိုက်ပါတော့။ ဤသည်မှာ အမှုကိစ္စများကို ငါလုပ်ဆောင်သည့်ပုံစံဖြစ်ပြီး သင့်ကို ငါနာခံမည်မဟုတ်” ဟုပြောခဲ့သည်။ ဤလူသည် မည်သို့သော အရာမျိုးဖြစ်ခဲ့သနည်း။ သူ့ကို ဘုရားသခင်၏အိမ်တော်က ဆက်လက်၍ အသုံးပြုနိုင်သည်ဟု သင်တို့ယူဆသလော။ (မယူဆပါ။) သို့ဆိုလျှင် သူ့ကိုအသုံးပြု၍ မရသည့်အတွက် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ထိုကဲ့သို့သောလူတို့သည် ဘုရားသခင်၏ အိမ်တော်ထဲ၌ မည်ကာမတ္တဖြစ်သော ကြိုးပမ်းမှုအနည်းငယ်ကို ပြုလုပ်ပြီး သူတို့ကို ချက်ချင်း မနှင်ထုတ်သော်လည်း၊ ထို့ပြင် ညီအစ်ကို မောင်နှမများက ထိုသူတို့ကို သည်းခံနိုင်သည့်အပြင် ငါက ထိုသူတို့ကို သည်းခံနိုင်သော်လည်း သူတို့၏ လူ့သဘာဝနှင့် ပတ်သက်လာလျှင် သမ္မာတရားကို သူတို့ နားလည်သည်၊ မလည်သည်ကို အသာထား၊ ဘုရားသခင်၏အိမ်တော်ကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုထဲတွင် အလုပ်လုပ်ရင်းနှင့် နေထိုင်ရင်း ထိုသူတို့သည် ဆက်နေဦးမည့် အလားအလာရှိသလော။ (မရှိပါ။) ငါတို့သည် ထိုသူတို့ကို မောင်းထုတ်ဖို့ လိုသလော။ (မလိုပါ။) ထိုသူတို့သည် အသင်းတော်တွင် ရေရှည်ဆက်နေနိုင်ဖွယ် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ သူတို့ကို ပြောထားသည့်အရာအား သူတို့နားလည်နိုင်ခြင်း ရှိမရှိကို ဘေးချိတ်ထားစို့။ သူတို့၏ စိတ်သဘောထား အရှိအတိုင်းမှာမူ၊ အနည်းငယ် အားထုတ်လိုက်သည်နှင့် သူတို့သည် ချက်ချင်းပင် ခေါင်းဆောင်ကဲ့သို့ စတင်၍ ဂိုက်ဖမ်းလာပြီး စီမံဦးစီးဖို့ ကြိုးစားလာကြသည်။ ဘုရားသခင်၏အိမ်တော်ထဲတွင် ဤအရာသည် အဆင်ပြေနိုင်သလော။ ထိုသူတို့သည် ဘာမျှမဟုတ်ကြပေ၊ သို့တစေ သူတို့က မိမိတို့ အလွန်တော်သည်ဟုလည်းကောင်း၊ မကောင်းမှုများကို သူတို့ မဆင်မခြင် ကျူးလွန်ပြီး စီမံဦးစီးဖို့ ကြိုးစားနေသည့် နေရာဖြစ်သော ဘုရားသခင့်အိမ်တော်တွင် သူတို့သည် ထောက်တိုင်၊ အမာခံကျောရိုး ဖြစ်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ ထိုသူတို့သည် ပြဿနာကြုံရန် သေချာနေပြီး ကြာကြာနေမည် မဟုတ်ကြပေ။ ဤကဲ့သို့သော လူတို့နှင့်ပတ်သက်၍ ဘုရားသခင်၏အိမ်တော်က သူတို့ကို မမောင်းထုတ်လျှင်ပင် ဤနေရာ၌ သူတို့ အချိန်အတော်ကြာ နေကြည့်လိုက်သည်နှင့် ဘုရားသခင်၏ အိမ်တော်ထဲတွင် သမ္မာတရားအကြောင်း၊ စည်းမျဉ်းအကြောင်းကို လူတို့အမြဲတမ်း ပြောဆိုနေကြကြောင်း သတိထားမိကြမည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို စိတ်ဝင်စားမှုမရှိကြ၊ သူတို့၏ မသမာသည့် ဉာဏ်နီဉာဏ်နက်များသည် ဤနေရာ၌ အသုံးဝင်မှုမရှိပေ။ သူတို့သည် မည်သည့်နေရာကို သွား၍ မည်သည့်အရာကို ပြုလုပ်နေကြသည်ဖြစ်စေ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိကြဘဲ ထိန်းချုပ်ရန် အမြဲတမ်း ကြိုးစားချင်ကြသည်။ သို့သော် ယင်းက အလုပ်မဖြစ်ဘဲ သူတို့သည် ကဏ္ဍတိုင်း၌ မိမိကိုယ်ကို ကန့်သတ်ခံနေရသည်ကို တွေ့ရလေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ ညီအစ်ကိုမောင်နှမ အများစုက သမ္မာတရားနှင့် စည်းမျဉ်းများကို နားလည်လာကြသည်။ ဤလူများသည် သူတို့စိတ်ကြိုက်လုပ်ဖို့ ကြိုးစားရန်၊ အကြီးအကဲလုပ်ပြီး ဦးစီးရန် ကြိုးစားကြသကဲ့သို့ စည်းမျဉ်းအတိုင်း မပြုမူကြသော အချိန်အတောအတွင်းတွင် လူများစွာက သူတို့အပေါ် အထင်သေးသော အကြည့်များဖြင့် ကြည့်ကြလေ၏။ ထိုသူတို့က ထိုအရာကို ခံနိုင်ကြသလော။ ထိုအချိန် ကျရောက်လာသောအခါ သူတို့သည် ဤလူများနှင့် သဟဇာတမဖြစ်ကြောင်း၊ သူတို့သည် ပင်ကိုအားဖြင့် ဤနေရာနှင့် မသက်ဆိုင်ကြောင်း၊ သူတို့သည် နေရာမှားကြပြီဖြစ်ကြောင်း ခံစားရကြမည်ဖြစ်သည်။ “ငါသည် ဘုရားအိမ်တော်ထဲသို့ အဘယ်သို့ အမှတ်မထင် ဝင်ရောက်သွားခဲ့သနည်း။ ငါ၏ စဉ်းစားဉာဏ်သည် ရိုးရှင်းလွန်းခဲ့သည်။ အနည်းငယ် အားစိုက်ထုတ်လိုက်ရုံနှင့် ဘေးဒုက္ခမှလွတ်ပြီး နောင်တွင် ကောင်းချီးခံစားရမည်ဟု ငါထင်ခဲ့သည်မှာ တကယ်တမ်းတွင် ထိုကဲ့သို့မဟုတ်မှန်း သိရတော့သည်။” သူတို့သည် ပင်ကိုအားဖြင့် ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ။ ခဏတာ နေထိုင်ပြီးနောက် သူတို့သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်၊ သူတို့သည် စိတ်မဝင်စား ဖြစ်လာကြပြီး သူတို့ကို မောင်းထုတ်စရာ မလိုတော့ပေ။ သူတို့ဘာသာ လစ်ထွက်သွားကြတော့သည်။

လူအချို့က “သင် မဝင်စွက်ဖက်သည့်အရာ တစ်ခုမျှ မရှိသလော။ သင်သည် အလွန် စပ်စပ်စပ်စပ် ပါတတ်သူတစ်ဦး ဖြစ်သည်။ မဟုတ်သလော။ သင်က သူတစ်ပါး၏ အမှုကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းအားဖြင့် သင်၏ သိက္ခာကို တည်ဆောက်သည်၊ သင် ရှိနေခြင်းကို ခံစားရစေရန် လုပ်ဆောင်သည်၊ သင်၏ အနန္တတန်ခိုးကို လူတို့အား သိစေသည် မဟုတ်လော” ဟု ဆိုကြသည်။ ငါ့ကို ပြောကြလော့၊ အကယ်၍ ငါသည် ဤအရာများကို ဂရုမစိုက်ခဲ့ပါက အဆင်ပြေမည်လော။ လက်တွေ့တွင် ငါသည် ဤအရာများကို ဂရုမစိုက်လိုပေ၊ ယင်းတို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်သာ ဖြစ်သည်၊ သို့သော် အကယ်၍ ငါ ဂရုမစိုက်ခဲ့ပါက ပြဿနာတက်လိမ့်မည်ဖြစ်ပြီး နောင်လာမည့်အလုပ်ကို ထိခိုက်စေလိမ့်မည်။ သင်တို့သည် ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့ပါက၊ သင်တို့သည် ငါ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ခဲ့ပါက ထိုသို့သော ကိစ္စရပ်များတွင် ငါ ကိုယ်တိုင် ပါဝင်ရန် လိုအပ်မည်လော။ အကယ်၍ ငါသည် သင်တို့ကို ဂရုမစိုက်ခဲ့ပါက သင်တို့သည် မည်သည့်လူ့သဏ္ဌာန်ကိုမျှ အသက်ရှင်နေထိုင်ကြမည်မဟုတ်သကဲ့သို့ ကောင်းမွန်စွာလည်း အသက်ရှင်ကြမည်မဟုတ်ပေ။ သင်တို့သည် မည်သည့်အရာကိုမျှ မိမိတို့ဘာသာ လုပ်ဆောင်နိုင်ကြမည်မဟုတ်ပေ။ ထိုသို့ ဖြစ်နေသည့်တိုင် သင်တို့သည် ငါ့ကို ယခုထိ နာခံခြင်း မရှိကြသေးပေ။ အလွန့်အလွန် ရိုးရှင်းသော အရာတစ်ခုအကြောင်း သင်တို့ကို ငါ ပြောမည်၊ ယင်းမှာ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သင်တို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းဟူသော