နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂) အခန်း တစ်

ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင်၊ ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များမှ ဒသမအချက်ဖြစ်သည့် “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်” ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အတိအကျ မည်သည့်အသေးစိတ်အချက်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ သဘောထားရမည်ကို ဘုရားသခင်က အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ဤသည်မှာ ဒသမအချက်နှင့် သက်ဆိုင်ပါသလော။ (သက်ဆိုင်ပါသည်။ အကြောင်းမှာ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်” ဟူသော အချက်၌၊ အန္တိခရစ်တို့၏ အပြုအမူတစ်ခုမှာ သူတို့သည် ခရစ်တော်မိန့်တော်မူသည့်အရာကို နားထောင်ရုံသာ နားထောင်ပြီး၊ ယင်းကို နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းလည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ သဘောထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ နာခံရမည်၊ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ အကောင်အထည်ဖော်ပြီး လုပ်ဆောင်ရမည်ကို ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ဤအရာအားလုံးကို နားလည်ကြသည် မဟုတ်လော။ ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင် ငါသည် ပုံပြင်နှစ်ခုကို ပြောခဲ့သည်၊ တစ်ခုမှာ နောဧ၏ ပုံပြင်ဖြစ်ပြီး၊ တစ်ခုမှာ အာဗြဟံ၏ ပုံပြင် ဖြစ်သည်။ ဤသည်တို့မှာ သမ္မာကျမ်းစာမှ ဂန္ထဝင်ပုံပြင်နှစ်ခု ဖြစ်သည်။ လူများစွာတို့သည် ဤပုံပြင်များကို သိရှိနားလည်ကြသော်လည်း၊ ၎င်းတို့ကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို မည်သို့ သဘောထားရမည်ကို သိရှိသူ အလွန်နည်းပါးလှသည်။ သို့ဆိုလျှင်၊ ဤပုံပြင်နှစ်ခုအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတစ်ဦးအနေဖြင့်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို မည်သို့ သဘောထားသင့်သည်ကို လူတို့ သိရှိစေရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သည့်အခါ ဖန်ဆင်းခံတစ်ဦး ခံယူသင့်သော ရပ်တည်ချက်နှင့် သူတို့တွင် ရှိသင့်သော သဘောထားကို သိရှိစေရန် ဖြစ်သည်။ ဤသည်တို့မှာ အဓိကအချက်များ ဖြစ်သည်။ ဤသည်မှာ ပြီးခဲ့သည့်အကြိမ်က ဤပုံပြင်နှစ်ခုအပေါ် ငါတို့ မိတ်သဟာယဖွဲ့ခဲ့စဉ်က လူတို့ သိရှိနားလည်ရန် ရည်ရွယ်ထားသည့် သမ္မာတရား ဖြစ်သည်။ သို့ဆိုလျှင်၊ ဤပုံပြင်နှစ်ခုအပေါ် ငါတို့ မိတ်သဟာယဖွဲ့ပြီးသည့်နောက်၊ ခရစ်တော်ကို မည်သို့ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်များကို နာခံရမည်၊ လူတို့ မည်သို့သော သဘောထား ရှိသင့်သည်၊ ခရစ်တော်နှင့် ခရစ်တော်မိန့်တော်မူသော နှုတ်ကပတ်တော်များအပေါ် သူတို့၏ ရှုထောင့်နှင့် ရပ်တည်ချက်တို့ မည်သို့ ဖြစ်သင့်သည်၊ ထို့အပြင် ဘုရားသခင်ထံမှ လာသော နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို လူတို့ မည်သို့ သဘောထားသင့်သည်၊ ဤအတွင်း၌ မည်သည့်သမ္မာတရားများကို နားလည်သင့်သည်တို့နှင့်ပတ်သက်၍ သင်တို့ ယခု ရှင်းလင်းကြပြီလော။ (နံပါတ်တစ်မှာ ခရစ်တော်အပေါ်စစ်မှန်ရိုးသားခြင်း၊ နံပါတ်နှစ်မှာ ခရစ်တော်ကို လေးစားရန် သင်ယူခြင်း၊ နံပါတ်သုံးမှာ သူ၏ နှုတ်ကပတ်တော်များကို နာခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့၏ စိတ်နှလုံးများဖြင့် နားထောင်ခြင်းတို့ ဖြစ်ပါသည်။) သင်တို့ စည်းမျဉ်းများကို မှတ်မိကြသည်။ အကယ်၍ ငါသည် ဤစည်းမျဉ်းများကို မပြောခဲ့ပါက၊ ငါပြောခဲ့သော ပုံပြင်နှစ်ခုမှ သင်တို့ ၎င်းတို့ကို အနှစ်ချုပ်ထုတ်နုတ်နိုင်ကြမည်လော။ (ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင် မိန့်တော်မူသမျှကို ကျွန်ုပ်တို့ နာခံရမည် ဟူ၍ ဖြစ်ပါသည်။) သင်တို့ အနှစ်ချုပ်ထုတ်နုတ်နိုင်သမျှမှာ ရိုးရှင်းသော၊ တစ်ယူသန်ဖြစ်သော၊ နှင့် သဘောတရားပိုင်းဆိုင်ရာဖြစ်သော ကျင့်သုံးနည်းများသာ ဖြစ်သည်၊ ဤအတွင်း၌ လူတို့ ရှာဖွေနားလည်သင့်သော သမ္မာတရားများကို သင်တို့ နားလည်နိုင်စွမ်း သို့မဟုတ် သိရှိနိုင်စွမ်း မရှိကြသေးပေ။ သို့ဖြစ်၍ နောဧနှင့် အာဗြဟံတို့၏ ပုံပြင်များအပေါ် အသေးစိတ် မိတ်သဟာယဖွဲ့ကြပါစို့။

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နောဧ၏ သဘောထား

ဦးစွာ နောဧ၏ ပုံပြင်အကြောင်း ပြောကြပါစို့။ ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင်၊ ငါတို့သည် နောဧ၏ ပုံပြင်၏ အကြောင်းရင်းများနှင့် အကျိုးဆက်များကို အကြမ်းဖျင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အဘယ်ကြောင့် ငါတို့ ပို၍ တိတိကျကျ မဖော်ပြခဲ့သနည်း။ အကြောင်းမှာ လူအများစုသည် ဤပုံပြင်၏ အကြောင်းရင်းများ၊ အကျိုးဆက်များနှင့် တိကျသော အသေးစိတ်အချက်များကို သိရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့ အလွန်ရှင်းလင်းခြင်းမရှိသည့် အသေးစိတ်အချက်တစ်စုံတစ်ရာ ရှိပါက၊ သင်တို့သည် ၎င်းတို့ကို သမ္မာကျမ်းစာထဲတွင် ရှာဖွေနိုင်သည်။ ငါတို့ မိတ်သဟာယဖွဲ့နေသည့်အရာမှာ ဤပုံပြင်၏ တိကျသော အသေးစိတ်အချက်များ မဟုတ်ဘဲ၊ ပုံပြင်၏ အဓိကဇာတ်ဆောင်ဖြစ်သော နောဧသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားခဲ့သည်၊ ဤအရာမှ သမ္မာတရား၏ မည်သည့်ကဏ္ဍများကို လူတို့ နားလည်သင့်သည်၊ နောဧ ပြုခဲ့သော အပြုအမူတိုင်းကို ဘုရားသခင် မြင်တွေ့ပြီးနောက် ကိုယ်တော်၏ သဘောထား မည်သို့ရှိခဲ့သည်၊ ကိုယ်တော် မည်သို့ တွေးထင်တော်မူခဲ့သည်၊ နောဧအပေါ် ကိုယ်တော်၏ အကဲဖြတ်ချက် မည်သို့ရှိခဲ့သည်ဟူသော အကြောင်းများ ဖြစ်သည်။ ဤသည်တို့မှာ ငါတို့ မိတ်သဟာယဖွဲ့သင့်သော အသေးစိတ်အချက်များ ဖြစ်သည်။ နောဧအပေါ် ဘုရားသခင်၏ သဘောထားနှင့် နောဧပြုခဲ့သည့်အရာအပေါ် ကိုယ်တော်၏ အကဲဖြတ်ချက်တို့သည် လူသားမျိုးနွယ်အပေါ်၊ ကိုယ်တော်နောက်သို့ လိုက်သောသူများအပေါ်၊ ကိုယ်တော် ကယ်တင်မည့်သူများအပေါ် ဘုရားသခင် အတိအကျ မည်သို့သော စံနှုန်းများကို တောင်းဆိုသည်ကို ငါတို့အား ပြောပြရန် လုံလောက်ပါသည်။ ဤအရာ၌ ရှာဖွေရမည့် သမ္မာတရား ရှိပါသလော။ ရှာဖွေရမည့် သမ္မာတရား ရှိသည့်နေရာ၌၊ အသေးစိတ် စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ချင့်ချိန်စဉ်းစားရန်နှင့် မိတ်သဟာယဖွဲ့ရန် ထိုက်တန်ပါသည်။ နောဧ ပုံပြင်၏ အတိအကျအသေးစိတ်အချက်များကို ပြန်လည်ပြောဆိုတော့မည် မဟုတ်ပါ။ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့မည့်အရာမှာ နောဧ၏ ဘုရားသခင်အပေါ် အမျိုးမျိုးသော သဘောထားများ၌ ရှာဖွေရမည့် သမ္မာတရားအပြင်၊ နောဧအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်မှ လူတို့ နားလည်သင့်သော ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ရည်ရွယ်ချက်များ ဖြစ်သည်။

