ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀) အခန်း သုံး

အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်ကို အကောင်အထည်ဖော်ခြင်းတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရား လက်တွေ့ကျမှု ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည့် အရေးကြီးသော စစ်ဆေးခြင်းအဆင့်တစ်ဆင့် ပါဝင်သည်။ အတော်အတန် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အတော်အတန် အားနည်းသော ခေါင်းဆောင်များနှင့် အမှုဆောင်များကို စစ်ဆေးခြင်းအပြင် သင်သည် သာမန်အစွမ်းအစရှိသူများနှင့်ပတ်သက်၍လည်း မေးမြန်းပြီး နားလည်သင့်သည်။ ပတ်ဝန်းကျင်က မသင့်တော်ပါက သင်သည် အခြေအနေအား စုံစမ်းမေးမြန်းပြီး သိရှိရန် တစ်စုံတစ်ဦးကို စေလွှတ်နိုင်ပြီး အသေးစိတ် မှတ်တမ်းများ ပြုလုပ်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်ပေးလျှင် ဤအလုပ်၏ ကြီးကြပ်ရေးမှူးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ထိတွေ့ဆက်ဆံခြင်း၊ မေးခွန်းများမေးခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် ဤအလုပ်၏ တိကျသော အခြေအနေကို နားလည်ခြင်းအပြင်၊ အလုပ်ကို မည်မျှကောင်းစွာ အကောင်အထည်ဖော်နေသည်ကို ကြည့်ရှုခြင်းတို့က အကောင်းဆုံးဖြစ်သည်။ အကျဉ်းချုပ်အနေဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအတွက် အလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် တစ်လ သို့မဟုတ် နှစ်လအတွင်း အဆုံးသတ်နိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ ယာယီ အလုပ်တာဝန်တစ်ခု မဟုတ်ဘဲ ရေရှည်အလုပ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးနောက် ပထမတစ်လ သို့မဟုတ် နှစ်လအတွင်း လမ်းပြမှု၊ ကြီးကြပ်မှု၊ တိုက်တွန်းနှိုးဆော်မှုနှင့် စစ်ဆေးခြင်းတို့ကိုသာ ပေးကာ ကိစ္စပြီးပြီဟု သဘောမထားသင့်ပေ။ ထိုအစား ၎င်းတို့သည် ဤအလုပ်ကို ရေရှည်အနေဖြင့် စဉ်ဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးရမည်။ ပို၍အားနည်းသော အသင်းတော်ခေါင်းဆောင်များအတွက်မူ ၎င်းတို့သည် ကိုယ်တိုင်သွားရောက်၍ လမ်းပြမှုပေးရန် လိုအပ်သည်။ အလုပ်အစီအစဉ်များကို အမှီအခိုကင်းစွာ အကောင်အထည်ဖော်နိုင်သော အသင်းတော်ခေါင်းဆောင်များအတွက်မူ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို သိရှိရန်နှင့် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းရန် ပုံမှန်စစ်ဆေးမှုများကိုလည်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်ဆောင်နေသော ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်ပတ်သက်၍ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့တွင် အားနေသောအချိန် လုံးဝမရှိပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးဖြစ်ကာ ယင်းတို့ကို မည်သို့အကောင်အထည်ဖော်ရမည်ကိုလည်း ကျွန်ုပ် မိတ်သဟာယဖွဲ့ပြီးပြီဖြစ်သည်။ ကျွန်ုပ်၏အလုပ် ပြီးစီးသွားပြီဖြစ်သည်။ လုပ်ဆောင်ရန် အခြားမည်သည့်အရာမျှ မရှိတော့ပါ။ ထို့ကြောင့် ချက်ပြုတ်ခြင်းနှင့် ဧည့်ခံခြင်းတို့ဖြင့် ကူညီခြင်းနှင့် ညီအစ်ကိုမောင်နှမများ လိုအပ်နေသည့် နေ့စဉ်သုံးပစ္စည်းအချို့ ဝယ်ယူခြင်းကဲ့သို့သော သင့်တော်သည့် အိမ်မှုကိစ္စအချို့ကို ကျွန်ုပ် လုပ်ဆောင်မည်” ဟု အမြဲ တွေးကြသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးနောက် အားလပ်သွားကြပြီး မိမိတို့အလုပ် ပြီးသွားပြီဖြစ်ကြောင်းနှင့် နောက်ထပ် လုပ်စရာ ဘာမျှမရှိတော့ကြောင်း ခံစားရကြသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် အလုပ်ကို မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် တိကျသော တာဝန်များအား မည်သို့ တာဝန်ယူရမည်ကို မသိကြောင်း ပြသသည်။ အမှန်တွင် ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် အထက်က ရပ်တန့်ရန် မတောင်းဆိုသရွေ့ အလုပ်ကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး လမ်းခုလတ်တွင် ရပ်တန့်၍မရပေ။ ဥပမာအားဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်ဖြစ်သည်။ ဤအလုပ်ကို အထက်က ရပ်တန့်ရန် တောင်းဆိုခဲ့သလော။ ဤအလုပ်ကို ရပ်တန့်ရန် ပြောသည့် အသိပေးချက်တစ်ခုခု ရှိခဲ့သလော။ (မရှိပါ။) သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို မည်သို့ ဆောင်ရွက်သင့်သနည်း။ ခဏတာ စိတ်ထက်သန်မှုမျိုးသာ မဖြစ်ပါစေနှင့်။ အလုပ်အစီအစဉ်ကို ပထမဆုံး ထုတ်ပြန်သည့်အခါ သင်သည် အလွန်စိတ်ပါဝင်စားပြီး တက်ကြွကာ ဤအလုပ်ကို ဆောင်ရွက်ရန် စိတ်ထက်သန်နေသည်။ သို့ရာတွင် အချိန်ကာလတစ်ခု ကြာပြီးနောက် အထက်က တိုက်တွန်းနှိုးဆော်ခြင်းမရှိပါက၊ ညွှန်ကြားချက်အသစ်များ မထုတ်ပြန်ပါက သို့မဟုတ် ဤအလုပ်အစီအစဉ်အတွက် နောက်ထပ်လမ်းညွှန်ချက်များ မပေးပါက အထက်က အသစ်အဆန်း တစ်ခုတလေ မစီစဉ်ထားသည့်အတွက် ဤအလုပ်ကို လျစ်လျူရှု၍ရသည်ဟု သင်တွေးထင်ကောင်း တွေးထင်နိုင်သည်။ ဤသည်မှာ လက်ခံနိုင်ဖွယ်မရှိပေ၊ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ ဤအလုပ်ကို အကောင်အထည်ဖော်ခဲ့သည်မှာ မည်မျှကြာပြီဖြစ်စေ၊ ထိုအချိန်အတောအတွင်းတွင် အထက်က ဤအလုပ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း သို့မဟုတ် အလေးပေးပြောဆိုခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအလုပ်ကို သင့်ထံ တာဝန်ပေးအပ်ထားသရွေ့ သင် ထမ်းရွက်သင့်ပြီး ကောင်းစွာ ဆောင်ရွက်လျက် စဉ်ဆက်မပြတ် လုပ်ဆောင်သင့်သည်။ “စဉ်ဆက်မပြတ်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အထက်က ရပ်တန့်ရန် မတောင်းဆိုသရွေ့ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်နှင့်ပတ်သက်ပြီး တောက်လျှောက်၊ စဉ်ဆက်မပြတ် လမ်းညွှန်မှု၊ ကြီးကြပ်မှု၊ တိုက်တွန်းနှိုးဆော်မှု၊ စစ်ဆေးမှုနှင့် နောက်ဆက်တွဲအလုပ်လုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရမည်ဟု ဆိုလိုသည်။ သင့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် ဖြုတ်ချခံရခြင်း မရှိလျှင် သင်၏ရာထူး၌ သင် ရှိနေသရွေ့ ဤအလုပ်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် သင် ကောင်းစွာ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ယင်းသည် သင် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ပြီး နောက်ဆက်တွဲလုပ်ရမည့် တာဝန်တစ်ခုလည်း ဖြစ်သည်။ ဤသည်ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အသင်းတော်တစ်ပါးသို့ သင် သွားရောက်သည့်အခါတိုင်း ဒေသခံခေါင်းဆောင်များနှင့် ဤအလုပ်၏ ကြီးကြပ်ရေးမှူးကို သင်က “ဤအချိန်ကာလအတောအတွင်းတွင် သက်သေခံချက် ဆောင်းပါးများက အခြေအနေမည်သို့ ရှိနေခဲ့သနည်း။ ကောင်းမွန်ပြီး အတော်အတန် တို့ထိသော သက်သေခံချက် ဆောင်းပါးများ တစ်ခုတလေ ရှိသလော။ အထူးအတွေ့အကြုံများပါသော ဆောင်းပါးများ တစ်ခုတလေ ရှိသလော”ဟု မေးမြန်းရမည်။ ရှိသည်ဟု ၎င်းတို့က ပြောပါက သင်သည် ဤဆောင်းပါးများကို ကြည့်ရှုစစ်ဆေးသင့်သည်။ အကယ်၍ ယင်းတို့တွင် လက်တွေ့ကျသော အတွေ့အကြုံများ အမှန်တကယ် ပါဝင်ပြီး လူတို့ကို အမှန်တကယ် တည်ဆောက်ပေးပါက အမြန်ဆုံး အပ်သင့်သည်။ အသင်းတော်တစ်ပါးသို့ သင် သွားရောက်သည့်အခါတိုင်းတွင် ဤကိစ္စနှင့်ပတ်သက်၍ ဦးစွာ မေးမြန်းရမည်။ ဤသည်မှာ သင် အကောင်အထည်ဖော်ရမည့် တိကျသော တာဝန်တစ်ခု၊ သင်ရှောင်လွှဲ၍မရသော ဝတ္တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ အထက်က ဤကိစ္စနှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စုံစမ်းမေးမြန်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤတာဝန်သည် သင်လုပ်ဆောင်ရမည့်အရာတွင် ပါဝင်သည်။ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေပြီး သက်သေခံချက် ဆောင်းပါးများ ရေးသားရန် အချိန်မရှိပါက သင်သည် ၎င်းတို့ကို “ကောင်းမွန်သော သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအတွက် အလွန်အကျိုးရှိပြီး အရေးကြီးသော တာဝန်တစ်ခုလည်း ဖြစ်သည်” ဟု ပြောဆိုလျက် တိုက်တွန်းနှိုးဆော်ရမည်။ သို့ရာတွင် အချို့ခေါင်းဆောင်များက “ညီအစ်ကိုမောင်နှမများက သူတို့၏ အတွေ့အကြုံအားလုံးကို ရေးသားပြီးဖြစ်ကာ နောက်ထပ်ရေးစရာ မည်သည့်အရာမျှ မရှိတော့ဟု ခံစားနေရသည်”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ အမှန်တွင် အသေးစိတ်ကျသော အတွေ့အကြုံများစွာကို လူတို့က သတိမပြုမိကြသည့်အပြင် လျစ်လျူရှုထားကြသည်။ အခြားသူများ ရေးသားသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖတ်ရှုသည့်အခါမှသာ ၎င်းတို့တွင်လည်း အလားတူ အတွေ့အကြုံများ ရှိခဲ့ကြောင်း ပြန်လည်အမှတ်ရကြသည်။ ထို့ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းသည် ဂရုတစိုက် တွေးခေါ်မှုနှင့် တွေးတောဆင်ခြင်ခြင်းတို့ လိုအပ်သည်။ ရေးသားထိုက်သော အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများစွာ ရှိသည်။ ရေးသားရန် မည်သည့်အချိန်မျှ မရှိခြင်းသည် ခိုင်လုံသော အကြောင်းပြချက်ဖြစ်သလော။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် တာဝန်တစ်ရပ် ဖြစ်သည်။ ၎င်းတို့ မည်မျှ အလုပ်များနေပါစေ ရေးသားရန် အချိန်ယူသင့်သည်။ ၎င်းတို့အနေဖြင့် သက်သေခံချက် ဆောင်းပါးများအား မည်သို့ရေးသားရမည်ကို မသိပါက ကောင်းမွန်သော ဆောင်းပါးတစ်ပုဒ် ထွက်ပေါ်လာစေရန် အခြားတစ်စုံတစ်ဦးကို စာတည်းဖြတ်စေဖို့အတွက် နှုတ်ဖြင့်ပြောပြပြီး ရေးစေသင့်သည်။ ဤနည်းအားဖြင့် သင်၏ တိုက်တွန်းနှိုးဆော်မှုနှင့် လမ်းပြမှုမှတစ်ဆင့် နောက်ထပ် ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးသားပြီးဖြစ်သည်။ ဤဆောင်းပါးက လူမည်မျှအား တည်ဆောက်ပေးနိုင်သည်ကို သင်သိသလော။ ထိုဆောင်းပါးမှ အကူအညီနှင့် အကျိုးကျေးဇူးကို လူမည်မျှက ရရှိနိုင်သနည်း။ သင်သည် ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုပေးခြင်းတို့ကို မပြုလုပ်သည့်အပြင် ဒေသခံအသင်းတော်ခေါင်းဆောင်များကလည်း ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အားလုံးကို ရေးသားပြီးဖြစ်ကာ နောက်ထပ်ရေးစရာ ဆောင်းပါးများ မရှိတော့ဟု တွေးထင်လျက် ဝန်တာစိတ် မရှိပါက ဤကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးသည် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ တစ်ခါတစ်ရံ အသင်းတော်တစ်ပါးသို့ သင် သွားရောက်လည်ပတ်သည့်အခါ အချို့ညီအစ်ကိုမောင်နှမများက သင်နှင့် စကားစမြည်ပြောကြပြီး “ကျွန်ုပ်၏ဘဝတွင် ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါသည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်၌လည်း ညှဉ်းပန်းနှိပ်စက်မှုများစွာ ခံခဲ့ရပါသည်။ ခြေလှမ်းတိုင်း၌ ဘုရားသခင်က ကျွန်ုပ်ကို ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်မှုများကို ကျွန်ုပ် မြင်တွေ့ခဲ့ရပြီး အရာအားလုံးကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားကြောင်းနှင့် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမှန်တကယ် ကိုင်စွဲထားကြောင်း သိရှိနားလည်ခဲ့ရပါသည်။ ဤသည်မှာ လုံးဝမှန်ကန်ပါသည်” ဟု ပြောကြသည်။ ၎င်းတို့က ၎င်းတို့၏ အတွေ့အကြုံကို သင့်အား ပြောပြပြီးနောက် သင်က ထိုအရာကို ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားထားခြင်း ရှိမရှိ မေးမြန်းသည့်အခါ ၎င်းတို့က “မရေးသားရသေးပါ၊ ကျွန်ုပ်သည် ပညာအရည်အချင်းနိမ့်ပြီး စာမရေးတတ်ပါ။ ထို့အပြင် ဤအတွေ့အကြုံသည် တန်ဖိုးမရှိဟု အခြားသူများက ပြောကြသည်” ဟု ဆိုသည်။ “ဤမျှကောင်းသော အတွေ့အကြုံက အဘယ်သို့ဖြစ်ပြီး တန်ဖိုးမရှိဘဲ ဖြစ်နိုင်မည်နည်း”ဟု သင်က ၎င်းတို့ကို ပြောသည်။ “သင်၏ အတွေ့အကြုံ အဆင့်တစ်ခုစီနောက်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ ဦးဆောင်မှုနှင့် ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းမှုကို သင် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။ ဤအရာထက် ပို၍တန်ဖိုးရှိသော မည်သည့်အတွေ့အကြုံ ရှိနိုင်မည်နည်း။ ထိုသို့သော အတွေ့အကြုံများကို ရေးထားသင့်ပြီး လက်မလွှတ်သင့်ပါ။” ထို့နောက် သင်သည် စာတည်းဖြတ်ပေးရန် ပို၍ပညာတတ်သော ညီအစ်ကိုမောင်နှမများကို အမြန်စီစဉ်ပေးသည်။ သုံးရက်အတွင်းတွင် ကောင်းမွန်ပြီး ပြောင်မြောက်သော သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးသားပြီးဖြစ်ကာ ထို့နောက်တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုအဖြစ် ဖန်တီးလိုက်သည်။ ယင်းကို ကြည့်ရှုသူတိုင်းက “ဇာတ်ဆောင်၏ အတွေ့အကြုံသည် အလွန်ကောင်းမွန်လှပါသည်။ ကြည့်ရှုရသည်မှာ အလွန်တည်ဆောက်မှုဖြစ်စေပါသည်။ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာပိုင်စိုးသည်ကို အမှန်တကယ် ပြသနေခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့အတိအကျပင်ဖြစ်သည်တကား။ ယခုမူ ဤသည်ကို ပို၍ပင် အတည်ပြုပြီးဖြစ်ကာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းလည်း တိုးပွားလာပါသည်”ဟု ပြောကြသည်။ အခြားသူများက “ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးသည် အလွန်လက်တွေ့ကျကျ ရေးသားထားပြီး အလွန်တို့ထိစရာ ဖြစ်ပါသည်။ ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်ပါက ပို၍ပင် ကောင်းမည် ဖြစ်သည်” ဟု ပြောကြသည်။ ညီအစ်ကိုမောင်နှမများစွာတို့သည် ယင်းကို ရုပ်ရှင်အဖြစ် အမြန်ရိုက်ကူးရန် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏အလုပ်ကို တာဝန်ယူမှုနှင့် သစ္စာစောင့်သိမှုတို့ဖြင့် သဘောထားခဲ့သောကြောင့် သာမန်စကားစမြည်ပြောဆိုမှုတစ်ခုက ကောင်းမွန်သော ဆောင်းပါးတစ်ပုဒ်နှင့် ရုပ်ရှင်အတွက် ကောင်းမွန်သော အကြောင်းအရာတစ်ခုကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အမိန့်ဖြင့်ပြဋ္ဌာန်းမှုတို့ကို သက်သေခံရန် အကောင်းဆုံးသော သက်သေခံချက်နှင့် အကောင်းဆုံးသော အကြောင်းအရာ ဖြစ်သည်။ ထိုသို့သော ဇာတ်လမ်းများသည် လူများစွာတို့၏ ယုံကြည်ခြင်းကို တိုးပွားစေနိုင်ပြီး များစွာသောသူတို့ကိုလည်း