အလွန့်အလွန် အသေးစားဖြစ်သော ကိစ္စရပ် ဖြစ်သည်။ ဤကိစ္စရပ်နှင့် ပတ်သက်၍ သင်တို့ မည်သို့ ပြုမူကြသနည်း။ အကယ်၍ ငါသည် တစ်နေရာရာသို့ သွားရောက်ပြီး သင်တို့ကို ကြိုတင် အကြောင်းမကြားခဲ့ပါက ယင်းမှာ သာမန်ထက် လွန်ကဲစွာ ဖရိုဖရဲ ဖြစ်နေလိမ့်မည်ဖြစ်ပြီး သင်တို့သည် ယင်းကို ထိုနေရာ၌ပင် ချက်ချင်း သန့်ရှင်းရေးလုပ်ရမည်ဖြစ်ကာ ယင်းက သင်တို့ကို စိတ်မချမ်းမသာဖြစ်စေပြီး စိတ်မသက်မသာ ဖြစ်စေလိမ့်မည်။ အကယ်၍ ငါ လာမည်ဖြစ်ကြောင်း သင်တို့ကို ကြိုတင် ပြောကြားခဲ့ပါက အခြေအနေမှာ အလွန်ဆိုးရွားမည်မဟုတ်ပေ၊ သို့သော် နောက်ကွယ်၌ အဘယ်အရာ ဖြစ်ပျက်နေသည်ကို ငါ မသိဟု သင်တို့ ထင်ကြသလော။ ဤသည်တို့အားလုံးမှာ အသေးစား ကိစ္စရပ်များ ဖြစ်ကြသည်၊ ပုံမှန်လူ့သဘာဝ၏ အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံးသော အချက်အချို့ ဖြစ်ကြသည်။ သို့သော် သင်တို့သည် ဤသို့ ပျင်းရိကြသည်။ သင်တို့သည် မိမိတို့၏ တာဝန်ကို အမှန်တကယ် ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြသလော။ ငါသည် တရုတ်ပြည်မကြီးရှိ အချို့နေရာများ၌ ဆယ်နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုနေရာမှ လူတို့အား ဂွမ်းစောင်များ မည်သို့ခေါက်ရမည်၊ နေပူ၌ မည်သို့အခြောက်လှန်းရမည်၊ အိမ်များကို မည်သို့သန့်ရှင်းရေးလုပ်ရမည်ဆိုသည်နှင့် အိမ်များ၌ မည်သို့မီးမွှေးရမည်ကို သင်ကြားပေးခဲ့သည်။ သို့သော် ဆယ်နှစ်ကြာ သင်ကြားပြီးသည့်တိုင် ငါသည် သူတို့ကို တတ်မြောက်အောင် မသင်ကြားပေးနိုင်ခဲ့ပေ။ ငါသည် သင်ကြားပေးနိုင်စွမ်း မရှိခြင်းကြောင့်လော။ မဟုတ်ပေ၊ ဤလူတို့သည် အလွန် သိမ်ဖျင်းသောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ငါ သင်ကြားခြင်းကို ရပ်တန့်ခဲ့သည်။ ငါ တစ်နေရာရာသို့ သွားရောက်ပြီး မခေါက်ထားသော စောင်တစ်ထည်ကို ကြုံတွေ့သည့်အခါ ငါသည် လှည့်ထွက်ပြီး ထွက်ခွာသွားခဲ့ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ပြုလုပ်ခဲ့မည်နည်း။ ငါသည် ယင်းကို အနံ့ဆိုးပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု မြင်သောကြောင့် ဖြစ်သည်။ ဝက်ခြံတစ်ခြံထက်ပင် ဆိုးရွားသောနေရာ၌ ငါ အဘယ်ကြောင့် နေထိုင်သင့်သနည်း။ ငါ ထိုသို့ပြုလုပ်ရန် ငြင်းပယ်သည်။ ဤသေးငယ်သော ပြဿနာများသည်ပင် ပြောင်းလဲရန် အလွန် ခက်ခဲလှသည်။ အကယ်၍ ငါသည် ယင်းကို ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းကဲ့သို့ ပိုမိုမြင့်မားသောအဆင့်ကို ငါတက်လှမ်းလျှင် ပွင့်ပွင့်လင်းလင်း ပြောရသော် သင်တို့သည် အနီးအနားသို့ပင် ကပ်နိုင်ကြမည်မဟုတ်ပေ။ ယနေ့ ငါ ပြောကြားနေသော အဓိကအချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းသည် အလွန် အရေးကြီးပြီး သင်တို့သည် ယင်းကို လျစ်လျူမရှုရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းဆိုသည်မှာ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ သို့မဟုတ် စုံစမ်းလေ့လာခြင်း ပြုလုပ်သင့်သည်ဟု ဆိုလိုခြင်းမဟုတ်၊ သို့မဟုတ် ယင်းတို့နောက်ကွယ်မှ အကြောင်းရင်းများကို သင်တို့ စုံစမ်းစစ်ဆေးပြီး အကြောင်းရင်းခံကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားသင့်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ၊ ထိုအစား သင်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ပြီး ဆောင်ရွက်သင့်သည်။ ဘုရားသခင်က သင်တို့ကို စကားပြောသည့်အခါ၊ ကိုယ်တော်က သင်တို့ကို တာဝန်တစ်ခု လုပ်ဆောင်ရန် အမိန့်ပေးသောအခါ သို့မဟုတ် တစ်စုံတစ်ခုကို သင်တို့အား အပ်နှံသည့်အခါ ဘုရားသခင် နောက်ဆက်တွဲ မြင်တွေ့လိုသည့်အရာမှာ သင်တို့ ယင်းကို ဆောင်ရွက်ခြင်းနှင့် သင်တို့ ဤသည်ကို တစ်ဆင့်ပြီးတစ်ဆင့် မည်သို့ အကောင်အထည်ဖော်သည်ကို ဖြစ်သည်။ ဘုရားသခင်သည် ဤကိစ္စရပ်ကို သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဂရုမစိုက်သကဲ့သို့ သင်၏ စိတ်နှလုံးထဲ၌ သင်သည် ဤအရာနှင့်ပတ်သက်၍ စူးစမ်းလိုစိတ် ရှိသည်ဖြစ်စေ၊ ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သံသယ ရှိသည်ဖြစ်စေ ကိုယ်တော် ဂရုမစိုက်ပေ။ ဘုရားသခင် ကြည့်ရှုသည့်အရာမှာ သင်တို့ ယင်းကို လုပ်ဆောင်ခြင်း ရှိမရှိ၊ သင်တို့၌ နာခံပြီး ကျိုးနွံနာခံသည့် သဘောထား ရှိမရှိ ဆိုသည့်အချက် ဖြစ်သည်။

အမှတ်တမဲ့ဆိုသလို ငါသည် ဖျော်ဖြေပွဲများအတွက် ဝတ်စုံများအကြောင်းကို လူတချို့နှင့် စကားပြောနေဖြစ်ခဲ့သည်။ အဓိကစည်းမျဉ်းမှာ ဝတ်စုံများ၏ အရောင်နှင့် ပုံစံများက သင့်တင့်လျောက်ပတ်ဖို့၊ သိက္ခာရှိဖို့၊ မျက်စိပသာဒရှိဖို့နှင့် ကြော့ရှင်းဖို့ဖြစ်သည်။ ယင်းတို့က ထူးထွေဆန်းပြားသောဝတ်စုံများနှင့် မတူရပေ။ ထိုမျှမက ငွေမြောက်မြားစွာ သုံးစွဲရန်မလိုပေ။ ယင်းတို့ကို ဝယ်ရန်အတွက် ခေတ်အမီဆုံး ကုန်တံဆိပ်အမည်ရှိသော ဆိုင်များသို့ သွားဖို့လိုအပ်သည် မဆိုထားနှင့်၊ ယင်းတို့က သီးသန့်ဒီဇိုင်းပညာရှင် တစ်ဦးထံမှ လာစရာမလိုပေ။ ငါ၏အမြင်မှာ ဝတ်စုံများက ဖြေဖျော်သူများကို ကြော့ရှင်းပြီး သင့်တင့်လျောက်ပတ်စေသင့်သည်၊ သိက္ခာရှိစေသင့်သည်၊ လူရိုသေရှင်ရိုသေ ရှိစေသင့်သည်ဟူ၍ဖြစ်သည်။ အရောင်နှင့်ပတ်သက်၍ စင်ပေါ်တွင် မွဲလွန်းသော သို့မဟုတ် မှောင်လွန်းသော အရာတစ်ခုခုကို ရှောင်ကြဉ်ခြင်းမှလွဲ၍ ကန့်သတ်ချက်များမရှိပေ။ အခြားအရောင်အများစုက အဆင်ပြေသည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းဟူ၍ ဤအတွက် စည်းမျဉ်းစည်းကမ်းများ မရှိပေ။ အဘယ်ကြောင့် ဤစည်းမျဉ်း ဖြစ်ရသနည်း။ ဘုရားသခင်၏ ဖန်ဆင်းခြင်း၌ အရောင်အသွေးအားလုံး ပါဝင်သည်။ သစ်ပင်များ၊ အပင်များနှင့် ငှက်များကို အရောင်အသွေးနှင့် မြင်ရသကဲ့သို့ ပန်းများကိုလည်း မြင်ရလေသည်။ ထို့ကြောင့် ငါတို့သည် အရောင်နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ သို့မဟုတ် မည်သည့်သတ်မှတ်ချက်မျှ မရှိရပေ။ ဤအရာကိုပြောပြီးနောက်တွင် သူတို့ နားမလည်မည်ကို စိုးခဲ့သည်။ ငါသည် သူတို့ကို နောက်တစ်ဖန် မေးခွန်းမေးပြီးနောက် ငါ့ကိုကြားရသော သူတို့အားလုံးက နားလည်သည်ဟု ပြောသောအခါမှသာ စိတ်ချလက်ချရှိသွားရလေသည်။ ၎င်းတို့အတွက် ကျန်ရှိသည့်အရာမှာ အလုပ်ကို ငါပြောထားသည့် စည်းမျဉ်းနှင့်အညီ အကောင်အထည်ဖော်ရန်ဖြစ်၏။ ဤသည်မှာ လွယ်ကူသောကိစ္စ ဟုတ်သလော။ ယင်းက ကြီးလေးသော အရာတစ်ခုခု ဟုတ်သလော။ ယင်းမှာ သင်္ဘောတစ်စင်း ဆောက်လုပ်ခြင်းထက် ပို၍ကြီးမားသော သို့မဟုတ် ပို၍သေးငယ်သော လုပ်ငန်းတာဝန်လော။ (ပို၍ သေးငယ်သော လုပ်ငန်းတာဝန်ဖြစ်သည်။) အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းနှင့် ယှဉ်လျှင် ခက်ခဲသလော။ (မခက်ခဲပါ။) မည်သည့်အခက်အခဲမျှ လုံးဝမပါဝင်ခဲ့သည့်အပြင် ယင်းက ရိုးစင်း၏။ ဝတ်စားဆင်ယင်ခြင်းကိစ္စသာ ဖြစ်သည်။ လူတို့သည် မွေးဖွားသောအချိန်မှစ၍ ဝတ်စားဆင်ယင်ခြင်းနှင့် ထိတွေ့လာကြသည်။ ယင်းက ခက်ခဲသောကိစ္စ မဟုတ်ချေ။ စည်းမျဉ်းများတစ်ခုခုကို ငါပြဋ္ဌာန်းခဲ့သောအခါ အမှုအရာများက လူတို့အနေဖြင့် လုပ်ဆောင်ရန် ပို၍ပင် လွယ်ကူသည်။ အဓိကကျသောအရာမှာ သူတို့သည် နာခံခဲ့ခြင်း ရှိမရှိနှင့် သူတို့သည် ယင်းကို လုပ်ဆောင်လိုစိတ် ရှိမရှိပင် ဖြစ်ခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ပြပွဲများနှင့် ရုပ်ရှင်များအနည်းငယ်ကို ထုတ်လုပ်ပြီးသွားခဲ့သောအခါ အဓိကဇာတ်ဆောင်များ၏ ဝတ်စုံများက အပြာရောင်ဖြစ်သည်ကို ငါသတိပြုမိခဲ့သည်။ ယင်းကို ငါ အနည်းငယ်စဉ်းစားခဲ့၏။ “ဤပြပွဲများကို ထုတ်လုပ်ရာ၌ လူတို့၏စိတ်ထဲတွင် ပြဿနာရှိသလော။ ငါပြောခဲ့သောအရာ၌ ငါသည် လွန်စွာ ရှင်းလင်းခဲ့ပေသည်။ ဝတ်စုံများက အပြာရောင်ဖြစ်ရမည်၊ အပြာရောင်ဝတ်မထားသောသူ မည်သူမျှ စင်ပေါ်တက်ခွင့်ရှိမည်မဟုတ် ဟူသောစည်းကမ်းကို ငါမသတ်မှတ်ခဲ့ချေ။ ဤလူတို့၌ မည်သည့်အရာ မှားသနည်း။ မည်သည့်အရာက ထိုသူတို့ကို လှုံ့ဆော်နေပြီး ကြီးစိုးနေသနည်း။ အပြင်လောကရှိ ခေတ်ရေစီးကြောင်းများက ပြောင်းလဲသွားပြီး လူတို့က ယခု အပြာရောင်ကိုသာ ဝတ်ဆင်ကြသလော။ မဟုတ်ချေ။ အပြင်လောကတွင် အရောင်များ၊ ပုံစံများနှင့်ပတ်သက်၍ စည်းကမ်းများမရှိ၊ လူတို့က အရောင်အသွေးမျိုးစုံကို ဝတ်ဆင်ကြသည်။ ထို့ကြောင့် အသင်းတော်ထဲ၌ ထိုအခြေအနေမျိုး ဖြစ်ပျက်ရသည်မှာ ထူးဆန်းနေသည်။ ဝတ်စုံများအား အဆုံးသတ်စိစစ်မှုကို မည်သူပြုလုပ်သနည်း။ မည်သူက ဤအမှုကိစ္စကို ထိန်းချုပ်သနည်း။ ယင်းကို ကြိုးကိုင်ခြယ်လှယ်နေသောသူ တစ်ဦးဦးရှိသလော။” ယင်းကို ကြိုးကိုင်ခြယ်လှယ်နေသောသူတစ်ဦး အမှန်ပင်ရှိခဲ့သည်။ ရလဒ်အနေဖြင့် မည်သည့်ပုံစံဖြစ်စေ ဝတ်စုံများအားလုံးမှာ ခြွင်းချက်မရှိ အပြာရောင် ဖြစ်နေသည်။ ငါပြောခဲ့သောအရာက ခြားနားမှုကို မဖြစ်စေခဲ့ပေ။ မည်သည့်ပုံစံဖြစ်စေ အဝတ်အစားအားလုံးက အပြာဖြစ်ရမည်၊ လူတို့သည် ဝတ်စားပုံက မည်သို့ဖြစ်စေ အပြာမှလွဲ၍ မည်သည့်အရာကိုမျှ မဝတ်ရဟူ၍ သူတို့ ဆုံးဖြတ်ထားခဲ့နှင့်ပြီးဖြစ်သည်။ အပြာရောင်က ဝိညာဉ်ရေးရာနှင့် သန့်ရှင်းခြင်းကို ကိုယ်စားပြုသည်။ ယင်းက ဘုရားသခင့်အိမ်တော်၏ အမှတ်တံဆိပ် အရောင်ဖြစ်သည်။ အကယ်၍ သူတို့၏ဝတ်စုံများက အပြာရောင်မ ဟုတ်ခဲ့လျှင် ၎င်းတို့သည် ပြပွဲကို တင်ဆက်ခွင့်ပြုမည်မဟုတ်။ တင်ဆက်ရဲမည်လည်း မဟုတ်။ ဤလူတို့သည် ဇာတ်သိမ်းသွားပြီဟု ငါဆို၏။ ဤသည်မှာ ထိုမျှလွယ်ကူသော အရာတစ်ခုဖြစ်ခဲ့သည်၊ ငါသည် အချက်တစ်ခုစီကို အလွန်ရှင်းလင်းစွာ ရှင်းပြခဲ့ပြီး ငါထိုသို့ပြုခဲ့ပြီးနောက်တွင် သူတို့နားလည်ရန် သေချာအောင် လုပ်ခဲ့သည်။ ငါတို့အားလုံး သဘောတူခဲ့ပြီးသည့်အခါမှသာ ထိုအကြောင်းအရာကို ငါအဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ သို့နှင့် အဆုံးသတ်ရလဒ်က မည်သည့်အရာ ဖြစ်သွားခဲ့သနည်း။ ငါပြောခဲ့သည့်အရာသည် လေနှင့်တူသည်။ ယင်းကို မည်သူကမျှ အရေးကြီးသည်ဟု သဘောမထားခဲ့ကြချေ။ သူတို့သည် သူတို့သဘောရှိသည့်အတိုင်း လုပ်ဆောင်ကာ ကျင့်ကြံကြ‌ဆဲ ဖြစ်သည်။ ငါပြောခဲ့သည့်အရာကို မည်သူမျှ မလုပ်ဆောင်ခဲ့၊ ယင်းကို မည်သူမျှ မဖြည့်ဆည်းခဲ့ပေ။ သူတို့က နားလည်ပြီဟု ဆိုသောအခါ မည်သည့်အရာကို အမှန်တကယ် ဆိုလိုခဲ့ကြသနည်း။ ဤလူတို့သည် ငါ့ကို ချော့ပြောနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် လမ်းပေါ်က ထိုလူလတ်ပိုင်း အမျိုးသမီးများသဖွယ် တစ်နေကုန် အတင်းပြောနေခဲ့ကြသည်။ ဤသည်မှာ ငါ့ကို ၎င်းတို့ စကားပြောသည့် ပုံစံလည်းဖြစ်ပြီး ၎င်းတို့တွင်ရှိသည့် သဘောထားလည်းဖြစ်သည်။ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲ၌ ခံစားချက်တစ်ခု ရှိခဲ့၏။ ခရစ်တော်အပေါ် ဤလူတို့ထားရှိသော သဘောထားမှာ ဘုရားသခင်အပေါ် သူတို့၏ သဘောထားပင်ဖြစ်ပြီး ယင်းမှာ လွန်စွာပူပန်စရာ သဘောထားတစ်ခု၊ အန္တရာယ်ရှိသော သင်္ကေတတစ်ခု၊ မကောင်းသောနိမိတ်တစ်ခုပင် ဖြစ်သည်။ ယင်းက မည်သည့်အရာအား အချက်ပြသည်ကို သင်တို့ သိချင်ကြသလော။ သင်တို့ သိသင့်ပေသည်။ ဤအရာကို သင်တို့အား ငါပြောရမည်ဖြစ်ပြီး ကြားရသောအရာကို သင်တို့ သေချာနားထောင်ရမည် ဖြစ်သည်။ သင်တို့အထဲ၌ ထုတ်ဖော်ပြထားသောအရာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်တို့၏ သဘောထားမှနေ၍ အကဲဖြတ်ရသော် သင်တို့မြောက်မြားစွာသည် ဘေးဒုက္ခထဲသို့ ကျရောက်လိမ့်မည် ဖြစ်သည်။ သင်တို့အချို့သည် အပြစ်ဒဏ်ပေးခံရရန်နှင့် အချို့က စစ်ဆေးခံရရန်အတွက် ဘေးဒုက္ခထဲသို့ ကျရောက်လိမ့်မည်၊ ပြီးလျှင် ဘေးဒုက္ခကို ရှောင်လွှဲ၍မရပေ။ အပြစ်ဒဏ်ခံရသောသူတို့သည် ချက်ချင်း သေကြေကြလိမ့်မည်၊ သူတို့ ပျက်စီးကြလိမ့်မည်။ သို့သော်လည်း ဘေးဒုက္ခတွင် စစ်ဆေးခြင်းခံရသောသူတို့မှာမူ ယင်းက သူတို့ကိုနာခံစေပြီး ကျိုးနွံနာခံနိုင်စေကာ မြဲမြံစွာရပ်တည်ပြီး သက်သေခံချက်ကို ပိုင်ဆိုင်လာပါက အခက်အခဲ ဆုံးစမ်းသပ်မှုကို ကျော်လွှားနိုင်ပြီဟု ဆိုနိုင်တော့မည်ဖြစ်သည်။ သို့မဟုတ်ပါက ထိုသူတို့အတွက် အနာဂတ်တွင် မျှော်လင့်ချက်မရှိ၊ သူတို့၌ အန္တရာယ်ရှိမည်ဖြစ်ပြီး သူတို့၌ နောက်ထပ်အခွင့်အရေးများ ရှိတော့မည်မဟုတ်ချေ။ ငါ ပြောသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း နားလည်သလော။ (နားလည်ပါသည်။) ဤအရာသည် သင်တို့အတွက် ကောင်းသောအရာတစ်ခုခုကဲ့သို့ ထင်ရသလော။ အတိုချုပ်အားဖြင့် ငါ့အတွက်ကား ယင်းသည် ကောင်းသောနိမိတ်လက္ခဏာ မဟုတ်ချေ။ ငါသည် ယင်းကို မကောင်းသောသင်္ကေတအဖြစ် ခံစားမိသည်။ ငါသည် သင်တို့ကို အချက်အလက်များ ပေးထားပြီဖြစ်သည်။ သင်တို့၏ ရွေးချယ်မှုသည် သင်တို့၏ လွတ်လပ်ခွင့်သာဖြစ်၏။ ဤအကြောင်းကို ငါ နောက်ထပ် ပြောမည်မဟုတ်တော့၊ ငါ ထပ်ပြောမည် မဟုတ်တော့၊ ယင်းကို နောက်တစ်ကြိမ် ပြန်တင်ပြမည် မဟုတ်တော့ပေ။

ယနေ့ ငါ မိတ်သဟာယဖွဲ့ပေးနေသော ခေါင်းစဉ်မှာ ဘုရားသခင်၏ စကားများကို မည်သို့သဘောထားပြုမူရမည် ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ စကားများကို နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းမှာ အလွန်အရေးကြီး၏။ ယင်းတို့ကို လိုက်နာဆောင်ရွက်နိုင်ခြင်း၊ အကောင်အထည် ဖော်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းတို့က လွန်စွာ အရေးကြီးသည်။ လူတချို့က၊ “ယနေ့ပင်လျှင် ခရစ်တော်ကို မည်သို့ဆက်ဆံရမည်ကိုပင် ကျွန်ုပ်တို့ မသိကြသေး”ဟု ပြောတတ်ကြသည်။ ခရစ်တော်ကို မည်သို့ ဆက်ဆံရမည်မှာ အလွန်ရိုးစင်း၏။ ခရစ်တော်အပေါ် သင်၏ သဘောထားသည် ဘုရားသခင်အပေါ် သင်၏သဘောထားပင် ဖြစ်သည်။ ဘုရားသခင်၏ အမြင်၌မူ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ ခရစ်တော်အပေါ် သင်၏သဘောထားပင် ဖြစ်သည်။ ခရစ်တော်အပေါ် သင်ထားသော သဘောထားက ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သင်ထားသော သဘောထား ဖြစ်သည်မှာ အမှန်ပင်။ ခရစ်တော်အပေါ် သင်၏သဘောထားမှာ အစစ်မှန်ဆုံးပင်ဖြစ်၏။ ယင်းကို တွေ့မြင်၍ရနိုင်ပြီး ယင်းမှာ အတိအကျပင် ဘုရားသခင်က စိစစ်သောအရာဖြစ်သည်။ လူတို့သည် ဘုရားသခင်အလိုရှိသည့် ပုံစံအတိုင်း ဘုရားသခင်ကို မည်သို့ဆက်ဆံရမည်ကို နားလည်ရန်ဆန္ဒရှိကြကာ ဤသည်မှာ ရိုးရှင်းပေသည်။ အချက်သုံးချက်ရှိ၏။ ပထမမှာ စစ်မှန်ရိုးသားခြင်း ဖြစ်သည်။ ဒုတိယမှာ လေးစားမှုဖြစ်ကာ ခရစ်တော်အား မည်သို့လေးစားရမည်ကို သင်ယူခြင်းဖြစ်သည်။ ပြီးလျှင် တတိယအချက်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။ ယင်းသည် သူ၏ စကားများကို နာခံခြင်းဖြစ်သည်။ သူ၏ စကားများကို နာခံခြင်းဆိုသည်မှာ သင်၏နားဖြင့် နားထောင်ခြင်း၊ သို့မဟုတ် အခြားအရာတစ်ခုခုဖြင့် နားထောင်ခြင်းကို ဆိုလိုသလော။ (ကျွန်ုပ်တို့၏ နှလုံးသားများနှင့် နားထောင်ခြင်းကို ဆိုလိုသည်။) သင်၌ နှလုံးသားရှိသလော။ အကယ်၍ သင်၌ နှလုံးသားရှိပါက ထိုအရာနှင့် နားထောင်လော့။ သင်သည် သင်၏နှလုံးသားနှင့် နားထောင်မှသာလျှင် နားလည်မည်ဖြစ်ပြီး