နောဧသည် ဘုရားသခင်ကို ကိုးကွယ်ပြီး ဘုရားသခင်နောက်တော်သို့လိုက်သော သာမန်လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူ့အပေါ် ကျရောက်လာသည့်အခါ သူ၏သဘောထားမှာ ဖြည်းညှင်းစွာ မလှုပ်ရှားရန်၊ အချိန်ဆွဲရန်၊ သို့မဟုတ် အချိန်ယူမနေရန်ဖြစ်သည်။ ဤအစား သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အလွန်အလေးအနက် နားထောင်ခဲ့သည်။ ဘုရားသခင်က သူ့အား အမိန့်ပေးသည့် အရာတိုင်းကို မှတ်မိရန် စိတ်ပါလက်ပါ နားထောင်ပြီး ကြိုးစားလျက်၊ အနည်းငယ်မျှပင် ဂရုမစိုက်ခြင်း မပြုရဲဘဲ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို အလွန်ဂရုစိုက်၊ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ ဘုရားသခင်အပေါ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူ၏သဘောထားသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုဖြစ်သည်။ ဤသည်မှာ သူ၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် တစ်နေရာရှိသည်၊ သူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံသည်ဆိုသည်တို့ကို ပြသည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားနှုတ်ကပတ်တော်တို့တွင် ပါဝင်သည့် အကြောင်းအရာ၊ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် စေခိုင်းသည့်အရာတို့ကို ဂရုတစိုက် နားထောင်ခဲ့သည်။ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ ပိုင်းခြားစိစစ်ခြင်းမဟုတ်ဘဲ လက်ခံခြင်းဖြင့် နားထောင်ခဲ့သည်။ သူ၏စိတ်နှလုံးတွင် ငြင်းပယ်ခြင်း၊ ရွံ့မုန်းခြင်း၊ သို့မဟုတ် စိတ်မရှည်ခြင်းမရှိ။ ဤအစား သူ့အပေါ် ဘုရားသခင် ပြုသော တောင်းဆိုချက်များတွင် ရှိသည့် စကားလုံးတိုင်းနှင့် ကိစ္စမှန်သမျှကို သူ၏စိတ်နှလုံးတွင် ငြိမ်သက်စွာ၊ ဂရုစိုက်စွာ၊ အာရုံစိုက်စွာ မှတ်သားထားခဲ့သည်။ ဘုရားသခင်က သူ့အား ညွှန်ကြားချက်တစ်ခုစီကို ပေးပြီးနောက်တွင် နောဧသည် ဘုရားသခင်က သူ့အား ပြောဆိုပြီး အပ်နှံခဲ့သည့်အရာတိုင်းကို အသေးစိတ်၊ သူ၏ကိုယ်ပိုင်နည်းလမ်းတို့ဖြင့် မှတ်သားခဲ့သည်။ ထို့နောက်တွင် သူ၏ကိုယ်ပိုင်အလုပ်တို့ကို ဘေးဖယ်လိုက်သည်။ သူ၏အသက်တာဟောင်းက လုပ်ရိုးလုပ်စဉ်အလုပ်များနှင့် အစီအစဉ်များကို ဖြတ်တောက်ထားခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် အပ်နှံထားခဲ့သည့်အရာအားလုံး၊ ဘုရားသခင်က သူ့ကို တည်ဆောက်ခိုင်းသည့် သင်္ဘောအတွက်လိုအပ်သော ပစ္စည်းများအားလုံးကို စတင်ပြင်ဆင်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုတလေကိုမျှ၊ သို့မဟုတ် ဘုရားသခင်တောင်းဆိုသည့်အရာ တစ်ခုတလေကိုမျှ၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် သူ့ကို တောင်းဆိုထားသည့်အရာ၏ အသေးစိတ်အချက်အလက် တစ်ခုတလေကိုမျှ လျစ်လျူမရှုဝံ့ပေ။ သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့် သူ့အပေါ် ဘုရားသခင်စေခိုင်းပြီး အပ်နှံခဲ့သည့်အရာအားလုံး၏ အဓိကအချက်များနှင့် အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ခဲ့ပြီး ထို့နောက် ၎င်းတို့ကို အကြိမ်ကြိမ်အခါခါ ချင့်ချိန်စဉ်းစားကာ ဆင်ခြင်ခဲ့သည်။ ထို့နောက်တွင် နောဧသည် ဘုရားသခင်က သူ့အားပြင်ဆင်ခိုင်းသည့် ပစ္စည်းများအားလုံးကို သွားရောက်ရှာဖွေခဲ့သည်။ ဘုရားသခင်က ညွှန်ကြားချက်တစ်ခုစီကို ပေးပြီးနောက်တွင် နောဧသည် ပုံမှန်ပင် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ဘုရားသခင်က သူ့အား အပ်နှံခဲ့သည့်၊ လုပ်ဆောင်ရန်ညွှန်ကြားသည့် အရာအားလုံးအတွက် အသေးစိတ်စီမံမှုများ၊ အစီအစဉ်များကို ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် သူ၏စီမံမှုများ၊ အစီအစဉ်များအပြင် ဘုရားသခင်စေခိုင်းထားသည့်အရာ၏ အသေးစိတ်အချက်အလက်တိုင်းနှင့် အဆင့်တစ်ခုချင်းစီကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် နောဧလုပ်ဆောင်ခဲ့သည့်အရာရာတိုင်းသည် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ လူသားအမြင်တွင် ထူးခြားသည်ဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် ညွှန်ကြားခဲ့သောအရာ၊ ဘုရားသခင်က ပြောဆိုခဲ့ပြီး တောင်းဆိုခဲ့သည့်အရာဖြစ်သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် သူဖော်ပြခဲ့သည့် အရာအားလုံးကို ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူ၏သဘောထားသည် နားထောင်ခြင်းသက်သက်ထက်မပိုခြင်းသာ မဟုတ်ဘဲ ဤနှုတ်ကပတ်တော်တို့ကို ကြားပြီးနောက်တွင် နောဧသည် စိတ်ပါသည့်အချိန်၊ ပတ်ဝန်းကျင်အခြေအနေက သင့်လျော်သည့်အချိန်၊ သို့မဟုတ် ဤအရာကို ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည့်အချိန်ကို ရွေးချယ်ခြင်းမျိုး သာ၍ပင် မဟုတ်ဆိုသည်မှာ ထင်ရှားသည်။ ဤအစား သူ၏အလုပ်များအားလုံးကို ဘေးဖယ်ခဲ့သည်။ သူ့ဘဝ၏ လုပ်ရိုးလုပ်စဉ်အလုပ်များကို ဖြတ်တောက်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်က အမိန့်ပေးခဲ့သည့် သင်္ဘောတည်ဆောက်ခြင်းကို သူ့ဘဝနှင့် သူ၏ဖြစ်တည်မှုတွင် အကြီးမားဆုံးသော ဦးစားပေးအရာအဖြစ် ထားရှိပြီး ထိုဦးစားပေးမှုနှင့်အညီ အကောင်အထည်ဖော်ခဲ့သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် ငြင်းပယ်ခြင်းဖြစ်ရန် မဆိုထားနှင့်၊ ပေါ့ပေါ့တန်တန်ထားခြင်း၊ ဝတ်ကျေတမ်းကျေပြုခြင်း သို့မဟုတ် ပြောင်းလဲလွယ်ခြင်းပင် မရှိပေ။ ဤအစား သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုစိုက်၍ နားထောင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှတ်မိရန်၊ ချင့်ချိန်တွေးတောရန် စိတ်နှစ်၍ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းသဘောထားဖြစ်သည်။ ဘုရားသခင်အတွက် ဤသည်သာ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးက သူ၏ နှုတ်ကပတ်တော်များအပေါ် ထားရှိသည့် သဘောထားဖြစ်၏။ သူ ဤသဘောထားတွင် အတိုက်အခံလုပ်ခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်း၊ ထင်ရာစိုင်းခြင်း သို့မဟုတ် မဆင်မခြင်ပြုခြင်းတို့ မရှိသကဲ့သို့ လူ့အကြံတို့ ရောနှောထားခြင်းလည်းမရှိပေ။ ယင်းသည် အလုံးစုံနှင့် ပြည့်စုံစွာပင် ဖန်ဆင်းခံလူသားတစ်ဦး ရှိရမည့် သဘောထားဖြစ်သည်။

ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင်၊ နောဧသည် ဘုရားသခင် သူ့ကို တာဝန်ပေးထားခဲ့သည့် သင်္ဘောအား မည်သို့တည်ဆောက်ရမည်ကို စတင်စီစဉ်ခဲ့သည်။ သူသည် သင်္ဘောဆောက်လုပ်ခြင်းအတွက် ပစ္စည်းအမျိုးမျိုး၊ လိုအပ်သော လူများနှင့် ကိရိယာများကို ရှာဖွေခဲ့သည်။ ပင်ကိုအားဖြင့်၊ ဤအရာ၌ အရာများစွာ ပါဝင်သည်။ ယင်းက စာ၌ဖော်ပြထားသကဲ့သို့ လွယ်ကူရိုးစင်းသည် မဟုတ်ပေ။ ကာယအလုပ်အားဖြင့် အရာရာကို လက်နှင့်ပြုလုပ်ရသော ခေတ်တစ်ခေတ်ဖြစ်သည့် စက်မှုခေတ်မတိုင်မီ ထိုခေတ်တွင် ဤသို့သော သင်္ဘောကြီးကို၊ အလွန်ကြီးမားသောအရာကို တည်ဆောက်ရန်၊ ဘုရားသခင်က အပ်နှံခဲ့သည့် သင်္ဘောကြီးတစ်ခုအား တည်ဆောက်ခြင်းအလုပ်ကို ပြီးမြောက်ရန် မည်မျှခက်ခဲမည်ကို စိတ်ကူးကြည့်ရန် မခက်ပေ။ နောဧက မည်သို့ စီစဉ်ခဲ့သည်၊ ပြင်ဆင်ခဲ့သည်၊ ပုံစံရေးဆွဲခဲ့သည်၊ ပစ္စည်းကိရိယာများကဲ့သို့သော အမျိုးမျိုးသောအရာများကို မည်သို့ တွေ့ရှိခဲ့သည်ဆိုသည်မှာ ရိုးရှင်း‌သောကိစ္စများမဟုတ်သည်မှာ အမှန်ပင်ဖြစ်ပြီး နောဧမှာ အလွန်ထုထည်ကြီးမားသော သင်္ဘောတစ်ခုကို မည်သည့်အခါမျှ မမြင်ဖူးနိုင်ပေ။ နောဧသည် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် ဘုရားသခင့်စကားများ၏ အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်း၊ ပြီးလျှင် ဘုရားသခင် ပြောထားခဲ့သည့် အရာအားလုံးကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤအရာမှာ ရိုးစင်းသောကိစ္စ၊ လွယ်ကူသောအလုပ်တာဝန် မဟုတ်ကြောင်း သိခဲ့သည်။ ဤသည်မှာ ရိုးရှင်းသော၊ သို့မဟုတ် လွယ်ကူသော အလုပ်မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်များက မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ အချက်တစ်ခုအနေဖြင့် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် နောဧသည် သူ၏ပခုံးအပေါ်၌ လေးလံသောဝန်ထုပ်တစ်ခု ရှိမည်ကို ဆိုလိုခဲ့ပေသည်။ ထို့အပြင် ဘုရားသခင်က နောဧကို ကိုယ်တိုင်ဆင့်ခေါ်ခဲ့ပြီး သင်္ဘောကို မည်သို့ဆောက်လုပ်ရမည်ကို ညွှန်ကြားခဲ့သည်ကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့်၊ ယင်းမှာ သာမန်ကိစ္စမဟုတ်၊ သေးငယ်သောကိစ္စ မဟုတ်ခဲ့ပေ။ ဘုရားသခင်ပြောခဲ့သော အရာအားလုံး၏ အသေးစိတ်အချက်အလက်များကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤသည်မှာ သာမန်လူတစ်ဦးဦးက တာဝန်ယူနိုင်မည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဘုရားသခင်က နောဧကို ဆင့်ခေါ်ခဲ့ပြီး သင်္ဘောကြီးတစ်ခု တည်ဆောက်ရန် တာဝန်ပေးစေခိုင်းခဲ့သည့် အချက်က ဘုရားသခင်၏စိတ်နှလုံးထဲတွင် နောဧအပေါ် အလေးထားကြောင်း ပြသပေသည်။ ဤကိစ္စနှင့်ပတ်သက်သောအခါတွင် နောဧသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတန်ငယ် နားလည်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့နားလည်ပြီးသည့်နောက်၊ လာမည့်နှစ်ကာလများ၌ သူကြုံတွေ့ရမည့် ဘဝမျိုးကို နောဧ သဘောပေါက်ခဲ့ပြီး သူကြုံတွေ့ရမည့် အခက်အခဲအချို့ကိုလည်း သတိပြုမိခဲ့သည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေးထားခဲ့သည့် အရာနှင့်ဆိုင်သည့် ကြီးမားသော အခက်အခဲနှင့် သူရင်ဆိုင်ရသော ခက်ခဲသည့်စမ်းသပ်ပွဲက အဘယ်မျှကြီးမားမည်ကို သဘောပေါက် နားလည်ခဲ့သော်လည်း ငြင်းဆန်ဖို့ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ ထိုအစား ယေဟောဝါဘုရားသခင်ကို လေးလေးနက်နက် ကျေးဇူးတင်ခဲ့သည်။ နောဧသည် အဘယ်ကြောင့် ကျေးဇူးတင်ရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူ့ကို မမျှော်လင့်ဘဲ အလွန်အရေးပါသော အရာတစ်ခုကို တာဝန်ပေးခဲ့ပြီး အသေးစိတ်အချက်အလက်တိုင်းကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ပြောပြကာ ရှင်းပြပေးထားခဲ့သောကြောင့် ဖြစ်သည်။ ပို၍ပင်အရေးကြီးသည်မှာ၊ ဘုရားသခင်က နောဧအား သင်္ဘောကို ဆောက်လုပ်ရမည့်အကြောင်းရင်းနှင့်ဆိုင်သည့် ဖြစ်စဉ်တစ်ခုလုံးကိုလည်း အစအဆုံး ပြောပြထားခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်သည်၊ ယင်းက ဘုရားသခင်ကိုယ်တိုင်၏ အရေးကိစ္စဖြစ်သည်၊ သို့သော် ဘုရားသခင်က သူ့အား ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြောပြထားခဲ့သောကြောင့် နောဧသည် ယင်း၏ အရေးကြီးမှုကို သတိပြုမိခဲ့သည်။ အတိုချုပ်အားဖြင့်၊ ဤအရိပ်လက္ခဏာ အမျိုးမျိုးဖြင့် အကဲဖြတ်ခြင်း၊ ဘုရားသခင်၏ ပြောဆိုပုံသဘောသွားနှင့် နောဧကို ဘုရားသခင် ပေးသည့် ကဏ္ဍအမျိုးမျိုးကို အကဲဖြတ်ခြင်းအားဖြင့် သူ့အား ဘုရားသခင်တာဝန်ပေးခဲ့သည့် သင်္ဘောကြီးဆောက်လုပ်ခြင်းတာဝန်၏ အရေးကြီးမှုကို နောဧက သတိပြုနိုင်ခဲ့သည်၊ ဤအရာကို သူ၏စိတ်နှလုံးထဲတွင် သဘောပေါက်နားလည်နိုင်ခဲ့ပြီး ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့သကဲ့သို့ အသေးစိတ်အချက်အလက် တစ်ခုတလေကိုလည်း လျစ်လျူမရှုဝံ့ခဲ့ပေ။ သို့ဖြစ်၍၊ ဘုရားသခင်က သူ၏ညွှန်ကြားချက်များကို ထုတ်ပြန်ပြီးခဲ့သည်နှင့်တစ်ပြိုင်နက်၊ နောဧက သူ၏အစီအစဉ်ကို ရေးဆွဲခဲ့ပြီးသင်္ဘောဆောက်လုပ်ခြင်း၊ လူအင်အားရှာဖွေခြင်း၊ ပစ္စည်းမျိုးစုံကို ပြင်ဆင်ခြင်းနှင့် ဘုရားသခင်၏ စကားများနှင့်အညီ သက်ရှိသတ္တဝါအမျိုးမျိုးကို သင်္ဘောထဲသို့ တဖြည်းဖြည်း စုဝေးစေခြင်းတို့အတွက် ကြိုတင်ပြင်ဆင်မှုအားလုံးကို လုပ်ဆောင်ခဲ့လေ၏။

သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် အခက်အခဲများနှင့် ပြည့်နှက်နေခဲ့သည်။ လောလောဆယ်တွင် နောဧသည် ပြင်းထန်သောလေ၊ ကျစ်ကျစ်တောက်ပူသည့်နေ၊ သဲကြီးမဲကြီးရွာသော မိုး၊ ပူလောင်လှသော အပူ၊ အေးစက်သော အအေးတို့နှင့် ပြောင်းလဲနေသော ရာသီဥတုလေးခုကို တစ်နှစ်ပြီးတစ်နှစ် မည်သို့ ကျော်ဖြတ်ခဲ့သည်ကို ဘေးဖယ်ထားကြပါစို့။ သင်္ဘောတည်ဆောက်ခြင်းသည် မည်မျှ ဧရာမ ဆောင်ရွက်ချက်ဖြစ်သည်၊ သူ၏ အမျိုးမျိုးသော ပစ္စည်းများ ပြင်ဆင်မှုနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း သူရင်ဆိုင်ခဲ့ရသော များပြားလှသော အခက်အခဲများအကြောင်းကို ဦးစွာ ပြောကြပါစို့။ ဤအခက်အခဲများတွင် အဘယ်အရာများ ပါဝင်ခဲ့သနည်း။ လူတို့၏ အမြင်နှင့် ပြောင်းပြန်ပင်ဖြစ်ကာ အချို့သော ကာယလုပ်ငန်းများသည် ပထမအကြိမ်၌ အမြဲတမ်း အဆင်မပြေခဲ့ဘဲ နောဧသည် ကျရှုံးမှုများစွာကို ဖြတ်သန်းခဲ့ရသည်။ တစ်စုံတစ်ခုကို ပြီးစီးပြီးနောက်၊ အကယ်၍ မှားယွင်းနေပုံပေါ်ပါက၊ သူသည် ယင်းကို ဖြုတ်သိမ်းမည်ဖြစ်ပြီး၊ ဖြုတ်သိမ်းပြီးသည့်နောက်တွင် သူသည် ပစ္စည်းများ ပြင်ဆင်ကာ အစမှ ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းမှာ လူတိုင်း အီလက်ထရောနစ် ကိရိယာများဖြင့် အရာရာကို လုပ်ဆောင်ပြီး၊ တပ်ဆင်ပြီးသည်နှင့် အစီအစဉ်အတိုင်း အလုပ်ကို ဆောင်ရွက်သည့် ခေတ်သစ်နှင့် မတူခဲ့ပေ။ ယနေ့ခေတ်တွင် ထိုသို့သော အလုပ်ကို ဆောင်ရွက်သည့်အခါ၊ ယင်းမှာ စက်မှုစနစ်သုံး ဖြစ်နေပြီး၊ စက်တစ်လုံးကို ဖွင့်လိုက်သည်နှင့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ သို့သော် နောဧသည် ရှေးဦးလူ့အဖွဲ့အစည်းခေတ်၌ နေထိုင်ခဲ့ပြီး၊ အလုပ်အားလုံးကို လက်ဖြင့် လူကိုယ်တိုင် လုပ်ဆောင်ခဲ့ရကာ၊ မျက်စိနှင့်ဦးနှောက်၊ စိတ်နှစ်၍ လုံ့လစိုက်ထုတ်မှုနှင့် ခွန်အားတို့ကို အသုံးပြုလျက် လက်နှစ်ဖက်ဖြင့် လုပ်ဆောင်ခဲ့ရသည်။ အမှန်စင်စစ်၊ အားလုံးထက် အရေးအကြီးဆုံးမှာ၊ လူတို့သည် ဘုရားသခင်ကို အားကိုးရန် လိုအပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်၊ သူတို့သည် နေရာတိုင်းနှင့် အချိန်တိုင်း၌ ဘုရားသခင်ကို ရှာဖွေရန် လိုအပ်ခဲ့သည်။ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရသည့် လုပ်ငန်းစဉ်၌၊ သင်္ဘောတည်ဆောက်ရင်း ကုန်ဆုံးခဲ့သော နေ့ညများ၌၊ နောဧသည် ဤဧရာမ ဆောင်ရွက်ချက်ကို ပြီးမြောက်အောင် လုပ်ဆောင်စဉ် ဖြစ်ပေါ်ခဲ့သော အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ခဲ့ရသည်သာမက၊ သူ၏ ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော အခြေအနေများအပြင်၊ အခြားသူတို့၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်းနှင့် နှုတ်ဖြင့် စော်ကားခြင်းတို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ထိုမြင်ကွင်းများ ဖြစ်ပွားခဲ့စဉ်က ငါတို့ ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ရသော်လည်း၊ နောဧ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အမျိုးမျိုးသော အခက်အခဲများနှင့် သူရင်ဆိုင်ခဲ့ရသော အမျိုးမျိုးသော စိန်ခေါ်မှုအချို့ကို စိတ်ကူးကြည့်၍ မရနိုင်သလော။ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း၊ နောဧ ပထမဆုံး ရင်ဆိုင်ခဲ့ရသည့်အရာမှာ သူ၏ မိသားစု၏ နားလည်မှုမရှိခြင်း၊ သူတို့၏ နားပူနားဆာလုပ်ခြင်း၊ စောဒကတက်ခြင်းများနှင့် အသရေဖျက်ခြင်းများပင် ဖြစ်သည်။ ဒုတိယမှာ သူ၏ ဆွေမျိုးများ၊ သူ၏ မိတ်ဆွေများနှင့် အခြားလူအမျိုးမျိုးတို့၏ အသရေဖျက်ခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရခြင်း ဖြစ်သည်။ သို့သော် နောဧ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့ပြီး၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန်၊ ၎င်းတို့ကို အဆုံးတိုင်အောင် အကောင်အထည်ဖော်ရန်နှင့် ဤအရာမှ ဘယ်တော့မျှ မသွေဖည်ရန် ဖြစ်သည်။ နောဧ အဘယ်အရာကို