ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၂) အခန်း တစ်

ပြီးခဲ့သည့် ငါတို့၏ စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်တစ်ဆယ်ဖြစ်သည့် “ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးလော့၊ ပြီးလျှင် ပျက်စီးဆုံးရှုံးမှုနှင့် ပြုန်းတီးမှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းကိုလည်း ကာကွယ်တားဆီးလော့” ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချက်တစ်ဆယ်နှင့်သက်ဆိုင်သော မိတ်သဟာယမှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အလုပ်နှင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများအကြောင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယင်းက အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို နှိုင်းယှဉ်ဖော်ထုတ်ခဲ့သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်အလုပ်၏ ကဏ္ဍတစ်ခုချင်းစီတွင် ၎င်းတို့ ဖြည့်ဆည်းသင့်ပြီး ဖြည့်ဆည်းနိုင်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီပေသည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းသည့်အပြင်၊ မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြောင်း အလွန်သိသာထင်ရှားပေသည်။ အချက်တစ်ဆယ်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုပစ္စည်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိကြ သို့မဟုတ် လုံးဝပင် စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိသည့်အပြင်၊ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ ခွဲဝေဖြန့်ဖြူးမှုကို ကမောက်ကမဖြစ်စေသည်။ ၎င်းတို့သည် ဤအလုပ်ကို လုံးဝပင် အလေးအနက်မထားကောင်း မထားနိုင်ပေ။ ယင်းမှာ အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခုနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်ရန် သင့်တော်သောလူများကို စီစဉ်ပေးပြီး ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် ခွဲခြား၍မရနိုင်ပေ။ ယင်းတို့သည် တိုက်ရိုက်ဆက်စပ်နေသည်။ ထို့ကြောင့် ဤအလုပ်နှင့် ပတ်သက်လာသည့်အခါ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထု ပစ္စည်းအမျိုးမျိုးကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိသည့်အပြင် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း မရှိပါက ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းခြင်းဖြစ်ပြီး မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့် ငါတို့၏ စုဝေးပွဲတွင် ငါတို့သည် ဤအထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်ကဏ္ဍကို ကိုင်တွယ်စဉ် အယောင်ဆောင်ခေါင်းဆောင်များ ပြသသည့် သရုပ်သကန်များကို ရိုးရှင်းစွာ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဥပမာအနည်းငယ်ကိုလည်း ပေးခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါက ၎င်းသည် ဤအလုပ်တွင် မိမိ၏ တာဝန်ဝတ္တရားများကို လုံးဝ မဖြည့်ဆည်းသေးသည့်အပြင်၊ ၎င်းလုပ်ဆောင်သည့်အလုပ်မှာလည်း စံမမီပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်တွင် မည်သည့်အခါမျှ ကြိုးစားအားထုတ်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအလုပ်ကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းနှင့်ပတ်သက်၍ ၎င်းတို့ ကိစ္စပြတ်သွားပြီး မည်သည့်အခါမျှ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် အလုပ်တွင် ပါဝင်ခြင်း မရှိပေ။ နောက်ထပ် အဓိက အကြောင်းရင်းတစ်ခုမှာ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အလုပ်မဆို၏ စည်းမျဉ်းများကို နားမလည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်တွင် အချောင်မခိုနေလျှင်ပင် ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများ၊ နည်းဥပဒေသများနှင့် မကိုက်ညီပေ သို့မဟုတ် စည်းမျဉ်းများနှင့် လုံးဝပင် လွဲချော်နေသည်။ စည်းမျဉ်းများနှင့် လွဲချော်နေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်း၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်ကူးများ၊ အလိုဆန္ဒများနှင့် ခံစားချက်များကို အခြေခံ၍ လက်လွတ်စပယ် ပြုမူလုပ်ဆောင်ခြင်း၊ မဆင်မခြင် ပြုမူလုပ်ဆောင်ခြင်း အစရှိသည်တို့ ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် ဤကဏ္ဍနှင့် ပတ်သက်လာသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိက သရုပ်သကန်နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ၎င်းတို့က စည်းမျဉ်းများကို