တည်ဆောက်ပေးနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်ခြင်းကို သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် မိမိတို့၏အလုပ်တွင် မည်သည့်လုပ်ရိုးလုပ်စဉ်ကိုမျှ လိုက်နာခြင်း မရှိပေ။ ၎င်းတို့ သွားလေရာရာ၌ မေးခွန်းများမေးသည်၊ စုံစမ်းမေးမြန်းသည်၊ ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံကာ ဟိတ်ဟန်မရှိဘဲ ၎င်းတို့အကြားတွင် ပေါင်းစည်းမှုရှိသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဝန်တာစိတ် ရှိရုံသာမက အားကောင်းသော တာဝန်ယူစိတ်လည်း ရှိကြသည်။ ဤသို့ တစိုက်မတ်မတ် လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် အလိုအလျောက် ရလဒ်များကို ရရှိကြသည်။ ဤအရာကို ဘုရားသခင်က အမှတ်ရမည် မဟုတ်လော။ ဤသည်တို့မှာ ကောင်းမှုများ မဟုတ်လော။ ငါ့ကို ပြောလော့၊ ဤအလုပ်အနည်းငယ်ကို လုပ်ဆောင်ရန် ခက်ခဲပင်ပန်းသလော။ ဆင်းရဲဒုက္ခခံရန် လိုအပ်သလော။ ဓားတောင်ကို ကျော်၊ မီးပင်လယ်ဖြတ်ရန် လိုအပ်သလော။ မလိုအပ်ပေ။ ခက်ခဲခြင်းမရှိပေ။ စိတ်နှစ်ပြီးလုပ်ဆောင်ရန်သာ လိုအပ်သည်။ ဤအလုပ်ကို သင်၏စိတ်နှလုံးထဲ၌ ထားရှိလျက် သင်သွားလေရာရာ၌ “အလုပ်က မည်သို့ တိုးတက်နေသနည်း။ ဤအချိန်ကာလအတောအတွင်းတွင် ကောင်းမွန်သည့် သက်သေခံချက် ဆောင်းပါးများ တစ်ခုတလေ ရှိခဲ့သလော။ အတွေ့အကြုံများရှိသော်လည်း ဆောင်းပါးများ မရေးရသေးသည့် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ အတွေ့အကြုံများကို ဇာတ်ကြောင်းပြန်ဖို့ မည်သို့လမ်းညွှန်ရမည်ကို သင်တို့သိကြသလော။ သူတို့အနေဖြင့် မိမိတို့ကိုယ်ကို ဖော်ပြရန် မည်သို့ ကူညီပြီး ရေးထုတ်ဖို့ မည်သို့ လမ်းပြရမည်ကို သင်တို့သိကြသလော”ဟု မေးခွန်းများမေးပြီး စုံစမ်းမေးမြန်းလော့။ သင်သွားလေရာရာ၌ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ အမြဲတစေ မိတ်သဟာယဖွဲ့ရမည်၊ ဤအလုပ်နှင့် သက်ဆိုင်သော အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ဤအလုပ်နှင့် သက်ဆိုင်သော စကားများကို ပြောဆိုရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို ပို၍ များပြားစေသည် မဟုတ်လော။ သင်သည် လုပ်ရမည့် အလုပ်မရှိဘဲ အားနေသည့် အခြေအနေတစ်ခု ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) ဤနည်းလမ်းဖြင့် အလုပ်လုပ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ပင်ပန်း၍ သေဆုံးခြင်းတို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့ ပင်ပန်းနွမ်းနယ်မည်မဟုတ်၊ ပင်ပန်း၍ သေဆုံးမည်လည်းမဟုတ်၊ အလုပ်တွင် ရလဒ်များ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အလုပ်လုပ်ပါက များစွာသောသူတို့သည် တည်ဆောက်မှုကို ရရှိလိမ့်မည်ဖြစ်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိကြောင်း ညီအစ်ကို မောင်နှမများကလည်း ခံစားရကြလိမ့်မည်။ ယခင်က မိမိတို့၏ အတွေ့အကြုံများ တန်ဖိုးမရှိဟု ၎င်းတို့ တွေးထင်ခဲ့ကြသော်လည်း သင်၏ လမ်းညွှန်မှုမှတစ်ဆင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ မည်သို့ရေးသားရမည်ကို ၎င်းတို့ နားလည်ခဲ့ကြသည်။ ဤအရာကလည်း ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အကျိုးပြုပေသည်။ သင်သည် ဤနည်းလမ်းဖြင့် အလုပ်လုပ်သည့်အခါမှသာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အား မည်သို့စစ်ဆေးသင့်သည်ကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် အလုပ်အား မည်သို့စစ်ဆေးရမည်ကို သင်ယူပြီးပြီလော။ အလုပ်ကို စစ်ဆေးခြင်းသည် အပြစ်ရှာခြင်း သို့မဟုတ် အပြစ်အနာအဆာရှာခြင်း မဟုတ်ဘဲ ထို့ထက် အလုပ်အား မည်သို့လုပ်ဆောင်ထားသည်၊ ထိုအလုပ်ကို စီစဉ်ထားခြင်း ရှိမရှိ၊ အလုပ်အား ကြီးကြပ်သူတစ်ဦးတလေ ရှိမရှိ၊ အလုပ်က မည်သို့ တိုးတက်နေသည်၊ တိုးတက်မှုအခြေအနေက မည်ကဲ့သို့ရှိသည်၊ ထိုတိုးတက်မှုက ချောမွေ့ခြင်း ရှိမရှိ၊ အလုပ်ကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်း ရှိမရှိ၊ ရလဒ်များ ရရှိခြင်း ရှိမရှိ စသည်တို့ကို ကြည့်ရှုခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သင်သည် အလုပ်၏ ထိရောက်မှုကို စောင့်ကြည့်လေ့လာရန်၊ ပြန်လည်သုံးသပ်ရန်နှင့် အကဲဖြတ်ရန် လိုအပ်ပြီး ထို့နောက် ဤအရာမှနေ၍ အလုပ်ကို အကောင်အထည်ဖော်ရန် ပိုကောင်းပြီး ပိုသင့်တော်သော နည်းလမ်းများကို ရှာဖွေရန်လိုအပ်သည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း အစီအစဉ်ကဲ့သို့သော အလုပ်အစီအစဉ်တစ်ခုအတွက် အထက်က ရပ်တန့်ရန် မတောင်းဆိုသရွေ့ ဤအလုပ်ကို အဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးပြီး အကောင်အထည်ဖော်ရန် လိုအပ်သည့်အပြင် ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ လုံလောက်နေပြီဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက အားလုံးကို မဖတ်နိုင်ဟု လူအချို့ ခံစားရလျှင် ဤအလုပ်ကို ရပ်တန့်၍ရသလော။ ရပ်တန့်၍မရပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ များလေ ကောင်းလေ ဖြစ်သည်။ များလေ ပို၍ အလျှံပယ်ဖြစ်လေ ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများအား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အများဆုံး ကူညီသည့်အရာ ဖြစ်သည်။ ယုံကြည်သူအသစ်အချို့သည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖတ်ရှုပြီးနောက် ဘုရားသခင်၏အလုပ်အား မည်သို့တွေ့ကြုံရမည်ကို သိရှိသွားကြလိမ့်မည်။ အတွေ့အကြုံကာလတစ်ခုကို ဖြတ်သန်းပြီး ရလဒ်များကို ရရှိပြီးနောက်တွင် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို အလိုအလျောက် ရေးသားနိုင်ကြလိမ့်မည်။ ပေါ့တန်သော အတွေ့အကြုံရှိသည့် လူအချို့သည်လည်း အတော်အတန် ပို၍နက်နဲသော ထိုအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖတ်ရှုခြင်းဖြင့် တည်ဆောက်ခြင်း ခံရနိုင်ပြီး ၎င်းတို့အနေဖြင့် ပို၍နက်နဲသော အတွေ့အကြုံများကို ရရှိနိုင်ကာ ပိုကောင်းသော သက်သေခံချက် ဆောင်းပါးများကို ရေးသားနိုင်ကြသည်။ ဤသက်သေခံချက်များသည် ဘာသာရေးထဲက လူများနှင့် ဘုရားအိမ်တော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများ နှစ်ဦးလုံးကို အကျိုးပြုသည်။ ထို့ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်သည် မည်သည့်အခါမျှ ရပ်တန့်၍မဖြစ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို အဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက် သို့မဟုတ် ဆင်ခြေကြောင့်မျှ ယင်းကို မရပ်တန့်သင့်ပေ။ ဤသည်မှာ အသင်းတော်တွင်ရှိသည့် အရေးကြီးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရာတွင် ဦးဆောင်ဦးရွက်ပြုသင့်သည်။ ဤလက်တွေ့လုပ်ဆောင်မှုက ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို အကောင်းဆုံး ဖော်ပြသည်။ အကယ်၍ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို မရေးသားနိုင်ပါက ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီခြင်းမရှိသည့်အပြင် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ တိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် အသင်းတော်အသီးသီးထံသို့ အဆက်မပြတ် သွားရောက်ရန် လိုအပ်သည်။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ မေးခွန်းများမေးပြီး လေ့လာသိရှိနိုင်သည်၊ “သင်တို့အသင်းတော်ရှိ မိမိတို့၏ လိုက်စားမှုတွင် အတော်အတန် စိတ်အားထက်သန်သော ညီအစ်ကိုမောင်နှမအချို့က အတွေ့အကြုံအချို့ရှိကြသည်။ သက်သေခံချက်ဆောင်းပါးအချို့ကို ၎င်းတို့ ရေးနိုင်ကြသလော။” မှန်သောလမ်းခရီးကို ယခုလေးတင် လက်ခံခဲ့သောသူတို့ကိုလည်း ၎င်းတို့အနေဖြင့် မည်သို့ စုံစမ်းစစ်ဆေးပြီး လက်ခံလာခဲ့သည်ကိုလည်းကောင်း၊ ဤအရာနှင့်စပ်လျဉ်း၍ မိမိတို့၏ ထင်မြင်ယူဆချက်များကို ချရေးနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း မေးမြန်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို အဆက်မပြတ် စုံစမ်းမေးမြန်းရန်၊ လေ့လာရန်၊ နောက်ဆက်တွဲလုပ်ပေးရန်နှင့် အကောင်အထည်ဖော်ရန် လိုအပ်သည်သာမက အကောင်အထည်ဖော်မှုက မည်မျှကောင်းမွန်စွာ ဖြစ်ပေါ်နေသည်ကိုလည်း စစ်ဆေးရန် လိုအပ်သည်၊ “ဤကာလအတောအတွင်းတွင် သင်တို့သည် ဤအလုပ်ကို လုပ်ဆောင်ရန် လူများအတွက် စီစဉ်ပေးပြီးပြီလော။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးမည်မျှကို ရေးသားပြီးပြီနည်း။ မည်မျှက စံနှုန်းပြည့်မီသနည်း။ စံနှုန်းပြည့်မီသော ဆောင်းပါးများ၏ အချိုးအစားမှာ အဘယ်မျှရှိသနည်း”ဟူ၍ ဖြစ်သည်။ ကြီးကြပ်ရေးမှူးက “ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းနောက်ပိုင်းတွင် ကျွန်ုပ်တို့အသင်းတော်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးအချို့ ရေးသားပြီးဖြစ်ပါသည်။ ပြီးလျှင် စံနှုန်းပြည့်မီသော ဆောင်းပါးအနည်းငယ်ကိုလည်း အပ်ထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤအလုပ်ကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်” ဟု ပြန်လည်ဖြေကြားသည်။ ဤသည်မှာ အဆင်ပြေ၏။ ဤသည်မှာ သင်သည် ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤအရာကို စိတ်ထဲစွဲမှတ်ထားလျက် အသင်းတော်တစ်ပါးက စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ထုတ်လုပ်နိုင်ခြင်းနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အခန်းကဏ္ဍတို့အကြား