ဆုံးဖြတ်ထားခဲ့သနည်း။ “ငါ အသက်ရှင်နေသရွေ့၊ ငါ လှုပ်ရှားနိုင်နေသေးသရွေ့၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ စွန့်လွှတ်မည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်္ဘောဆောက်လုပ်ခြင်းနှင့်ဆိုင်သည့် ကြီးမားသောစီမံကိန်းကို ဆောင်ရွက်နေစဉ် သူ၏ စိတ်ဓာတ်လှုံ့ဆော်မှု ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ အမိန့်များကို ရင်ဆိုင်ရပြီး ဘုရားသခင်၏ စကားများကို ကြားသိပြီးနောက်၌ ထားရှိသော သူ၏သဘောထားလည်း ဖြစ်သည်။ အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ “ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။” ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရား တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ လုပ်ငန်းစဉ်တစ်ခုလုံးသည် အမှန်တွင် တစ်ခုတည်းသော အရာဖြစ်၏။ သင်္ဘောဆောက်လုပ်ခြင်းပင်။ ကောင်းမွန်စွာနှင့် ပြီးစီးသည်အထိ ပြုလုပ်ရန် သူ့အား ဘုရားသခင် ပြောထားခဲ့သည့်အရာကို ဆောင်ရွက်ခြင်းပင်ဖြစ်၏။ သို့သော် ဤအရာကို ကောင်းမွန်စွာ ပြုလုပ်ရန်နှင့် အောင်မြင်စွာ ပြီးစီးရန်အတွက် မည်သည့်အရာ လိုအပ်သနည်း။ တစ်ခဏတာ စိတ်ကူးပေါက်၍ ပြုလုပ်သော သစ္စာကျိန်ဆိုမှုအချို့အပြင် ဖန်ဆင်းရှင်အတွက် လူတို့၏ မည်ကာမတ္တ လေးစားမှုကို မဆိုထားနှင့်၊ လူတို့၏ စိတ်အားထက်သန်မှု သို့မဟုတ် သူတို့၏ ကြွေးကြော်သံများကို မလိုအပ်ပေ။ ဤအရာများကို မလိုအပ်ပေ။ နောဧ၏ သင်္ဘောဆောက်လုပ်ခြင်းကို ရင်ဆိုင်ရသည့်အခါ၊ လူတို့၏ ဝိညာဉ်ရေးရာ လောကထဲတွင်ရှိသော ဘုရားသခင်အပေါ် လူတို့၏ မည်ကာမတ္တ လေးစားမှု၊ သူတို့၏ သစ္စာကျိန်ဆိုမှုများ၊ သူတို့၏ စိတ်အားထက်သန်မှုနှင့် သူတို့၏ယုံကြည်မှု၊ ဤအရာအားလုံးမှာ မည်သို့မျှ အသုံးမဝင်ချေ။ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ကျိုးနွံနာခံမှုကို ရင်ဆိုင်ရသည့်အခါ၊ လူတို့သည် အလွန်ညံ့ဖျင်းပြီး သနားစဖွယ်ရှိသည်။ ၎င်းတို့နားလည်သည့် အယူဝါဒအနည်းငယ်သည် ရှက်ဖွယ်ကောင်းခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်းနှင့် ညစ်ပေခြင်းတို့ မဆိုထားနှင့်၊ သူတို့သည် အလွန်ပင် ဗလာသက်သက်ဖြစ်ခြင်း၊ သေးနုပ်ခြင်း၊ ချည့်နဲ့ခြင်း နှင့် အားနည်းခြင်းရှိသည့်ပုံရကြလေသည်။

နောဧ သင်္ဘောတည်ဆောက်ရန် နှစ်ပေါင်း ၁၂၀ ကြာမြင့်ခဲ့သည်။ ဤနှစ်ပေါင်း ၁၂၀ မှာ ရက်ပေါင်း ၁၂၀ မဟုတ်၊ ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ လည်းမဟုတ်ဘဲ၊ ယနေ့ခေတ် သာမန်လူတစ်ဦး၏ သက်တမ်းထက် ဆယ်စုနှစ်ပေါင်းများစွာ ပို၍ကြာမြင့်သည်။ အချိန်ကာလ၏ ရှည်ကြာမှု၊ ဤအရာကို ပြီးမြောက်အောင်မြင်ခြင်း၏ အခက်အခဲနှင့် ပါဝင်သော အင်ဂျင်နီယာလုပ်ငန်း၏ ကြီးမားကျယ်ပြန့်မှုတို့ကို ထောက်ရှုလျှင်၊ အကယ်၍ နောဧ၌ စစ်မှန်သော ယုံကြည်ခြင်း မရှိခဲ့ပါက၊ သူ၏ယုံကြည်ခြင်းသည် အတွေးတစ်ခု၊ မျှော်လင့်ချက်များ ပုံအပ်ခြင်း၊ စိတ်အားထက်သန်မှု သို့မဟုတ် မရေရာပြီး စိတ္တဇဆန်သော ယုံကြည်မှုတစ်မျိုးမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောသည် ပြီးမြောက်ဦးမည်လော။ အကယ်၍ ဘုရားသခင်အပေါ် သူ၏ကျိုးနွံနာခံမှုသည် နှုတ်ကတိတစ်ခုမျှသာ ဖြစ်ခဲ့ပါက၊ သင်တို့ ယနေ့ ပြုလုပ်နေသည့်အရာကဲ့သို့ ဘောပင်ဖြင့် ရေးမှတ်ထားသည့် မှတ်စုတစ်ခုမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ (မတည်ဆောက်နိုင်ပါ။) အကယ်၍ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းအပေါ် သူ၏ကျိုးနွံနာခံမှုသည် စိတ်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှု၊ ဆန္ဒတစ်ခုမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ အကယ်၍ နောဧ၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုသည် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းတို့ဖြစ်သည့် လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်မှုမျှသာ ဖြစ်ခဲ့ပါက၊ သို့မဟုတ် အလုပ်ပိုမိုလုပ်ဆောင်ခြင်း၊ ပိုမိုကြီးမားသော အဖိုးအခပေးဆပ်ခြင်းနှင့် သဘောတရားပိုင်းအရ သို့မဟုတ်ဆောင်ပုဒ်များအရ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ (မတည်ဆောက်နိုင်ပါ။) ဤသည်မှာ အလွန်ပင် ခက်ခဲလိမ့်မည်။ အကယ်၍ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းအပေါ် နောဧ၏သဘောထားသည် အရောင်းအဝယ်တစ်မျိုး ဖြစ်ခဲ့ပါက၊ အကယ်၍ နောဧသည် ကောင်းချီးမင်္ဂလာနှင့် ဆုလာဘ်များ ရရှိရန်အတွက်သာ ယင်းကို လက်ခံခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ လုံးဝ မတည်ဆောက်နိုင်ပေ။ လူတစ်ဦး၏ စိတ်အားထက်သန်မှုသည် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀၊ သို့မဟုတ် ၅၀ သို့မဟုတ် ၆၀ တိုင်အောင် ဆက်လက်တည်ရှိနိုင်သော်လည်း၊ သူ သေခါနီးအချိန်၌၊ မည်သည့်အရာမျှ မရရှိခဲ့ကြောင်း မြင်တွေ့ရသည့်အခါ၊ သူသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားလိမ့်မည်။ အနှစ် ၂၀၊ ၅၀ သို့မဟုတ် ၈၀ တိုင်အောင် ဇွဲလုံ့လရှိသော ဤစိတ်အားထက်သန်မှုသည် ကျိုးနွံနာခံမှု သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်းဖြစ်မလာပေ။ ဤသည်မှာ အလွန် ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ တစ်ဖက်တွင်မူ၊ နောဧ၌ တွေ့ရှိရသော စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုမှာ အတိအကျပင် ယနေ့ခေတ်လူတို့၌ ကင်းမဲ့နေသည့်အရာ ဖြစ်ပြီး၊ အတိအကျပင် ယနေ့ခေတ်လူတို့ မမြင်နိုင်သည့်အရာများ၊ သူတို့ မထီမဲ့မြင်ပြုသည့်အရာများ၊ အထင်အမြင်သေးသည့်အရာများ သို့မဟုတ် နှာခေါင်းရှုံ့သည့်အရာများ ဖြစ်သည်။ နောဧ သင်္ဘောတည်ဆောက်ခြင်း ပုံပြင်ကို ပြောဆိုခြင်းသည် အစဉ်သဖြင့် ဆွေးနွေးမှုများစွာဖြစ်ပေါ်စေသည်။ လူတိုင်း ယင်းအကြောင်းကို ပြောဆိုနိုင်သည်၊ လူတိုင်း၌ ပြောစရာတစ်ခုခု ရှိသည်။ သို့သော် နောဧ၌ မည်သည့်အရာ တွေ့ရှိခဲ့သည်၊ သူ၌ မည်သို့သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းစဉ်ရှိခဲ့သည်၊ ဘုရားသခင် လိုလားသော မည်သို့သော သဘောထားမျိုးနှင့် ဘုရားသခင်၏ အမိန့်တော်များအပေါ် မည်သို့သော အမြင်မျိုးကို သူပိုင်ဆိုင်ခဲ့သည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် သူ၌ မည်သို့သော စရိုက်လက္ခဏာ ရှိခဲ့သည်ကို မည်သူမျှ စဉ်းစားခြင်း သို့မဟုတ် အဖြေရှာရန် ကြိုးစားခြင်း မရှိပေ။ သို့ဖြစ်၍ ယနေ့ခေတ်လူတို့သည် နောဧ၏ ပုံပြင်ကို ပြောဆိုရန် မထိုက်တန်ဟု ငါ ဆိုသည်၊ အကြောင်းမှာ မည်သူမဆို ဤပုံပြင်ကို ပြောဆိုသည့်အခါ၊ သူတို့သည် နောဧကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးထက်မပိုသကဲ့သို့၊ မုတ်ဆိတ်ဖြူနှင့် သာမန်အဘိုးအိုတစ်ဦးအဖြစ်ပင် သဘောထားကြသောကြောင့် ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ် ရှိခဲ့ပါသလော၊ သူ အမှန်တကယ် မည်သို့သော ပုံစံရှိခဲ့သနည်းဟု သူတို့၏ စိတ်ထဲ၌ မေးခွန်းထုတ်ကြပြီး၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောဧလက်ခံပြီးနောက် ထိုသရုပ်သကန်များကို သူမည်သို့ ပြသခဲ့သည်ကို သူတို့ သိနားလည်ရန် မကြိုးစားကြပေ။ ယနေ့၊ နောဧ၏ သင်္ဘောတည်ဆောက်ခြင်း ပုံပြင်ကို ငါတို့ ပြန်လည်သုံးသပ်သည့်အခါ၊ ယင်းသည် အရေးကြီးသော သို့မဟုတ် အရေးမကြီးသော ဖြစ်ရပ်တစ်ခုဟု သင်တို့ ထင်ပါသလော။ ယင်းမှာ ရှေးယခင်က သင်္ဘောတစ်စင်း တည်ဆောက်ခဲ့သော အဘိုးအိုတစ်ဦး၏ သာမန်ပုံပြင်တစ်ပုဒ်မျှသာ ဟုတ်ပါသလော။ (မဟုတ်ပါ။) လူသားအားလုံးအနက်၊ နောဧသည် အတုယူထိုက်ဆုံးဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်သည့်စံပြပုဂ္ဂိုလ် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး၊ ယနေ့ ဘုရားသခင်နောက်သို့ လိုက်သောသူများအတွက် စံနမူနာတစ်ဦး ဖြစ်သင့်သည်။ သူနှင့်ပတ်သက်၍ အဘယ်အရာက အဖိုးတန်ဆုံး ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့သည်၊ ယင်းမှာ နားထောင်ပြီး လက်ခံရန်၊ လက်ခံပြီး ကျိုးနွံနာခံရန်၊ သေသည်အထိ ကျိုးနွံနာခံရန် ဖြစ်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သူ့အား ရရှိစေခဲ့သည်မှာ အားလုံးထက် အဖိုးတန်ဆုံးဖြစ်သော ဤသဘောထားပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင်၊ သူသည် ဝတ်ကျေတမ်းကျေ မလုပ်ခဲ့၊ ဟန်ဆောင်လုပ်ဆောင်ခြင်း မပြုခဲ့သည့်အပြင်၊ သူ၏ဦးခေါင်းထဲ၌ ၎င်းတို့ကို စိစစ်ခြင်း၊ ပိုင်းခြားစိတ်ဖြာခြင်း၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ မပြုလုပ်ခဲ့ဘဲ၊ ထို့နောက် ၎င်းတို့ကို မေ့မေ့ပျောက်ပျောက် ထားပစ်ခြင်းလည်း မပြုခဲ့ပေ။ ထိုအစား၊ သူသည် အလေးအနက်ထားပြီး နားထောင်ခဲ့သည်၊ ၎င်းတို့ကို သူ၏စိတ်နှလုံးထဲ၌ တဖြည်းဖြည်း လက်ခံခဲ့ပြီး၊ ထို့နောက် ၎င်းတို့ကို မည်သို့ လက်တွေ့အသုံးချရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည်၊ ၎င်းတို့ကို မူလရည်ရွယ်ထားသည့်အတိုင်း သွေဖည်မှုတစ်ခုတလေ မရှိစေဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဆင်ခြင်သုံးသပ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ ဆင်ခြင်သုံးသပ်နေစဉ်၊ သူသည် မိမိကိုယ်ကို “ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ၎င်းတို့မှာ ဘုရားသခင်၏ ညွှန်ကြားချက်များ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်၊ ငါ၌ တာဝန်ဝတ္တရားရှိသည်၊ ငါ ကျိုးနွံနာခံရမည်၊ မည်သည့်အသေးစိတ်အချက်ကိုမျှ ငါ ချန်လှပ်ထား၍မရ၊ ဘုရားသခင်၏ ဆန္ဒတစ်ခုတလေကိုမျှ ငါ ဆန့်ကျင်၍မရ၊ ကိုယ်တော် မိန့်တော်မူခဲ့သည့်အရာ၏ အသေးစိတ်အချက် တစ်ခုတလေကိုမျှ ငါ လျစ်လျူရှု၍မရပါ၊ သို့မဟုတ်ပါက ငါသည် လူသားဟု ခေါ်ဆိုခြင်းခံရရန် မထိုက်တန်တော့ပေ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ထိုက်တန်မည်မဟုတ်၊ ကိုယ်တော်၏ ချီးမြှောက်ခြင်းကိုလည်း ငါ ထိုက်တန်မည်မဟုတ်။ ဤဘဝ၌၊ ဘုရားသခင် ငါ့အား ပြောကြားပြီး တာဝန်ပေးအပ်ခဲ့သည့်အရာအားလုံးကို ငါ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါက၊ ငါသည် နောင်တများဖြင့် ကျန်ရစ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ငါ့အပေါ် ကိုယ်တော်၏ ချီးမြှောက်ခြင်းကို ထိုက်တန်မည်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်သွားရဲမည် မဟုတ်ပေ။” နောဧသည် သူ၏စိတ်နှလုံးထဲ၌ တွေးထင်ဆင်ခြင်ခဲ့သည့်အရာအားလုံး၊ သူ၏ ရှုထောင့်တိုင်းနှင့် သူ၏ သဘောထားတိုင်းတို့ဖြစ်သည့် တစ်ခုချင်းစီသည် သူသည် နောက်ဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အသုံးချနိုင်ခဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားတစ်ခု ဖြစ်စေနိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသီးအပွင့်များ ဖြစ်ထွန်းစေနိုင်ခဲ့သည်ဟုလည်းကောင်း၊ သူ၏ ကြိုးစားအားထုတ်မှုအားဖြင့် ၎င်းတို့ ပြည့်စုံပြီး အောင်မြင်စေကာ၊ သူ့အားဖြင့် လက်တွေ့အရှိတရားတစ်ခုအဖြစ်သို့ ပြောင်းလဲစေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အချည်းနှီးမဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း ဆုံးဖြတ်ပေးခဲ့သည်။ နောဧ တွေးထင်ခဲ့သည့်အရာအားလုံး၊ သူ၏စိတ်နှလုံးထဲ၌ ပေါ်ပေါက်ခဲ့သော အတွေးအခေါ်တိုင်းနှင့် ဘုရားသခင်အပေါ် သူ၏သဘောထားတို့ကို အကဲဖြတ်ခြင်းအားဖြင့်၊ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထိုက်တန်သူဖြစ်သည်၊ သူသည် ဘုရားသခင် ယုံကြည်စိတ်ချရသော လူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင် ကောင်းမွန်စွာရှုမြင်သောသူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ စကားလုံးနှင့် လုပ်ရပ်တိုင်းကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်၊ ကိုယ်တော်သည် သူတို့၏ အတွေးအခေါ်များနှင့် စိတ်ကူးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်၏ အမြင်၌၊ နောဧ ဤသို့ တွေးထင်နိုင်ခြင်းအတွက်၊ ကိုယ်တော်သည် လူမှားရွေးချယ်ခဲ့ခြင်း မဟုတ်ပေ၊ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို ထမ်းရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်နိုင်ခဲ့သည်၊ သူသည် လူသားမျိုးနွယ်အားလုံးအနက် တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်ခဲ့သည်။

ဘုရားသခင်၏အမြင်၌၊ သင်္ဘောတစ်စင်းတည်ဆောက်ခြင်းကဲ့သို့ အလွန်ကြီးမားသောဆောင်ရွက်ချက်တစ်ခုကို ပြီးမြောက်အောင်မြင်ရန်အတွက် နောဧသည် သူ၏ တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်ခဲ့သည်။ သို့ဆိုလျှင် နောဧ၌ အဘယ်အရာ တွေ့ရှိခဲ့သနည်း။ အချက်နှစ်ချက်ဖြစ်သည်၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုတို့ ဖြစ်သည်။ ဘုရားသခင်၏စိတ်နှလုံးထဲ၌၊ ဤသည်တို့မှာ လူတို့အပေါ် သူတောင်းဆိုသည့် စံနှုန်းများ ဖြစ်သည်။ ရိုးရှင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) “တစ်ဦးတည်းသော ရွေးချယ်မှု” သည် အလွန်ရိုးရှင်းသော ဤအရာနှစ်ခုကို ပိုင်ဆိုင်ခဲ့သည်၊ သို့သော် နောဧမှလွဲ၍၊ ၎င်းတို့ကို အခြားမည်သူတစ်ဦးတစ်ယောက်၌မျှ မတွေ့ရှိရပေ။ လူအချို့က “ထိုသို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြပြီး၊ အလုပ်အကိုင်၊ အလားအလာများနှင့် ပညာရေးတို့ကို စွန့်လွှတ်ခဲ့ကြကာ၊ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို စွန့်ပစ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း မည်မျှ ကြီးမားသည်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်မျှ ချစ်မြတ်နိုးသည်ကို ကြည့်ပါ။ ကျွန်ုပ်တို့သည် နောဧထက် မည်သို့ နိမ့်ကျနေပါသနည်း။ အကယ်၍ ဘုရားသခင်က ကျွန်ုပ်တို့ကို သင်္ဘောတစ်စင်း တည်ဆောက်ရန် တောင်းဆိုခဲ့ပါက၊ ခေတ်သစ်စက်မှုလုပ်ငန်းမှာ အလွန်ဖွံ့ဖြိုးတိုးတက်နေသည်၊ ကျွန်ုပ်တို့၌ သစ်သားနှင့် များပြားလှသော ကိရိယာတန်ဆာပလာများကို ရရှိနိုင်သည် မဟုတ်လော။ အကယ်၍ ကျွန်ုပ်တို့သည် စက်ပစ္စည်းများ အသုံးပြုပါက ကျွန်ုပ်တို့သည်လည်း ပူပြင်းသောနေအောက်၌ အလုပ်လုပ်နိုင်သည်၊ ကျွန်ုပ်တို့သည်လည်း မိုးသောက်မှ မိုးချုပ်သည်အထိ အလုပ်လုပ်နိုင်သည်။ ဤကဲ့သို့သော အသေးအဖွဲအလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်ခြင်းသည် ဘာများထူးပြီး အရေးကြီးနေသနည်း။ နောဧမှာ နှစ် ၁၀၀ ကြာမြင့်ခဲ့သော်လည်း၊ ဘုရားသခင် စိုးရိမ်ပူပန်မှု မရှိစေရန် ကျွန်ုပ်တို့ အချိန်တိုအတွင်း လုပ်ဆောင်မည်ဖြစ်သည်၊ ကျွန်ုပ်တို့မှာ ၁၀ နှစ်သာ ကြာမြင့်မည် ဖြစ်သည်။ နောဧသည် တစ်ဦးတည်းသော ရွေးချယ်မှုဖြစ်သည်ဟု ကိုယ်တော် ပြောခဲ့သော်လည်း၊ ယနေ့ခေတ်တွင်၊ ပြည့်စုံမှုရှိသော သင့်တော်သူများစွာ ရှိပါသည်၊ မိမိတို့၏ မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြသော၊ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိကြသော၊ မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံကြသော ကျွန်ုပ်တို့ကဲ့သို့သော