သဘောမပေါက်နိုင်သဖြင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အခြေခံ သရုပ်သကန်များ ဖြစ်ကြသည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ဤအထွေထွေ အရေးကိစ္စများဆိုင်ရာ အလုပ်ကို ကိုင်တွယ်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝ မည်သို့ ပေါ်လွင်ထင်ရှားသည်ကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့ကြသည်။ ဤရိုးရှင်းသော၊ တစ်ခုတည်းသော အလုပ်နှင့်ပင် အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း မလုပ်ဆောင်ကြပေ။ ဤသည်မှာ ဤလူစားမျိုးများ၏ ကိုယ်ကျင့်စရိုက်၊ လူ့သဘာဝတို့နှင့် သက်ဆိုင်သည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးများက မှန်ကန်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မှာလည်း နိမ့်ကျသည်။ အချက်တစ်ဆယ်အောက်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၊ အထွေထွေ စည်းမျဉ်းများနှင့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်သည့် ငါတို့၏မိတ်သဟာယသည် အခြေခံအားဖြင့် ပြီးစီးပြီးဖြစ်သည်။ ယနေ့တွင်၊ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများထဲမှ အချက်ဆယ့်တစ်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။

အချက် ၁၁- ပူဇော်သက္ကာများကို စနစ်တကျ စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း အလုပ်တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိသည့် အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို မခံရအောင် မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့

ပူဇော်သက္ကာများဟူသည်မှာ အဘယ်အရာဖြစ်သနည်း

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများထဲမှ အချက်ဆယ့်တစ်၏ အကြောင်းအရာမှာ “ပူဇော်သက္ကာများကို စနစ်တကျ စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိသည့် အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် ၎င်းတို့၏ သိမ်းယူခြင်းကို မခံရအောင် မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့” ဟူ၍ ဖြစ်သည်။ ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ ၎င်းတို့ လုပ်ဆောင်ရမည့် အဓိကအလုပ်မှာ အဘယ်နည်း။ (ပူဇော်သက္ကာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း ဖြစ်ပါသည်။) အချက်တစ်ဆယ်မှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းအကြောင်း ဖြစ်သည်၊ ဤအချက်မှာမူ ပူဇော်သက္ကာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်းအကြောင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးနှင့် ၎င်း၏ ပူဇော်သက္ကာများသည် အနည်းငယ် ဆင်တူသည်၊ သို့သော် ၎င်းတို့ တူညီကြသလော။ (မတူညီပါ။) ခြားနားချက်မှာ အဘယ်နည်း။ (ပူဇော်သက္ကာများဟူသည် အဓိကအားဖြင့် ငွေကို ရည်ညွှန်းပါသည်။) ငွေသည် ယင်း၏ ကဏ္ဍတစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးနှင့် ပူဇော်သက္ကာများသည် သဘောသဘာဝအားဖြင့် မည်သို့ ကွာခြားသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသည် ပူဇော်သက္ကာများဖြစ်သလော။ အလုပ်အတွက် အသုံးပြုသည့် စက်အမျိုးမျိုးသည် ပူဇော်သက္ကာများဖြစ်သလော။ ဘုရားအိမ်တော်က ဝယ်ယူသည့် နေ့စဉ်သုံးပစ္စည်းအမျိုးမျိုးသည် ပူဇော်သက္ကာများလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဘုရားအိမ်တော်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အားလုံးနှင့် ဘုရားသခင်ရွေးချယ်ထားသောလူများက ပူဇော်ဆက်ကပ်သည့် ငွေဖြင့် ဝယ်ယူထားသည့် ကင်မရာများ၊ အသံဖမ်းစက်များ၊ ကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများကဲ့သို့သော အမျိုးမျိုးသော ပစ္စည်းများအပါအဝင် ၎င်း၏အလုပ်အတွက် လိုအပ်သော ကိရိယာမျိုးစုံဖြစ်သည့် ဤအရာအားလုံးသည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်ကြသည်။ ဤအရာများအပြင် စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းရှည်များ၊ အစားအစာနှင့် အခြား ထိုသို့သော နေ့စဉ်သုံးပစ္စည်းများသည်လည်း ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်ကြသည်။ ဤပစ္စည်းအချို့ကို ညီအစ်ကိုမောင်နှမများက ဝယ်ယူကြပြီး အခြားအရာများကိုမူ ဘုရားအိမ်တော်က ပူဇော်သက္ကာများဖြင့် ဝယ်ယူခြင်းဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများအဖြစ် အမျိုးအစားခွဲခြားထားသည်။ ဤအကြောင်းအရာကို ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မိတ်သဟာယဖွဲ့ခဲ့ကြပြီးဖြစ်သည်။ ယခုအခါတွင် ငါတို့သည် အချက်ဆယ့်တစ်အောက်၌ မိတ်သဟာယဖွဲ့ကြမည့် အရေးကြီးသောအရာတစ်ခုဖြစ်သည့် ပူဇော်သက္ကာများကို ဆက်လက်၍ ကြည့်ရှုကြမည်။ ပူဇော်သက္ကာများဟူသည် အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့၏ နယ်ပယ်ကို မည်သို့ သတ်မှတ်ထားသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို မိတ်သဟာယမဖွဲ့မီ ပူဇော်သက္ကာများဟူသည် အဘယ်အရာဖြစ်သည်ဟူသော မေးခွန်းကို ရှင်းလင်းရန် လိုအပ်သည်။ လူအများစုသည် ယခင်က ယေရှုကို ယုံကြည်ခဲ့ကြပြီး ဤအမှုအဆင့်ကို နှစ်အချို့ကြာ လက်ခံကြပြီးဖြစ်သော်လည်း ပူဇော်သက္ကာများနှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆမှာ ဝေဝါးနေဆဲဖြစ်သည်။ ပူဇော်သက္ကာများဟူသည် အမှန်တကယ်တွင် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မရှင်းမလင်းဖြစ်ကြသည်။ အချို့က ပူဇော်သက္ကာများဟူသည်မှာ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သည့် ငွေနှင့် ပစ္စည်းများဖြစ်သည်ဟု ပြောဆိုကြမည်ဖြစ်ပြီး အချို့ကမူ ပူဇော်သက္ကာများဟူသည်မှာ အဓိကအားဖြင့် ငွေကို ရည်ညွှန်းသည်ဟု ပြောဆိုကြမည်။ ဤဖော်ပြချက်များထဲမှ မည်သည့်အရာက တိကျမှန်ကန်သနည်း။ (တစ်စုံတစ်ခုကို ဘုရားသခင်ထံ ပူဇော်နေသရွေ့ ယင်းမှာ ငွေဖြစ်စေ၊ မည်သည့် ပစ္စည်းမဆိုဖြစ်စေ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပူဇော်သက္ကာတစ်ခု ဖြစ်ပါသည်။) ယင်းမှာ အတော်အတန် တိကျသော အကျဉ်းချုပ်ဖော်ပြချက် ဖြစ်သည်။ ယခုအခါ ပူဇော်သက္ကာများ၏ နယ်ပယ်နှင့် အကန့်အသတ်များ ရှင်းလင်းသွားပြီဖြစ်၍ အယူအဆနှင့်ပတ်သက်၍ လူတိုင်း ရှင်းသွားနိုင်စေရန်အလို့ငှာ ပူဇော်သက္ကာများက အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုကြစို့။

ပူဇော်သက္ကာများနှင့်ဆိုင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ မူလတွင် ဘုရားသခင်က လူကို ဆယ်ဘို့တစ်ဘို့ ပူဇော်ရန် တောင်းဆိုခဲ့ကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ ဤသည်မှာ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။ ပူဇော်သည့် ပမာဏ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ ပူဇော်သည့်အရာမှာ ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ မည်သည့်အရာကို ပူဇော်သည်ဖြစ်စေ၊ လူတစ်ဦး၏ ရရှိသောဥစ္စာမှ ပူဇော်သင့်သည့် ဆယ်ဘို့တစ်ဘို့ ဖြစ်နေသရွေ့ ယင်းမှာ ဧကန်မုချ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူထံမှ တောင်းဆိုခဲ့သည့်အရာ ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သောသူများက ဘုရားသခင်ထံ ပူဇော်သင့်သည့်အရာ ဖြစ်သည်။ ဤဆယ်ဘို့တစ်ဘို့သည် ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အချို့လူများက “ထိုဆယ်ဘို့တစ်ဘို့သည် ငွေကိုသာ ရည်ညွှန်းသလော”ဟု မေးကြသည်။ သေချာပေါက် မဟုတ်ပေ။ ဥပမာအားဖြင့် အကယ်၍ လူတစ်ဦးသည် ကောက်နှံ ဆယ်ဧက ရိတ်သိမ်းပါက ကောက်နှံမည်မျှ ရှိသည်ဖြစ်စေ ဤကောက်နှံမှ တစ်ဧကစာကို နောက်ဆုံးတွင် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သင့်သည်၊ ဤဆယ်ဘို့တစ်ဘို့သည် လူတို့ ပူဇော်သင့်သည့်အရာ ဖြစ်သည်။ သို့ဖြစ်၍ “ဆယ်ဘို့တစ်ဘို့” ဟူသော အယူအဆသည် ငွေကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတစ်ဦးက ယွမ်တစ်ထောင် ဝင်ငွေရှိသည့်အခါ တစ်ရာကို ဘုရားသခင်ထံ ပူဇော်ရမည်ဟု ဆိုလိုခြင်းမျှသာ မဟုတ်။ ထိုအစား၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ငွေအပါအဝင် များစွာပို၍ ခြုံငုံသည့် လူတို့ ရရှိသမျှအရာအားလုံးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာက ပြောဆိုသည့်အရာ ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားအိမ်တော်သည် လူတို့ ရရှိသမျှအရာအားလုံး၏ ဆယ်ဘို့တစ်ဘို့ကို ပေးရန် တင်းတင်းကျပ်ကျပ် သတ်မှတ်ရာတွင် သမ္မာကျမ်းစာအတိုင်း လုပ်ဆောင်ခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤနေရာတွင် ငါသည် လူတို့အနေဖြင့် ဆယ်ဘို့တစ်ဘို့သည် ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိနိုင်ရန် “ဆယ်ဘို့တစ်ဘို့”နှင့်ဆိုင်သည့် အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မိတ်သဟာယဖွဲ့ပြီး ဖြန့်ဝေနေခြင်းမျှသာ ဖြစ်သည်။ ငါသည် လူတို့ကို ဆယ်ဘို့တစ်ဘို့ ပူဇော်ရန် တိုက်တွန်းနှိုးဆော်နေခြင်း မဟုတ်။ လူတို့ မည်မျှ ပူဇော်သည်မှာ တစ်ဦးချင်းစီ၏ နားလည်သဘောပေါက်မှုနှင့် ဆန္ဒရှိခြင်းအပေါ်တွင် မူတည်ပြီး ဘုရားအိမ်တော်တွင် ဤကိစ္စနှင့်စပ်လျဉ်း၍ နောက်ထပ် မည်သည့် သတ်မှတ်ချက်မျှ မရှိပေ။