တိုက်ရိုက်ဆက်စပ်မှု ရှိသလော။ တစ်နည်းအားဖြင့်၊ သင်သည် အလုပ်၏ ဤကဏ္ဍနှင့်ပတ်သက်၍ အဆက်မပြတ် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ နောက်တစ်နည်းအားဖြင့် သင်သည် စံနမူနာပြ၍ ဦးဆောင်ရန်၊ အလုပ်နှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းမေးမြန်းရန်နှင့် အလုပ်တွင် ပါဝင်ပြီး နောက်ဆက်တွဲလုပ်ပေးရန်လည်း လိုအပ်သည်။ ကာလတစ်ခုကြာ နောက်ဆက်တွဲလုပ်ပေးပြီးနောက် ဤအသင်းတော်မှ ထွက်ခွာသွားသည့်အခါတွင် သင်သည် နောက်ပိုင်းတွင် အကောင်အထည်ဖော်မှုကို စစ်ဆေးရန် ပြန်လာသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။

ဘုရားအိမ်တော်က ထုတ်ပြန်သည့် အလုပ်အစီအစဉ်တိုင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို အလေးအနက်ထားရမည်ဖြစ်ပြီး အလေးအနက် အကောင်အထည်ဖော်ရမည်။ သင်သည် သင်လုပ်ဆောင်ပြီးဖြစ်သော အလုပ်အားလုံးကို နှိုင်းယှဉ်စစ်ဆေးရန် အလုပ်အစီအစဉ်များကို မကြာခဏ အသုံးပြုသင့်သည်။ ဤကာလအတောအတွင်းတွင် မည်သည့်အလုပ်တာဝန်များအား သင် ကောင်းစွာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သို့မဟုတ် ကောင်းစွာ အကောင်အထည်ဖော်ခဲ့ခြင်း မရှိကြောင်းကိုလည်း သင်ဆန်းစစ်ကာ ဆင်ခြင်သုံးသပ်သင့်သည်။ အလုပ်အစီအစဉ်များက တာဝန်ပေးပြီး တောင်းဆိုထားသည့် လျစ်လျူရှုခြင်းခံခဲ့ရသော အလုပ်တာဝန်တစ်ခုတလေအတွက် သင်သည် လျင်မြန်စွာ ထေမိစေပြီး စုံစမ်းမေးမြန်းသင့်သည်။ အကယ်၍ သင်သည် တိကျသော အလုပ်တာဝန်တစ်ခုဖြင့် အလုပ်ရှုပ်နေပြီး မအားလပ်နိုင်ပါက ကောင်းစွာ မလုပ်ဆောင်ရသေးသော အလုပ်ကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ပေးရန် အခြားသူများကို သင် တာဝန်အပ်နိုင်သည်။ အမိန့်များထုတ်ပြန်ပြီး အလုပ်ကို တာဝန်ပေးကာ စီစဉ်ပြီးနောက် အလုပ်တာဝန်ပြီးဆုံးပြီဟု ထင်ကာ ထို့နောက်တွင် ဘာမျှမလုပ်ဘဲ ရပ်မနေနှင့်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် အလုပ်တာဝန်တစ်ခုတည်းအတွက်မဟုတ်ဘဲ အလုပ်အားလုံးအတွက် တာဝန်ရှိသည်။ တိကျသော အလုပ်တာဝန်တစ်ခုက အထူးအရေးကြီးသည်ကို သင် တွေ့မြင်ပါက ထိုအလုပ်တာဝန်ကို သင်ကြီးကြပ်နိုင်သော်လည်း အခြားအလုပ်တာဝန်များကိုလည်း စစ်ဆေးရန်၊ ညွှန်ကြားရန်နှင့် နောက်ဆက်တွဲလုပ်ပေးရန် အချိန်ယူဖို့ လိုအပ်သည်။ အကယ်၍ သင်သည် အလုပ်တာဝန်တစ်ခုကို ကောင်းစွာလုပ်ဆောင်ခြင်းဖြင့်သာ ကျေနပ်ပြီးနောက် အမှုအရာများ ပြီးစီးပြီဟုမှတ်ယူကာ အခြားအလုပ်တာဝန်များကို ဂရုမစိုက်ဘဲ သို့မဟုတ် မေးမြန်းခြင်းမရှိဘဲ အခြားလူများထံ တာဝန်အပ်လိုက်ပါက ဤသည်မှာ တာဝန်မဲ့သောအပြုအမူဖြစ်ပြီး တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပါက အလုပ်တာဝန်မည်မျှကို သင်တာဝန်ယူရသည်ဖြစ်စေ ယင်းတို့နှင့်ပတ်သက်၍ အဆက်မပြတ် မေးမြန်းစုံစမ်းရန်မှာ သင်၏တာဝန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယင်းတို့ကို စစ်ဆေးကာ ပြဿနာများ ပေါ်ပေါက်လာသည့်အတိုင်း ချက်ချင်းဖြေရှင်းရန်မှာလည်း သင်၏တာဝန်ဖြစ်သည်။ ဤသည်မှာ သင်၏အလုပ်ဖြစ်သည်။ သို့ဖြစ်၍ သင်သည် တိုင်းဒေသခေါင်းဆောင်၊ ခရိုင်ခေါင်းဆောင်၊ အသင်းတော်ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးတလေ ဖြစ်သည်ဖြစ်စေ သင့်တာဝန်များ၏ အတိုင်းအတာကို သိရှိပြီးသည့်နောက် သင်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ထို့အပြင် သင့်ထံ အပ်ထားသည့် အလုပ်တာဝန်အများအပြားထဲမှ မည်သည့်တာဝန်များအား သင်လုပ်ဆောင်ခြင်းမရှိခဲ့သည်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိုခြင်း မရှိသည်၊ မည်သည့်အရာက မကောင်းသော ရလဒ်များ ထွက်ပေါ်ခဲ့သည်၊ မည်သည့်အရာ၏ စည်းမျဉ်းများကို သင်နားလည်သဘောပေါက်ရန် ပျက်ကွက်ခဲ့သည်ဟူသည်တို့ကို မကြာခဏ ဆန်းစစ်ရမည်။ ဤအရာအားလုံးသည် သင်မကြာခဏ ဆန်းစစ်သင့်သည့်အရာများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သင်သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန်နှင့် မေးခွန်းများမေးရန် သင်ယူရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အစီအစဉ်များထဲတွင် လက်တွေ့လုပ်ဆောင်မှုအတွက် အစီအစဉ်တစ်ခု၊ စည်းမျဉ်းများနှင့် လမ်းကြောင်းတစ်ခုအား မည်သို့ခွဲခြားသိမြင်ရမည်ကို သင်ယူရမည်။ မည်သည့်အလုပ်အစီအစဉ်အတွက်မဆို၊ စီမံအုပ်ချုပ်ရေး၊ လူပုဂ္ဂိုလ်ရေးရာ သို့မဟုတ် အသင်းတော်အသက်တာ သို့မဟုတ် အခြား အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုတလေနှင့် ဆက်စပ်သည်ဖြစ်စေ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်မှုရှိလျှင် ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းရမည့် တာဝန်တစ်ခုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ရှိသည့် လုပ်ပိုင်ခွင့်အတွင်း၌ ရှိသည်။ ဤသည်တို့မှာ သင်ဂရုပြုသင့်သည့် တာဝန်များဖြစ်သည်။ ပင်ကိုအားဖြင့် ဦးစားပေးရမည့်အရာများကို အခြေအနေပေါ်မူတည်၍ သတ်မှတ်သင့်သည်။ မည်သည့်အလုပ်မျှ နောက်ကျကျန်ရစ်၍မရပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်၌ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် မရှိပါ။ အလုပ်အစီအစဉ်တွင် အလုပ်တာဝန် အလွန်များသည်။ အကယ်၍ ကျွန်ုပ်ကို ယင်းတို့အားလုံးအား ကြီးကြပ်စေပါက လုံးဝ မစီမံနိုင်ပါ”ဟု ပြောကြသည်။ အကယ်၍ သင်ကိုယ်တိုင် ပါဝင်နိုင်ခြင်းမရှိသည့် အလုပ်တာဝန်အချို့ရှိပါက ယင်းတို့ကို လုပ်ဆောင်ရန် အခြားတစ်စုံတစ်ဦးကို သင်စီစဉ်ထားပြီးပြီလော။ ဤအစီအစဉ်ကို ပြုလုပ်ပြီးနောက် သင်နောက်ဆက်တွဲလုပ်ပေးပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သလော။ ၎င်းတို့၏အလုပ်ကို သင်စိစစ်ခဲ့သလော။ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန်နှင့် စိစစ်ရန် သင် မုချ အချိန်ရှိခဲ့သည်၊ ဟုတ်သလော။ မုချ ရှိခဲ့ပေသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်သည် တစ်ကြိမ်လျှင် အလုပ်တစ်ခုသာ လုပ်နိုင်ပါသည်။ အကယ်၍ ကျွန်ုပ်ကို စိစစ်မှုပြုလုပ်ရန် သင်တောင်းဆိုပါက တစ်ကြိမ်လျှင် အလုပ်တာဝန်တစ်ခုကိုသာ စိစစ်နိုင်သည်။ ထိုထက် တစ်ခုတလေပိုဖို့ဟူသည်မှာ မဖြစ်နိုင်ပါ” ဟု ပြောကြသည်။ အကယ်၍ ထိုသို့ဖြစ်ပါက သင်သည် အသုံးမကျသူတစ်ဦးဖြစ်သည်၊ သင်၏အစွမ်းအစသည် အလွန့်အလွန် ညံ့ဖျင်းသည်၊ သင်၌ အလုပ်လုပ်နိုင်စွမ်းမရှိ၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်သည့်အပြင် ရာထူးမှ နုတ်ထွက်ရမည်။ သင့်အတွက် သင့်တော်သော အလုပ်အချို့ကိုသာ လုပ်ဆောင်လော့၊ သင်၏အစွမ်းအစသည် အလုပ်လုပ်ရန် အလွန်ညံ့ဖျင်းသောကြောင့် အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ကြီးထွားမှုကို နှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေနှင့်။ အကယ်၍ သင်သည် ဤဆင်ခြင်တုံတရား ကင်းမဲ့ပါက တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူ ဖြစ်သည်။ အကယ်၍ သင်သည် သာမန်အစွမ်းအစရှိသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပြီး လေ့ကျင့်ရန် လိုလားကာ အလုပ်ကို ကောင်းစွာလုပ်နိုင်ကြောင်း မသေချာသည်ကို ခံစားရပါက အလုပ်တွင် သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အစွမ်းအစကောင်းရှိသော လူနှစ်ဦးကို သင် ရှာဖွေသင့်သည်။ ဤသည်မှာ ကောင်းသော လုပ်နည်းကိုင်နည်းဖြစ်ပြီး ဆင်ခြင်တုံတရားရှိသည်ဟု မှတ်ယူ၍ရသည်။ အကယ်၍ သင်၏အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး ဤအလုပ်ကို အမှန်တကယ် ထမ်းဆောင်နိုင်စွမ်းမရှိသည့်တိုင် ဤရာထူးနေရာကို ဆက်လက်သိမ်းပိုက်ပြီး ယင်း၏အကျိုးအမြတ်များကို မွေ့လျော်ခံစားလိုနေသေးပါက သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူတစ်ဦး ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်၊ ဤသည်မှာ အဆုံးစွန် အရေးကြီးပေသည်။ ဤလူ့သဘာဝပင် မရှိဘဲ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး လုံးဝမဖြစ်နိုင်သည့်အပြင် ၎င်းတို့အနေဖြင့် အလုပ်အနည်းငယ် လုပ်ဆောင်လျှင်ပင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဒုက္ခပေးပြီး အသင်းတော်၏အလုပ်ကို ထိခိုက်ရုံသာရှိလိမ့်မည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်သည်။ ၎င်းတို့သည် အဆုံးတွင် မည်သည့်အလုပ်ကိုမျှ ကောင်းစွာမလုပ်ဆောင်မိဘဲ အသင်းတော်၏အလုပ်အားလုံးအပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုပါ နှောင့်နှေးကြန့်ကြာစေလျက် အာဏာရှင်ဆန်ပြီး အရာရာကို မိမိတို့ဘာသာ တာဝန်ယူခြင်း လုံးဝမပြုလုပ်ရပေ။ ယင်းမှာ ကြီးမားသော ပြစ်မှားခြင်းတစ်ခု ဖြစ်မည်မဟုတ်လော။ ထို့ကြောင့် အစွမ်းအစ အလွန်ညံ့ဖျင်းသော လူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုံးဝ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ခြင်း မရှိသောသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ သာ၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့အား မည်သည့်တာဝန်ကိုမျှ ကြီးကြပ်စေ၍ မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မိမိကိုယ်ကို သတိပြုမိခြင်းရှိရန် အရေးကြီးသည်။ အကယ်၍ သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ဘဲ အရာရာကို သင်ကိုယ်တိုင် တာဝန်ယူလိုနေသေးပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်နေဆဲဖြစ်ပါက ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်စစ်စစ်ဖြစ်ပြီး သင့်ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။

ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များကို မည်သို့သဘောထားပြီး အကောင်အထည်ဖော်သင့်သည်ဟူသည်နှင့် ပတ်သက်၍ သင်တို့၌ ယခု လမ်းကြောင်းတစ်ခု ရှိပြီလော။ (ရှိပါပြီ။) အခက်အခဲများ တစ်ခုတလေ ရှိသလော။ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအတွင်း အကြမ်းဖျင်းဖော်ပြထားသည့် အမျိုးမျိုးသော တာဝန်များအနက် အချို့လူများသည် ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုကိုသာ အာရုံစိုက်နိုင်စဉ်တွင် အခြားသူများမှာမူ ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုကိုပင် မပြီးမြောက်နိုင်ကြပေ။ အလုပ်၏ ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုကို အာရုံစိုက်နိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အကယ်၍ ၎င်းတို့၌ လုံလောက်သော အစွမ်းအစရှိပြီး အလုပ်၏ အခြားကဏ္ဍများကိုလည်း နောက်ဆက်တွဲလုပ်ပေးရန် သင်ယူနိုင်ပါက ၎င်းတို့သည် အခြေခံအားဖြင့် စံနှုန်းပြည့်မီပေသည်။ သို့ရာတွင် ၎င်းတို့သည် အယူဝါဒများ ဟောပြောခြင်းနှင့် စုဝေးပွဲများ ကျင်းပခြင်းအဆင့်တွင်သာ ရှိနေပြီး တိကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ တိကျသော အလုပ်တာဝန်များကို စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်းတို့တွင် ပါဝင်ရန် တောင်းဆိုခံရသည့်အခါတွင် လိုက်လျှောက်ရမည့် အစီအစဉ်များ၊ အဆင့်များ သို့မဟုတ် လမ်းကြောင်းများမရှိဘဲ မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိဘဲ စိုးရိမ်ပူပန်လာပါက ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူများသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ (မဖော်နိုင်ပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စံနှုန်းမပြည့်မီပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင်တို့ မည်သို့ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို “အလုပ်အစီအစဉ်များအား ထုတ်ပြန်ပြီးဖြစ်၍ မည်သည့်တာဝန်များကို ထမ်းဆောင်ရမည်၊ မည်သည့်စည်းမျဉ်းများကို စောင့်ထိန်းရမည်ဟူသည်ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်သော်လည်း သင်ကမူ မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိသည့်အပြင် လိုက်လျှောက်ရန် လမ်းကြောင်းလည်းမရှိပါ။ သို့သော်လည်း သင်က ကျွန်ုပ်တို့ကို မိတ်သဟာယဖွဲ့ပြီး တရားဒေသနာများ ဟောကြားရန် သတ္တိရှိနေဆဲဖြစ်သည်။ သင် ချက်ချင်း ရာထူးမှ ဆင်းသင့်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပါ၊ ဤတာဝန်ကို သင်မဖြည့်ဆည်းနိုင်ပါ။ အရည်အချင်းပြည့်မီသော တစ်စုံတစ်ဦးထံသို့ လျင်မြန်စွာ လွှဲပြောင်းပေးလော့။ ဤနေရာတွင် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်းကို ရပ်လော့၊ မည်သူမျှ နားထောင်လိုခြင်းမရှိပါ” ဟု ပြောလော့။ ဤသည်မှာ ကိုင်တွယ်ရန် သင့်တော်သော နည်းလမ်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် အလုပ်ကို မလုပ်ဆောင်နိုင်ပါက ဆောင်ပုဒ်များကို ကြောင်းကျိုးမမြင်ဘဲ ဟစ်ကြွေးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ လူတိုင်းသည် အလုပ်အစီအစဉ်များထဲမှ စကားလုံးများကို ဖတ်နိုင်သည်၊ လူတိုင်းက အယူဝါဒများကို ပြောနိုင်သည်။ အဓိကမှာ ယင်းကို အမှန်တကယ် သင် မည်သို့လုပ်ဆောင်သည်ဟူသည့်အရာ ဖြစ်သည်။ အကယ်၍ ယင်းကို မလုပ်ဆောင်နိုင်ပါက သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ။ တစ်ပေါင်းတစ်က နှစ်နှင့်ညီမျှသကဲ့သို့ မည်သည့်တာဝန်မျှ မရိုးရှင်းပေ။ တာဝန်တိုင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအား တိကျသော အခြေအနေကိုအခြေခံ၍ စည်းမျဉ်းများ၏ အတိုင်းအတာအတွင်း အကောင်အထည်ဖော်ရမည့် တိကျသော အစီအစဉ်များကို ရေးဆွဲရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် အလုပ်က အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များကို အပြည့်အဝ ပြည့်မီပြီး အသီးအပွင့်များ ဖြစ်ထွန်းလာကာ ရလဒ်များ ထွက်ပေါ်လာလျက် ကောင်းစွာ အကောင်အထည်ဖော်ပြီးသည်အထိ မည်သို့ ကြီးကြပ်ရမည်၊ စစ်ဆေးရမည်၊ နောက်ဆက်တွဲလုပ်ပေးမည်ကို ၎င်းတို့ သိရမည်။ ထိုအခါမှသာ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးဖြစ်သည်၊ ထိုအခါမှသာ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီကြပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။