သင်ကြားသောအရာကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤသုံးချက်ထဲက တစ်ချက်စီမှာ အလွန်ရိုးရှင်းသည်။ ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်ရန် လွယ်ကူမည်ဖြစ်ပြီး ယုတ္တိရှိရှိ ပြောရလျှင် ယင်းတို့ကို လုပ်ဆောင်ရန် လွယ်ကူမည်ဖြစ်သည်။ သို့သော် ယင်းတို့ကို သင်တို့ မည်ကဲ့သို့လုပ်ဆောင်သည်နှင့် လုပ်ဆောင်နိုင်ခြင်း ရှိမရှိမှာမူ သင်တို့သဘောအတိုင်း ဖြစ်သည်။ နောက်ထပ် ငါရှင်းပြမည် မဟုတ်တော့ချေ။ လူတချို့က “သင်သည် သာမန်လူတစ်ဦးသာလျှင် ဖြစ်သည်။ သင့်အပေါ် ကျွန်ုပ်တို့ အဘယ်ကြောင့် ရိုးသားစစ်မှန်သင့်သနည်း။ သင့်အပေါ် ကျွန်ုပ်တို့ အဘယ်ကြောင့် လေးစားသင့်သနည်း။ သင်၏ စကားများကို ကျွန်ုပ်တို့ အဘယ်ကြောင့် နာခံသင့်သနည်း” ဟု ပြောတတ်ကြသည်။ ငါ၌ ကိုယ်ပိုင်အကြောင်းပြချက်များ ရှိပေသည်။ ယင်း၌လည်း အချက်သုံးချက်ရှိ၏။ သေချာစွာ နားထောင်ပြီး ငါပြောသည့်အရာမှာ အဓိပ္ပာယ်ရှိမရှိကို ကြည့်လော့။ အဓိပ္ပာယ်ရှိလျှင် သင်တို့ လက်ခံသင့်သည်။ အကယ်၍ အဓိပ္ပာယ်မရှိဟု ယူဆပါက သင် လက်ခံဖို့ မလိုဘဲ အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်သည်။ အကြောင်းပြချက် နံပါတ်တစ်မှာ သင်သည် ဘုရားသခင့်အမှုတော်၏ ဤအဆင့်ကို လက်ခံခဲ့ကတည်းက ငါမိန့်ဆိုထားသော စကားလုံးတိုင်းကို စားသောက်ခြင်း၊ မွေ့လျော်ခြင်းနှင့် ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်း ပြုလာနေခဲ့ပြီးဖြစ်သည်။ နံပါတ်နှစ်မှာ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သည်၊ သင်သည် သူ၏ယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်ဟု သင်ကိုယ်တိုင် ဝန်ခံလေသည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင် လူ့ဇာတိခံယူထားသော သာမန်လူသား၏ နောက်လိုက်တစ်ဦး ဖြစ်သည်ကို သင်အသိအမှတ်ပြုသည်ဟု ဆိုနိုင်သလော။ ဆိုနိုင်သည်။ အချုပ်အားဖြင့် နံပါတ်နှစ်မှာ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ကြောင်း သင်ဝန်ခံခြင်းဖြစ်သည်။ အကြောင်းပြချက်နံပါတ်သုံးသည် အရေးတကာ့ အရေးကြီးဆုံးဖြစ်၏။ လူသားမျိုးနွယ် အားလုံးထဲတွင် ငါသာလျှင် သင်တို့ကို လူများအဖြစ် ရှုမြင်သည်။ ဤအချက်က အရေးကြီးသလော။ (အရေးကြီးပေသည်။) ဤအချက်သုံးချက်မှ မည်သည့်အချက်ကို သင်တို့ လက်မခံနိုင်ကြသနည်း။ သင်တို့ပြောကြည့်၊ ငါ ယခုတင် ပြောပြပြီးသော ဤအချက်များအနက် အချက်တစ်ခုခုက မမှန်မကန်ဖြစ်သလော၊ ဓမ္မဓိဋ္ဌာန်မကျဖြစ်သလော၊ အဖြစ်မှန်မဟုတ် ဖြစ်လေသလော။ (မဖြစ်ပါ။) သို့ဆိုလျှင် အားလုံးကိုခြုံငုံကြည့်လျှင် ခြောက်ချက်ရှိသည်။ ငါသည် ယင်းတို့တစ်ခုစီအကြောင်း အသေးစိတ် ပြောမည် မဟုတ်တော့ပေ။ ယင်းတို့ကို မိမိတို့ဘာသာ တွေးဆလော့။ ငါသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောပြထားပြီဖြစ်သောကြောင့် သင်တို့ နားလည်နိုင်လောက်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။