ပူဇော်သက္ကာများ၏ နောက်ထပ် ကဏ္ဍတစ်ခုမှာ လူတို့က ဘုရားသခင်ထံ ပူဇော်သည့်အရာများ ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဤအရာတွင် ဆယ်ဘို့တစ်ဘို့လည်း ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဆယ်ဘို့တစ်ဘို့အပြင် လူတို့က ဘုရားသခင်ထံ ပူဇော်သည့် မည်သည့်အရာမဆိုသည် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ဥပမာအားဖြင့် အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ နေ့စဉ်သုံးပစ္စည်းများ၊ ကျန်းမာရေးဖြည့်စွက်စာများအပြင် ဓမ္မဟောင်းခေတ်ကာလအတောအတွင်း ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ခဲ့သည့် နွားများ၊ သိုးများ၊ အစရှိသည့် ဘုရားသခင်ထံ ပူဇော်သည့်အရာများက ကျယ်ပြန့်သော နယ်ပယ်တစ်ခုကို ခြုံငုံသည်။ ဤအရာအားလုံးသည် ပူဇော်သက္ကာများ ဖြစ်ကြသည်။ တစ်စုံတစ်ခုက ပူဇော်သက္ကာ ဟုတ်မဟုတ်ဆိုသည်မှာ ပူဇော်သူ၏ ရည်ရွယ်ချက်အပေါ် မူတည်သည်။ အကယ်၍ ပူဇော်သူက ဤအရာကို ဘုရားသခင်ထံ ပူဇော်သည်ဟု ဆိုပါက ယင်းကို ဘုရားသခင်ထံ တိုက်ရိုက်ပေးသည်ဖြစ်စေ၊ သို့မဟုတ် စောင့်ရှောက်ထိန်းသိမ်းရန် ဘုရားအိမ်တော်တွင် ထားရှိသည်ဖြစ်စေ၊ ယင်းသည် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်ပြီး လူတို့က ထင်ရာမြင်ရာ ထိကိုင်၍မရနိုင်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အရည်အသွေးမြင့် ကွန်ပျူတာတစ်လုံးကို ဝယ်ယူပြီး ဘုရားသခင်ထံ ပူဇော်သည့်အခါ ယင်းသည် ပူဇော်သက္ကာတစ်ခု ဖြစ်လာသည်။ တစ်စုံတစ်ဦးက ဘုရားသခင်အတွက် ကားတစ်စီး ဝယ်ပေးသည့်အခါ ယင်းသည် ပူဇော်သက္ကာတစ်ခု ဖြစ်လာသည်။ တစ်စုံတစ်ဦးက ကျန်းမာရေးဖြည့်စွက်စာ နှစ်ဘူးကို ဝယ်ယူပြီး ဘုရားသခင်ထံ ပူဇော်သည့်အခါ ထိုဘူးများသည် ပူဇော်သက္ကာများ ဖြစ်လာသည်။ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများမှာ မည်သည့်အရာဖြစ်သည်ဟူသော တိကျသေချာသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ အချုပ်အားဖြင့်ဆိုသော် ယင်းမှာ အလွန်ကျယ်ပြန့်သော နယ်ပယ်တစ်ခုဖြစ်သည်။ ယင်းမှာ ဘုရားသခင်နောက်လိုက်သောသူများက ဘုရားသခင်ထံ ပူဇော်သည့်အရာများပင် ဖြစ်သည်။ အချို့က “ဘုရားသခင်သည် ယခုအခါ မြေကြီးပေါ်တွင် လူ့ဇာတိခံယူထားပြီး သူ့ထံ ပူဇော်သည့်အရာများသည် သူနှင့် သက်ဆိုင်သည်။ သို့သော် သူသည် မြေကြီးပေါ်တွင် မရှိပါက မည်သို့နည်း။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိသည့်အခါ သူ့ထံ ပူဇော်သည့်အရာများသည် ပူဇော်သက္ကာများ မဟုတ်တော့ဘူးလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ဤသည်မှာ ဘုရားသခင်က လူ့ဇာတိခံယူသည့် ကာလတွင် ရှိမရှိဟူသည့်အပေါ် အခြေမခံပေ။ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ခုကို ဘုရားသခင်ထံ ပူဇော်သရွေ့ ယင်းမှာ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။ အခြားသူများက “ဘုရားသခင်ထံ ပူဇော်သည့်အရာများ အလွန်များပြားလှသည်။ သူသည် ထိုအရာများကို အသုံးပြုနိုင်ပါမည်လော။ ထိုအရာများအားလုံးကို သူအသုံးပြုနိုင်ပါမည်လော” ဟု ပြောကောင်းပြောနိုင်သည်။ (ယင်းမှာ လူနှင့် မည်သို့မျှ မသက်ဆိုင်ပါ။) ထိုသို့ပြောဆိုခြင်းသည် မှန်ကန်ပြီး ထိထိမိမိရှိသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤအရာများကို လူသားများက ဘုရားသခင်ထံ ပူဇော်ခြင်းဖြစ်သည်။ သူမည်သို့ အသုံးပြုသည်၊ ထိုအရာအားလုံးကို သူအသုံးပြုနိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို မည်သို့ ခွဲဝေပြီး ကိုင်တွယ်သည်မှာ လူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင့်ကိုယ်သင် ဗျာများစေဖို့ သို့မဟုတ် စိုးရိမ်ပူပန်စေဖို့ မလိုအပ်ပေ။ အကျဉ်းချုပ်အားဖြင့် တစ်စုံတစ်ဦးက ဘုရားသခင်ထံ တစ်စုံတစ်ခုကို ပူဇော်သည်နှင့်တစ်ပြိုင်နက် ထိုအရာသည် ပူဇော်သက္ကာများ၏ နယ်ပယ်အောက်တွင် အကျုံးဝင်သည်။ ယင်းမှာ ဘုရားသခင်ပိုင်သည့်အရာဖြစ်ပြီး မည်သည့်လူနှင့်မျှ မသက်ဆိုင်ပေ။ အချို့က “သင်ပြောပုံအရဆိုလျှင် ဘုရားသခင်က ထိုအရာကို အတင်းအဓမ္မ သိမ်းယူသည့်အလား ထင်ရသည်”ဟု ပြောကောင်းပြောနိုင်ပါသည်။ ထိုသို့ ဖြစ်နေသလော။ (မဟုတ်ပါ။) ထိုအရာသည် ဘုရားသခင်ပိုင်သည့်အရာဖြစ်သောကြောင့် ယင်းကို ပူဇော်သက္ကာဟု ခေါ်ခြင်းဖြစ်သည်။ လူတို့သည် ယင်းကို မိမိတို့အလိုရှိသလို ထိကိုင်ခြင်း သို့မဟုတ် ခွဲဝေခြင်း ပြု၍မရပေ။ အချို့က “ယင်းမှာ ဖြုန်းတီးရာမရောက်ဘူးလော”ဟု မေးကောင်းမေးနိုင်သည်။ ဖြုန်းတီးရာရောက်လျှင်ပင် ယင်းမှာ သင်နှင့်မဆိုင်ပေ။ အခြားသူများက “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိပြီး လူ့ဇာတိမခံယူသည့်အခါ သူသည် လူတို့ သူ့ထံ ပူဇော်သည့်အရာများကို မခံစားနိုင် သို့မဟုတ် အသုံးမပြုနိုင်ပါ။ ထိုအခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း” ဟု ပြောကောင်းပြောနိုင်ပါသည်။ ယင်းကို အလွယ်တကူ တာဝန်ယူဖြေရှင်း၍ရသည်။ ဘုရားအိမ်တော်နှင့် အသင်းတော်သည် ဤအရာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန် ရှိနေသည်။ သင်သည် ထိုအကြောင်းကို သောကရောက်ရန် သို့မဟုတ် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ အချုပ်အားဖြင့်ဆိုသော် အရာတစ်ခုကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ ယင်းသည် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်သည်နှင့်တစ်ပြိုင်နက်၊ ပူဇော်သက္ကာတစ်ခုအဖြစ် သတ်မှတ်ခံရသည်နှင့်တစ်ပြိုင်နက် လူနှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ အကြောင်းမှာ ထိုအရာသည် ဘုရားသခင်နှင့် သက်ဆိုင်သောကြောင့် လူတို့သည် ယင်းကို မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်၍မရပေ။ ထိုသို့လုပ်ဆောင်ခြင်းအတွက် အကျိုးဆက်များ ရှိသည်။ ဓမ္မဟောင်းခေတ်တွင် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်၌ လူတို့သည် ယဇ်ပလ္လင်များတွင် ပစ္စည်းမျိုးစုံကို ပူဇော်ခဲ့ကြသည်။ အချို့က ကောက်နှံများ၊ သစ်သီးများနှင့် အခြားသော ကောက်ပဲသီးနှံအမျိုးမျိုးကို ပူဇော်ခဲ့ကြပြီး အချို့ကမူ နွားများနှင့် သိုးများကို ပူဇော်ခဲ့ကြသည်။ ဘုရားသခင်သည် ထိုအရာများကို မွေ့လျော်ခဲ့သလော။ သူသည် ထိုအရာများကို စားသုံးခဲ့သလော။ (မစားသုံးခဲ့ပါ။) သူ မစားသုံးကြောင်းကို သင် မည်သို့ သိသနည်း။ သင် မြင်ခဲ့သလော။ ယင်းမှာ သင်၏ အယူအဆသာ ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာများကို မစားသုံးဟု သင်ဆိုသည်။ ကောင်းပြီ၊ အကယ်၍ သူက တစ်ကိုက် စားသုံးခဲ့လျှင် သင့်ကို မည်သို့ ခံစားရစေမည်နည်း။ ယင်းမှာ သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီမှုမရှိဘဲ နေမည်လော။ ဘုရားသခင်သည် ထိုအရာများကို မစားသုံး သို့မဟုတ် မွေ့လျော်ခံစားခြင်းမရှိသည့်အတွက် ယင်းတို့ကို ပူဇော်ရန် မလိုအပ်ဟု အချို့လူများက ယုံကြည်ကြသည် မဟုတ်လော။ သင်တို့သည် အဘယ်သို့ဖြစ်ပြီး အလွန် သေချာနိုင်ရသနည်း။ သင်တို့က “ဘုရားသခင်သည် ယင်းတို့ကို မစားသုံးပါ”ဟု ဆိုသည်မှာ သူသည် ဝိညာဉ်ခန္ဓာဖြစ်ပြီး မစားသုံးနိုင်ဟု သင်တို့ ထင်သောကြောင့်လော၊ သို့မဟုတ် ဘုရားသခင်သည် ဘုရားသခင်အဖြစ် သူ၏ ပင်ကိုလက္ခဏာရှိပြီး ဇာတိပကတိနှင့် သေမျိုးမဟုတ်သည့်အတွက် ဤအရာများကို မခံစားသင့်ဟု သင်တို့ ထင်သောကြောင့်လော။ လူတို့က သူ့ထံ ပူဇော်သည့် ပူဇော်သက္ကာများကို ဘုရားသခင် ခံစားခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းမှာ လူတို့၏ အယူအဆများနှင့် လွဲချော်နေသလော၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် လွဲချော်နေသလော။ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ (လူတို့သည် ဤအရာကို မဆွေးနွေးသင့်ပါ။) မှန်ပေသည်၊ ယင်းမှာ လူတို့ အရေးစိုက်သင့်သည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မုချ ခံစားရမည်ဟူ၍ဖြစ်စေ၊ သို့မဟုတ် မခံစားသင့်ဟူ၍ဖြစ်စေ သင် ဆုံးဖြတ်ရန် မလိုအပ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လော့၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းလော့၊ ယင်းမှာ လုံလောက်လိမ့်မည်။ ထိုအခါ သင်သည် သင်၏ အလုပ်ကို ပြီးမြောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က ထိုအရာများကို မည်သို့ ကိုင်တွယ်မည်ဟူသည်နှင့်ပတ်သက်၍မူ ယင်းမှာ သူ၏ ကိစ္စဖြစ်သည်။ ဘုရားသခင်က ထိုအရာများကို လူတို့နှင့် ဝေမျှသုံးစွဲသည်ဖြစ်စေ၊ သို့မဟုတ် ပုပ်သိုးသွားရန် ထားခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ယင်းတို့ထဲမှ အနည်းငယ်ကို ခံစားသည်ဖြစ်စေ၊ သို့မဟုတ် ကြည့်ရှုသည်ဖြစ်စေ၊ ဤသည်မှာ ဝေဖန်စရာ မဟုတ်သည့်အပြင်၊ တရားနည်းလမ်းကျသည်။ ဘုရားသခင်သည် ဤကိစ္စရပ်များကို မည်သို့ ကိုင်တွယ်သည်ဟူသည်နှင့် ပတ်သက်လာသည့်အခါ သူ၌ သူ၏ လွတ်လပ်ခွင့် ရှိသည်။ ယင်းမှာ လူတို့ အရေးစိုက်ရမည့်အရာတစ်ခု မဟုတ်သည့်အပြင် ၎င်းတို့ ဝေဖန်ပိုင်းဖြတ်သင့်သည့် အရာလည်း မဟုတ်ပေ။ လူတို့သည် ဤကိစ္စရပ်များအကြောင်းကို ထင်ရာမြင်ရာ ဝေဖန်ပိုင်းဖြတ်ခြင်း သို့မဟုတ် အဆုံးအဖြတ်ပေးခြင်းတို့ကို ပြုဖို့မဆိုထားနှင့်၊ ထင်ရာမြင်ရာ စိတ်ကူးမယဉ်သင့်ပေ။ ယခု သင်နားလည်ပြီလော။ လူတို့က သူ့ထံ ပူဇော်သည့် ပူဇော်သက္ကာများကို ဘုရားသခင် မည်သို့ ကိုင်တွယ်သင့်သနည်း။ (ကိုယ်တော်သည် ထိုအရာများကို သူအလိုရှိသလို ကိုင်တွယ်လိမ့်မည်။) မှန်ပေသည်။ ဤအရာကို ထိုသို့ နားလည်သောလူများသည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် ဤအရာများကို သူအလိုရှိသလို ကိုင်တွယ်လိမ့်မည်။ သူသည် ယင်းတို့ကို လှမ်းကြည့်ကောင်း