လူများသည် အားလုံး ပြည့်စုံမှုရှိသော သင့်တော်သူများ ဖြစ်ကြသည်။ နောဧသည် တစ်ဦးတည်းသော ရွေးချယ်မှုဖြစ်သည်ဟု ကိုယ်တော် မည်သို့ ပြောနိုင်သနည်း။ ကိုယ်တော် ကျွန်ုပ်တို့ကို အလွန်အထင်သေးသည် မဟုတ်လော။” ဟု ဆိုကြသည်။ ဤစကားများ၌ ပြဿနာ ရှိပါသလော။ (ရှိပါသည်။) လူအချို့က “ယခင် နောဧ၏ခေတ်အခါက၊ သိပ္ပံနှင့် နည်းပညာမှာ အလွန်ပင် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘဲ၊ သူ၌ လျှပ်စစ်မီးမရှိ၊ ခေတ်မီစက်ပစ္စည်းများမရှိ၊ အရိုးရှင်းဆုံး လျှပ်စစ်လွန်ပူနှင့် လွှစက်များ သို့မဟုတ် သံများပင် မရှိခဲ့ပေ။ သူသည် သင်္ဘောကို မည်သို့များ တည်ဆောက်နိုင်ခဲ့ပါသနည်း။ ယနေ့ ကျွန်ုပ်တို့၌ ဤအရာအားလုံး ရှိနေသည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်ရန် ကျွန်ုပ်တို့အတွက် မယုံနိုင်လောက်အောင် လွယ်ကူမည် မဟုတ်လော။ အကယ်၍ ဘုရားသခင်က ကောင်းကင်မှ ကျွန်ုပ်တို့ကို စကားပြောပြီး သင်္ဘောတစ်စီး တည်ဆောက်ရန် ပြောခဲ့ပါက၊ တစ်စီးကို မပြောနှင့်၊ ကျွန်ုပ်တို့သည် ၁၀ စီးကိုပင် လွယ်ကူစွာ တည်ဆောက်နိုင်ပါသည်။ ယင်းမှာ ဘာမျှမဟုတ်၊ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လိမ့်မည်။ ဘုရားသခင်၊ ကိုယ်တော် အလိုရှိသမျှကို ကျွန်ုပ်တို့အား အမိန့်ပေးတော်မူပါ။ ကိုယ်တော် တောင်းဆိုသမျှကို ကျွန်ုပ်တို့အား ပြောပြတော်မူပါ။ ကျွန်ုပ်တို့ များစွာသောသူတို့အတွက် သင်္ဘောကြီးတစ်စင်း တည်ဆောက်ရန်မှာ လုံးဝ ခက်ခဲမည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ၁၀ စင်း၊ အစင်း ၂၀၊ အစင်း ၁၀၀ ပင် တည်ဆောက်ပေးနိုင်ပါသည်။ ကိုယ်တော် အလိုရှိသလောက် ဖြစ်သည်။” ဟု ဆိုကြသည်။ အမှုအရာများသည် ထိုမျှ ရိုးရှင်းပါသလော။ (မရိုးရှင်းပါ။) နောဧသည် တစ်ဦးတည်းသော ရွေးချယ်မှုဖြစ်သည်ဟု ငါ ဆိုသည်နှင့် တစ်ပြိုင်နက်၊ လူအချို့သည် ငါနှင့် ခေါင်းချင်းဆိုင် ငြင်းခုံလိုကြသည်၊ သူတို့သည် လက်မခံနိုင်ကြပေ၊ “ကိုယ်တော်သည် ရှေးလူတို့ကို သူတို့ ဤနေရာ၌ မရှိသောကြောင့် အကောင်းမြင်သည်။ ယနေ့ခေတ်လူတို့မှာ ကိုယ်တော်၏ မျက်စိအောက်၌ပင် ရှိနေသော်လည်း၊ သူတို့၌ အဘယ်အရာ ကောင်းသည်ကို ကိုယ်တော် မမြင်နိုင်ပေ။ ယနေ့ခေတ်လူတို့ ပြုလုပ်ခဲ့သော ကောင်းသောအရာအားလုံးကို၊ သူတို့၏ ကောင်းမှုအားလုံးကို ကိုယ်တော် မမြင်နိုင်ဖြစ်နေသည်။ နောဧသည် အသေးအဖွဲအရာတစ်ခုသာ ပြုလုပ်ခဲ့သည်၊ ထိုခေတ်အခါက စက်မှုလုပ်ငန်းမရှိ၍ ကာယလုပ်အားအားလုံး ခက်ခဲသောကြောင့်၊ သူပြုလုပ်ခဲ့သည့်အရာကို အမှတ်ရထိုက်သည်ဟု ကိုယ်တော် ထင်မြင်သည်၊ သူ့ကို စံနမူနာ၊ စံပြတစ်ဦးအဖြစ် ကိုယ်တော် ထင်မြင်ပြီး၊ ယနေ့ခေတ်လူတို့၏ ဆင်းရဲဒုက္ခနှင့် ကိုယ်တော့်အတွက် ကျွန်ုပ်တို့ ပေးဆပ်သော အဖိုးအခ၊ ယနေ့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတို့ကို ကိုယ်တော် မမြင်နိုင်ဖြစ်နေသည် မဟုတ်လော။” ဤသည်မှာ အမှန်ပင်လော။ (မဟုတ်ပါ။) ခေတ်ကာလ မည်သို့ပင်ဖြစ်စေ၊ လူတို့နေထိုင်ရာ ပတ်ဝန်းကျင်၏ အခြေအနေများ မည်သို့ပင်ရှိစေကာမူ၊ ဤရုပ်ဝတ္ထုပစ္စည်းများနှင့် ယေဘုယျပတ်ဝန်းကျင်သည် အရေးမပါ၊ ၎င်းတို့သည် အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ အရေးအကြီးဆုံးမှာ သင်အသက်ရှင်နေသည့်ခေတ်၊ သို့မဟုတ် သင်က နည်းပညာတစ်မျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော် မည်မျှကို သင်ဖတ်ရှုခဲ့သည် သို့မဟုတ် ကြားနာခဲ့သည်ဆိုခြင်းများ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ လူတို့၌ စစ်မှန်သော ယုံကြည်ခြင်း ရှိမရှိ၊ သူတို့၌ စစ်မှန်သော ကျိုးနွံနာခံမှု ရှိမရှိ ဆိုသည့်အချက် ဖြစ်သည်။ ဤအရာနှစ်ခုမှာ အရေးအကြီးဆုံးဖြစ်ပြီး၊ တစ်ခုတလေမျှ ချို့တဲ့၍မရပေ။ အကယ်၍ သင်တို့ကို နောဧ၏ခေတ်၌ ထားရှိခဲ့ပါက၊ သင်တို့ထဲမှ မည်သူသည် ဤတာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်နိုင်မည်နည်း။ သင်တို့အားလုံး အတူတကွ လုပ်ဆောင်ခဲ့လျှင်ပင်၊ သင်တို့ ဤအရာကို မပြီးမြောက်နိုင်ဟု ငါ ပြောဝံ့သည်။ သင်တို့သည် ယင်း၏တစ်ဝက်ကိုပင် မလုပ်ဆောင်နိုင်ပေ။ အထောက်အပံ့ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးစီးခြင်း မရှိသေးမီပင်၊ သင်တို့ထဲမှ များစွာသောသူတို့သည် ထွက်ပြေးကြလိမ့်မည်၊ ဘုရားသခင်ကို စောဒကတက်ကြလိမ့်မည်၊ ကိုယ်တော်ကို သံသယဝင်ကြလိမ့်မည်။ သင်တို့ထဲမှ အနည်းငယ်သောသူတို့သာ အလွန်ခက်ခဲစွာ ဇွဲလုံ့လရှိနိုင်မည်၊ သူတို့၏ ဇွဲလုံ့လ၊ စိတ်အားထက်သန်မှုနှင့် အတွေးအခေါ်များကြောင့် ဇွဲလုံ့လရှိနိုင်မည်။ သို့သော် သင်တို့ မည်မျှကြာအောင် ဇွဲလုံ့လရှိနိုင်မည်နည်း။ ဆက်လက်လုပ်ဆောင်ရန် သင်တို့ မည်သို့သော စိတ်ဓာတ်လှုံ့ဆော်မှုမျိုး လိုအပ်မည်နည်း။ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုမရှိဘဲ သင်တို့ နှစ်မည်မျှအထိ ကြာရှည်ခံနိုင်မည်နည်း။ ဤသည်မှာ ကိုယ်ကျင့်စရိုက်အပေါ် မူတည်သည်။ ပိုမိုကောင်းမွန်သော ကိုယ်ကျင့်စရိုက်နှင့် သိစိတ်အနည်းငယ်ရှိသူတို့သည် ရှစ်နှစ် သို့မဟုတ် ၁၀ နှစ်၊ အနှစ် ၂၀ သို့မဟုတ် ၃၀၊ ၅၀ ပင် ကြာရှည်ခံနိုင်ကောင်း ခံနိုင်မည်။ သို့သော် အနှစ် ၅၀ ကြာပြီးနောက်၊ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြလိမ့်မည်၊ “ဘုရားသခင် ဘယ်တော့ ကြွလာမှာလဲ။ ရေလွှမ်းမိုးမှုတွေ ဘယ်တော့ ရောက်လာမှာလဲ။ ဘုရားသခင် ပေးတဲ့ နိမိတ်လက္ခဏာ ဘယ်တော့ ပေါ်လာမှာလဲ။ ငါ့ဘဝတစ်လျှောက်လုံး အလုပ်တစ်ခုတည်း လုပ်ခဲ့တယ်။ ရေလွှမ်းမိုးမှုတွေ မလာရင် ဘယ်လိုလုပ်မလဲ။ ငါ့ဘဝတစ်လျှောက်လုံး ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်၊ ငါ အနှစ် ၅၀ တောင် ဇွဲလုံ့လနဲ့ နေခဲ့ပြီးပြီ၊ ဒါ လုံလောက်ပြီ၊ အခု ငါ လက်လျှော့လိုက်ရင် ဘုရားသခင်က ဒါကို အပြစ်လို့ မှတ်ထားမှာ မဟုတ်ဘူး ဒါမှမဟုတ် ပြစ်တင်ရှုတ်ချမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ဘဝကို ငါ ရှင်သန်တော့မယ်။ ဘုရားသခင်က စကားမပြောဘူး၊ တုံ့ပြန်မှုလည်း မရှိဘူး။ ငါ တစ်နေ့လုံး ပြာလဲ့နေတဲ့ ကောင်းကင်နဲ့ တိမ်ဖြူတွေကို ကြည့်နေပေမဲ့ ဘာမှမမြင်ရဘူး။ ဘုရားသခင် ဘယ်မှာလဲ။ တစ်ချိန်က မိုးခြိမ်းပြီး စကားပြောခဲ့တဲ့သူက ဘုရားသခင် ဟုတ်ရဲ့လား။ ဒါက အမြင်မှားတာလား။ ဒီကိစ္စ ဘယ်တော့ အဆုံးသတ်မှာလဲ။ ဘုရားသခင်က အရေးမစိုက်ဘူး။ ငါ ဘယ်လောက်ပဲ အကူအညီတောင်းခေါ်နေပါစေ၊ ဘာတုံ့ပြန်သံမှ မကြားရဘူး၊ ငါ ဆုတောင်းတဲ့အခါ သူက ငါ့ကို ဉာဏ်အလင်းပေးခြင်း ဒါမှမဟုတ် လမ်းညွှန်ခြင်း မရှိဘူး။ ထားလိုက်တော့။” ဟူ၍ ဖြစ်သည်။ သူတို့၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနေဦးမည်လော။ အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့သည် သံသယများ ပိုမိုကြီးထွားလာဖွယ်ရှိသည်။ သူတို့သည် အပြောင်းအလဲတစ်ခု ပြုလုပ်ရန် စဉ်းစားကြလိမ့်မည်၊ သူတို့သည် ထွက်ပေါက်တစ်ခု ရှာဖွေကြလိမ့်မည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဘေးဖယ်ထားကြလိမ့်မည်၊ သူတို့၏ ခဏတာဖြစ်သော စိတ်အားထက်သန်မှုနှင့် ခဏတာဖြစ်သော သစ္စာကတိများကို စွန့်လွှတ်ကြလိမ့်မည်၊ မိမိတို့၏ ကံကြမ္မာကို မိမိတို့ဘာသာ ထိန်းချုပ်လိုပြီး မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ဦးဆောင်လိုသဖြင့်၊ သူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မေ့မေ့ပျောက်ပျောက် ထားပစ်ကြလိမ့်မည်။ ပြီးလျှင် တစ်နေ့၊ ဘုရားသခင် ကိုယ်တော်တိုင် သူတို့ကို ရှေ့ဆက်တိုးရန် တိုက်တွန်းဖို့ ကြွလာသည့်အခါ၊ သင်္ဘောတည်ဆောက်မှု တိုးတက်မှုအကြောင်း ကိုယ်တော် မေးမြန်းသည့်အခါ၊ သူတို့က “အိုး၊ ဘုရားသခင် အမှန်တကယ် တည်ရှိပါလား။ ဒါဆို ဘုရားသခင် အမှန်တကယ် ရှိတာပေါ့။ ငါ တည်ဆောက်ရတော့မယ်။” ဟု ဆိုကြလိမ့်မည်။ အကယ်၍ ဘုရားသခင် စကားမပြောခဲ့ပါက၊ ကိုယ်တော် သူတို့ကို အလျင်စလို မတိုက်တွန်းခဲ့ပါက၊ သူတို့သည် ဤအရာကို အရေးတကြီးကိစ္စတစ်ခုအဖြစ် ရှုမြင်ကြမည်မဟုတ်ပေ၊ ယင်းကို စောင့်ဆိုင်း၍ရသည်ဟု သူတို့ တွေးထင်ကြလိမ့်မည်။ ထိုသို့သော ပြောင်းလဲလွယ်သော တွေးခေါ်ပုံ၊ စိတ်မပါစွာနှင့်ဖြစ်သလို လုပ်ဆောင်သည့် ဤသဘောထားသည် စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့ ပြသသင့်သည့် သဘောထား ဟုတ်ပါသလော။ (မဟုတ်ပါ။) ထိုသို့သော သဘောထားရှိခြင်းမှာ မှားယွင်းသည်၊ ယင်းမှာ သူတို့၌ စစ်မှန်သော ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြောင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုဆိုလျှင် သာ၍ပင် ကင်းမဲ့ကြောင်း ဆိုလိုသည်။ ဘုရားသခင် သင်တို့နှင့် ကိုယ်တိုင်ကိုယ်ကျ စကားပြောသည့်အခါ၊ သင်တို့၏ ခဏတာ စိတ်အားထက်သန်မှုက ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းကို ညွှန်ပြလိမ့်မည်၊ သို့သော် ဘုရားသခင် သင်တို့ကို ဘေးဖယ်ထားပြီး၊ သင်တို့ကို မတိုက်တွန်း၊ သို့မဟုတ် မကြီးကြပ်၊ သို့မဟုတ် မည်သည့်စုံစမ်းမေးမြန်းမှုမျှ မပြုလုပ်သည့်အခါ၊ သင်တို့၏ ယုံကြည်ခြင်းသည် ပျောက်ကွယ်သွားလိမ့်မည်။ အချိန်ကုန်လွန်သွားမည်ဖြစ်ပြီး၊ ဘုရားသခင်က သင်တို့ထံ စကားမပြော သို့မဟုတ် မထင်ရှားပြသည့်အခါ၊ သင်တို့၏အလုပ်ကို မည်သည့်စစ်ဆေးမှုမျှ မပြုလုပ်သည့်အခါ၊ သင်တို့၏ ယုံကြည်ခြင်းသည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်၊ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်ဘဝကို ရှင်သန်လိုကြမည်၊ မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်း၌ ပါဝင်လုပ်ကိုင်လိုကြမည်ဖြစ်ပြီး၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင်တို့ မေ့မေ့ပျောက်ပျောက် ထားပစ်ကြလိမ့်မည်၊ ထိုအချိန်က သင်တို့၏ စိတ်အားထက်သန်မှု၊ သစ္စာကတိများနှင့် စိတ်ပိုင်းဖြတ်မှုတို့သည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ဤသို့သော လူတစ်ဦးကို ဘုရားသခင်က ကြီးမားသော ဆောင်ရွက်ချက်တစ်ခုကို ယုံကြည်စိတ်ချစွာ အပ်နှံဝံ့မည်ဟု သင်တို့ ထင်ပါသလော။ (မထင်ပါ။) အဘယ်ကြောင့် မထင်သနည်း။ (သူတို့သည် ယုံကြည်စိတ်ချ၍မရသောကြောင့် ဖြစ်ပါသည်။) မှန်သည်။ စကားတစ်ခွန်းတည်းသာ ဖြစ်သည်၊ ယုံကြည်စိတ်ချ၍မရခြင်းပင်။ သင်တို့သည် စစ်မှန်သော ယုံကြည်ခြင်းကို မပိုင်ဆိုင်ပေ။ သင်တို့သည် ယုံကြည်စိတ်ချ၍မရပေ။ သို့ဖြစ်၍၊ ဘုရားသခင်က သင်တို့ကို မည်သည့်အရာနှင့်မျှ ယုံကြည်စိတ်ချစွာ အပ်နှံရန် သင်တို့ မသင့်တော်ပေ။ လူအချို့က “အဘယ်ကြောင့် ကျွန်ုပ် မသင့်တော်ရမည်နည်း။ ဘုရားသခင် ကျွန်ုပ်အား အပ်နှံသည့် မည်သည့်တာဝန်ပေးစေခိုင်းချက်ကိုမဆို ကျွန်ုပ် ဆောင်ရွက်မည်၊ မည်သူ သိနိုင်မည်နည်း၊ ကျွန်ုပ် ယင်းကို ပြီးမြောက်အောင်မြင်နိုင်ကောင်း အောင်မြင်နိုင်ပါသည်။” ဟု ဆိုကြသည်။ သင်သည် သင်၏နေ့စဉ်ဘဝ၌ အမှုအရာများကို ပေါ့ပေါ့ဆဆ လုပ်ဆောင်နိုင်ပြီး၊ အကျိုးရလဒ်များ အနည်းငယ် လျော့နည်းသွားပါက အရေးမကြီးပေ။ သို့သော် ဘုရားသခင် အပ်နှံသည့်အရာများ၊ ဘုရားသခင် ပြီးမြောက်စေလိုသည့်အရာများမှာ မည်သည့်အခါ ရိုးရှင်းခဲ့ဖူးပါသနည်း။ အကယ်၍ ၎င်းတို့ကို လူအတစ်ဦး သို့မဟုတ် လိမ်လည်လှည့်ဖြားသူတစ်ဦးထံ၊ လုပ်ဆောင်သမျှ အရာရာ၌ ဝတ်ကျေတမ်းကျေ လုပ်ဆောင်တတ်သူတစ်ဦးထံ၊ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက် နေရာတိုင်းနှင့် အချိန်တိုင်း၌ မရိုးမသားပြုမူရန် အလားအလာရှိသူတစ်ဦးထံ အပ်နှံခဲ့ပါက၊ ယင်းသည် ကြီးမားသော ဆောင်ရွက်ချက်တစ်ခုကို နှောင့်နှေးစေမည် မဟုတ်လော။ အကယ်၍ သင်တို့ကို ရွေးချယ်ခိုင်းခဲ့ပါက၊ အကယ်၍ သင်တို့သည် ကြီးမားသော ဆောင်ရွက်ချက်တစ်ခုကို တစ်စုံတစ်ဦးထံ အပ်နှံရမည်ဆိုပါက၊ သင်တို့ မည်သို့သော လူစားမျိုးကို အပ်နှံမည်နည်း။ သင်တို့ မည်သို့သော လူစားမျိုးကို ရွေးချယ်မည်နည်း။ (ယုံကြည်စိတ်ချထိုက်သော လူတစ်ဦးကို ဖြစ်ပါသည်။) အနည်းဆုံးအားဖြင့်၊ ဤသူသည် အားကိုးထိုက်သူ၊ ကိုယ်ကျင့်စရိုက်ရှိသူ ဖြစ်ရမည်ဖြစ်ပြီး၊ အချိန်အခါက မည်သို့ပင်ဖြစ်စေ၊ သူတို့ ကြုံတွေ့ရသော အခက်အခဲများ မည်မျှပင် ကြီးမားစေကာမူ၊ သူတို့သည် သင် အပ်နှံခဲ့သည့်အရာကို ပြီးမြောက်အောင်မြင်ရန် သူတို့၏ စိတ်နှလုံးနှင့် ခွန်အားအားလုံးကို အသုံးပြုမည်ဖြစ်ပြီး၊ သင့်အား တင်ပြမည် ဖြစ်သည်။ လူတို့သည် တာဝန်တစ်ခုကို အပ်နှံရန် ထိုသို့သော လူစားမျိုးကို ရွေးချယ်မည်ဆိုလျှင်၊ ဘုရားသခင်အတွက်မူ သာ၍ပင် ဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍၊ ဤကြီးမားသော ဖြစ်ရပ်၊ ရေလွှမ်းမိုးမှုများဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးခြင်း၊ သင်္ဘောကြီးတစ်စင်း တည်ဆောက်ရန် လိုအပ်ခြင်း နှင့် အသက်ရှင်ကျန်ရစ်ရန် ထိုက်တန်သော တစ်စုံတစ်ဦး ကျန်ရှိနေရန် လိုအပ်ခြင်းတို့အတွက်၊ ဘုရားသခင် မည်သူ့ကို ရွေးချယ်မည်နည်း။ ပထမဦးစွာ၊ သဘောတရားပိုင်းအရ၊ ကိုယ်တော်သည် ကျန်ရှိနေရန် သင့်တော်သော၊ နောက်ခေတ်၌ အသက်ရှင်ရန် သင့်တော်သော တစ်စုံတစ်ဦးကို ရွေးချယ်တော်မူလိမ့်မည်။ လက်တွေ့၌မူ၊ အရေးကြီးဆုံးမှာ၊ ဤသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ရမည်၊ သူတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင် မိန့်တော်မူသမျှကို၊ ယင်း၌ မည်သည့်အရာ ပါဝင်သည်ဖြစ်စေ၊ ယင်းသည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် မိမိတို့၏ နှစ်သက်မှုနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားရမည်။ ဘုရားသခင် သူတို့ကို မည်သည့်အရာ လုပ်ဆောင်ရန် တောင်းဆိုသည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ဘယ်တော့မျှ မငြင်းပယ်သင့်ပေ၊ သူတို့သည် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းကို တာဝန်ဝတ္တရားတစ်ရပ်အဖြစ် အမြဲတမ်း သဘောထားရမည်၊ ဤသည်မှာ ဘုရားသခင်က ဤသီးသန့်ဆောင်ရွက်ချက်ကို အပ်နှံသည့် လူစားမျိုး ဖြစ်သည်။ ဘုရားသခင်၏စိတ်နှလုံးထဲ၌၊ နောဧသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းပင် ဖြစ်သည်။ သူသည် ခေတ်သစ်၌ ကျန်ရှိနေရန် ထိုက်တန်သော တစ်စုံတစ်ဦး ဖြစ်သည်သာမက၊ သူသည် ကြီးမားသော တာဝန်ကို ထမ်းဆောင်နိုင်သော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလျှော့အတင်းမရှိဘဲ၊ အဆုံးတိုင်အောင် ကျိုးနွံနာခံနိုင်သော၊ ဘုရားသခင်က သူ့အား အပ်နှံခဲ့သည့်အရာကို ပြီးမြောက်အောင်မြင်ရန် သူ၏အသက်ကို အသုံးပြုမည်ဖြစ်သောသူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ဤသည်မှာ နောဧ၌ သူတွေ့ရှိခဲ့သည့်အရာ ဖြစ်သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သည့်အချိန်မှစ၍၊ သူ့အား အပ်နှံခဲ့သော တာဝန်တစ်ခုစီတိုင်းကို သူ ပြီးမြောက်အောင်မြင်ခဲ့သည့်အချိန်အထိ၊ ဤကာလတစ်လျှောက်လုံး၊ ဘုရားသခင်အပေါ် နောဧ၏ ယုံကြည်ခြင်းနှင့် သူ၏ကျိုးနွံနာခံမှု သဘောထားတို့သည် လုံးဝ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်၊ ဤအရာနှစ်ခုမရှိဘဲ၊ ထိုအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ခဲ့သကဲ့သို့၊ ဤတာဝန်ပေးစေခိုင်းချက်ကိုလည်း ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ခဲ့ပေ။