လှမ်းကြည့်မည်၊ သို့မဟုတ် လုံးဝ မကြည့်ဘဲ သို့မဟုတ် လုံးဝ ဂရုမပြုဘဲလည်း နေကောင်းနေနိုင်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပူဇော်ရန် အချိန်ကျသည့်အခါ ပူဇော်ခြင်း၊ သင်အလိုရှိသည့်အခါ ပူဇော်ခြင်းနှင့် လူ၏ တာဝန်ကို ဖြည့်ဆည်းခြင်းတို့ကိုသာ အရေးစိုက်လော့။ ဘုရားသခင်က ထိုသို့သော ကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ပြီး သဘောထားသည်ကို သင် အရေးမစိုက်နှင့်။ အတိုချုပ်အားဖြင့် သင်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များ နယ်ပယ်အတွင်း၌ ရှိပြီး အသိတရား၏ စံနှုန်းနှင့် ကိုက်ညီကာ လူသားမျိုးနွယ်၏ အလုပ်၊ ဝတ္တရားအပြင် တာဝန်တို့နှင့် ကိုက်ညီလျှင် လုံလောက်ပြီဖြစ်သည်။ ဘုရားသခင်က ဤပစ္စည်းများကို မည်သို့ ကိုင်တွယ်ပြီး သဘောထားသည်နှင့်ပတ်သက်၍မူ ယင်းမှာ သူ၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး လူတို့သည် ဤအရာအပေါ် လုံးဝ ဝေဖန်ပိုင်းဖြတ်ခြင်း သို့မဟုတ် အဆုံးအဖြတ်ပေးခြင်း မပြုရပေ။ သင်တို့သည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြီးမားသော အမှားတစ်ခုကို ပြုလုပ်မိခဲ့သည်။ ဘုရားသခင်သည် ဤအရာများကို ခံစားခြင်း သို့မဟုတ် စားသုံးခြင်း ရှိမရှိ သင်တို့ကို ငါ မေးခဲ့ရာ သင်တို့က သူသည် မစားသုံး၊ မခံစားဟု ဆိုခဲ့သည်။ သင်တို့၏ အမှားမှာ အဘယ်နည်း။ (ဘုရားသခင်ကို ဝေဖန်ပိုင်းဖြတ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ မဆင်မခြင် ဘောင်ခတ်ခြင်းနှင့် မဆင်မခြင် ဝေဖန်ပိုင်းဖြတ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ပြီး ဤအရာက လူတို့၏ အတွင်းထဲတွင် ဘုရားသခင်အပေါ် တောင်းဆိုချက်များ ရှိနေဆဲဖြစ်ကြောင်း သက်သေပြသည်။ ဘုရားသခင်က ဤအရာများကို ခံစားလျှင်လည်း ၎င်းတို့အတွက် မှားသည်၊ မခံစားလျှင်လည်း မှားသည်။ အကယ်၍ သူက ခံစားလျှင် ၎င်းတို့က “သင်သည် ဇာတိပကတိနှင့် သေမျိုးမဟုတ်ဘဲ ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သင်သည် ဤအရာများကို အဘယ်ကြောင့် ခံစားမည်နည်း။ ယင်းမှာ အလွန်ပင် မတွေးဝံ့စရာပင်တည်း” ဟု ပြောဆိုကြလိမ့်မည်။ အကယ်၍ ဘုရားသခင်က ဤအရာများကို အလေးဂရုမပြုလျှင် လူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို သင့်ထံ ပူဇော်ဆက်ကပ်ရန် အပင်ပန်းခံ ကြိုးစားခဲ့ရသော်လည်း သင်က ကျွန်ုပ်တို့ ပူဇော်ခဲ့သည့် ပစ္စည်းများကို လှည့်၍ပင် မကြည့်ပါတကား။ သင်သည် ကျွန်ုပ်တို့ကို တစ်စုံတစ်ရာ အလေးထားမှု ရှိပါသလော” ဟု ပြောဆိုကြလိမ့်မည်။ ဤနေရာတွင်လည်း လူတို့က ပြောစရာတစ်ခုခု ရှိနေပြန်သည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ဤကိစ္စကို လူတို့က မည်သည့် သဘောထားဖြင့် မှတ်ယူသင့်သနည်း။ (လူတို့သည် မိမိတို့ ပူဇော်သင့်သည့်အရာကို ဘုရားသခင်ထံ ပူဇော်ရမည်ဖြစ်ပြီး ဘုရားသခင်က ဤအရာများကို မည်သို့ ကိုင်တွယ်မည်နှင့်ပတ်သက်၍မူ လူတို့ လုံးဝ အယူအဆများ သို့မဟုတ် စိတ်ကူးများ မရှိသင့်သည့်အပြင် ယင်းကို ဝေဖန်ပိုင်းဖြတ်ခြင်းလည်း မပြုသင့်ပါ။) ဟုတ်ပေသည်၊ ယင်းမှာ လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများနှင့် သက်ဆိုင်ပြီး ယင်းတို့သည်လည်း ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများတွင် အမျိုးအစားများစွာ ပါဝင်သည်။ အကြောင်းမှာ လူတို့သည် ရုပ်ဝတ္ထုလောကတွင် နေထိုင်ကြပြီး ပိုက်ဆံ၊ ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများအပြင် ၎င်းတို့ အလွန်ကောင်းပြီး တန်ဖိုးရှိသည်ဟု မှတ်ယူသော အခြားအရာများစွာ ရှိသောကြောင့်ဖြစ်သည်။ အချို့လူများက ဘုရားသခင်ကို တွေးတောသည့်အခါ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေးတောသည့်အခါ အဖိုးတန်ပြီး တန်ဖိုးရှိသည်ဟု ၎င်းတို့ မှတ်ယူသည့်အရာကို ဘုရားသခင်ထံ ပူဇော်လိုကြသည်။ ဤအရာများကို ဘုရားသခင်ထံ ပူဇော်သည့်အခါ ယင်းတို့သည် ပူဇော်သက္ကာများ၏ နယ်ပယ်အတွင်းတွင် အကျုံးဝင်ပြီး ပူဇော်သက္ကာများ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုအရာများက ပူဇော်သက္ကာများ ဖြစ်လာသည့်အခါ ယင်းတို့ကို ကိုင်တွယ်ရန်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ထိုအခါ လူတို့သည် ၎င်းတို့ကို ထိ၍မရတော့ပေ။ ထိုအရာများသည် လူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အပြင် လူတို့နှင့် မသက်ဆိုင်တော့ပေ။ သင်သည် ဘုရားသခင်ထံ တစ်စုံတစ်ခုကို ပူဇော်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သွားသည်။ ယင်းကို ကိုင်တွယ်ရန်မှာ သင်၏ သဘောအတိုင်းမဟုတ်သည့်အပြင်၊ သင်သည် ဤကိစ္စတွင် နောက်ထပ် ဝင်ရောက်စွက်ဖက်၍ မရနိုင်တော့ပေ။ ထိုအရာကို ဘုရားသခင် မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ သို့မဟုတ် သဘောထားသည်ဖြစ်စေ ယင်းမှာ လူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများသည်လည်း ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အချို့လူများက “ပိုက်ဆံနှင့် အဖိုးတန် ရွှေ၊ ငွေအပြင်၊ ကျောက်မျက်ရတနာများသာ ပူဇော်သက္ကာများ ဖြစ်နိုင်သလော။ တစ်စုံတစ်ဦးက ဘုရားသခင်ထံ ဖိနပ်တစ်ရံ၊ ခြေအိတ်တစ်ရံ သို့မဟုတ် ဖိနပ်အခံတစ်စုံကို ပူဇော်သည်ဆိုပါစို့။ ယင်းတို့သည် ပူဇော်သက္ကာများအဖြစ် မှတ်ယူ၍ရသလော”ဟု မေးကြသည်။ အကယ်၍ ငါတို့သည် ပူဇော်သက္ကာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း လုပ်ဆောင်မည်ဆိုလျှင် တစ်စုံတစ်ခုသည် မည်မျှပင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် အဖိုးတန်သည်ဖြစ်စေ တန်ဖိုးနည်းသည်ဖြစ်စေ၊ ယင်းမှာ ဘောပင်တစ်ချောင်း သို့မဟုတ် စက္ကူတစ်ရွက်ပင် ဖြစ်စေကာမူ ဘုရားသခင်ထံ ပူဇော်ထားသရွေ့ ယင်းမှာ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။

ပူဇော်သက္ကာများ၏ နောက်ထပ်တစ်စိတ်တစ်ပိုင်းမှာ ဘုရားအိမ်တော်နှင့် အသင်းတော်ထံ ပူဇော်သည့် ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်သည်။ ဤအရာများသည်လည်း ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ထိုသို့သော ရုပ်ဝတ္ထုပစ္စည်းများတွင် အဘယ်အရာများ ပါဝင်သနည်း။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ကားတစ်စီး ဝယ်ယူပြီးနောက် အချိန်အတန်ကြာ မောင်းနှင်ပြီးသည့်အခါ အနည်းငယ် ဟောင်းသွားပြီဟု ခံစားရ၍ အသစ်တစ်စီး ဝယ်ယူပြီး အစီးဟောင်းကို ဘုရားအိမ်တော်က ၎င်း၏အလုပ်တွင် အသုံးပြုနိုင်ရန်အတွက် ဘုရားအိမ်တော်ထံ ပူဇော်သည်ဆိုပါစို့။ ထိုအခါ ဤကားသည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သွားသည်။ ဘုရားအိမ်တော်နှင့် သက်ဆိုင်သည့်အရာများကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်သင့်သည်။ ဤသည်မှာ မှန်ကန်သည်။ ကိရိယာများနှင့် စက်ပစ္စည်းများသည် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်သည့် တစ်ခုတည်းသောအရာများ မဟုတ်၊ အခြားအရာအချို့လည်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤနယ်ပယ်သည် အတော်လေး ကျယ်ပြန့်သည်။ အချို့လူများက “လူတို့ ရရှိသမျှအရာအားလုံး၏ ဆယ်ဘို့တစ်ဘို့သည် ပူဇော်သက္ကာတစ်ခု ဖြစ်သည့်အပြင်၊ ဘုရားသခင်ထံ ပူဇော်သည့် ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများမှာလည်း ပူဇော်သက္ကာများ ဖြစ်သည်။ ဤအရာများကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်ခြင်းကို ကျွန်ုပ်တို့ ကန့်ကွက်စရာမရှိပါ။ ဤအကြောင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ မရှိပါ။ သို့သော် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်သည့် ရုပ်ဝတ္ထုပစ္စည်းများသည်လည်း အဘယ်ကြောင့် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်ရသနည်း။ ယင်းမှာ သိပ်ယုတ္တိမရှိပါ” ဟု ဆိုကြသည်။ ငါ့ကို ပြောလော့၊ ယင်းတို့ကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်ခြင်းသည် ယုတ္တိရှိသလော။ (ရှိပါသည်။) သင်တို့ အဘယ်ကြောင့် ထိုသို့ ဆိုသနည်း။ (ဘုရားသခင် ရှိသောကြောင့်သာ အသင်းတော် တည်ရှိခြင်းဖြစ်ပြီး ထို့ကြောင့် အသင်းတော်ထံ ပူဇော်သည့် မည်သည့်အရာမဆိုသည်လည်း ပူဇော်သက္ကာတစ်ခု ဖြစ်ပါသည်။) ပြောသည်မှာ ကောင်းပေ၏။ အသင်းတော်နှင့် ဘုရားအိမ်တော်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင် ရှိသောကြောင့်သာ ၎င်းတို့ တည်ရှိခြင်းဖြစ်သည်။ အသင်းတော် တည်ရှိသောကြောင့်သာ ညီအစ်ကိုမောင်နှမများ စုဝေးရန်နှင့် နေထိုင်ရန် နေရာတစ်ခု ရှိခြင်းဖြစ်ပြီး ဘုရားအိမ်တော် ရှိသောကြောင့်သာ ညီအစ်ကိုမောင်နှမများ၏ ပြဿနာအားလုံးကို ဖြေရှင်းရန် နေရာတစ်ခု ရှိခြင်းဖြစ်ကာ ညီအစ်ကိုမောင်နှမများတွင် စစ်မှန်သော နေအိမ်တစ်ခု ရှိခြင်းဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင် တည်ရှိခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင်သာ တည်ရှိသည်။ လူတို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပစ္စည်းများကို ပူဇော်ကြသည်မှာ အသင်းတော်ရှိ လူတို့က ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်သားများဖြစ်သောကြောင့် မဟုတ်။ ယင်းမှာ မှန်ကန်သော အကြောင်းရင်း မဟုတ်ပေ။ ဘုရားသခင်ကြောင့်သာ လူတို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပစ္စည်းများကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင်ကြောင့် မဟုတ်လျှင် မည်သူက