အကယ်၍ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည့် လုပ်ငန်းစဉ်အတွင်း၊ နောဧ၌ သူ၏ကိုယ်ပိုင် အတွေးအခေါ်များ၊ အစီအစဉ်များနှင့် အယူအဆများ ရှိခဲ့ပါက၊ ဆောင်ရွက်ချက်တစ်ခုလုံး မည်သို့ ပြောင်းလဲသွားမည်နည်း။ ပထမဦးစွာ၊ ဘုရားသခင်က သူ့အား ပေးအပ်ခဲ့သော အသေးစိတ်အချက် တစ်ခုစီတိုင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ပစ္စည်းများ၏ သတ်မှတ်ချက်များနှင့် အမျိုးအစားများ၊ သင်္ဘောတစ်ခုလုံး တည်ဆောက်ခြင်း၏ နည်းလမ်းများနှင့် နည်းစနစ်များ၊ သင်္ဘောတစ်ခုလုံး၏ အရွယ်အစားနှင့် အတိုင်းအတာများတို့ဖြစ်သော ဤအရာအားလုံးကို နောဧ ကြားသည့်အခါ၊ သူသည် “အလွန်ကြီးမားသော အရာတစ်ခုကို တည်ဆောက်ရန် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်နည်း။ ဤပစ္စည်းများအားလုံးကို ရှာဖွေရန် မည်မျှသော ကြိုးပမ်းအားထုတ်မှုနှင့် ဆင်းရဲဒုက္ခ လိုအပ်မည်နည်း။ ငါ လုံးဝ မောပန်းသွားလိမ့်မည်။ ဤသို့သော မောပန်းမှုက ငါ့သက်တမ်းကို တိုစေမည်မှာ သေချာသည် မဟုတ်လော။ ငါ့အသက် မည်မျှ ကြီးနေပြီကို ကြည့်ပါဦး၊ သို့တိုင် ဘုရားသခင်က ငါ့ကို အနားမပေးဘဲ၊ ဤမျှ အားထုတ်ရသော အရာတစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုနေသည်၊ ငါ ယင်းကို ထမ်းဆောင်နိုင်ပါမည်လော။ ကောင်းပြီ၊ ငါ လုပ်ဆောင်မည်၊ သို့သော် ငါ့မှာ အကြံတစ်ခု ရှိသည်၊ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း ငါ ယေဘုယျအားဖြင့် လုပ်ဆောင်လိုက်မည်။ ဘုရားသခင်က ရေလုံသော ထင်းရှူးပင်တစ်မျိုးကို ရှာဖွေရန် မိန့်တော်မူခဲ့သည်။ ငါ အချို့ကို ရရှိနိုင်သည့် နေရာတစ်ခုအကြောင်း ကြားဖူးသော်လည်း၊ ယင်းမှာ အလွန်ဝေးကွာပြီး၊ အတော်ပင် အန္တရာယ်များသည်။ ယင်းကို ရှာဖွေပြီး ရရှိရန်မှာ ကြိုးပမ်းအားထုတ်မှုများစွာ လိုအပ်လိမ့်မည်၊ သို့ဖြစ်၍ အနီးအနားမှ အလားတူ၊ အနည်းနှင့်အများတူညီသော အစားထိုးတစ်မျိုးကို ရှာဖွေခြင်းကကော မည်သို့နည်း။ ယင်းမှာ အန္တရာယ်နည်းပြီး ကြိုးပမ်းအားထုတ်မှုလည်း နည်းလိမ့်မည်၊ ဤသည်မှာလည်း အဆင်ပြေမည် မဟုတ်လော။” နောဧ၌ ထိုသို့သော အကြံအစည်များ ရှိခဲ့ပါသလော။ အကယ်၍ သူ၌ ရှိခဲ့ပါက၊ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှု ဖြစ်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) ဥပမာအနေနှင့်၊ ဘုရားသခင်က သင်္ဘောကို မီတာ ၁၀၀ အမြင့် တည်ဆောက်ရန် မိန့်တော်မူခဲ့သည်။ ဤသည်ကို ကြားသည့်အခါ၊ သူသည် “မီတာတစ်ရာက အရမ်းမြင့်သည်၊ မည်သူမျှ အပေါ်ကို တက်နိုင်မည်မဟုတ်။ အပေါ်ကိုတက်ပြီး အလုပ်လုပ်ရသည်မှာ အသက်အန္တရာယ်ရှိနိုင်သည်မဟုတ်လော။ ထို့ကြောင့် ငါ သင်္ဘောကို နည်းနည်းနိမ့်အောင် လုပ်လိုက်မည်၊ မီတာ ၅၀ ထားလိုက်ကြစို့။ ဤသို့ဆိုလျှင် အန္တရာယ်လည်း သိပ်မကြီးတော့ပေ၊ လူတွေ အပေါ်တက်ရတာလည်း ပိုလွယ်သွားသည်။ ဤသို့ဆိုလျှင် အဆင်ပြေသည်မဟုတ်လော။” ဟု တွေးခဲ့မည်လော။ နောဧ၌ ထိုသို့သော အတွေးအခေါ်များ ရှိခဲ့မည်လော။ (ရှိခဲ့မည်မဟုတ်ပါ။) သို့ဖြစ်၍ သူ၌ ရှိခဲ့ပါက၊ ဘုရားသခင် လူမှားရွေးချယ်ခဲ့သည်ဟု သင်တို့ ထင်ပါသလော။ (ထင်ပါသည်။) နောဧ၏ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံမှုက သူ၏ကိုယ်ပိုင်အလိုဆန္ဒကို ဘေးဖယ်ထားနိုင်စေခဲ့သည်၊ အကယ်၍ သူ၌ ထိုသို့သော အတွေးအခေါ်များ ရှိခဲ့လျှင်ပင်၊ သူသည် ၎င်းတို့အတိုင်း ဘယ်တော့မျှ ပြုမူဆောင်ရွက်ခဲ့မည် မဟုတ်ပေ။ ဤအချက်နှင့်ပတ်သက်၍၊ နောဧသည် ယုံကြည်စိတ်ချထိုက်သူဖြစ်ကြောင်း ဘုရားသခင် သိတော်မူခဲ့သည်။ ပထမဦးစွာ၊ နောဧသည် ဘုရားသခင် သတ်မှတ်ထားသော အသေးစိတ်အချက်များအပေါ် မည်သည့်ပြောင်းလဲမှုမျှ ပြုလုပ်ခဲ့မည်မဟုတ်သကဲ့သို့၊ သူ၏ကိုယ်ပိုင် အတွေးအခေါ်တစ်ခုတလေကိုမျှလည်း ထပ်ထည့်ခဲ့မည်မဟုတ်၊ သူ၏ကိုယ်ပိုင်အကျိုးအတွက် ဘုရားသခင် သတ်မှတ်ထားသော အသေးစိတ်အချက် တစ်ခုတလေက သူ ပြောင်းလဲဖို့ဆိုလျှင် ပို၍ပင်ဖြစ်နိုင်မည်မဟုတ်ပေ၊ ထိုအစား သူသည် ဘုရားသခင် တောင်းဆိုသမျှအားလုံးကို အတိအကျဆောင်ရွက်ခဲ့မည်ဖြစ်ပြီး၊ သင်္ဘောတည်ဆောက်ရန် ပစ္စည်းများ ရရှိရန် မည်မျှ ခက်ခဲသည်ဖြစ်စေ၊ အလုပ် မည်မျှ ခက်ခဲပင်ပန်းသည်ဖြစ်စေ၊ သူသည် ယင်းကို ကောင်းမွန်စွာ ပြီးမြောက်အောင်မြင်ရန် သူ၏အကောင်းဆုံးကို လုပ်ဆောင်ပြီး သူ၏စွမ်းအင်အားလုံးကို အသုံးပြုခဲ့မည် ဖြစ်သည်။ ဤသည်မှာ သူ့ကို ယုံကြည်စိတ်ချထိုက်သူ ဖြစ်စေခဲ့သည့်အရာ မဟုတ်လော။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်အပေါ် သူ၏စစ်မှန်သော ကျိုးနွံနာခံမှု၏ လက်တွေ့ သရုပ်သကန်တစ်ခု ဟုတ်ခဲ့ပါသလော။ (ဟုတ်ပါသည်။) ဤကျိုးနွံနာခံမှုသည် အကြွင်းမဲ့ ဟုတ်ခဲ့ပါသလော။ (ဟုတ်ပါသည်။) ပြီးလျှင် ယင်းသည် မည်သည့်အရာနှင့်မျှ မညစ်ညူးခဲ့ပေ၊ ယင်း၌ သူ၏ကိုယ်ပိုင် ဆန္ဒတစ်ခုတလေမျှ မပါဝင်ခဲ့ပေ၊ ယင်းသည် ကိုယ်ပိုင်အစီအစဉ်များဖြင့် မရောနှောခဲ့သကဲ့သို့၊ ကိုယ်ပိုင်အယူအဆများ သို့မဟုတ် အကျိုးစီးပွားများ သာ၍ပင် မပါဝင်ခဲ့ပေ၊ ထိုအစား၊ ယင်းမှာ သန့်စင်သော၊ ရိုးရှင်းသော၊ အကြွင်းမဲ့ ကျိုးနွံနာခံမှု ဖြစ်ခဲ့သည်။ ပြီးလျှင် ဤသည်မှာ ရရှိရန် လွယ်ကူခဲ့ပါသလော။ (မလွယ်ကူခဲ့ပါ။) လူအချို့ သဘောမတူညီနိုင်ပါ။ “ဤသည်မှာ မည်သို့ အလွန်ခက်ခဲသနည်း။ ဤသည်မှာ မတွေးခေါ်ခြင်း၊ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်ခြင်း၊ ဘုရားသခင်ပြောသမျှကို လုပ်ဆောင်ခြင်းတို့သာ ပါဝင်သည်မဟုတ်လော။ ယင်းမှာ မလွယ်ကူသလော” ဟူ၍ဖြစ်သည်။ လုပ်ဆောင်ရမည့်အချိန် ရောက်လာသည့်အခါ၊ အခက်အခဲများ ပေါ်ပေါက်လာသည်၊ လူတို့၏ အတွေးအခေါ်များသည် အမြဲတမ်း ပြောင်းလဲနေသည်၊ သူတို့၌ အမြဲတမ်း မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများ ရှိကြပြီး၊ သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြီးမြောက်နိုင်မည်လောဟု သူတို့ သံသယဝင်တတ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြားသည့်အခါ လက်ခံရန် လွယ်ကူသော်လည်း၊ လုပ်ဆောင်ရမည့်အချိန် ရောက်လာသည့်အခါ၊ ယင်းမှာ ခက်ခဲလာသည်၊ ဆင်းရဲဒုက္ခ စတင်သည်နှင့် တစ်ပြိုင်နက်၊ သူတို့သည် အပျက်သဘောဆောင်တတ်ပြီး၊ သူတို့အတွက် ကျိုးနွံနာခံရန် မလွယ်ကူပေ။ သို့ဖြစ်၍၊ နောဧ၏ ကိုယ်ကျင့်စရိုက်နှင့် သူ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံမှုတို့သည် အမှန်ပင် အတုယူထိုက်သည်မှာ ထင်ရှားသည်။ သို့ဆိုလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမိန့်တော်များနှင့် တောင်းဆိုချက်များနှင့် ရင်ဆိုင်ရသည့်အခါ နောဧ မည်သို့ တုံ့ပြန်ပြီး ကျိုးနွံနာခံခဲ့သည်ကို သင်တို့ ယခု ရှင်းလင်းကြပြီလော။ ဤကျိုးနွံနာခံမှုသည် ကိုယ်ပိုင်အတွေးအခေါ်များဖြင့် မညစ်ညူးခဲ့ပေ။ နောဧသည် လမ်းလွဲမသွားဘဲ၊ လူလည်ကျသော လှည့်ကွက်အသေးအဖွဲများ မသုံးဘဲ၊ ပါးနပ်ဖို့ မကြိုးစားဘဲ၊ မိမိကိုယ်ကို အထင်ကြီးခြင်းမရှိဘဲ ဘုရားသခင်အား အကြံပြုချက်များ ပေးနိုင်သည်ဟု မတွေးထင်ဘဲ၊ ဘုရားသခင်၏ အမိန့်တော်များ၌ မိမိ၏ကိုယ်ပိုင် အတွေးအခေါ်များကို ထပ်ထည့်နိုင်သည်ဟု မတွေးဘဲ မိမိ၏ကိုယ်ပိုင် ကောင်းသော ရည်ရွယ်ချက်များကို မထည့်ဝင်ဘဲ အကြွင်းမဲ့ ကျိုးနွံနာခံရန်၊ နာခံရန်နှင့် အကောင်အထည်ဖော်ရန် မိမိကိုယ်ကို တောင်းဆိုခဲ့သည်။ အကြွင်းမဲ့ ကျိုးနွံနာခံမှုကို ရရှိရန် ကြိုးစားသည့်အခါ ဤသည်မှာ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။