အသင်းတော်ထံ အရာများကို ပေါ့ပေါ့တန်တန် ပူဇော်ကြမည်နည်း။ ဘုရားသခင်မရှိလျှင် အသင်းတော် တည်ရှိမည်မဟုတ်ပေ။ လူတို့တွင် ၎င်းတို့ မလိုအပ်သော သို့မဟုတ် ပိုလျှံသော အရာများ ရှိသည့်အခါ ယင်းတို့ကို လွှင့်ပစ်၍ရသည် သို့မဟုတ် အသုံးမပြုဘဲ ထား၍ရသည်။ အချို့ပစ္စည်းများကို ရောင်းချ၍ရသည်။ ဤအရာများကို ကိုင်တွယ်ရန် ဤနည်းလမ်းအားလုံးကို အသုံးပြုနိုင်သည် မဟုတ်လော။ သို့ဆိုလျှင် လူတို့သည် ယင်းတို့ကို ဤနည်းလမ်းများဖြင့် အဘယ်ကြောင့် မကိုင်တွယ်သနည်း။ အဘယ်ကြောင့် အသင်းတော်ထံ ပူဇော်ကြသနည်း။ ဘုရားသခင်ကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် တည်ရှိသောကြောင့်သာ လူတို့သည် အသင်းတော်ထံ ပစ္စည်းများကို ပူဇော်ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်ထံ ပူဇော်သည့် မည်သည့်အရာမဆိုအား ပူဇော်သက္ကာတစ်ခုအဖြစ် သတ်မှတ်သင့်သည်။ အချို့လူများက “ကျွန်ုပ်သည် ဤအရာကို အသင်းတော်ထံ ပူဇော်ပါသည်”ဟု ဆိုကြသည်။ ထိုအရာကို အသင်းတော်ထံ ပူဇော်ခြင်းသည် ဘုရားသခင်ထံ ပူဇော်ခြင်းနှင့် ညီမျှပြီး အသင်းတော်နှင့် ဘုရားအိမ်တော်သည် ထိုသို့သောအရာများကို ကိုင်တွယ်ခြင်းအပေါ် အပြည့်အဝ ဩဇာအာဏာရှိသည်။ သင်သည် အသင်းတော်ထံ တစ်စုံတစ်ခုကို ပူဇော်သည့်အခါ ယင်းမှာ သင်နှင့် ဆက်စပ်မှု မရှိတော့ပေ။ ဘုရားအိမ်တော်နှင့် အသင်းတော်သည် ဤပစ္စည်းများကို ဘုရားအိမ်တော်က ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများအတိုင်း သင့်တင့်လျောက်ပတ်စွာ ခွဲဝေခြင်း၊ အသုံးပြုခြင်းနှင့် ကိုင်တွယ်ခြင်းတို့ကို ပြုလိမ့်မည်။ သို့ဆိုလျှင် ဤစည်းမျဉ်းများသည် အဘယ်မှ လာသနည်း။ ဘုရားသခင်ထံမှ လာသည်။ အခြေခံအားဖြင့် ဤအရာများကို အသုံးပြုခြင်းအတွက် စည်းမျဉ်းမှာ ယင်းတို့ကို ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်လည်းကောင်း၊ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေရန်အတွက်လည်းကောင်း အသုံးပြုသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် လူတစ်စုတလေ၏ သီးသန့်အသုံးပြုရန်အတွက် မဆိုထားနှင့်၊ လူတစ်ဦးတလေ၏ အသုံးပြုရန်အတွက်ပင် မဟုတ်ဘဲ၊ ဧဝံဂေလိကို ဖြန့်ဝေခြင်းအလုပ်နှင့် ဘုရားအိမ်တော်၏ အလုပ်အမျိုးမျိုးအတွက် အသုံးပြုရန် ဖြစ်သည်။ ထို့ကြောင့်၊ မည်သူကမျှ ဤအရာများကို အသုံးပြုရန် အထူးအခွင့်အရေး မရှိပေ။ ယင်းတို့ကို အသုံးပြုခြင်းနှင့် ခွဲဝေခြင်းအတွက် တစ်ခုတည်းသော စည်းမျဉ်းနှင့် အခြေခံအကြောင်းရင်းမှာ ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းညီညွတ်ပြီး သင့်လျော်သည်။

ဤသည်တို့မှာ ပူဇော်သက္ကာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ကဏ္ဍသုံးခုဖြစ်ပြီး တစ်ခုချင်းစီမှာ ပူဇော်သက္ကာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၏ တစ်စိတ်တစ်ပိုင်းနှင့် ၎င်းတို့ နယ်ပယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယခုတွင် ပူဇော်သက္ကာများက အဘယ်အရာဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းသွားပေပြီ၊ မှန်သလော။ (မှန်ပါသည်။) ယခင်က “ဤအရာသည် ငွေမဟုတ်ပါ၊ ပူဇော်သူကလည်း ဤသည်မှာ ဘုရားသခင်အတွက်ဟု မပြောခဲ့ပါ။ ၎င်းတို့က ပူဇော်သည်ဟုသာ ဆိုခဲ့သည်။ သို့ဖြစ်၍ ဤအရာသည် ဘုရားအိမ်တော်၏ အသုံးပြုဖို့အတွက် မဖြစ်နိုင်သည့်အပြင်၊ ဘုရားသခင်ထံ ပေးအပ်ရန်မှာ သာ၍ပင် မဖြစ်နိုင်”ဟု ဆိုသူအချို့ ရှိခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့သည် ယင်းကို မှတ်သားထားခြင်းမရှိသည့်အပြင်၊ မိမိတို့အလိုရှိသလို တိတ်တဆိတ် အသုံးပြုခဲ့ကြသည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့ ပြောခဲ့သည့်အရာကိုယ်၌က ကျိုးကြောင်းဆီလျော်မှုမရှိပေ။ ၎င်းတို့က “အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ဆက်ကပ်သော ပူဇော်သက္ကာများသည် အများပိုင်ပစ္စည်းဖြစ်သည်။ မည်သူမဆို အသုံးပြုနိုင်သည်” ဟုလည်း ဆိုခဲ့ကြရာ ယင်းမှာ သိသာထင်ရှားစွာပင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ လူအများစုက ပူဇော်သက္ကာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို မရေရာသည့်အပြင်၊ မရှင်းလင်းသောကြောင့်သာလျှင် အချို့သော ယုတ်ညံ့သည့် လူဆိုးများ၊ လောဘနှင့် မလျော်ကန်သော အလိုဆန္ဒရှိသူများက အခြေအနေကို အခွင့်ကောင်းယူပြီး ထိုအရာများကို သိမ်းယူရန် စဉ်းစားကြခြင်း ဖြစ်သည်။ ယခု သင်တို့သည် ပူဇော်သက္ကာများ၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို ရှင်းလင်းသွားပြီဖြစ်၍ အနာဂတ်တွင် ထိုသို့သော ဖြစ်ရပ်များနှင့် လူများကို သင်တို့ ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။